ပြီးခဲံတဲ့ တစ်ပတ်လောက်က ကျောင်းကခိုင်းလို့ မြို့ထဲကို ကျွန်တော်ရောက်ခဲ့ပါတယ်။ ကျောင်းက တစ်ပတ်တစ်ခါမှ အပြင် ထွက်ရတာဆိုတော့ အပြင်ထွက်ရတဲ့ ရက်ဆိုရင် အိမ်ပဲ ပြန်ဖြစ်တာ များပါတယ်။ မြို့ထဲကို မရောက်ဖြစ်တာတောင် တော်တော် ကြာပါပြီ ။ ကျောင်းက ခိုင်းတာလုပ်ပြီးတော့ နေ့လည် ၁၁ နာရီလောက်ပဲ ရှိပါသေးတယ် ။ အဲ့ဒါနဲ့ ကျောင်းကို ပြန်မ၀င်သေးဘဲ အိမ်ပြန်မယ်ဆိုပြီး လှည်းတန်းကားဂိတ်မှာ မင်္ဂလာဒုံ ဘက်ပြန်မယ့် ကားကို စောင့်နေခဲ့ပါတယ် ။ တနင်္ဂနွေရုံးပိတ်ရက်ဆိုတော့ လှည်းတန်းကားဂိတ်မှာ လူတော်တော်များ  ပါတယ် ။

ကျွန်တော်ကားစောင့်နေတုန်း သားသားနားနား ၀တ်ဆင်ထားတဲ့ (အသက်ကတော့ ၄၅ နှစ်လောက်ရှိမယ်ထင်တယ် ) လူကြီးတစ်ယောက် ကျွန်တော့်နား ရောက်လာပါတယ် ။ ပြီးတော့ကျွန်တော့်ကို ပြောပါတယ် ။

သူ က သာကေတ မှ ဖြစ်ကြောင်း ၊ သူ့ ဆိုင်အတွက် လိုအပ်တာတွေလာဝယ်ရင်း ခါးပိုက်နှိုက် ခံလိုက်ရကြောင်း ၊ ပိုက်ဆံ ခြောက်သောင်း ခန့် ပါသွားကြောင်း ၊ ယခု အိမ်ပြန်စရာပင် ကားခမရှိတော့ကြောင်း ၊ တတ်နိုင်ပါက ကားခ ကူညီပါရန် ပြောပါတယ်။ သူ့အဆင် အပြင်က သားနားနား ရှိသလောက် သူ့မျက်နှာက တော်တော်လေး ညှိုးငယ်နေပါတယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်းသနားပြီး ငွေ သုံးထောင် ကူညီ လိုက်ပါတယ်။ သူ့ခမျာ ကျွန်တော်ကို ကျေးဇူးတင်လွန်းလို့ ကျေးဇူးတင် စကား အထပ်ထပ် ပြော ရှာပါတယ်။
အဲ့ဒီ့ အထိကို ပြသနာ မရှိသေးဘူး ခင်ဗျ ။ အဆောင် ပြန်ရောက်မှ ပြသနာက စတာ။
လူဆိုတာလည်း သိတယ်မဟုတ်လား…ကိုယ့်ကောင်းတာလုပ်တော့ ကြွားချင်တာပေါ့ ..။
အဲ့ဒါ နဲ့ ဒီ အကြောင်းကို အဆောင်က သူငယ်ချင်း တွေကို ပြောပြလိုက်တယ်။
အဲ့ဒီ့မှာ တစ်ယောက်က စပြောတာ ပဲ ။ အဲ့ဒါ လိမ်သွားတာတဲ့ ။ တကယ်မဟုတ်ဘူး
တဲ့ ။ သူလည်း လှည်းတန်းမှာ တစ်ခါ ကြုံ ဘူးတယ်တဲ့ ။
ကျွန်တော်ကလည်း မဟုတ်လောက်ပါဘူး ဆိုပြီး ပြန်ငြင်းတာပေါ့ ဟုတ်တယ်လေ.. တကယ်မဟုတ်ရင် အခြားသူကို အားနာစရာ…။
အဲ့ဒီလိုနဲ့ ငြင်းကြ ခုန်ကြတာပေါ့ဗျာ…အဲ့ဒီမှာ နောက်ထပ်သူငယ်ချင်းနှစ်ယောက်က
သူတို့လည်း မြေနီကုန်း ကားဂိတ်မှာ အဲ့လို ကြုံဖူးကြောင်း ပြောပါတယ် ။နောက်တစ်ယောက်
ဆိုလည်း ထိုနည်း အတိုင်းပဲ ။ သူက ကျတော့ ရှစ်မိုင်မှာ ။
ကျွန်တော်လည်း တော်တော် အံ့သြ သွားတယ်။ အရင်က ကားမှတ်တိုင်မှာကလေး
ပေါက်စလေးတွေ ၊ ကလေးမွေးကင်းစ လေးတွေနဲ့ မိန်းမတွေ ထမင်းဖိုးပေးပါ ၊ ဘာညာ ဆိုပြီး ရိုးရိုးသားသား တောင်းကြတာတွေ့ ဖူးပါတယ်။ အခုလိုမျိုး ဟန်တစ်လုံး ပန်တစ်လုံး နဲ့
လုပ်စားတာတော့ တစ်ခါမှ မကြုံ ဘူးပါဘူး။
အခု လို လုပ်တာ ဟာ တောင်းတာမဟုတ်တော့ပါဘူး…။လိမ်လည်မှု့ ဖြစ်သွားပါပြီ ။ ကျွန်တ်ာတို့ မြန်မာလူမျိုးတွေဟာ ကိုယ့်ထက်အားနည်းတဲ့ သူ ဆိုရင် ကူညီတတ်ကြပါတယ် ။ မတရားတာမြင်ရင်လည်း ကိုယ်နဲ့ မဆိုင်ရင်တောင်မှ ရှောင်မထွက်သွားပဲ ၀င်ကူညီတတ်ကြပါတယ် ။ ကျွန်တော်ဆိုရင်လည်း လမ်းဘေးမှာတောင်းနေတဲ့သူတွေ ဆိုရင် တတ်နိုင်သလောက် ကူညီတာပါပဲ။
ဒါပေမယ့် အထက်ကဖော်ပြခဲ့သလိုမျိုး လူမျိုးတွေကြောင့် ကိုယ့်စေတနာ က သိပ်မသန့်ချင်တော့ဘူး ။ ငါ ကူညီလိုက်တဲ့ သူဟာ လူလိမ်များ ဖြစ်နေမလားဆိုပြီး သံသယ ၀င်တတ်ပါတယ် ။ အဲ့လို သံသယ ၀င်လိုက်တာနဲ့ ကိုယ့်ရဲ့စေတနာ ဟာ မသန့်တော့ပါဘူး ။ ကုသိုလ်ထက် အကုသိုလ် က ပိုများသွားပါတယ် ။
အဲ့လို မျိုး အဆင်အပြင် ကို ဗန်းပြပြီး လိမ်စားတာတွေ ဟာ အခုနောက်ပိုင်းမှာတော်တော်များလာပါတယ်။ အဖြစ်များတာကတော့ လူစည်ကားရာနေရာ တွေ ၊ လူ စည်ကားတဲ့ ကားမှတ်တိုင်တွေ ဖြစ်ပါတယ် ။
များသောအား ဖြင့် ကျောင်းဆင်းချိန် ၊ ရုံးဆင်းချိန်တွေ မှာ အဖြစ်များပါတယ် ။ဒါကြောင့် ကျောင်းသားကျောင်းသူ များ ၊ မိဘပြည်သူများအနေဖြင့် အထူးသတိထားကြ စေလိုပါတယ် ။ လူတိုင်းကို မယုံပါနှင့် ။ လူကောင်းလား လူလိမ်လား ဆိုတာ ကိုသေသေချာချာ ခွဲခြား ကြစေလိုပါတယ် ။
စေတနာ သည်လူတိုင်းနှင့် မတန်ပါ ။ စေတနာကို ယူတတ်သူ ရှိသလို သူတစ်ပါး၏ စေတနာကို အလွဲ သုံးစားလုပ်နေကြသူများလည်းရှိပါ သည်။ ထိုသူများကြောင့် အခြား ရိုးရိုးသားသား သည့် သူများပါ တလွဲအထင်ခံရသည် ။
မိမိ ၀မ်းဝရေးအတွက် သူတစ်ပါး ထမင်းအိုးကိုပါခွဲသည့် သဘော ပင်…။ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ရ သကဲ့သို့ဖြစ်နေပါသည် ။
ထို့ကြောင့် ကျောင်းသားလူငယ် မိဘပြည်သူများအနေဖြင့် သတိပြု ရှောင်ရှားနိုင်ကြရန် တင်ပေးလိုက်ရခြင်းဖြစ်ပါသည်။ စာရေးသူ ၏ ကိုယ့်တွေ့ ဖြစ်ရပ် ဖြစ်ပါသည်။

About Hein Thu

ဟိန်း သူ has written 4 post in this Website..

I am a medical cadet and now, I attend in Defence Services Medical Academy.