ရှုရှု း ပေါက်တဲ့ အနုပညာ…

alinsettJanuary 7, 20153min14611

#### စိတ်ကူးအဓ်ိက အနုပညာ ဝါဒ CONCEPTUALISM (သို့မဟုတ်) ရှုရှုး ပေါက်တဲ့ခွက်က..အနုပညာပစ္စည်းလား ####

———————————————————————————————————————————————————-

စိတ်ကူးအဓ်ိက အနုပညာ ဝါဒ CONCEPTUALISM အကြောင်း…. နည်းနည်း ဖြည့်ပြောပါရစေ..။

( ကျင်ငယ်စွန့်တဲ ့ကြွေ ခွက်က အနုပညာ ပစ္စည်းတဲ့…) ဆိုတဲ ့အမည်နဲ ့ ပို ့စ်မှာ… CONCEPTUALISM အကြောင်း… အညွှန်း

သဘောလေးလောက် ပြောခဲ့ဖူးပါတယ် ။ )

( အခုဆောင်းပါးက န ငယ်.. အမြီးလေး..( နည်းနည်း တိုနေတယ် ထင်လို ့) ထပ် ဆွဲ ဆန့်ပေးတဲ ့ဆောင်းပါးလို ့ပြောရင်လည်း ရပါတယ် ။

အတွန့် တက် ဆောင်းပါး လို ့ခေါ်ရင်လည်း ရပါတယ် ။)

—————————————–

ဆရာကြီး  MERCAL  DUCHAMP ( 1887 – 1968 ) ရဲ ့ FOUNTAIN အမည်ရှိ… / ကျင်ငယ်စွန် ့ တဲ ့ကြွေခွက် ဟာ..စိတ်ကူးအဓိက အနုပညာ ဝါဒ ပေါ်ပေါက်လာဖို ့…

လုံလောက်တဲ ့ အပြင်းထန်ဆုံး တွန်းအား တစ်ခုပါ ။

 

00

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

စိတ်ကုူး အဓိက အနုပညာ ဝါဒကြီး.ပေါ်ပေါက်လာပြီး.နောက်ပိုင်းမှာ….

အနုပညာ ရဲ ့ဖြစ်တည်မှု ဟာ..ကစဉ့်ကလျား…ဖြစ်သွားတယ်..လို ့…ထင်မိပါတယ် .။

DUCHAMP..ရဲ ့… အယူအဆ အရ ဆိုရင်…

ဘယ်အရာ / ဘယ် ပစ္စည်းကို မဆို… အနုပညာ ပစ္စည်းလို ့.. သတ်မှတ်လို ့ရနေပါတယ် ။

ကို်ယ်တိုင် မဖန်တီးလည်း …ရတယ် ။ ကိုယ်တိုင် မဖန်တီးသည် ဖြစ်စေ… ကိုယ်တိုင် ဖန်တီးသည် ဖြစ်စေ…. ( ရှိပြီးသား..အရာ / ပစ္စည်းတစ်ခုခုကို )

လည်း… အနုပညာ ပစ္စည်းအဖြစ်… ချ..ပြလို ့ရနေတယ် ။

ဒီတော့… ဘယ်သူမဆို အနုပညာ သမား… ဖြစ်သွားမှာပေါ ့ ။

အနုပညာဆိုတာကို ဘယ်လိုမှ မခံစားတတ်တဲ ့ / အနုပညာ အကြောင်း..ကို.. ဖဲချပ်တစ်ချပ်လောက်မှ စိတ်မဝင်စားတဲ ့သူ..ကလည်း.

တွေ ့ရာ ပစ္စည်း တစ်ခုခု ကို ကောက်ကိုင်ပြပြီး.. ” ဒါ..အနုပညာ ပဲ..’

လို ့ပြောလာရင်…အနုပညာတိုင် ပတ် သွားမှာပေါ့နော ။

DUCHAMP ကတော့….

ဘယ်သူတွေ ဘာပြောပြော…. ကျင်ငယ် စွန့်တဲ ့ကြွေ ခွက်ကြီးကို…

အနုပညာ ပစ္စည်းတစ်ခု အဖြစ်….. တင်ပြ သွားလေရဲ ့…။
______________________________________________

စိတ်ကူ အဓိက အနုပညာ သမား ( CONCEPTUAL ARTIST ) တွေ ့ရဲ ့… ယုံကြည်ချက်နဲ ့..

အတွေးအခေါ်…..ယူဆ ချက်တွေက်ိုတော့.. လေးလေးစားစား…နာယူ မှတ်သားခဲ့ပါတယ် ။

အနုပညာ ဖန်တီးရာ မှာ….

စိတ်ကူးသာ အဓိက ပဲ…. ဆိုတဲ ့ အချက်က… စည်းတွေ… / ဘောင်တွေ../ ခွင်…တွေ..ရဲ ့ တားမြစ်ချက် တော်တော်များများကို…

ရိုက်ချိုး..ဖောက်ထွက် ရဲ..လှပါတယ် ။

( သတ္တိ လို ့ခေါ်ရမလား….မိုက်ရူးရဲတယ်လို ့..ဆိုရမလား.တော့မဝေဖန်တတ်တော့ပါဘူး )

If someone says it ‘ s Art . It ‘ s Art . ဆိုတဲ ့စကားတစ်ခွန်းကိုလည်း… Don Judd ဆိုသူတစ်ဥိးက.. ဝင်ပြောသွားခဲ့ပါသေးတယ် ။

CONCEPTUAL ART က စာပေ အနုပညာ ../ မြန်မာ့ စာပေအနုပညာလောကမှာ….. ထဲထဲဝင်ဝင်..

မထိုးဖောက်နိုင်သေးဘူး.လို့ မြင်မိပါတယ် ။

အမေရိကန် ပြည်ထောင်စုမှာတော့… 1960 နောက်ပိုင်း…မှာ… ထွန်းကား ခဲ့တယ်…လို ့..မှတ်ဖူး../ ဖတ်ဖူးခဲ့ပါရဲ ့ ။

_____________________________________

CONCEPTUAL ARTIST တွေ..ရဲ ့… အလိုအရ ဆိုရင်…

အနုပညာ တစ်ရပ် ဖန်တီးရာမှာ…အခြား…ဘာ မှ မလိုပါဘူး..တဲ ့။

စိတ်ကုူးလေး တစ်ခု သာ..အဓိက…တဲ ့ ။

ဝတ္ထု တစ်ပုဒ် ဖန်တီးတော့မယ်…ဆိုပါတော့..။

ဝတ္ထု ဆိုတဲ ့.. စာပေ အနုပညာကို ဖန်တီးရာမှာ….

ဝတ္ထုရေးခြင်း အတတ်ပညာ/ ဇာတ်လမ်း../ စကားလုံး../ ( ဘာသာစကား က အဓိက ပေါ့လေ.)

ဒါတွေ..ဒါတွေ..လိုပါတယ် ။

ပြီးတော့….အစီအစဉ်ကျန စွာ..ကြောင်းကျိုး.ညီညွတ်မှုတွေ..နဲ ့ အနုပညာသမား ရဲ ့ ပါရမီ..ဆိုတာတွေလည်း.လိုပါသေးတယ် ။

ဒီအချက်တွေနဲ ့ရေးတာ ဟာ…

သရုပ်မှန် ဝါဒ ( Realism ) အရ… သမားရိုးကျ ရေးတာပါ ။

__________________________________

စိတ်ကုူး အဓိက အနုပညာ သမားတစ်ယောက်….

ဝတ္ထူ တစ်ပုဒ် ဖန်တီးတော့မယ်..ဆိုရင်…

(( ဝတ္ထုရေးခြင်း အတတ်ပညာ/ ဇာတ်လမ်း../ စကားလုံး../ ( ဘာသာစကား က အဓိက ပေါ့လေ.) အစီအစဉ်ကျန စွာ..ကြောင်းကျိုး.ညီညွတ်မှုတွေ..နဲ ့ အနုပညာသမား ရဲ ့ ပါရမီ…..))

အဲဒါတွေ.. ဘာမှ မလိုတော့ပါဘူး..တဲ ့ ။

ဥပမာ…

ဓါတ်မီးတစ်လက်ကို… နာမည် တစ်ခု.. တပ်…/ လတ်မှတ်ထိုးပြီး…

” ဒါ ဝတ္ထု တစ်ပုဒ်ပဲ..”

လို ့ပြောပါလိမ့်မယ် ။

ဒါမှမဟုတ်လည်း….

သောက်ရေခွက် တစ်ခွက်ကို.. ယူပြ ပြီး…

” ဒါ ဝတ္ထုတစ်ပုဒ် ပါ…” လို ့..ဆိုပါလိမ် ့မယ် ။

( ဥပမာ..ပြောတာပါ )

ရသလား…. / အဲသလို ရသလား….

သူတို ့ အလို အရ ဆိုရင်တော့…..

ရပါတယ် ..တဲ ့။

______________________________________

ဒါတွေ က ဥပမာ စကားတွေ ပါ ။

မြန်မာ့ အနုပညာလောက ထဲမှာတော့….

ဒါမျိုး.ဖော်ပြချက်တွေ.. မတွေ ့ရသလောက်ပါပဲ..။

ဇော်ဇော်အောင်ရဲ ့….

ငယ်ချစ်နာမည် မနှင်းဆီ…ဆိုတဲ ့ဝတ္ထုတို ( မဂ္ဂဇင်း ၊ အမှတ်နဲ့ ထုတ်ဝေတဲ ့နှစ်..ကို မမှတ်မိတော့ပါဘူး ။)

အဲဒီ ဝတ္ထုတို ကတော့….

ဘာ စာသားတစ်ခုမှ မပါပဲ…

အဝါရောင် ဖဲကြိုး….တစ်စ ကို.. စာရွက်မှာ  ကပ် ပေးထားရုံ….လေး..တင်ပြခဲ ့ပါတယ် ။

အဲဒီ ဝတ္ထု ကိုတော့… CONCEPTUALISM ..ရဲ ့အငွေ ့အသက်တွေ..လွှမ်း ခြုံ ထားတယ်..လို ့…. ပြောရင် ရမယ် ထင်တယ်။

_____________________________________________

( မြန်မာ့ ပန်းချီအနုပညာ(.တချို ့) မှာတော့… CONCEPTUALISM စိမ့်ဝင် ပျံ ့နှံ ့ မှု တွေ.. တွေ ့လာရပါတယ် ။ )

ဘာသာစကား / စကားလုံး../ စာသား နဲ ့ ဖော်ပြရတဲ ့ စာပေ အနုပညာ မှာ… အဲဒီ စာသား / ဘာသာစကား ..ကိုမှ

စွန် ့ပစ်လိုက်မယ်..ဆိုရင်…

( အခြားနူ်ိုင်ငံမှာ ဆို…. ပွက်လော ရိုက်ရုံလောက် သာ…ဖြစ်မယ်.. )

ကျွန်တော်တို ့ အနုပညာ လောက မှာဆိုရင်…………………

ကလောင်ဓါး… / ကလောင် တုတ်တွေ.. များ…. ဆွဲ.ကုန်ကြမလားပဲ..။

__________________________________________

ဘာ စာသား…/ ဘာ စကားလုံးမှ မပါတဲ ့…

အနုပညာ ပစ္စည်းဆိုတဲ ့ အရာ ( ဥပမာ… ဓါတ်မီးတစ်လက် ) ကို…

အနုပညာ ပစ္စည်း အဖြစ် လက်ခံနိုင်ဖိုူ ့….

ကျွန်တော်တို ့..အတော်လေး…. အားမွေ း..ယူရဦးမယ်…ထင်ပါတယ် ။

____________________________________________

အနုပညာ ဆိုတာ စိတ်ကူးပဲ…။

ဘာ ပစ္စည်း နဲ ့..လုပ် လုပ် ရတယ် ။

ဘယ်သူ လုပ် လုပ် ရတယ် ။

ကိုယ်တိုင် မလုပ် လည်း..ရတယ် ။

စိတ်ကူးသာ.. အဓိက ပဲ…ဆိုတဲ ့

CONCEPTUALISM ကိုင်စွဲသူတွေရဲ ့

စကားတွေဟာ…

ကျွန်တော့် အနုပညာ အိပ်မက် တွေ ကိ်ု…

စောင်ထူထူ ခြုံ ပေးလိုက်သလိုပါပဲ…။

မွန်းကြပ် ပိတ်လှောင်သွားလိုက်…..

နွေးထွေး လုံခြုံသွားလိုက်..နဲ ့ပေါ့ဗျာ…။

ဒါပေမယ့်…..

_______________________________________-

CONCEPTUALISM ကို.. ကျွန်တော်…မချစ်ဘူး..။

မုန်းလည်း..မမုန်းပါဘူး ။

အဲ………….

နည်းနည်းတော့.. ကြောက်လန် ့မိတယ် ။

အံ ့ဩကြီးစွာလည်း..ဖြစ်ရပါတယ် ။

ဒီ CONCEPTUALISM …ကိုတွေ ့ရတာဟာ….

ကိုယ် ကြည့်နေတဲ ့ TV ထဲက ဇာတ်ကောင်တစ်ယောက်….

TV မှန်သားပြင် ထဲကနေ….

အပြင်ကို ..ခြေထောက်တစ်ဖက်..ကျော်ထွက်လာတာကို… တွေ ့လိုက်ရသလိုကြီး.. ခံစားမိပါတယ် ။

_______________________________________________

ကျွန်တော် တွေးမိတာလေးကို…ရိုးရိုးလေး..ချရေးမိတာလေးပါ ။

စာချစ်သူများ…အားလုံးကို ခင်မင်လေးစားလျက် …

မောင်သူရ

alinsett.art@gmail.com

24 .8 .2012

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

### အနုပညာအကြောင်း ခပ်ကြမ်းကြမ်းပြောပါရစေ… ###

——————————————————————-

အနုပညာစကား ။ ၁ ။

ဘယ်သူတွေ ဘာစကားပြောနေကြသလဲ ။

ပြောနေကြတာတော့အများကြီးပါပဲ ။

(ကျွန်တော်ကတော့  အခုတလော အသံတွေနဲ့ ့နည်းနည်း ဝေးနေတယ် ။ )

ပြောတဲ့လူတွေကလည်း အသံကျယ်ကျယ်နဲ့ကို ပြောနေကြတယ်။

ဘာသာရေး စကား / နိုင်ငံရေးစကား / စီးပွားရေးစကား / လူမှုရေးစကား . . . စသည်ဖြင့် ပေါ့လေ ။

နယ်ပယ် အသီးသီးမှာ ကိုယ်စီ ကိုယ်စီ စကားတွေ ပြောနေကြတယ် ။

အသံတွေ ထွက်နေကြတယ်။

ဒီတော့ ကျွန်တော်လည်း ပြောချင်လာတယ် ။

ဘာစကားပြောရ ကောင်းမလဲဆိုပြီး အခု ကိုယ်က ဘယ်နယ်ပယ်ထဲ ရောက်နေသလဲလို ့ ပြန်ကြည့်မိတော့ ကျွန်တော်က အနုပညာ နယ်ပယ်ထဲမှာ ရောက်နေပါလား ။

အနုပညာ စကားပြောရမှာပေါ့ ။

အနုပညာနယ်ပယ်ထဲ ရောက်နေတယ်ဆိုလိုက်တော့ ကျွန်တော်က အောင်မြင်နေတဲ့အနုပညာရှင်ကြီး လိုလို ဘာလိုလို ဖြစ်သွားတယ်။

တကယ်တော့ ကျွန်တော့်မှာ အောင်မြင်မှု မရှိသေးဘူး လို့ပြောရင်လည်း ရပါတယ်။

အောင်မြင်မှုဆိုတာကို လူသိများ ကျော်ကြား ထင်ရှားခြင်း ဆိုတာကြီးနဲ့ ့တိုင်းတာ ရင် ပေါ့ဗျာ ။

နာမည်ကြီးတာဟာ အောင်မြင်မှုလားးး ။

အဲဒီမေးခွန်းကြီးက ရယ်ချင်စရာကြီး ။

အခု ကျွန်တော့် စိတ်ခံစားမှုနဲ ့ကျွန်တော်……

ဖန်တီးချင်တဲ့အနုပညာကို ဖန်တီး နေတယ်။

လူတွေ အများကြီး သိနိုင်တာ မသိနိုင်တာတွေ နဲ ့ မတိုင်းတာဘူးးး…..ဆိုရင် ကျွန်တော် အခု အနုပညာနယ်ပယ်ထဲမှာ အောင်မြင်နေပါပြီ ။

ကျွန်တော် ကဗျာတွေ စာတွေ ရေးလို့ရနေတယ် ။

ဘယ်သူ သိသိ မသိသိ ရေးနေတယ်။

ရေးလို ့ရနေသ၍ ကျွန်တော် အောင်မြင်နေတယ်။

အဲဒီလိုပါပဲ …..

ဘယ်သူမှ မသ်ိပေမယ့် ကျနော် ဖန်တီးထားတဲ့ အနုပညာလက်ရာတွေ ရှိနေတယ်။

ဘယ်သူမှ မသိပေမယ့် ဖန်င်္တီးနေတဲ့ အနုပညာသမားတွေ ရှိနေတယ် ။

သေချာတယ် ။

========================================

အနုပညာစကား ။ ၂။

အနုပညာ ။

ကျွန်တော် အခုပြောနေတဲ့ အနုပညာ ဆိုတဲ့ စကားလုံးဟာ စာပေဆိုင်ရာ အနုပညာ ( သို့မဟုတ်) စာပေအနုပညာ ကို အဓိက ဆိုလိုခြင်း ဖြစ်ကြောင်းလည်း ပြောခဲ့ပါမယ်။

အနုပညာ ရပ်ဝန်းတွေ အမျိုးမျိုး ရှိနေတဲ့အထဲက မှ

ကျွန်တော် ပြောပြောနေတဲ ့ အနုပညာဆိုတာ….

စာပေအနုပညာ ကို ဆိုလို ကြောင်းးးပါ ။

=====================================

အနုပညာစကား ။ ၃ ။

အနုပညာလောက ဆိုတာက ခြံဝန်းတစ်ခုထဲက အိမ်တစ်လုံးဆိုရင်

မောင်သူရ ဆိုတဲ့ ခပ်ညံ့ညံ့ ချာတိတ် ဟာ အဲဒီ အိမ်ထဲ ဝင်ခွင့်မရသေးတဲ့ တံခါးဝမှာ ရပ်နေရသူပါ ။

ခြံထဲ ( ဝိုင်းထဲ ) တော့ ရောက်နေပါပြီ ။

အိမ်ထဲကိုတော့ ဝင်လို့မရသေးပါဘူး ။

ခက်တာက တကယ့်အနုပညာလောက ဆိုတာက ခြံဝိုင်း ရဲ့ အတွင်းက …..အဲဒီ အိမ်ထဲမှာပါ။

အိမ်တံခါးကို စောင့်နေတဲ့သူတွေက ကျွန်တော့်ကို ဝင်ခွင့်ပြုတော့မှာ လိုလို / မပြုတော့ဘူး လိုလိုနဲ ့ အီစီကလီ လုပ်နေပါတယ်။

ကျွန်တော် ကလည်း ပွင့်တော့မလိုလို မပွင့်တော့ဘူးလိုလို ဖြစ်နေတဲ့ အနုပညာအိမ်တံခါးဝမှာ …..

ဝင်ရတော့မလိုလို မဝင်ရတော့ဘူးလိုလိုနဲ့ ့ယောင်လည်လည် ဖြစ်နေတုန်းပါ ။

အဲဒါ မောင်သူရ ပါ ။

=========================================

အနုပညာစကား ။၄ ။

အနုပညာသမားလို ့ ကျွန်တော့်ကို ခေါ်ကြတယ် ။

ကျွန်တော် ့မိတ်ဆွေတွေကပါ ။

သူတို့က  ကဗျာလေး စာလေးရေး ပြီး ကဗျာအတွေး စာအရေးနဲ ့နွေးထွေးနေတဲ့ သူဆိုရင် အနုပညာသမားလို ့ပဲ ခပ်လွယ်လွယ် ခေါ် လိုက်ကြတာကိုးးး။

တကယ်တော့ ကျွန်တော်က ကိုယ့်ကို ကိုယ် အနုပညာသမားလို ့ မသတ်မှတ် သေးပါဘူး ။

အနုပညာ + သမား = အနုပညာသမား ။

ကျွန်တော်ဆိုတဲ့ကောင်က အနုပညာအရာမှာ ဆရာ မဟုတ်သေးတဲ့ သာမန်အမှုန်အမွှားလေးတစ်ခုပါ ။

ဒါကြောင့် ” သမား ”ဆိုတဲ့ စကားလုံးကို မသုံးယူဝံ့သေးပါဘူး ။

အနုပညာရှင် လို့လည်း အခေါ် မခံဝံ့သေးပါဘူး ။

ကျွန်တော့်ကို အနုပညာသမားလို့ ့ပြောလိုက်ရင် ကျွန်တော့် ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားတတ်ပါတယ် ။

အဲဒီလို မဟုတ်သေးပါဘူးဗျာာာာာ…..လို့လည်း တအားပြောချင်တာပါပဲ ။

ကျွန်တော်နဲ့ ့စကားစမြည် ပြောဖူးတဲ့ ရုပ်ရှင်သရုပ်ဆောင် တချို ့ ရှိပါတယ်… ။

ဒီနေ ့ မဂ္ဂဇင်းစာမျက်နှာ တွေ ပေါ်က သရုပ်ဆောင် တချို ့ကလည်း….

သူတို့ကိုယ် သူတို့ ့အနုပညာသမားလို ့ခံယူထားတာပါ ။

”တို့က အနုပညာသမား ဆိုတော့လေ…….”

ဆိုတဲ့စကားလုံးလေး သုံးကာ သုံးကာနဲ ့ စကားပြောကြတဲ့အခါ …….ကျွန်တော်က ရယ်ချင် လာ ပါတယ်။

တကယ်တမ်းးးး ကျွန်တော် သိသလောက်တော့ …….အနုပညာသမားပါ လို ့  (အများကရော / သူတို ့ကိုယ်တိုင်က ပါ ) သတ်မှတ် ထားတဲ့ ပုဂိ္ဂုလ်တွေ ထဲမှာ …

ကျွန်တော် နှစ်နှစ်ကာကာ ခေါ်ချင်တဲ ့  ( ကျွန်တော် တစ်ဦးတည်း ရဲ့သဘောနဲ ့ သတ်မှတ်ထားတဲ့ )

အနုပညာသမား ( တကယ့် အနုပညာ”သမား”) အင်မတန် နည်းပါတယ် ။

အနုပညာသမား ဖြစ်ဖို ့ အနုပညာရဲ့ သဘောသဘာဝနဲ့ ့ သဘောတရာ း တွေကို ကျယ်ကျယ်ပြန့်ပြန် ့ သိထားဖို့ ့လိုမယ် ထင်ပါတယ် ။

ဒီ ဒီ ….ဒါဒါ …… သီချင်းကလေးတွေ အသံကျယ်ကျယ် အော်ဆိုတတ်ရုံလောက်နဲ ့ အနုပညာသမား လို ့မခေါ်ချင်သေးဘူး ။

မဲ့ပြုံးကလေး ပြုံးပြတတ်တာလောက်နဲ ့ အနုပညာသမားလို ့ မခေါ်ချင်သေးဘူး ။

ကဗျာလေး စပ်တတ်တာ / စာတိုပေစလေး ရေးတတ်တာလောက်နဲ ့ အနုပညာသမားလို ့ မခေါ်ချင်သေးဘူး ။

…………………………………………………………………..

ဒါကြောင့် ကျွန်တော့်ကိုလည်း အနုပညာသမားလို ့ မခေါ်ကြပါနဲ့ဦး ။

စောပါသေးတယ် ။

ကျွန်တော် လုပ်စရာတွေ အများကြီး ရှိနေသေးတယ်။

=================================================================

အနုပညာစကား ။ ၅ ။

ကျွန်တော်ဟာ …အနုပညာဆိုတာကြီးကို ချစ်မြတ်နိုးလွန်းလို ့နှစ်သက်ခုံမင်စွာ လေ့လာရင်း ..

တတ်သလောက် မှတ်သလောက် ခံစားမိသလောက် ကို ဖန်တီး ကြည့်နေတဲ့ သာမန် လူငယ်တစ်ယောက်ပါ ။

အနုပညာ ဝတ်ရုံကို……. ခြုံကြည့်ဖို ့ ကြိုးစားဆဲ လူငယ်ပေါ့ဗျာ ။

အနုပညာ ဝတ်ရုံကိုလည်း ကျကျနန လှလှပပ ခြုံ ဝတ် တတ်ပြီ ဆိုတဲ့တစ်နေ ့ /

အနုပညာ ဝတ်ရုံ ကို ခြုံပြီး အနုပညာ ပျိုးဥယျာဉ်ကြီးထဲမှာ အနုပညာပန်း တွေ စိုက်ပျိုး လို ့ . . . ဖူးပွင့် ဝေဆာ နေပြီ ဆိုတဲ့ တစ်နေ ့မှာ . . . .

ကျွန်တော် အနုပညာ”သမား” ဖြစ်လာပါလိမ့်မယ် ။

==================================================================

အနုပညာစကား ။ ၆ ။

အနုပညာ နဲ ့ပက်သက်ပြီးးး နောက်ထပ်  ပြောချင်တဲ ့အပိုင်းအစလေးတွေ  ရှိပါသေးတယ်။

လောလောဆယ်တော့   အခြေအနေအရ  ဒီလောက်ပဲ  အစပျိုး လိုက်ပါတယ်။

နောက်ထပ်ပြောချင်နေတဲ့စကားတွေက  အကျယ်ပြောမှ  ဖြစ်မှာ မို ့ …….. မကြာမီ ဆက်လက် တင်ပြဖြစ်လိမ့်မယ်လို့ ့မျှော်လင့် ရည်ရွယ်ထားပါတယ် ။

~~~အနုပညာနှင့် အနုပညာ၏ အသုံးဝင်မှု တန်ဖိုး

~~~ခေတ်နှင့် အနုပညာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲခြင်း

~~~ဝေဖန်ရေးနှင့် အနုပညာ ( သို့ ့မဟုတ်)အနုပညာနှင့်  ဝေဖန်ရေး  . . . . .စသည်   စသည်တို့ကို  ….

တို ့ ထိ ကြည့်ပြီးးးး  မြင်မိသလောက်  ရေးသားတင်ပြချင်ပါသေးတယ် ။

အကြောင်း ညီညွတ်ရင် ….ရေး လို ့ / ဖတ်လို ့… ရကြမယ်ပေါ့ဗျာ…။

====================================================================
လောလောဆယ် ကဗျာ တစ်ပုဒ်ကို  ဖတ်ရှုခံစားကြည့်ကြပါဦး။

ကဗျာ လက်ဆောင်( ခံစားမှု ရသ လက်ဆောင် )  ပေးတာလို ့ သဘောထားပြီး… ဖတ်ရှု ခံစားသွား ရင်….ကျေနပ်ပါတယ် ။

================================================================

THE  POETS ‘S  DREAM

ON  A  POET ‘S  LIPS  I  SLEPT

DREAMING   LIKE  A  LOVE  – ADEP

IN  THE  SOUND  HIS  BREATHING  KEPT ;

NOR  SEEKS  NOR  FINDS  HE MORTAL   BLISSES

BUT  FEEDS  ON  THE  AERIAL  KISSES

OF  SHAPES  THAT  HAUNT  THOUGHT  ‘S    WILDERNESSES

HE  WILL  WATCH  FROM  DAWN  TO  GLOOM

THE  LAKE – REFLECTED  SUN  ILLUME

THE  YELLOW  BEES  IN  THE
IVY-BLOOM ,

NOR  HEED  NOR  SEE  WHAT   THINGS   THEY  BE ;

BUT    FROM   THESE   CREATE   HE  CAN

FROM  MORE  REAL  THAN  LIVING  MAN,

NURSLINGS  OF   IMMORTALITY !

—————

SHELLY

====================

အနုပညာစကား ။ ရ ။

အနုပညာရဲ ့ အသုံးဝင်မှု တန်ဖိုး ကို မပြောခင်

အနုပညာကို တန်ဖိုးဖြတ်ခြင်း ကနေ အရင် စရပါမယ်။

အနုပညာမှာ တန်ဖိုး ရှိသလား ။

ဘယ်လို တန်ဖိုး ရှိတာလဲ ။

ဘယ်လောက်တန်ဖိုးရှိတာလဲ ။

အနုပညာမှာ တန်ဖိုး ရှိသလား ဆိုရင် ”ရှိတယ်”လ်ို့ပဲ ခပ်ပြတ်ပြတ် ပြောရမှာပါပဲ ။

ဘယ်လိုတန်ဖိုး ရှိသလဲ ဆိုတော့ အသုံးဝင်မှု တန်ဖိုး ရှိပါတယ်။

အဲဒီ အသုံးဝင်မှုတန်ဖိုး အပြင် ”ပကတိအရှိတန်ဖိုး” ဆိုတာလည်း ရှိပါသေးတယ် ။

ပကတိတန်ဖိုး အရှိတန်ဖိုး ဆိုတာကတော့ ရှင်းပါတယ်။

အနုပညာ ပစ္စည်းတစ်ခုကို ကြည့်လိုက်ပါ ။

ဥပမာ ဆိုပါစို ့။

ကဗျာ တစ်ပုဒ် ။ အဲ ဒီ ကဗျာ ဟာ အနုပညာပစ္စည်း ဖြစ်ပါတယ် ။

အဲဒီလို ကဗျာ / အနုပညာပစ္စည်းကို တရိစ္ဆာန်တွေ မဖန်တီးနိုင်ပါဘူး ။

သစ်ပင်တွေ ကဗျာ ကဗျာ မရေးနိုင်ပါဘူး ။

ပင်လယ်တွေ ကဗျာ မရေးနိုင်ပါဘူး ။

ပန်ဒါတွေ … ပင်ဂွင်းတွေ ကဗျာ မရေးနိုင်ပါဘူး ။

လူသားမှသာ ကဗျာ ရေးနိုင်ပါတယ် ။

လူသားထဲမှာတောင်မှ အနုပညာသမားမှသာ ကဗျာရေးနိုင်ပါတယ် ။

အနုပညာသမားထဲမှာလည်း ကဗျာ မရေးတဲ့ အနုပညာသမားတွေ ရှိတယ် ။

(စာရေးဆရာတိုင်း ကဗျာ မရေးပါဘူး ။ သူ ့အားသန်ရာ ဖန်တီးမှုနဲ့သူ အနုပညာ ပစ္စည်းတွေ သီးခြား ဖြစ်တည်နေမှာပါပဲ )

ဆိုတော့ ကဗျာကို ကဗျာဆရာ / ကဗျာသမားမှ သာ ခံစားပြီး ရေးပါတယ် ။

ဒါကြောင့် သာမန်ပစ္စည်း တစ်ခု နဲ့ ကဗျာ တစ်ပုဒ် အရှိတရား

( ဖြစ်တည်မှုသဘော ) မတူပါဘူး ။

ဥပမာ ထီးတစ်လက်နဲ ့ကဗျာတစ်ပုဒ် ။

ထီးတစ်လက်ဟာ ဘယ်ဈေးနှုန်း ဘယ်လောက်ဆိုတာ ရှိပေမယ့်. . .

ကဗျာတစ်ပုဒ် ဟာ ဘယ်လောက်တန်တယ်ဆိုတဲ့ သတ်မှတ် တန်ဖိုး မရှိ ။ ( မရှိသင့် )

ကဗျာ / စာပေအနုပညာဟာ သူ့ ့ပကတိတန်ဖိုးနဲ့ ့သူ သီးခြားရပ်တည်ပါတယ် ။

ကဗျာတစ်ပုဒ်ကို မဂ္ဂဇင်းအယ်ဒီတာ တစ်ယောက်က သူ့မဂ္ဂဇင်းမှာ ထည့်သုံးဖို ့. . . .

ရော့ ငါးထောင် ဆိုပြီး ကဗျာစာမူခ ပေးလိုက်တာကတော့ သိပ်အကြမ်းထည် ဆန်လွန်းတဲ့ တန်ဖိုးဖြတ်ခြင်းပါ ။

ကဗျာတစ်ပုဒ် /စာမူခ / ၅၀၀ဝ ကျပ် ဆိုတာ ခပ်ညံ့ညံ့ တန်ဖိုးတစ်ခုကို ခပ်လွယ်လွယ် ချလိုက်တာ မို ့ စကားထဲ ထည့် မပြောချင်ပါဘူး ။

======================================

အနုပညာစကား ။ ၈ ။

တန်ဖိုးဖြတ်ခြင်း ။

အနုပညာ ပစ္စည်းတစ်ခု ( ကဗျာတစ်ပုဒ် ) ကို ဖတ်ရှု ခံစားသူ နဲ ့ဝေဖန် အကဲဖြတ်သူ ဆိုပြီး ပုဂိ္ဂုလ် နှစ်မျိုးက ထိ တွေ ့ပါတယ် ။

ဖတ်ရှု ခံစား သူက ကဗျာကို ဖတ်တယ် ။ ခံစားကြည့်တယ် ။

သူ ့အကြိုက် နဲ ့ညီရင် သူ ့ခံစားချက်နဲ ့ကိုက်ညီရင် ဒီကဗျာ ကောင်းတယ် ။

အကြိုက်နဲ ့မကိုက်ညီရင် ဒီကဗျာ မကောင်းဘူး ။

ဒီလို သတ်မှတ်တာ ဟာ သဘာဝကျတာမို ့ စာဖတ်သူ / ခံစားသူ ဘက်က အပိုင်းကို အထူးအထွေ ပြောစရာ မလိုတော့ပါဘူး ။

ဝေဖန် အကဲဖြတ်သူ က တော့ တန်ဖိုးဖြတ်ခြင်းကိုပါ လုပ်ရပါတယ် ။

ကဗျာကို သီဝရီတွေ စံနှုန်းတွေ သဘောတရား တွေနဲ ့အခြေအမြစ်ရှိရှိ ချိန်ထိုး တိုင်းတာပြီး

ဒီကဗျာ ဟာ အနုပညာအရ တန်းဝင်သော ကဗျာလားးးး

ရသ မြောက်သော ကဗျာလားးးးဆိုတာကို သတ်မှတ်ရပါတယ် ။

ကဗျာ တစ်ပုဒ်ကို ဝေဖန်အကဲဖြတ်သူဟာ အဲဒီ ကဗျာ ( အဲဒီ အနုပညာ ပစ္စည်း)ကို တန်ဖိုးတစ်ခု ဖြတ်ရပါတယ်။

အဲဒီ တန်ဖိုးကတော့ ”အနုပညာရဲ ့အသုံးဝင်မှု တန်ဖိုး” ဖြစ်ပါတယ်။

===============================

အနုပညာစကား ။ ၉။

အနုပညာရဲ့ အသုံးဝင်မှုတန်ဖိူး ။ ။

ကဗျာတစ်ပုဒ် / ဝတ္ထုတစ်ပုဒ် / ပန်းချီကားတစ်ချပ် / စာပေ လက်ရာ တစ်ခုခု စသည်ဖြင့်ပေါ့ဗျာ အနုပညာပစ္စည်းတစ်ခု ဟာ ဘယ်နေရာမှာ အသုံးဝင်သလဲ ဆိုတဲ့ အချက်ကို ပြောပါမယ်။

ဥပမာ ထီးတစ်လက် ဆိုပါတော့ ။

ထီးတစ်လက်ဟာ မိုးရွာတဲ့အခါ နေပူတဲ့အခါ အကာအကွယ်အဖြစ် ဆောင်းသွားဖို ့အသုံးဝင်ပါတယ် ။

ဒါပေမယ့် ကဗျာတစ်ပုဒ်ကျတော့ မိုးရွာတဲ့အခါ အဲဒီ ကဗျာကို မိုးကာဖို ့ဆောင်းသွားလို ့မရ ။

နေပူတဲ့အခါ နေကာဖို ့အဲဒီ ကဗျာကို ( စကားလုံးတွေကို ) ဆောင်းကာ သွားလို့မရ ။

နောက်ထပ်ဥပမာ တစ်ခု ပြောရ ရင် ငရုပ်သီးဆယ်တောင့် ဆိုပါတော့။

ငရုပ်သီးဆယ်တောင့်ကို ထောင်းပြီး ဟင်းချက်တဲ့အခါ . . . .ထည့်ချက်လိုက်ခြင်းအားဖြင့် ခပ်စပ်စပ်အရသာရှိတဲ ့ ဟင်းတစ်ခွက်ဖြစ်ဖို ့ငရုပ်သီးတွေက အသုံးဝင်ပါတယ်။

ကဗျာ ဆယ်ပုဒ်ကို ငရုပ်ဆုံထဲ ထည့်ထောင်းပြီး ဟင်းထဲ ထည့်ချက်လို ့မရ ။

ကဗျာတွေကို ဝါးစားလို ့မရ ။

ဒီလိုဆိုတော့ နေပူကာဖို ့/ မိုး ကာ ဖို ့/ ဟင်းချက်ဖို ့/ လမ်းခင်းဖို ့/ တိုက်ဆောက်ဖို ့ . . . စသည် စသည်တို့အတွက်တော့ (အနုပညာပစ္စည်း ) ကဗျာက အသုံးမဝင်ပါဘူး ။

အဲဒီလိုနေရာတွေမှာ အသုံးမဝင်တော့ အနုပညာက အသုံးဝင်မှုမရှိ ။

တန်ဖိုးမရှိ တဲ့သဘော ဖြစ်သွားရော ။

တကယ်တော့ . . . .

အနုပညာမှာ အဲဒီလို အကြမ်းထည်ဆန်တဲ့ တန်ဖိုးသတ်မှတ်ချက်တွေ / အကြမ်းထည် အသုံးဝင်မှုတွေကနေ လွန်မြောက်နေတဲ ့

သီးသန် ့တန်ဖိုး / သီးသန် ့အသုံးဝင်မှုနဲ ့ ဂုဏ်ရှိန် မြင့်မားစွာ ရှိနေလို ့. . . .

အနုပညာကို တန်ဖိုးဖြတ်ရ ခက်နေကြတာပါ ။

===================================

အနုပညာစကား ။ ၁ဝ ။

အနုပညာ ရဲ့ အသုံးဝင်မှု တန်ဖိုးဆိုတာ . . . . .

ရသ ခံစားမှု အဖြစ် ကူးစက်သွားပြီး ဖြစ်တည်လာတဲ့ အခြေအနေပါ ။

အနုပညာပစ္စည်းတစ်ခုကို ခံစားကြည့်တဲ့အခါ. . . . . . .

ခံစားသူရဲ့ စိတ်နှလုံးကို ကြည်နူးနှစ်သိမ့်မှု ပေးနိုင်တဲ့ အတွက် . . . . . ။

အင်မတန် နက်နဲ သော ရှင်းပြရန် ခက်ခဲသော ကိစ္စ နဲ ့အတူ  နက်နဲသိမ်မွေ့သော အသုံးဝင်မှု တန်ဖိုး အဖြစ် ရှိနေပါတယ် ။

အနုပညာမှာ နက်နဲသော ခက်ခဲသော သိမ်မွေ ့ကျယ်ပြန့်သော သဘော သဘာဝနဲ ့အတူ သီးသန် ့ဆန်သော အသုံးဝင်မှုတန်ဖိုး ရှိကြောင်းးးးးး

ကျေးဇူးရှင် ဆရာ ကြီး ဇော်ဂျီက ”အနုပညာဆိုတာ စိတ် ကိစ္စ ” လို ့ ပြောခဲ့တာကို ဖတ် မှတ်ခဲ့ ဖူးကြောင်းးးးးးးးးးးး

========================

အနုပညာစကား ။ ၁၁ ။

အနုပညာပစ္စည်း တစ်ခုကို ခံစားရာမှာ. . . . .

ခံစားသူအနေနဲ ့ အဲဒီ အနုပညာ ပစ္စည်း ကို နားလည်ခြင်း / နားမလည်ခြင်းတွေက ပြဿနာ ဖြစ်စေပါတယ် ။

နားလည်ခြင်းဆိုတာ . . .

အဲဒီ အနုပညာပစ္စည်း ရဲ ့ဆိုလိုချက် / အဓိပ္ပါယ် / ပေးချင်တဲ့ message / (သို ့မဟုတ် ) ရသ ကို ခံစားသူက တသွေမတိမ်း ရလိုက်ခြင်း လို့ ့ယူဆပါမယ် ။

ဒီတော့ နားမလည်ခြင်းဆိုတာ . . . . .

အဲဒီ အနုပညာပစ္စည်း ရဲ ့ဆိုလိုချက် / အဓိပ္ပါယ် / ပေးချင်တဲ့ message / ရသ ကို ခံစားသူက မရ လိုက်တာပေါ့ဗျာ ။

ကဲ နည်းနည်း ချဲ့ ့တွေးကြည့်လိုက်ကြရအောင် ။

**************************************

အနုပညာစကား ။ ၁၂ ။

အနုပညာပစ္စည်းတစ်ခု (ဥပမာ)ကဗျာ တစ်ပုဒ် ကို . . . . .

ခံစားသူက ခံစားဖို့ ့အသင့်ပြင်လိုက်ပြီ ဆိုရင် ပထမဆုံးတွေ့ ့ရမှာက အဲဒီ ကဗျာကို ဖွဲ ့စည်းထားတဲ ့

စာသား (သို့မဟုတ်)စကားလုံး (သို့မဟုတ်)ဘာသာစကား အစုအဝေးပါ ။

ဘာသာစကား တွန့်တွန့်ကောက်ကောက်တွေ ကို ဖတ်လိုက်ပြီးးမှ. . . . . .

အဲ ဒီ ဘာသာစကား /စကားလုံးတွေက ညွှန်းဆိုပြထားတဲ့ အဓိပ္ပါယ် (သို့မဟုတ်) သဘော ကို ခံစားသူက သိ ပါတယ် ။

ဥပမာ စာသားတစ်ခု ဆွဲထုတ်ပြပါ့မယ် ။

———————–

နွေကန္တာ အလယ်မှာ

ရွှေဒဏ်ရာ မပယ်သာဘူး

ခင့်ကြောင့် ငိုပွဲ နွှဲရပြီ ။

<  အလင်းဆက် / မျက်ရည်ပွဲ မှ   >

————————

ဒီကဗျာ စာသားကို ဖတ်လိုက်တဲ့သူအတွက် မြင်နေရတဲ့ စာသား စကားလုံး တွန် ့တွန့် ့ကောက်ကောက် အက္ခရာတွေ က အပြင် သဘောပါ ။ ဘာသာစကား ပါ ။

အဲဒီ ဘာသာစကား စကားလုံးတွေက ညွှန်းဆိုပြထားတာကတော့. . . . . . (ဖတ်လိုက်တဲ့အခါ )

ယောကျာ်းပျိုတစ်ယောက် / ယောကျာ်းပေမယ့် မျက်ရည်လည်ရွှဲ ငိုနေပုံ /သူ ့ချစ်သူ မိန်းကလေးက စိမ်းကား ရက်စက်သွားလို ့ အသည်းနာ ပူဆွေး နေတာတောင်

စိတ် မနာရက် ပုံ ။ နွေရာသီ သဲကန္တာရ အလယ်မှာလို ပူဆွေးသောကတွေနဲ ့ အသည်းအသန် ငိုကြွေးနေရပုံ တွေ မြင် / ထင် သွားပါတယ် ။

ဒါတွေ ထင်/ မြင်သွားတာက အတွင်းသဘော ပါ ။

စာသားက ညွှန်းဆို ပြလိုက်နိုင်တဲ့ အဓိပ္ပါယ်ပါ ။

ဒီလို ရေးထားတဲ ့ကဗျာ တစ်ပုဒ်မှာ ရေးသူနဲ ့ဖတ်သူကြား အထစ်အငေါ့မရှိပဲ ခံစားမှု ထပ်တူကျ နိုင်တယ် ။

နားလည် နိုင်တယ်ပေါ့ဗျာ ။

ကဗျာမှာ ပါတဲ့ ရသကို ရလိုက်နိုင်တယ် ။

ဒီလို အပိုင်းက သာမန် ပြဿနာ မရှိတဲ့အခြေအနေမို ့ အထူးအထွေပြောစရာမရှိပါဘူး ။

******************************************

အနုပညာစကား ။ ၁၃ ။

————————————-

အလင်းပျောက်သွားတဲ့ မနက်ခင်းမှာ

ငါ့ရင်ထဲက ပင်လယ်

လမ်း ထလျှောက်တယ် ။

{အလင်းဆက် / တမ်းတခြင်းကဗျာစု မှ}

————————————

ဒီလို ကဗျာ စာသားမှာတော့ ပြဿနာ ရှိလာပါတယ် ။

အလင်းပျောက်သွားတဲ့မနက်ခင်းမှာ ငါ့ရင်ထဲက ပင်လယ် လမ်းထလျှောက်တယ် ဆိုတဲ ့စာသား (ဘာသာစကား) အက္ခရာတွေက အပြင်သဘောပါ ။

အတွင်းသဘောဖြစ်တဲ့ စာသားက ညွှန်းဆိုပြတဲ့ အဓိပ္ပါယ်ကို ဖမ်းဆုပ်ကြည့်တော့ . . . . . အင်မတန် ဝေဝါးသွားပါတယ် ။

———————————–

ခွဲခြမ်းစိတ်ဖြာ ကြည့်ရအောင် ။

၁ ။ ။ အလင်းပျောက်သွားခြင်း

၂။ ။ မနက်ခင်း

၃။ ။ရင်ထဲက

၄။ ။ပင်လယ်

၅။ ။ လမ်း ထလျှောက်ခြင်း

ဒီလို တစ်ဆင့်ချင်းစီ ဖတ်သွားတဲ့အခါ မှာ . . . . . .

နားမလည်ခြင်း ပြဿနာက ဝင်မလာသေးပါဘူး ။

စကားလုံး ငါးခုလုံးကို နားလည်နေပါတယ် ။

တစ်ပိုဒ်လုံး(ဝါကျတစ်ကြောင်းလုံး)

ဆုံးအောင်ဖတ်ပြီးတဲ့အခါကျတော့ ဘာကို ဆိုလိုထားမှန်းးး မသိ ။

အဓိပ္ပါယ်က ဝေဝါးးသွားပါတယ် ။

မနက်ခင်းဆိုတာက ဘာလို့ ့အလင်းပျောက်သွားတာလဲ။

အလင်းမရှိတဲ့ မနက်ခင်းဆိုတာက ဘယ်လို မျိုးလဲ ။

ပင်လယ်က ဘယ်လို လုပ် လမ်းလျှောက်သလဲ ။

ပင်လယ်ကြီးက ဘာလို ့ရင်ထဲမှာ ရှိနေရတာလဲ ။

??????????????

မေးခွန်းတွေ တန်းးးးစီ ပြီး   ထွက်လာပါတော့တယ် ။

တိကျတဲ့ အဓိပ္ပါယ်ကို မရ လိုက်ဘူး ။

သို ့လော သို ့လော တွေနဲ့ အတူ နားမလည်ခြင်း ပြဿနာကြီး စတင်ပါတော့တယ် ။

ရပ်ကွက်ထဲက လူတွေ ပြောသလိုဆို ….

အဲဒီမှာ စ တွေ့ ့တာပါပဲ ။

***************************************

အနုပညာစကား။ ၁၄ ။

တစ်ခု ကြားဖြတ်ပြောချင်တာက တော့

နား မလည်တာ / နား လည်တာ နောက် ထား ပါဦး ။

အဲဒီ ကဗျာ စာသား မှာ ဘာရသ ပါသလဲ ဆိုတာလေး တွေးကြည့်စေချင်ပါတယ် ။

နားမလည်ဘူး းးးး ဘာကို ဆိုလိုမှန်းးးမသိပါဘူးးးး ဆိုရင်တောင် ရသ တစ်ခုခုတော့ ဆွဲထုတ်ကြည့်လို့ ့ရမယ် ထင်ပါတယ် ။

အလင်းပျောက်သွားတဲ့ မနက်ခင်းမှာ ငါ့ရင်ထဲက ပင်လယ် လမ်းထလျှောက်တယ် ဆိုတဲ့ စာသား ဟာ

အံ့ဩစရာ မကောင်းဘူးလားးးး။ မြင်ယောင်ကြည့်ပါ ။

လူတစ်ယောက်ရဲ့ ရင်ဘတ်ထဲက ပင်လယ်ကြီး တစ်စင်း ထွက်လာပြီးးး

လမ်း ထ လျှောက်နေပုံ / အလင်းမဲ့တယ်ဆိုတဲ့ မှောင်မှောင်မည်းမည်း မနက်ခင်းကြီးထဲမှာ ပင်လယ်ကြီး လမ်းထ လျှောက်နေပုံ. . . ။

အံ့ဩမှုရသ မြောက်တယ်လို့ ့ကျွန်တော် ပြောရင်

ခင်ဗျားတို့ ့ငြင်းမလား ။

:k:

——————————-

ဒါပေမယ့်

နိမိတ်ပုံတွေ | သင်္ကေတတွေ သုံး ထားတဲ့ ဒီလို စာသားမျိုးမှာ…

ဆိုလိုချင်တဲ့ (ဖန်တီးသူ ဆိုလိုထားတဲ့)အဓိပ္ပါယ်က သပ်သပ် ရှိနေပါတယ်။

(ကိုယ့်ကဗျာကို ကိုယ် ပြန် ရှင်း မပြချင်တော့လို ့)

ဒီစကား ဒီနားမှာ ရပ်ပြီး

ကျန်တာကို ဆက်ပါမယ် ။

ဆိုလိုတာက နားမလည်ဘူးဆိုတဲ့ ဒီစာသားထဲက ရသ တစ်ခုခု ဆွဲထုတ်ကြည့်ပါ လို ့။

***************************************
ဒီ ကဗျာကို ဖတ်ကြည့်ပါ ။

background-21

 

****************************************

အနုပညာစကား။ ၁၅။

ကဲ ……

အဲ ဒီ ဘာသာခြားကဗျာ ကို နားလည်နိုင် မလား ။

အဲဒီ ကဗျာကို ဖွဲ့စည်းထားတဲ့ ဘာသာစကားကို  နားမလည်/ မတတ်ကျွမ်းသူ အဖို့တော့

ကဗျာထဲက အဓိပ္ပါယ်ကိုလည်း မရ /ရသ ကိုလည်း မရ။

ခံစားသူ အတွက် ခံစားလို့မရ (မဖြစ်)တဲ့ ကဗျာပေါ့ဗျာ ။

ဒါ ကဗျာပါ လို့ ့ပြောတဲ့သူရှိမှသာ ကဗျာမှန်း သိ ရုံမျှ သိမှာပါ ။

ဘာသာစကားကို မသိနိုင်သူအဖို့ ့ရုတ်တရက် ကြည့်လိုက်ရင် ဆေးအညွှန်းလား။

နာရေးကြော်ငြာလား။

အလုပ်ခေါ်စာလား။

သတင်းလား။

ကျေးဇူးတင်လွှာလားး ဘာမှန်းကို မသိနိုင် /နားမလည်နိုင်ပါဘူး။

ဘာလို့နားမလည်သလဲ ဆိုတော့

အဲဒီ ကဗျာမှာ သုံးထားတဲ့ ဘာသာစကား

(စကားလုံး/အက္ခရာ)တွေက ကိုယ် မကျွမ်းကျင်/မတတ် မသိ လို့ပါ ။

အဲဒီကဗျာကို နားလည်ချင်တယ်/ခံစားချင်တယ်ဆိုရင်တော့ လုပ်ရမှာက တစ်ခုပဲရှိပါတယ် ။

အဲဒီ ကဗျာကို ဖွဲ့ ့စည်းထားတဲ့ (ကဗျာမှာ အသုံးပြုထားတဲ့ )

ဘာသာစကားကို တတ်ကျွမ်း နားလည်အောင် သင်ယူ ရမှာပါ ။

ဒီတော့ . . . . . . . .

ခံစား နာလည်ချင်ရင် သင်ယူ /

မသင်ယူချင်ရင် မခံစားနဲ့ ့ နားမလည်ချင်နဲ့။

ဒီလိုပဲ ခပ်ပြတ်ပြတ် ပြောရပါတော့မယ်။

ကိုယ်နားလည်ရာ. . . . . . .

ကိုယ့် ခံစားချက်နဲ့ ့ကိုက်ညီရာ အနုပညာက်ို ရွေးချယ် ခံစားခွင့် …

လူတိုင်းမှာ ရှိပါတယ်။

*******************************************

အနုပညာစကား။ ၁၆ ။

ဘာသာစကားမတူတဲ့ ကဗျာမို့ ့နားမလည်တာ ပြဿနာ မရှိ/

မြန်မာဘာသာနဲ ့ရေးထားတဲ့ မြန်မာကဗျာကိုပဲ

မြန်မာလူမျိုးတစ်ယောက်က ဖတ်တာ နားမလည်ဘူး ဆိုတာကတော့. . . . . . . .

ပြဿနာ ”လုပ်”မယ်ဆို ပြဿနာ ”ဟုတ်”နေပါတယ် ။

————————

အပေါ်မှာ ပြောခဲ့သလိုပါပဲ ။

အဲဒီ နားမလည်ခြင်း ပြဿနာကို ဖြေရှင်းဖို့က တစ်နည်းပဲ ရှိပါတယ်။

(ကျွန်တော့်အမြင် တစ်နည်းကိုသာပြောမှာပါ ။)

မော်ဒန်ကဗျာတစ်ပုဒ်ကို နားလည်ချင်ရင်. . . . . . .

နားလည်ဖို့ ့ကြိုးစားရပါမယ် ။

————————————-

နားလည်ဖို့ ့ကြိုးစားရာမှာ ကိုယ့် မူလ က စွဲ ယူထားတဲ့ ဝါဒစွဲတွေ / စံ / သတ်မှတ်ချက် အစွဲလေးတွေကိုတော့

ခွါချ ထားခဲ့ သင့်  / ထားခဲ့ပေးပါ ။

မော်ဒန် ကဗျာကို ဂန္ထဝင် နှလုံးသားနဲ့တော့ ခံစားနေလို့ မသင့်တော်ပါဘူး။

ကျွန်တော် အရမ်းကြိုက်တဲ့ စကားနဲ့ ပြောရရင်တော့ . . . .

သူ ့ဘက်ကမ်းက မီး ဘယ်လောက် လင်းသလဲ သိချင်ရင် . . . …….

ကိုယ့်ဘက်ကမ်းက မီးကို မှိတ်ကြည့်ပေါ့ဗျာ ။

မော်ဒန်ကဗျာကို ရေးသားဖန်တီးနေတဲ့ မော်ဒန် လူငယ်တွေရဲ့ နှလုံးသား(ခံစားမှု)ကို ဝင် ပူးကြည့်ရမယ် ။

သူတို ့  အတွေးးး သူတို ့ အယူအဆ /သူတို့ ့စိတ် ခံစားမှု / သူတို ့ယုံကြည်ရာ နောက်ကို သူတို့နဲ ့ထပ်တူထပ်မျှ လိုက်ပါကြည့်ရမယ်ဗျာ ။

သူ ့အနုပညာ ကမ်းစပ်ကို လွတ်လပ်စွာ ခြေ ချကြည့်ပေါ့ဗျာ ။

မော်ဒန် မြစ်ထဲ ဆင်းကြည့်ပေါ့ဗျာ ။

(အနုပညာ ခံစားမှု အားကောင်းခြင်းးးဆိုတဲ့ )

ရေကူးးးတော့ ကျွမ်းကျင်ပါစေ ပေါ့ ။

*******************************************

အနုပညာစကား။ ၁ရ ။

လိုရင်းကို ဒဲ့ ပြောရ ရင်တော့. . . . . . .

နားလည် ခံစားချင်ရင် နားလည်ဖို့ ့ကြိုးစား ။

နားလည်ဖို ့ မကြိုးစားချင်ရင်တော့ ရှင်းရှင်းလေးပါပဲ ။

မဖတ်နဲ့ ့ ။

မော်ဒန်ကဗျာတွေကို နားမလည်ဘူးးး/နားလည်ဖို့လည်း စိတ်မကူးချင်ဘူးးးဆိုတဲ့ သူတွေအတွက်တော့

မဖတ်ပါနဲ့ ့လို့ ့ပြောရုံပဲရှိပါတော့တယ် ။

တော်ရာ ရှာဖတ် /တော်ရာ မှာ သွား  ခံစားး

ဒါပဲ ရှိပါတယ် ။

စကားက နည်းနည်း ကြမ်းသလို ရှိမယ် ။

ဒါပေမယ့်..

ကျွန်တော် ပြောနေတာကိုက အကြမ်းထည်ဆန်တဲ ့ စကားနဲ ့ အနုပညာအကြောင်း ပြောနေတာပါ ။

****************************************

အနုပညာစကား။ ၁၈ ။

နားမလည်အောင် ရေးရကောင်းလားဆိုပြီးးး

ဖန်တီးသူတွေကို အပြစ်တင်နေလို့လည်း အပိုပဲလေ ။

ဖန်တီးသူကတော့ သူ ဖန်တီးချင်သလို /သူ ဖန်တီးတတ်သလို ဖန်တီးနေဦးမှာပဲ ။

သူ ဖန်တီးထားတာကို နားလည်အောင် ဖတ် ရမယ်လို့ ့ပြောမှာ လည်း မဟုတ်။

နားလည်အောင် လိုက်ရှင်းပြနေနိုင်မှာလည်း မဟုတ်ပါဘူး ။

ဒီတော့ . . . . . . . . . . . . . .

ကျွန်တော်တို ့က……

ခံစားသူ အလုပ်နဲ့ ့

ဖန်တီးသူအလုပ် /ကြားမှာ . . . . . . . .

ကိုယ့်အလုပ် ကို ကိုယ်လုပ်ကြရုံပါပဲ ။

**********************************************

အနုပညာစကား ။ ၁၉ ။

အခု ပြောခဲ့တာတွေက

ဒီအချိန် ဒီနေရာ မှာ ကျွန်တော် တွေးမိတဲ့ အတွေးးး

ကျွန်တော် ့ အယူအဆကို တင်ပြဆွေးနွေးခြင်းသာ ဖြစ်ပါတယ် ။

ကျွန်တော့ စကားအမှန် လို ့ ယူဆ လည်း ဖြစ် / မယူဆလည်း ဖြစ်ပါတယ် ။

မှားနေရင် ပြင်ပေးကြပါ ။

ပြင်ရင်းနဲ့ ့အမှန်တရား ပေါ်လာပါလိမ့်မယ် ။

ဘာမှ မပြောတာထက်စာရင်

အနုပညာအကြောင်းတစ်ခုခု ပြောနေတာက အမြတ်ထွက်မယ်ထင်လို့ ့ကျွန်တော် ပြောပါတယ် ။

သဘောမတူသူများးး

လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ် ။

နားမလည်ခြင်း ပြဿနာ ဆိုတာ

ပွဲ မပြီးသေးဘူး ထင်လို ့ ရိုးစင်းစွာ ပြောခြင်းရယ်ပါ ။

***************************

လေးစားစွာဖြင့်. . .

မောင်သူရ

=========================

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

++++++++++++++++++++++++++++++++++++++++++++++++++++++++++++

### အနုပညာရဲ့ ဖြစ်ပေါ်တိုးတက်မှု အစဉ် နှင့် အဆင့် သုံးဆင့်  ###

—————————————————————

မော်ဒန်အနပညာ ( ခေတ်သစ် အနုပညာ ) ဆိုင်ရာ အချက်အလက်များကို …..ရ / တတ်သလောက်..လေ့လာနေမိပါသည် ။

လေ့လာရင်း…စာအုပ်စာတမ်းများကို..ဖတ်မှတ် နေရင်းဖြင့်….

ပြောချင် ရေးချင်လာသော..အတွေး.များကို..ချရေးမိပါသည် ။

ဤ စာတမ်းသည်…. ယခု တွေးမိသော အတွေးကို..ရေးသားတင်ပြခြင်းသာ ဖြစ်ပါသည် ။

”ယခု တွေးမိသော..အတွေး.”ဆိုသည့်စကားလုံးကို….အသေအချာ ပြောခဲ့ပါသည် ။

———————————————————————–

လူ ့ယဉ်ကျေးမှုဆိုင်ရာ..စံနှုုန်းများ / အတွေးအမြင်များဖြစ်စေ…

ခေတ်နှင့်ဆိုင်သော..စံနှုုန်းများ/ အတွေးအမြင်များဖြစ်စေ…

အနုပညာဆိုင်ရာ အတွေးအခေါ်နှင့် တန်ဖိုး..နှုန်းစံများဖြစ်စေ…

တစ်ချိန်ချိန်တွင်.. ဖြစ်ပေါ်တိုးတက် သွားသော..အလှည့်အပြောင်းများနှင့်

ကြုံရမြဲ..သာ..ဖြစ်ပါသည် ။

ထို အပြောင်းအလဲများ.ဖြစ်ပေါ်လာခြင်းသည်… ရှိနှင့်ပြီးသား..တန်ဖိုးများ / စံ..နှုန်းများ..ယုတ်လျော့ပျက်စီးသွားခြင်း မဟုတ်ပါ ။

ရှိနှင့်ပြီးသား..တန်ဖိုးများ ဆိုင်ရာ.အချင်းအရာများထက်… ပို၍ ကျစ်လျစ်သော /

ပို၍ လခှပ သစ်လွင်သော..တန်ဖိုးသစ်များ ( စံ နှုန်းအသစ်များ ) ဆီသို ့… ဖြစ်ပေါ် တိုးတက်သွားခြင်းဖြစ်ပါသည် ။

ယုတ်လျော့ ပျက်စီးသွားခြင်း မဟုတ်ပါ ။

ထပ်ပြောပါမည် ။

ထို အပြောင်းအလဲများ.ဖြစ်ပေါ်လာခြင်းသည်… ရှိနှင့်ပြီးသား..တန်ဖိုးများ / စံ..နှုန်းများ..ယုတ်လျော့ပျက်စီးသွားခြင်း မဟုတ်ပါ ။

————————————————————————

အဟောင်းသည်..အဟောင်းဆိုင်ရာ ဂ န္ထဝင်တန်ဖိုးများနှင့်.. သူ ့ဟန်နှင့်သူ..ကျန်ရစ်ခဲ့ပါလိမ့်မည် ။

အသစ်သည်..ခေတ်မီတောက်ပသော.. သစ်လွင်မှု နှင့် ( တန်ဖိုး နှုန်းစံအသစ်များနှင့် ) ဆက်လက် ချီတက်နေပါလိမ့်မည် ။

နောင်တစ်ချိန်တွင်…. ထို အသစ်များသည်.လည်း.. အဟောင်းဖြစ်သွား၍ နောက်ထပ် အသစ်အသစ်သော..အရာတွေက….ဆက်လက် ဖြစ်ပေါ် တိုးတက် လာဦးမည် .။

အဲဒါ..သဘာဝတစ်ခုသာဖြစ်၍…. မကျေနပ်စရာ မရှိပါ ။

ဆွေ့ ့ဆွေ ့ခုန် နေ…စရာ…. မလိုပါ ။
———————————————————————–

အသစ် ၏ ဝင်ရောက် နေရာယူမှု ကို လက်မခံနိုင်လောက်အောင်…. ဖြစ်နေသူများ.. ရှိပါသည် ။

( ထိုသူများ ရှိ်နေ၍လည်း..ဤ စာမျိုးတွေ.ရေးနေရခြင်း ဟု.ဆိုနိုင်ပါသေးသည် ။)

အဟောင်း ၏ တန်ဖိုး မှ တကယ့် တန်ဖိုးအစစ် ဟု ထင်နေကြသူများ….ဖြစ်သည် ။

ကာရန်ပါတဲ ့ကဗျာမှ..ကဗျာ.စာရင်းသွင်းကြသူများ…

ကာရန် မပါရင်..ကဗျာ မဟုတ်သယောင်ယောင် …ဆိုကြသူများ…။

ဇာတ်လမ်း မပါရင်..ဝတ္ထု မဟုတ်ဘူး..ဆိုသူများ…(ဇာတ်လမ်းမပါတဲ ့စာကို..စာပေအနုပညာစာရင်း မသွင်းချင်သူများ)

နတ်သျှင်နောင် ၏ ရတုတစ်ပုဒ်နှင့် … မော်ဒန် ကဗျာတစ်ပုဒ်ကို… ယှဉ်..နှိုင်းပြီး.. နတ်သျှင်နောင် ၏ ရတုကိုသာ..အနုပညာ တန်ဖိုး ပိုကြီးသည်…ဟု..ထင်နေကြသူများ..

ထိုသူများသည်…. ဂန္ထဝင် အနုပညာ ၏ လှပ မှုကို… စွဲလမ်း မက်မောရင်း….ပျောက်ကွယ်သွားမှာကို.. စိုးကြောက်သူများ..ဖြစ်သည် ။

အပြစ် မဆိုသာ..သော်လည်း..ပြောစရာတော့..ရှိနေပါသည် ။

နေဝင်သွားတာကို..မျက်တောင်မခတ်.. လိုက်ကြည့်နေပြီး… နှမြောတသ…လွမ်းမောနေရင်… လ ..ထွက်လာတာကို…မမြင်လိုက်ရပဲ…

နေရော..လရော…လွတ်သွားပါလိမ့်မည် ။

=====================================

တကယ်တော့…. ဂန္ထဝင် အနုပညာ သည်လည်း… သူ ့အနုပညာတန်ဖိုး နှင့်သူ….

မော်ဒန် အနုပညာ သည်လည်း..သူ ့အနုပညာတန်ဖိုးနှင့်သူ. …တည်ကြည်စွာ..ရှိနေပါသည် ။

—————————————————————————-

အဟောင်းကိုမှ…မက်မောစွာ..ဖက်တွယ်ထားသော..လက်များ…ကို.. အသစ်ကြိုသော လက်များ အဖြစ် အသင့် ..ဖြစ်စေချင်ပါပြီ ။

အနုပညာသစ် လာချေပြီ…။

နေရာထို်ုင်ခင်း ရှင်းလင်းပေး၍ ကြိုဆိ်ုပါ ။

နွေးထွေးစွာ… ကမ်းလင့် ခရီးဦး..ကြိုပြု ပါ ။

အနုပညာသစ်သည်…. အနုပညာ ၏ သည်းနင့် ရင်ခွင် ဆီ… ရဲရဲဝံ့ဝံ့ လှမ်း..လာနေပြီ ။

ကြည့်သော..သူ..မြင်ပါလိမ့်မည် ။

အမြင်ကြည်လင်သူသည်..အကြည်အလင်ကို..မြင်ရပါလိမ့်မည် ။

ဆွေ ့ဆွေ ့ခုန်နေစရာ..မလိုပါ ။
————————————————————————–

အနုပညာသစ် ဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ်သည်… ဆွေ ့ဆွေ ့ခုန်နေစရာ…ကိစ္စ မဟုတ်ပါ ။

ဝက်ဝက်ကွဲ ငြင်းဆန်… နေစရာလည်း.မလိုပါ ။

အနုပညာသစ်ကို..ချစ်သော အနုပညာသမားများသည်…. ဘာ့ကြောင့်… ချစ်ရသလဲ..ဆိုသော..မေးခွန်းကို.. ဘယ်သူမှ မမေးခင်..ကိုယ့်ဘာသာ ဖြေပြီးမှ…ချစ်ခဲ့ခြင်းဖြစ်ပါသည် ။

————————————————————————

ထုံတမ်းအစဉ်အလာ စည်းမျဉ်း / နယ်နိမိတ် / ကန့်သတ်ချက် များ… ရုန်းမထွက်နိုင်လောက်အောင်…ချုပ် ထားသော.. တင်းကျပ် ပိတ်ဆို ့မှုု များကို..ရိုး..အီ..ငြီးငွေ့ လာသော…

အလွန့် ( အလွန် ) စိတ်ပျက် လာသော..

အနုပညာသမားသည် အနုပညာ ၏ သဘောသဘာဝ ကို… စူးစူးရဲရဲ… ရှာဖွေ ဖော်ထုတ်ခဲ့ပြီ ။

အနုပညာ ၏ သစ္စာ တရား…ကို မမှိတ်မသုန်…တူးဖော်….ခဲ ့ပြီ ။

အနုပညာ ၏ လွတ်လပ်ခွင့်ကို…လည်း..မြတ်နိုူး..ခုံမင်စွာ..တမ်းတ တတ်ခဲ့ပြီ ။

အနုပညာသည်… ဖန်တီးခြင်း ၏ အမြုတေ ဖြစ်သည် ။

အနုပညာ ဖန်တီးမှု…၏ အထက်မှာ..ဖြစ်စေ…/ ဘေး ပတ်လည်မှာ.. ဖြစ်စေ….မည်သည့် စည်း မျဉ်း ကန့်သတ်ချက်များမှ..

မရှိစေရ ။

အနုပညာ ၏ နယ်ပယ်သည်… ကျယ်ပြန့်သော..ကောင်းကင်ကြီးသာ..ဖြစ်ရမည် ။

အနုပညာနှင့်.. အနုပညာသမား ၏ လွတ်လပ် လိုမှု / လွတ်လပ်စွာ..ဖန်တီး ရေးသား..လိုမှု ကို..

အစဉ်အလာ…ဆိုသော..စည်းမျဉ်း…နယ် နိမိတ်များ က… လာ…လာ…မချုပ်စေလို …………………..။

———————————————————

ထိုသို ့ဖြင့်…. …………………….

လွတ်လပ်မှု ကို မြတ်နိုးသော…. အနုပညာသမားသည်…

အနုပညာဖန်တီးမှု လမ်းစဉ် တလျှောက်…. လိုက်လံ တားဆီး..ချုပ်နှောင်နေသာ..

တံတိုင်း စည်း / မျဉ်းများကို…စ တင် ဖောက်ထွက်ပါတော့သည် ။

———————————————————–

တား..ထားသော..အဆီးအတားများ…ကို..ကျော်ရာတွင်…

လက်ညှိုးထိုး…ကဲ့ ရဲ ့မှုများ../ လှောင်ပြောင်သရော် မှုများ../ စွပ်စွဲ ပုတ်ခတ်မှုများ…ကို..

မလွဲမသွေ..ရင်ဆိုင်ရပါသည် ။

အများနှင့် မတူုသာ.. လုပ်ရပ် ../ အစဉ်အလာ ၏ တင်းကျပ် ပိတ်ဆို ့မှု ကို…ဖောက် ဖျက်သော… အနုပညာ ဖန်တီးမှု.များသည်….

အရှိန် အဟုန်လည်း ရှိ ../ သတ္တိ နှင့် ခံနိုင်ရည်..လည်း… တော်တော်လေး..ရှိခဲ့ပါသည် ။

————————————————————

အခုတော့..အနုပညာသစ်သည်…. အနုပညာကောင်းကင်ပေါ်မှာ.. ပျံသန်း လာနေပြီ…။

အဟောင်းကို…. ဖက်တွယ်ထားကာ..အစဉ်အလာ ၏ စည်း / မျဉ်း / ဘောင်ခတ်မှု အကျပ်အတည်း ထဲမှာ… ဆွေ ့ဆွေ ့ခုန်……နေသူများကို…..အံတု ကာ….

လေ အဟုန်မှာ.. ပျံသန်း ပြနေလေပြီ ။

————————————————————–

အနုပညာသစ် ၏ ထိုးဖောက်မှု / ဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ် တလျှောက်တွင်… အဆင့် ( ၃ ) ဆင့်ကို… ဖြတ်ကျော် ရပါမည် ။

( ကျွန်တော်.. လက်ခံသော..အဆင့် ( ၃ )ဆင့် ဖြစ်ပါသည် ။ အမြင်မတူ သူများလည်း.ရှိနိုင်ပါသည်.ဟု ကြို ပြောချင်ပါသည် ။ )

ထို…. အဆင့် ( ၃ ) ဆင့်မှာ.. အောက်ပါ အတိုင်း..ဖြစ် ပါသည် ။

………………………………………………………

အနုပညာ တန်ဖိုးများ / နှုန်း စံ များ../ အချင်းအရာများ ကို

လူသားတို ့ တဆင့်ပြီးတဆင့် ဖန်တီး တည်ဆောက် ခဲ့ကြရပါသည် ။

ထိုအရာများသည်… ဖြစ်ပေါ်တိုးတက်မှု ( သို ့မဟုတ် ) အပြောင်းအလဲများကို

တကွေ့ ့ကွ့ ့မှာ..ကြုံကို ကြုံကြရပါသည်။

ဖြစ်ပေါ်တိုးတက် မှုများကိုကြုံတိုင်း…အဆင့် ( ၃ ) ဆင့်ကို ဖြတ်ကျော် ရပါသည် ။

ထိုအဆင့် ( ၃ ) ဆင့်မှာ……

( ၁ ) ပိုင်းစ စိတ်မွှာ ပြိုကွဲ သွားခြင်း

( ၂ ) ပြန်လည် စုစည်းတည်ဆောက်ခြင်း

( ၃ ) အသစ်များ ဖန်တီး ဖော်ထုတ်ပြ ခြင်း…….. တို ့ ဖြစ်ပါသည် ။
————————————————

( ၁ ) ပိုင်းစ စိတ်မွှာပြိုကွဲသွားခြင်း

ပထမဆုံး အဆင့် သည်…အသံကျယ်ကျယ်လောင်လောင်ဖြင့်…ဆူညံ ရှုပ်ထွေးတတ်ပါသည် ။

ပြဿနာ အဖြစ်ဆုံး…. အဆင့်လည်းဖြစ်ပါသည် ။ ရှိနှင့်ပြီးသား…. စံနှုန်းများ../

စည်း / ဘောင် / ခွင် / နယ် နိမိတ် များကို….. ကျော်ဖြတ် ထိုးဖောက်၍ အသစ် အသစ်သော….ချင်းအရာတို ့ နေရာ ဝင်ယူ ချိန်မို ့….

သည်းသည်းလှုပ်သူများ…များလျှင် များသလောက်…. ပြင်းထန်စွာ..တုန်ခါ..တတ်ပါသည်။

အပေါ်ယံလေးတွေးသူများ နှင့်…. အမြင် ..မကြည်လင်သူများ ကတော့…

ရှိနှင့်ပြီးသား…. စည်း / မျဉ်း / စံနှုန်း / ဘောင် / ခွင်….နယ်နိမိတ်များ ကို ဖောက်…. ဖြတ် ၍

အသစ်အသစ်သော… စံနှုန်းများ..တန်ဖိုးများ…ဖြင့် ဖြစ်တည်လာသော….

ထိုအနုပညာ ဖန်တီးမှု ( အသစ် ) ကို… စည်းမဲ ့ / ကမ်းမဲ ့ သရုပ်ပျက်ယွင်းမှု /

ထင်တိုင်းကြဲ..ဖော်ထုတ်ပြသ မှု များ… ဟု..သတ်မှတ်ချင်ပါလိမ့်မည် ။

အဟောင်းကို…. တပ်မက် စွဲလမ်းမှု..အား..ကြီးလေလေ…အသစ်ကို…. အထင်သေးမှု / မလိုလားမှု များ..ပြင်းထန်လေလေ….။

အနုပညာ ၏ လွတ်လပ်ခွင့်နှင့်…ဖန်တီး မှု နယ်ပယ် ကျယ်ကျယ်ပြန့်ပြန့် ကိုမှ လိုချင်သော../

ရှိနှင့်ပြီးသား…နှုန်း စံ အဟောင်းများ / စည်းမျဉ်း..ဘောင် / ခွင်…အဟောင်းများ ၏ တင်းကျပ်စွာ.. ပိတ်ဆိုးမှု ကို မကျေမနပ် ဖောက်ထွက်ချင်သော….

အနုပညာ နှင့် အနုပညာ ဖန်တီးသူ…တို့ကို..

ရှေးရိုး အစဉ်အလာ / သမားရိုးကျ ဘိုးတော်ဘုရား လက်ထပ်က… စံနှုန်းများနှင့်.. နေသားကျနေသော…

( အဟောင်းမှ အဟောင်း ဆွေ ့ဆွေ ့ခုန်နေသော…) ပုဂိ္ဂုလ်များက…. အမြင် ကြည် နိုင်မည် မထင်ပါ ။

နွေးထွေးသော လက်များဖြင့် ကြိုဆိုဖို ့…အသာ ထားလို ့….သူတို့ဖက်တွယ်ထားသော… အရာများကို..လွှတ်ချပြီး.

အသစ် ဝင်ရောက် လာမည့်အရာကို….လက်ယပ်ခေါ်ဖို ့…ပင် မအားနိုင်ပါ ။

အသစ် ဝင်ရောက်လာမည့် အရာကို တန်ဖိုး ရှိသော အရာ များ..ဖြစ်နေမလား..ဟုပင်…. ကြည့်/ မြင်..နိုင် ..အားမည်..မထင်ပါ ။

သူတို ့..ဆွေ ့ဆွေ ့ခုန် ပြီးရင်း..ခုန်နေကြသည် ။

္ကဤ အဆင့်သည်… ထိတ်လန့် တုန်လှုပ် ဖွယ်ရာ အဖြစ်ကြီးအဖြစ်…. သူတို ့..ဆွေ ့ဆွေ ့ခုန်လို့ကို..ပြီးမှာ… မဟုတ်.. ။

အနုပညာသမား နှင့် အနုပညာ ၏ သဘောသဘာဝ ကိုက….တစ်ချိန်ချိန်မှာ…

မလွဲမသွေ… ဖြစ်ပေါ်တိုးတက်မှု…/ ပြောင်းလဲသော..ဖန်တီးမှု ဖြစ်စဉ်များနှင့်.ကြုံကိုကြုံရမည် ။

အနုပညာသည်….ပုံသဏ္ဌာန် ဘယ်လိုပြောင်းပြောင်း ပြောင်း…. /

ဖော်ဆောင် ပုံ..ဟန်များ../ စနစ်များ..ဘယ်လိုပြောင်းပြောင်း…

အနုပညာသည်..အနုပညာ ဖြစ်နေဖို့သာ..လိုပါသည် ။

အနုပညာ ၏ အနုပညာ ဖြစ်နေဆဲ ဖြစ်ပါသည် ။ အနုပညာ ၏ ပကတိ တန်ဖိုးသည်…. အခြေအနေတွေ… ဘာတွေ ဘယ်လိုပြောင်းနေပါစေ…

ယုတ်လျော့မသွား…။

အနုပညာမြောက်နေ လျှင် အနုပညာဖြစ်နေမှာသာ..ဖြစ်သည် ။
————————————
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx-

လောက တွင်… အနုပညာရပ် များ …. များစွာ ရှိနေပါသည် ။

သရုပ်မှန် အနုပညာ / ဂန္ထဝင်အနုပညာ / ခေတ်သစ်အနုပညာ / ခေတ်ဟောင်းအနုပညာ / မော်ဒန် အနုပညာ / ပို ့စ်မော်ဒန် အနုုပညာ …

ဒါမှမဟုတ်…..

ဂီတ အနုပညာ / ရုပ်ရှင်အနုပညာ /

စာပေ အနုပညာ / ပန်းချီ အနုပညာ / ပန်းပု အနုပညာ……

စသည်ဖြင့်…..

အနုပညာရပ်များ…များစွာ..ကွဲပြား… ခြားနားစွာ..ရှိနေပါသည် ။

ဒိလိုပါပဲ………………………………….

လောက မှာ…..

ဓါးများ..လည်း..အမျိုးအစား..များစွာ….

ရှိပါသည် ။

ဓါးရှည် / ဒါးတို / ဓါးမ / ဓါးမြျောင် /

ငှက်ကြီးတောင်ဓါး…/ ခေါက်ဓါး./ ပေါက်ဓါး…. စသည်ဖြင့်…..

ဓါး အမျိုးအစားပေါင်း များစွာ..ကွဲပြား ခြားနားစွာ..ရှိနေပါသည် ။

အနုပညာရပ် များ..များစွာ…. အမျိုးအစား ကွဲပြားခြားနားသလို..ဓါးများလည်း..အမျိုးအစားများစွာ..ကွဲပြား…ခြားနားပါသည် ။

သို ့သော်…………………………………………………………

ဓါး အမျိုးအစား ဘယ်လောက်ပဲ..များများ…………………

ဓါး ၏ ဂုဏ် သတ္တိ နှင့် ဓါး ၏ သဘော…မှာ.. တစ်ခု ထဲသာ..ဖြစ်ပါသည် ။

ဓါး သည်..ဓါး..ဖြစ်နေ ဖို ့ သာ ..လိုပါသည် ။

ထို ့အတူ………………………..

အနုပညာရပ်တွေ… ဘယ်လောက်ပင် များနေပါစေ…………….

အနုပညာရပ်တွေ… တစ်ခုနှင့်တစ်ခု… ဘယ်လောက် ပဲ…မတူ ကွဲပြား ခြားနားနေပါစေ…..

အနုပညာ ၏ ဂုဏ်သတိ္တ နှင့် အနုပညာ ၏ သဘောာ…( ထပ်ပြောပါမည် အနုပညာ ၏ သဘော ) ကတော့….

တစ်ခု တည်းသာ..ဖြစ်သည် ။

အနုပညာ သည်……

အနုပညာ မြောက်နေဖို ့သာ…..

လိုပါသည် ။ ((( ဓ = ဓါးသွားပေါ်မှာ..လမ်းလျှောက်ခြင်း… ( ဓါး…. အက်ဆေး )
https://myanmargazette.net/151141/arts-humanities …………. မှ……………….. ) ))))

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

( ၂) ပြန်လည် စုစည်းတည်ဆောက်ခြင်း

ဤ အဆင့်သည်..စစ်ပြီးစ..မြေပြင်လိုတော့…. အပျက်အစီး အပဲ ့ အရွဲ ့များဖြင့်

ပြည့်နှက်မနေပါ ။

တိတ်ဆိတ် မှုတော့ အနည်းငယ်..ရှ်ိလာပါသည် ။

ဆူဆူညံညံ ဆွေ ့ဆွေ ့ခုန်နေကြသူများကလည်း…. ဘာများ… ဆက်ဖြစ်လာမှာပါလိမ့် ဆိုသော…. အတွေးများဖြင့်….

စောင့်ကြည့်ကြပြီ ။

တချို ့ကတော့…ဒီ အသစ် .ကြားကြာလည်း.ခံမှာမဟုတ်ပါဘူး….. ဟုူသော..ကိုယ် ထင်ရာ…

နိမိတ် ဖတ်ပြီး… သနားကြည့် နှင့်… မိုက်ကြည့်..ကို ရောမွှေပြီး..ကြည့်နေကြပြီ ။

ကောက်ရိုးမီး..အနုပညာ..ဖြစ်မသွားဖို့ကိုတော့…. အနုပညာ သမားတို ့၏ ဖန်တီးမှု..စွမ်းအား..နှင့် အမှန်တရား….က… အဆုံးအဖြတ် ပေးပါလိမ့်မည် ။

ပြန်လည် စုစည်း တည်ဆောက်ခြင်း…ဆိုရာတွင်….

ပျက်စီးသွားသော…. အပဲ့အရွဲ ့များ. … / သီအိုင်္ရီ အစုတ်အပျက်များ…/ စံနှုန်း အကျိုးအပဲ ့ များ…ကို.. တစ်စ စီ…

လိုက်……ကောက်ပြီး…. ပြန်လည်… တည်ဆောက်ခြင်း..မဟုတ်ပါ ။

လုံးဝ မဟုတ်ပါ ။

ချုပ်ရိုးကြောင်းတွေ… သပ်သပ်ရပ်ရပ် ဖြစ်သွားရုံနဲ ့….. ဝတ်ရုံက သစ်မသွား မှန်း..သိကြ့ပါသည် ။

ပြန်လည် စုစည်းတည်ဆောက်ခြင်း….ဆိုသည်မှာ…. စံနှုန် အသစ်များ…

တန်ဖိုး အသစ်များ……နှင့်…. အနုပညာသစ် ၏ သဘောတရားသစ် ဆိုင်ရာ..အချင်းအရာများကို…..

စုစုစည်းစည်း… ဖြစ်အောင်….. တည်ဆောက် ယူလိုက်ကြခြင်း ကို…ဆိုလိုပါသည် ။

အသစ်ဆိုသော်လည်း….

အခြားအခြားသော…. အသစ်များကို… ဆွဲ..ယူ.စုစည်းလိုက်ခြင်းမဟုတ်သေးပါ ။

ဆိုလိုသည်မှာ..အနုပညာနယ်ပယ် ထဲမှ…..ပင်..စုစည်း..တည်ဆောက်ပါသည် ။

ဥပမာ…. ကဗျာ…။ ကဗျာကို… ပုံသဏ္ဌာန် အသစ်များ./ စံ../ နှုန်း / ဟန်… အသစ်များ… ဖြင့်… ပြန် တည်ဆောက်ဖန်တီး ကြသော်လည်း…

ဘာသာစကားကို.တော့…… ပစ်ပယ်လို ့မရပါ ။

ကာရန် စနစ် နှင့်..ခေတ်ဟောင်းက စံနှုန်းများကို..ဘယ်လိုပြောင်းပြောင်း…… ပြောင်းလဲလို ့ရချင်ရမည် ။

ဘာသာစကားကိုတော့..ပြောင်းလို ့..မရပါ ။

ဘာသာစကားအသစ် ကိုအသုံးပြု ၍ မရေး ပ ါ။ ဝတ္ထုများတွင်လည်း…. ဇာတ်လမ်းနှင့် အကြောင်းအရာ… /

အစီအစဉ်ကျန ညီညွတ်မှု..များကို… စွန့်ချင်..စွန့်မည် ။

ဝါကျ အထားအသိုကိုပင်..ဖောက်လွှဲဖောက်ပြန်..ပြုချင်..ပြုမည် ။ သို ့သော်…ဘာသာစကားကိုတော့……

စွန့်ပစ် ၍ မရပါ ။

ပြန်လည် စုစည်းတည်ဆောက်ခြင်း….သည်……

အသစ် ဖြစ်တည် ရှင်သန်လာဖို ့….

ရှေ ့…ရှုပြီး….

အနည်ထိုင် အသားကျဖို ့..ကြိုးစားတည်ဆောက်ကြခြင်းလည်း..ဖြစ်ပါသည် ။

——————————————-

အဆင့် ( ၃ ) ကို..ဆက်လက် တင်ပြ ပါဦးမည် ။

==========================

( ၁ ) ပိုင်းစ စိတ်မွှာ ပြိုကွဲသွားခြင်း

( ၂ ) ပြန်လည် စုစည်းတည်ဆောက်ခြင်း . . . . . စသော အဆင့်များကို ဖြတ်ကျော်ပြီးသွားလျှင်

အဆင့် ( ၃ )ကို ရောက်ချေပြီ ။

အဆင့် ( ၃ ) သည် အသစ်ဖန်တီး ဖော်ထုတ်ခြင်း ဖြစ်ပါ်သည် ။

ဒုတိယ အဆင့်မှာ အနုပညာကို ချစ်မြတ်တွယ်တာသော / ဇွဲကောင်းဖြင့် အနုပညာကို ချစ်သော ပုဂိ္ဂုလ်များက ကြိုးစားကာ စုစည်း တည်ဆောက်ခဲ့ပါသည်။

ယခု နောက်ဆုံး အဆင့်မှာတော့ အနုပညာသည် အခြေကျပြီ။

အနည်ထိုင်ပြီ။

ဤ အဆင့်တွင် မိမိတို ့ လက်ခံ ယုံကြည်သွားသော အနုပညာကို ကျကျနန ဖန်တီး ပြဖို ့ သာ. . . .။

ဝေဖန်သူတွေ ဘာပြောပြော / လေကန်သူတွေ ဘာပြောပြော အချိန်တန်လျှင် ရပ်သွားပါလိမ့်မည် ။

ဖန်တီးသူ ၏ အလုပ်မှာ . . .ဖန်တီးခြင်းသာ ဖြစ်သည် ။

အသစ် ဖန်တီးခြင်းများ အလျှို လျှို ပေါ်ပေါက်ထွန်းကား လာသောအခါ အဟောင်းများ ပျက်စီး ပျောက်ကွယ်သွားမှာလား . . . . ဟု လည်း မေးစရာ မလိုပါ ။

×××××××××××××××××××××××××××××××-

အဟောင်းများသည် အဟောင်း အနေအထား ဖြင့် တန်ဖိုး တစ်စုံတစ်ရာ ရှိမြဲ ။

အနုပညာသမိုင်းမှာ မပျောက်မကွယ် ရှိဆဲ။

အဟောင်းမှ အဟောင်းပဲ ဆိုသူများ ချစ် မက် တွယ်တာ ဖက်တွယ် ထားလို ့ ရမြဲ / ရဆဲ. . . . . ။

အဟောင်းသည် တစ်ချိန်က အသစ်ဖြစ်ဖူးတယ် ဆိုသော ဂုဏ် သတ္တိဖြင့် အနုပညာသမိုင်းမှာ သူ့နေရာ နဲ ့သူ. . . .

ဆွေ ့ဆွေ ့ ခုန်နေစရာ မလိုပါ ။

အသစ်နှင့် အဟောင်းကြားမှာ ဗျာ များနေစရာလည်း မလိုပါ ။

ကိုယ်ယုံကြည်ရာကို လက်ခံ၍

ကိုယ့် အလုပ် ကိုယ် ဆက်လုပ်ကြ ဖို ့သာ လိုပါသည် ။

ကိုယ့်တာဝန်တော့ ကိုယ် ကျေရမည် ။

ယခု ကျွန်တော်တို့ အနုပညာလောက ဘယ် အဆင့်မှာ ရောက်နေပြီလဲ။

အဲဒါလေး ဆက်တွေး ကြည့်ရ အောင်လား ။

ဆွေ ့ဆွေ ့ ခုန်ပြီး တွေးစရာ မလိုပါ ။

အေးအေးဆေးဆေး တွေးလည်း ရပါသည်။

ကျွန်တော်တို ့အနုပညာလောက ၏ အခြေအနေ ဘယ် အဆင့်မှာ ရောက်နေပြီလဲ ။

၁ ။ ။ ပိုင်းစ စ်ိတ်မွှာ ပြိုကွဲသွားခြင်းထဲမှာလား

၂ ။ ။ ပြန်လည် စုစည်း တည်ဆောက်ခြင်းထဲ မှာလား

၃ ။ ။ အသစ် ဖန်တီး ဖော်ထုတ်ခြင်းထဲမှာလား

×××××××××××××××××××××××××××××××××××××××××××××××××-

စကား မကျန်အောင် ရှင်းခဲ့ပါရစေ ။

၁/ အနုပညာဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှု ပြောင်းလဲမှု အဆင့် သုံးဆင့်ကို . .

ဖတ်ခဲ့သော စာများ အချက်အလက်များ ကို အခြေခံ၍ ဆ ပါွး တွေး / ရေး ခဲ့ပါသည် ။

ကိုယ်တိုင်တွေးသော အတွေးများ နှင့် ဖတ် / မှတ်ခဲ့ သော အချက်အလက်များကို ရော နှော တင်ပြခဲ့ကြောင်း ဝန်ခံ အပ်ပါသည် ။

၂/ ယခု ( ယခု ) အချိန်တွင် တွေးမိသော အတွေးစ များကို ရိုးစင်းစွာ / ရိုးသားစွာ တင်ပြခြင်းသာ ဖြစ်ပါသည် ။

၃ / ကျွန်တော့်ထက် တတ် သိ နားလည် သူများ ကျွန်တော့် စာတမ်းကလေးထက် ပို၍ပြည့်စုံသော /ပို၍ မှန်ကန် ကောင်းမွန်သော အနုပညာ စာတမ်းများ

ရေးသားပြုစု ကြ စေလိုပါသည် ။ အနုပညာလောကအတွက် ကောင်းကျိုး များလာဖို ့ကို ရည်ရွယ်ပါသည် ။

၄/ ဤစာတမ်းသည် မနေနိုင် မထိုင်နိုင် ရေးခဲ့သောသာမန် အတွန် ့တက် စာတမ်း တစ်ခုသာ ဖြစ်ပါသည် ။

လိုနေသော / ပိုနေသော အချက်များ ပါနိုင်ပါသည် ။

မှားတာ တွေ့လျှင် ပြင်ပေးကြပါ ။ အပြင် ခံချင်လို ့ကို . . . ရေးပါသည် ။

၅/ မည်သူ့ကိုမှ အပြစ်တင် လိုခြင်း မရှိပါ ။

တိုက်ခိုက် ထိုးနှက် စော်ကားလိုခြင်း မရှိပါ။

အနုပညာ အကြောင်းပြောချင်လွန်းလို ့ ..လျှာ နှင့် လက်များ / အတွေးများ အားယားနေလို့ ရေးခြင်းသာဖြစ်သည် ဟု ယူဆလည်း ရပါသည် ။

၆ / ကျွန်တော် လက်ခံယုံကြည်ရာကို တင်ပြခြင်းသာဖြစ်၍ အခြားလူများ လက်ခံ / မခံကိစ္စသည်… ကျွန်တော်နှင့် မဆိုင်ပါ ။

အမြင်မတူသူများ လွတ်လပ်စွာ / ငြိမ်းချမ်းစွာ သဘောထားကွဲလွဲ နိုင်ပါသည်. . .။

×××××××××××××××××××××××-

အနုပညာ ၏ ငြ်ိမ်းချမ်းသော… ရင်ခွင် ရိပ် အောက်မှာ…

တည်ငြိမ်စွာ.ရပ်တည်နေနိုင်ဖို ့…

ကျွန်တော်..ကြိုးစားနေပါသည် ။

===================================

လေးစားစွာဖြင့် …

မောင်သူရ

=========================================

( ဟိုတလောက… စာပေမိတ်ဆွေတစ်ယောက်က .. ကျနော် အရင်က ရေးခဲ့တဲ့ စာပေ/ အနုပညာဆိုင်ရာ ဆောင်းပါးတွေ ဖတ်မလို့ ရှာတာ..မတွေ့ဘူးလို့ ပြောပါတယ်။
အဲဒါနဲ့.. ကျနော်လည်း ရေးခဲ့သမျှတွေ သိမ်းထားတဲ့ ဖိုင်ထဲမှာ စာပေ/ အနုပညာဆိုင်ရာ စာတမ်းလေးတွေ ပြန်ရှာ ကြည့်တော့… ဒါလေးတွေ တွေ့ပါတယ်။
အခုနောက်ပိုင်း ဒီလို စာပေဆောင်းပါးတွေ မရေးနိုင်သေးဘူး ။ အရင်ကရေးထားတာလေးတွေကို မဖတ်လိုက်ရတဲ့ စာပေမိတ်ဆွေတွေ အတွက် ပြန်လည် တူးဖော်လိုက်ပါရစေ.. ။

ဒီဆောင်းပါးတွေက ဂဇက်မှာ ၂၀၁၂ လောက်က တင်ပြပြီးသားတွေပါ။ ဖတ်ပြိးသူတွေလည်း များမှာပေါ့.. ။ မဖတ်ရသေးတဲ့သူတွေလည်း ရှိမှာပေါ့.. ။
စာပေ/အနုပညာဆိုင်ရာလေးတွေ ပြန် စုစည်းလိုက်တဲ့ သဘောပါ ။ အရင်က အခန်းဆက်တွေနဲ့ ရေးခဲ့တဲ့ ဆောင်းပါးတွေပါ… ။ အခုပိုစ့်လေးနဲ့ တစ်စုတစည်းထဲဖြစ်အောင် သိမ်းထားလိုက်ပါတယ်။ )

ချစ်ခင်လေးစားလျက်….

မောင်သူရ

၂၀၁၅ ၊ ဇန်နဝါရီ ၊ ရ ရက် ၊

11 comments

  • naywoon ni

    January 8, 2015 at 11:00 pm

    အဲ့ တစ်​ခု ​တွေးမိတယ်​ ဆိုပါ​တော့ ။ လူကြီး​တွေ ​ပြော​နေကြစကား တစ်​ခု ဘာတဲ့ ” စိတ်​သာ ရှင်​​စော ဘုရား​ဟော ” ဆိုလား ? အဲ့ ဒါ အ​တွေး​ရောက်​သွားတယ်​ ။ စာဖတ်​​နေရင်​း​လေ ။ အနုပညာ ဓာတ်​ခံရှိသူ ခံစားတတ်​သူက မြင်​မြင်​​လေရာမှာ အနုပညာ ​ပေတံ ထုတ်​သုံးမှာပါ့ ။ အနုပညာ နုံနဲ့ သူကြ​တော့ သူကျင်​လည်​ရာ ကျွမ်​းကျင်​ရာ ​ပေတံ တစ်​ခုခု စွဲကိုင်​တိုင်​းတာမှာပါ့ ။ ဒီ​တော့ကာ အနုပညာ လူတိုင်​းခံစားနိုင်​ဖို့ ခံစားတတ်​ဖို့ ဒီမိုက​ရေစီ ထွန်​းကားဖို့ လိုပါတယ်​ ။ လူတိုင်​း ထမင်​းဝ ဖို့ လိုပါတယ်​ ။ ဘာလို့ဆို အနိုင်​ကျင်​့ ​စော်​ကားခံရလို့ ​သေ​ကောင်​း​ပေါင်​းလဲ ဖြစ်​​နေရင်​ ပဲဖြစ်​ဖြစ်​ အလွန်​တရာ ​ဆာ​လောင်​​နေသူပဲဖြစ်​ဖြစ်​ ဗန်​းဆင်​့ဗင်​ဂိုးကိုသတိမရနိုင်​ဘူး ။ ဒဂုန်​တာရာကို သတိမရနိုင်​ဘူး ။ ဒီ​တော့ အနုပညာကို သိပ်​​ရှေ့တန်​းတင်​ချင်​ရင်​ ဒီမိုက​ရေစီ ထွန်​းကားဖို့ လူတိုင်​း ထမင်​းဝဖို့ အရင်​လုပ်​သင်​့တယ်​ ။ ဒါက ​နေဝန်​းနီ အ​တွေးမျှသာပါ ။ သ​ဘောမတူရင်​ လဲ သ​ဘောပါ ။

    • အလင်းဆက်

      January 9, 2015 at 2:31 pm

      အဟိ။ အဘ အဲလေ ဦးကြီးး

      :k:

      ကျနော် အခုနောက်ပိုင်း ရေးထားတဲ့ post modern အယူအဆလေးတချို့ ရှိသေးတယ်
      အဲ့ဒါ တင်မလို့ဟာ
      ကွကိုယ် ပြန်ဖတ်တာတောင် ရှုပ်နေသေးလို့
      :k:

  • တောင်ပေါ်သား

    January 9, 2015 at 2:47 pm

    ဂရင်းအပြာ တစ်လုံးသောက်မိသလို ချာချာလည်သွားသကွယ် ၊

    နာလည်း ဦးမိုက်လိုပဲ လိုက်မမီပူးစ် 🙂

  • kai

    January 9, 2015 at 4:29 pm

    http://myanmargazette.net/author/alinsett/page/93
    အဲဒီမှာ ကိုရင်တင်ခဲ့တဲ့အစောဆုံးပို့စ်တွေရှိတယ်..။
    =

    ကျား.. ရူးရူးပေါက်တဲ့ခွက်ကတော့..တကယ့်အနုပညာပါပဲ..။
    နိုင်ငံတွေ..မြို့တွေ.. နေရာတွေ.. တော်တော်များများလှည့်ပေါက်လာတာ.. တမြို့နဲ့တမြို့..တနိုင်ငံနဲ့တနိုင်ငံ… တူကြတာမဟုတ်..။
    ပြန်မစင်အောင်..။ အကုန်ဆင်းသွားအောင်..။ အလှမ်းမှီအောင်..။ အနံ့မထွက်အောင်..။ ရေဆွဲပုံ..။ အလိုအလျှောက်ရေဆေးပေးပုံ.. နံရံမှာစာ..ပုံကပ်ထားပုံတွေကအစ.. တမျိုးစီကို.. အနုစိတ်..တွက်ချက်ပြီး.. ပညာ… သညာအပြည့်နဲ့အထပ်ထပ်တွေးခေါ်စဉ်းစားလုပ်ထားကြတာ…။
    အနု… ပညာ….။ :k:

    ဆိုတော့.. အဲလိုခွက်ထဲ.. ရူရူးပေါက်တာမှာလည်း.. တကယ့်အနုပညာပါပဲ..။
    အပေါက်မတတ်လို့.. အိမ်ထောင်ရေးထိခိုက်သူတွေတောင်ရှိတယ်…တဲ့..။
    အောက်မှာ ဗီဒီယိုကြည့်…။
    https://www.youtube.com/watch?v=UgOx7zPtsaM

  • ဝင့်ပြုံးမြင့်

    January 9, 2015 at 7:10 pm

    .အညု ပညာ ဆိုတာကကော အူးလေး။

    • အလင်းဆက်

      January 10, 2015 at 6:57 am

      အဲ….
      အညှု ပညာလား…
      အဲ့ဒါတော့ ..အခု တီဘီ ဖန်သားပြင်ပေါ်က မင်းတမီးတွေ မင်းတားတွေကို မေးရမယ်ထင်တယ်..

      :k:

      ဂွစ်ဂွစ်

      :l:

  • ko six

    January 9, 2015 at 9:53 pm

    အနုပညာ
    အနု နဲ့ပညာ ​ပေါင်​းစပ်​ထားတာလား
    အနု ဆိုတာက​တော့
    ​သေ​သေချာချာ အကွက်​​စေ့​ေ​ထောင်​့စုံ​အောင်​
    ဖန်​းတီးပြုလုပ်​တဲ့သ​ဘော
    ဆို​တော့ကာ
    …….

Leave a Reply