အစ်​ကို

ko sixJanuary 6, 20151min947

သံသရာက
ဆက်​ထုံးအတိုင်​းလိမ်​့ရာ
အဲ့ဒီမှာ
သူနဲ့​သွေး​တော်​သားစပ်​
ဖြတ်​မရတဲ့သမုသယသစ္စာ
​ထောင်​့မှန်​စတုဂံကျ ချစ်​၏။
ခက်​ပုံက
အနားမညီ
ဝိဟာရ​တွေသီလို့
လမ်​းမှားစွာ ထွန်​ယက်​​နေကြတယ်​။
အ​မေက​တော့
​ချောင်​ကျ ကျအရပ်​မှာ
မျက်​ရည်​ကျ​နေရင်​း
ငါက
​ဂေါ်ကီရဲ့​အ​မေလိုမဟုတ်​ဘူးဆိုကာ
အတူတူ လာ​ခေါ်တယ်​
ကိုစစ်​

7 comments

  • မြစပဲရိုး

    January 7, 2015 at 3:19 am

    အစ်ကို က ဖတ်မရ တဲ့ ထောင့်မှန်စတုဂံ တဲ့လား။
    အစ်မ ဆိုရင်တော့ လှည့်မရတဲ့ စက်ဝိုင်း ဖြစ်မယ်။
    lol:-)))

  • kai

    January 7, 2015 at 8:11 am

    Mother
    The famous novel of revolutionary conversion and struggle. This novel of Russia before the Revolution is without question the masterpiece of Gorky, Russia’s greatest living writer. Into one passionate, astonishing book has been gathered the spirit of the terrifying struggle against the Czar’s autocracy. In it Russia stands forth in a flood of light.

    ဂေါ်ကီရဲ့အမေကို မြန်မာပြန်ထားတာလေးရှိရင်.. ဖတ်ကြည့်ချင်သား..

  • manawphyulay

    January 7, 2015 at 9:43 am

    အတူတူ လာခေါ်ရင်တော့ လိုက်သွားလိုက်ပါ… ဂေါ်ကီလို တော်ကီတော့ မများပါနဲ့… :mrgreen:

  • Maung Thura

    January 7, 2015 at 2:21 pm

    သမုဒယ လို့ မရေးပဲ… ဘာလို့များ သမုသယ လို့ ရေးထားလဲ..တွေးနေမိ…

    :kwi:

  • Mr. MarGa

    January 7, 2015 at 2:41 pm

    ထောင့်မှန်စတုဂံက မလှဘူး
    ဘယ်နေရာမဆို ဝင်ဆန့်တဲ့သူမျိုး မဟုတ် :a:

  • zaw myo

    January 9, 2015 at 10:24 am

    ထောင်မှန်စတုဂံတဲ့လား
    အရာရာဟာ
    မူမမှန်တတ်တဲ့သဘောတွေ ရှိတယ်လို့ထင်တယ်

  • phyo gyi

    January 9, 2015 at 10:27 am

    စက်ဝိုင်းလို့ ထောင့်မပါတာက
    ပိုနှစ်သက်စရာကောင်းမလားပဲ

Leave a Reply