မရောက်တာကြာလို ့…..။

aye.kkJanuary 6, 20153min1185
IMG_20150105_092205
မိုင်းဖုန်းဆရာတော်ကျောင်းဝင်းထဲကနေ၊မြင်နေရတဲ့ နယ်စပ်သဘာဝအလှတွေက၊ရင်ထဲထိတိုးဝင်…။
IMG_20150105_094340
ဒေသခံရှမ်းတိုင်းရင်းသူလေးရဲ ့ရိုးသားတဲ့အလှက ရင်ထဲထိခံစားမိရင်း…။
C360_2015-01-05-09-49-16-810
ဒေသခံရှမ်းတိုင်းရင်းသူရဲ ့ရင့်ကျက်မှုအလှနဲ ့ရိုးသားတဲ့ဂုဏ်ဒြပ်တွေပိုင်ဆိုင် ထားတာတွေ ့ရတော့ ရင်ထဲမုဒိတာဖြစ်မိပါတယ်။
IMG_20150105_094359
မိုင်းဖုန်းဆရာတော်အတွက်၊ဆုမွန်တောင်းထားတဲ့၊တံခွန်တိုင်တွေကို တွေ ့ရပြန်တော့ ဒေသခံတွေရဲ ့ဘာသာရေး ၊အလေးထားမှုတွေအတွက် ၊ကြည်နှူ းပီတိဖြစ်မိတယ်။
IMG_20150105_094621
မိုင်းဖုန်းဆရာတော်၊ကျမ္မာချမ်းသာ၊သက်တော်ရာကျော်ရှည်ပါစေကြောင်း၊ ဆုမွန်တောင်းရင်း၊ဒေသခံတွေအတွက်လည်းဆုမွန်တောင်းရင်း….။
IMG_20150105_092521
ပေါ်တော်မူဘုရားပွင့်ရာ၊ဘူမိနက်သန်ဖြစ်တဲ့သာသနာ့ကျောင်းဆောင်။
IMG_20150105_091907
ဒေသခံရှမ်းတိုင်းရင်းသား၊သားအမိတွေ၊ရိုးသားကြိုးစားဈေးရောင်းစားတာတွေ ့ရ။
C360_2015-01-05-10-00-59-547
မိုင်းဖုန်းဆရာတော်ဘုရားကိုယ်တော်တိုင်၊ရက်လုပ်ပူဇော်ထားတဲ့နှီးဘုရားအား ရွှေချထားတာဖူးမြင်ရ။
C360_2015-01-05-10-11-05-285
ဆောင်းအငွေ ့အသက်နဲ ့၊အလှခြင်းပြိုင်နေတဲ့ဆရာတော်ကျောင်းဝင်းက လွမ်းမောဘွယ်ရာ။
C360_2015-01-05-10-05-09-604
မေတ္တာတရားသံတွေ၊ထာဝရဆောင်ကျဉ်းပေးသည့်၊မိုင်းဖုန်းဆရာတော်ကျောင်းဝင်း မှာတွေ ့ရတဲ့စည်တော်ကြီး။

 

ကိုယ်နေထိုင်နေတဲ့ဒေသဆိုပေမယ့်၊မရောက်ဖြစ်တာကြာတဲ့နေရာလေးမို ့

အလည်သွားဖြစ်ခဲ့ပါတယ်။

ဝါသနာအရ၊ကိုယ့်မှာပါလာတဲ့ဖုန်းကင်မရာလေးနဲ ့ရိုက်ထားတဲ့ပုံလေးတွေ

အပျင်းပြေကြည့်ရအောင်တင်ပေးလိုက်ပါတယ်။။

5 comments

  • မြစပဲရိုး

    January 7, 2015 at 3:31 am

    အစ်မအေး

    ကျွန်မ အဖေ နဲ့ အမေ တာချီလိတ် ဘက်မှာ နေတုန်း က မိုင်းဖုန်း ဆရာတော် ကို သူတို့ အတော်လေး ကြည်ညို ကြတယ်။
    အခုလဲ ဒီမှာ ကျွန်မတို့ကို တရားပြပေး တဲ့ ဆရာတော် ကလဲ မိုင်းဖုန်းဆရာတော် နဲ့ အတော်လေး ရင်းနှီးကျွမ်းဝင်တယ်။
    ဆရာတော် ၃နှစ် ဂူအောင်းတရားကျင့် တော့ ဒီက နေ မေတ္တာမပြတ်ပို့ နေခဲ့တာ။
    အခု လဲ အဲဒီ မှာ ဒီ ရက် ပွဲ လုပ်နေတယ်။
    ဒီက အသိ တစ်ချို့ တောင် တာချီလိတ် သွားပြီး ဝင်နွဲ နေလေရဲ့။
    အစ်မလဲ အဲဒီ ပွဲ သွားခဲ့တာလား။

    ဆရာတော် ပြောပြလို့ နှီးဘုရား အကြောင်းကြားဖူးတယ်။
    အစ်မ ကျေးဇူး နဲ့ အခု မှ ဖူးဘူးတော့တယ်။
    အမှတ်တရ ဖူး ရအောင် တင်ပေးတဲ့ ပုံလေး အတွက် ကျေးဇူးပါ။

    ချစ်တဲ့
    မလတ်

    • aye.kk

      January 7, 2015 at 2:14 pm

      မလတ်
      ကျေးဇူးပါ။
      အခုဒီမှာ၊ပွဲရက်လုပ်နေတာ၊ဟုတ်ပါတယ်။
      မိုင်းဖုန်းဆရာတော်ပွဲကိုသွားခဲ့တာပါ၊နှီးဘုရားကဆရာတော်ကိုယ်တိုင်
      ရက်လုပ်ထားပြီးရွှေချထားပါတယ်။လွန်ခဲ့တဲ့၅နှစ်တုန်းကဆရာတော်ပွဲကိုဖူးချင်လွန်းတော့
      ထိုင်းဘက်မှာသွားဖူးခဲ့ရတယ်။အခုဒီမှာဖူးရတော့၊ရင်ထဲအတိုင်းမသိဝမ်းသာကြည်နှူ းမိတယ်။။

  • kai

    January 7, 2015 at 7:51 am

    မိုင်းဖုန်း ဆရာတော်က.. မဟာယာနဗုဒ္ဓဘာသာလို့.. ကြားဖူးတယ်..
    ဟုတ်မဟုတ်တော့မသိ..။
    ဟုတ်ရင်တော့.. အဲဒီနယ်..တိုးတက်မယ်ထင်.. … :k:

  • manawphyulay

    January 7, 2015 at 8:40 am

    မရောက်ဖူးပေမယ့် အခု ဒီနေရာကနေ အကုန်ရောက်ဖူးသွားသလို ခံစားမိတယ်…

  • aye.kk

    January 7, 2015 at 2:30 pm

    သူကြီး
    ဆရာတော်ကခုမှပြည်တော်ပြန်ဝင်ခွင့်ရတာမို ့ပါ။
    ကျမရင်ထဲမှာတွေးမိတာနဲ ့အတွေးကထပ်တူထပ်မျှပါ။ဆရာတော်သာရှိနေခဲ့ရင်
    ဒေသခံတွေဘယ်လောက်ဝမ်းသာမလည်းပေါ့နော်။
    ဒီနယ်မှာတိုးတက်နေလောက်ပြီလို ့ရင်ထဲမြင်ယောင်ခံစားမိခဲ့ရပါတယ်။။

    မနောရေ
    ကျေးဇူးပါ။
    ကြုံရင်လည်းအန်တီတို ့ဘက်ဝင်လည်ပါဦးနော်။။

Leave a Reply