စေရာ

ကာရံJanuary 6, 20151min855

စေရာ

အနမ်းလည်းခြွေ ပန်းလည်းဝေ
လွမ်းသူ့မျက်ရည် စွေပါသော်လည်း
မေ့မျက်နှာလေး နီသွေးကြွယ်မို့
မေ့မရသူက ကိုယ်ပါလေ ……..

အမုန်းလည်းမနိုင် အပြုံးနဲ့ပြိုင်
ကြည်နူးရိပ်ကလေး တစ်ခဏမို့
ကိုယ့်အနားက တိုးထွက်မသွားသူ . . . .

လေပြေလည်းလာ လလည်းသာချိန်
ချစ်ကဗျာသီရင်း ကိုယ်ချော့မြူ သည်
အိုး အေ အေ့ အို တေးကိုဆို
မေနံဘေးမှာ နားခိုရင်း
ထာဝရလမ်းလေး မြဲပါစေသား . . . . . .

ကာရံ ရ ့၁ ့၂၀၁၅

5 comments

  • မြစပဲရိုး

    January 7, 2015 at 3:22 am

    စေရာ က ဝေဒနာ တွေ မပေးတာ တော်သေး။ :))

  • kai

    January 7, 2015 at 7:59 am

    မေ.. မောင်
    ကို… မ
    သူ.. ချစ်…
    ? .. ?
    ခုခေတ်ဘာတွေ.. အသုံးများနေသလည်း… သိချင်.. :k:

    • Maung Thura

      January 7, 2015 at 3:48 pm

      မေ.. မောင်
      ကို… မ
      သူ.. ချစ်….တို့ ဘာတို့.. သုံးတော ့သုံးနေသေးတယ်..
      အသဲတို့… ချစ်ဆုံးတို့…လည်း သုံးလာတယ်.. ။

      ဆိုးတာက..အိမ်ထောင်ကျကာစတွေ…
      မိန်းမဖြစ်သူက..အမျိုးသားကို..လူရှေ့ဆိုပိုခေါ်တယ်..ယောကျာ်းရေ..တဲ့
      ယောကျာ်းဖြစ်သူကလည်း.. လူရှေ့ဆို ပိုခေါ်တယ်..မိန်းမတဲ့..
      ချောတိုင်တက်ပြချင်တာလားတော့မသိ..
      အဟိ ။

      :k:

      အိမ်ထောင်ကျပြီးသွားရင်တော့…
      မိန်းမဖြစ်သူက ယောကျာ်းဖြစ်သူကို မတာ တွေ ဘာတွေ ပြောင်းခေါ်တယ်.. ။

      ထူးဆန်းတာက…
      သဂျားဆိုတဲ့ ချာတိတ်ကလည်း.. ကျုပ်ကို..တခါတခါ မတာ လို့ လာလာခေါ်တယ်.. ။

      ဘာလို့လဲတော့မသိ ။
      အဟိ ။

      :k:

  • manawphyulay

    January 7, 2015 at 9:47 am

    ချွေလည်း ဝေ
    လွမ်းလည်း စွေ
    မေ့မရသူက ကိုယ်ပါလေ…

    အမုန်းနဲ့ အပြုံး
    ချစ်ခြင်းငယ်ပြိုင်
    မေရယ်..
    ထာဝရ သစ္စာမြဲစေသား….

  • ကာရံ

    January 7, 2015 at 6:03 pm

    ဟုတ်တယ်နော်အမည်နာမဘယ်လိုခေါ်စေကာမူ ရင်ထဲကချစ်ခြင်းခိုင်မြဲဖို့တော့လိုမယ်ထင်ပါတယ်

Leave a Reply