ငွေစက္ကူအဟောင်းအနွမ်းများတွင်လူကိုသေစေနိုင်လောက်သောရောဂါများပါနိုင်

petitelapineAugust 19, 20101min1114

ငွေစက္ကူအဟောင်းအနွမ်းများတွင်လူကိုသေစေနိုင်လောက်သောရောဂါများဖြစ်သည်.တီဘီရောဂါကဲ.သို.ရောဂါပိုးမွှားများပါဝင်သည်ကိုတွေ.ရှိရကြောင်းအိန္ဒိယနိုင်ငံတက္ကသိုလ်တစ်ခုမှစူးစမ်းရှာဖွေလေ.လာသူသုတေသီပညာရှင်များကတွေ.ရှိခဲ့ကြောင်း သိရှိရ သည်.သတင်းလေးတစ်ခုပြန်တင်ပြချင်ပါတယ်….

သူတို.ရဲ.ရှာဖွေလေ.လာတွေ.ရှိချက်အရဟောင်းနွမ်းနေတဲ.ငွေစက္ကူများဟာကိုင်တွယ်သုံးစွဲနေတဲ.လူတွေကိုကူးစက်နိုင်တဲ.ရောဂါပိုးမွှားများဖြစ်တည်ပွားများဖို.အတွက်အခြေအနေကောင်းတစ်ခုဖြစ်ပါတယ်။အဲဒီပိုးမွှားတွေကြောင်.ဖြစ်နိုင်တဲ.ရောဂါ
တွေကတော.တီဘီရောဂါ၊အစာခြေလမ်းကြောင်းနာ၊နမိုးနီးယားလို.ခေါ်တဲ.အဆုတ်အအေးမိရောဂါ၊အစာအိမ်ယောင်ရောဂါစတဲ.လူကိုသေစေနိုင်လောက်တဲ.ရောဂါများဖြစ်ပါတယ်။
ငွေစက္ကူတွေဆုတ်ပြဲတာ၊ဒါမှမဟုတ်ဟောင်းနွမ်းလုံးကြေနေတာတွေဟာငွေစက္ကူမှာပါတဲ.ဆယ်လူလွိုက်လို.ခေါ်တဲ.ဓါတ်တစ်မျိူးကိုဖေါ်ပြပြီးဘက်တီးရီးယားရောဂါပိုးမွှားတွေကိုလက်ခံသယ်ဆောင်စေနိုင်တယ်လို.သုတေသီပညာရှင်ကဆိုပါတယ်…

အခြေအနေကတော.အတော်.ကိုဆိုးရွားပါတယ်၊အထူးသဖြင်.လူတွေအများဆုံးသုံးနေကြတဲ.တန်ဖိုးနည်းငွေစက္ကူတွေမှာ ပိုပိုးရောဂါပိုးတွေတွေ.ရပါတယ်လို. လည်းအဲဒီပညာရှင်ကဆက်ပြောပါတယ်။ငွေစက္ကူအကြွေတွေရှားပါးလာလို.အဲဒီငွေ
စက္ကူတွေပိုမိုဆုတ်ပြဲဟောင်းနွမ်းလာရတာဖြစ်ပြီးအနားတွေဖွာလာတာတို.ဆုတ်ပြဲလို.တိပ်နဲ.ကပ်ထားတာတို.ကလည်း ရောဂါပိုးမွှားတွေကိုပွားများစေဖို.ပိုဖြစ်စေတယ်လို.ဆိုပါတယ်။

အထူးသဖြင်.ကုန်စိမ်းဈေးနဲ.သားငါးဈေးတွေမှာတွေ.ရတဲ.ငွေစက္ကူတွေမှာအထက်ပါရောဂါပိုးမွှားတွေကိုပိုပြီးတွေ.ရတယ်လို.ဆိုပါတယ်။လူအများပြုလုပ်နေကျဖြစ်တဲ.လက်ကိုတံတွေးဆွတ်ပြီးငွေစက္ကူတွေကိုရေတွက်တာကလည်းရောဂါပိုးတွေ
ကူးစေဖို.အကြောင်းတစ်ခုဖြစ်ပါတယ်။အဲဒီကမှတစ်ဆင်.ရေတွက်တဲ.သူတွေကိုလည်းကူးစက်နိုင်တာဖြစ်ပါတယ်။

ဓါတ်ခွဲခန်းမှာစမ်းသတ်ခဲ.တဲ.ငွေစက္ကအဟောင်းအနွမ်းအဆုတ်အပြဲ အရွက်၇ဝ ရဲ. ၈ဝ ရာခိုင်နှုံးကျော်မှာတီဘီရောဂါဖြစ်စေတဲ.ပိုးမွှားတွေတွေ.ရပြီး ၆၅ ရာခိုင်နှုံးကတော.အဆုတ်အအေးမိရောဂါ၊လည်ချောင်းယောင်ရောဂါနဲ.အစာအိမ်ရောဂါတို.ဖြစ်ပွားစေတဲ.ပိုးမွှားတွေ တွေ.ရပါတယ်တဲ. …

တန်ဖိုးနည်းငွေစက္ကူရွက်တွေမှာပိုးမွှားတွေပါတယ်ဆိုလို.တန်ဖိုးကြီးတဲ.ငွေစက္ကူတွေမှာတော.မပါနိုင်ဘူးလို.မဆိုလိုပါဘူးလို.လည်းပညာရှင်တွေကဆိုပါတယ်။သူတို.ကငွေစက္ကူအဟောင်းအနွမ်းတွေကိုအချိန်ကြာမြင်.စွာမကိုင်တွယ်ထားသင်.ပါဘူး၊ပြီးတော.
လက်မှာပြည်တည်နေတဲ.အနာ၊ဒဏ်ရာရှိတဲ.သူတွေအနေနဲ.လည်းငွေစက္ကူတွေကိုမကိုင်တွယ်သင်.ပါဘူးလို.အကြံပြုခဲ.ကြပါတယ်။ အဲ့တာကြောင့် ငွေစက္ကူကိုင်ပြီး လက်ကိုသေချာဆေးကြောပါလို. အကြံပြူလိုက်ပါရစေ………….

4 comments

  • khaung shan

    August 19, 2010 at 6:36 am

    ကျေးဇူးအထူးတင်ရှိပါတယ်..။ဒါမျိုးလေးတွေ များများတင်ပေးပါ..။

  • Yin Nyine Nway

    August 19, 2010 at 8:23 am

    ကျေးဇူးတင်ပါတယ်
    သိထားတော့ ဆင်ခြင်လို့ရတာပေါ့

  • Zaw Min Kha

    August 19, 2010 at 9:11 am

    ဒီလိုလေး အသိပေးတာလေးတွေများများတင်ပေးကြပါ
    ငွေစက္ကူအဟောင်းတွေတောင် ကိုင်ရမှာကြောက်သွားပြီ

  • zawana

    August 19, 2010 at 2:13 pm

    ဒီအကြောင်းကို ဖတ်ရတော့ ငွေကိုင်လိုက် အသုတ်သုတ်လိုက်နဲ့ လုပ်တတ်တဲ့ မြန်မာပြည်က ဈေးသည်တွေကို သတိရမိတယ်။ ကျုပ်တို့ မြန်မာတော်တော်များများကလည်း
    ရောဂါပီးနေကြပြီထင်တယ်။ ဒီငွေစက္ကူအစုတ်တွေကလဲ မကိုင်ချင်လို့ကို မရဘူး ဖြစ်နေတာ။ အခုဆို ၂၀ဝ တန်တွေတောင် အစုတ်တွေ များလာပြီတဲ့။ ဘယ်လိုလုပ်ကြမတုန်း???

Leave a Reply