ပြင်၊ဆင်၊ထွင်

min kyansixJanuary 7, 20151min19815

မနေ့က ၁၃၅(မိုင်)မှာ စီးလာတဲ့ကားက ပျက်သွားတော့ ခရီးလမ်းကမချောမွှေ့တော့ဘူး

ဘယ်ချောမွှေ့ပါ့မလဲ ဒီတစ်ခေါက်ခရီးသွားရတာက ရည်းစားဟောင်းရဲ့ လက်ထပ်မင်္ဂလာပွဲဆိုတော့လဲ အိ်မ်ကစထွက်လာကတဲက သာသာယာယာမဟုတ်ခဲ့ဘူးလေ လူကညစ်နေပါတယ်ဆိုမှ  အခုတော့စီးလာတဲ့ကားကလဲပျက်ပြီတဲ့

ဖူးးးးးးးးး သက်ပြင်းအရှည်ကြီးကိုချမိရင်း ကားအောက်ကို အညောင်းပြေဆင်းကြည့်လိုက်တော့ ကားဒရိုင်ဘာနဲ့ စပယ်ယာတွေပြောနေသံကြားတာက

/ ကားကဂီယာထိုးမရတော့ဘူး ဂီယာဘောက်အပေါ်က ထိုးတန်အပြားပဲ့သွားတယ်ဆရာ/

ဟုတ်လား   အဲ့ဒီ့ပဲ့သွားတဲ့အပြားကိုပြန်ပြင်လို့ရနိုင်သေးလား

/ ဒီဟာကိုပြန်ပြင်မယ်ဆိုရင်တော့ ပဲ့သွားတာကို ဂဟေဆော်မှရလိမ့်မယ် ဒါပေမယ့်အပြားကနဲနဲဆွေးနေပြီဆရာ ပဲ့တဲ့နေရာကိုဂဟေဆော်လဲ ကျန်တဲ့အခြားနေရာတွေက ထပ်ပဲ့နိုင်တယ်/

သေရောကွာ ဒီနေရာမျိုးမှာ ဒီလိုပစ္စည်းကဝယ်မရနိုင်ဘူးကွ

ဒီလိုလုပ်ကွာ ဒီနားက အုပ်တွင်းမြို့နဲ့နီးတယ် မင်းကဒီအပြားအဟောင်းကိုယူသွားပြီး မြို့ထဲက တွင်ခုံအလုပ်ရုံတစ်ခုခုမှာ အသစ်ပြန်ခုတ်ခိုင်းလိုက်  ကားပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ ဒီပစ္စည်းမျိုးလိုက်မရှာနဲ့ ဒီမြို့လိုနေရာမျိုးမှာတော့ရှိနိုင်မှာမဟုတ်ဘူး )

စပယ်ယာကောင်လေးဟာ ဆိုင်ကယ်ကယ်ရီဌားပြီး အုပ်တွင်းမြို့ထဲထွက်သွားတော့ ကားရဲ့အခြေအနေနဲ့ ပြင်တဲ့အချိန်ဘယ်လောက်ကြာနိုင်သလဲဆိုတာ သိချင်တာကြောင့် ဒရိုင်ဘာကို အနားကပ်ပြီးမေးကြည့်လိုက်မိတယ်

ကားဆရာရေ ဒီကားကတော်တော်ကြာနိုင်မလားခင်ဗျ

/အော်   ဟုတ်ကဲ့ခင်ဗျ သိပ်တော့မကြာပါဘူး နှစ်နာရီလောက်တော့ဒီနားမှာကြာသွားလိမ့်မယ် ခရီးသည်တွေအားလုံးကိုလဲ အရမ်းကိုတောင်းပန်ပါတယ် ပျက်သွားတဲ့ပစ္စည်းက ပြင်လို့မရတော့ဘူး ဒီနားမှာလဲအဲ့ဒီ့လိုပစ္စည်းကဝယ်မရနိုင်ဘူးဗျာ အဲ့ဒါကြောင့်ပြင်လို့မရ ဆင်လို့မရတဲ့အဆုံးတော့ ကျွန်တော့စပယ်ယာလေးကို ထွင်ခိုင်းလိုက်ရတယ်လေ ခဏတော့သည်းခံပေးဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာ/

ကောင်းရောဗျာ   ဘယ်တက်နိုင်မလဲဆောင့်ရတော့မှာပေါ့

ကားဒရိုင်ဘာရဲ့အရှေ့ကနေ ကျွန်တော်လှည့်ထွက်လာတော့ ကျွန်တော့နားထဲမှာ သူပြောလိုက်တဲ့စကားလေးတွေက ကပ်ပါလာခဲ့တယ်

သူပြောတဲ့( ပြင်၊ဆင်၊ထွင် ) အဲ့ဒီ့စကားလေးတွေပေါ့

ကျွန်တော့အတွေးထဲမှာတော့ ကားဒရိုင်ဘာကိုမေးကြည့်ချင်နေမိတယ်  မော်တားကားကို ပြင်ဆင်ထွင် လုပ်လို့ရနိုင်သလို

နိုင်ငံတစ်နိုင်ငံကို ပြင်ဆင်ထွင် လုပ်လို့ရချင်လဲရမှာပေါ့

ဒါပေမယ့်  အချစ်ကြောင့် ကွဲကြေနေတဲ့ နှလုံးသားကိုရော ( ပြင်၊ဆင်၊ထွင် ) လုပ်လို့ရသလားလို့မေးကြည့်ချင်လို့ပါ

MINKYANSIX

15 comments

  • kyeemite

    January 7, 2015 at 10:45 am

    .ရပါတယ်…စိတ်ပါဖို့ပဲလိုတယ် :k:

  • min kyansix

    January 7, 2015 at 11:04 am

    အဲ့ဒီ့စိတ်ကြောင့်ဘဲ
    ပြင်ဆင်ထွင်ဖို့ ခက်နေရတယ် ဦးကြီးမိုက်ရယ်
    သူဆိုမှသူလေ

    အချစ်ကိုပြောထှာ 🙂

  • Maung Thura

    January 7, 2015 at 3:31 pm

    ပြင်ဆင်ထွင် လုပ်တိုင်းသာ.. …. ရကြေးဆိုရင်… ဒေါ်ဖွားမေကြီးကို ဖွေးဖွေးနဲ့…မတူ တူအောင် ပြင်ခိုင်းလိုက်ပြီး..
    တူပြီဆိာတာနဲ့…
    ပန်းခြံထဲ…လက်ဆွဲပြေးမှာဗျ… ။

    :k:

    စကားတစ်ခု ဖတ်ဖူးတယ်… ။

    ဖာရာထေးရာတွေ တင်းတင်းရင်းရင်း ဖြစ်သွားရုံနဲ့… အကျီ င်္က သစ်မသွားဘူး…တဲ့ ။

  • min kyansix

    January 7, 2015 at 5:25 pm

    ဖာမယ်ထေးမယ်ဆိုရင်တော့ ပြင်တယ်လို့ခေါ်မလား
    ထားပါလေ
    အသစ်ဘယ်လောက်ကောင်းကောင်း
    အဟောင်းတလည်လည်ဆိုတာ
    အသစ်ဟာအဟောင်းလောက် မပေးဆက်နိုင်တဲ့အခါမျိုးမှာ
    အဟောင်းကောင်းမှန်းသိရတာမျိုးပေါ့

    အချစ်ကိုပြောတာပါ ဆရာ ကိုMaung Thu Ya ရယ် 🙂

  • ko six

    January 8, 2015 at 6:12 am

    ပြင်​တာလည်​း​ကောင်​းတယ်​
    ဆင်​တာလည်​း​ကောင်​းတယ်​
    ထွင်​တာ​တော့
    ထွင်​တိုင်​းမ​ကောင်​းဘူးထင်​တာပဲ
    ဥပမာ.. .
    သူတစ်​ပါးပျက်​စီးဆုံးရှုံး​စေမယ်​့အရာမျိုး​ပေါ့

  • min kyansix

    January 8, 2015 at 7:10 am

    သူတစ်ပါး ပျက်စီးဆုံးရှုံးမယ့် တီထွင်မှုဆိုရင်
    ဒီမိုကရေစီ ဘယ်ဟုတ်တော့မလဲ
    လက်ခံပါ၏ ko six 🙂

  • kai

    January 8, 2015 at 9:20 am

    အခုဇတ်လမ်းအရ”ပြင်ဆင်ထွင်”က.. လက်ပူတိုက်တာကြီးဖြစ်နေတာလို့ထင်တယ်…။
    “ထု”လိုက်လို့”ဘု”တက်လာရင်.. လက်ပူလေးတိုက်ပြီး.. ဖိချတာမျိုး..။
    တကယ်ဆို….. ပရုပ်ဆီလေးလောက်တော့.. လူးသင့်.. :k:

  • manawphyulay

    January 8, 2015 at 9:47 am

    ပြင် ဆင် ထွင်တွေကြောင့် အမြန်လမ်းပေါ် ယာဉ်မှောက်မှုတွေ ယာဉ်တိုက်မှုတွေ အမြဲကြားနေရတာတော့ အတော် ဆိုးဆိုးဖြစ်လို့ လာနေပါပြီ….

  • min kyansix

    January 8, 2015 at 11:11 am

    လက်ပူမှ မတိုက်ပြန်ရင်လဲ လိုရာခရီးကို
    မရောက်နိုင်တော့ဘူးလေ Kai ရယ် 🙂

  • min kyansix

    January 8, 2015 at 11:19 am

    အမြန်လမ်းဟာ မပြန်လမ်းဖြစ်ခဲ့ကြတာ ထုနဲ့ထေး
    ပြင်ဆင်ထွင်မလုပ်ချင်ရင်တော့
    အဲ့ဒီ့လမ်းက မသွားယုံသာရှိတော့မယ် manawphyulay 🙂

  • Paing Lay

    January 8, 2015 at 2:21 pm

    Accident မဖြစ်တာပဲ ကျေးဇူးသာတင်လိုက်ပါ မင်းကျန်ရစ် အဲလေ မင်းကျန်စစ် :mrgreen:

  • min kyansix

    January 8, 2015 at 2:42 pm

    ဟုတ်ကဲ့
    ကျေးဇူးတင်ပါတယ် Paing Lay 🙂

  • Mr. MarGa

    January 9, 2015 at 11:35 am

    ထွင်တာက
    စမ်းသပ်မှုတွေ၊ နောက်ဆက်တွဲမှတ်တမ်းတွေ သေချာလုပ်ဖို့လိုသဗျ။
    ဒီမှာ(တကယ်တော့ ဒီပို့စ်ထဲမှာပြောထားတဲ့) ထွင်တာက
    လတ်တလော အတွက်ပဲ ဖြစ်နေသလို……
    ရေရှည်သွားလို့ အဆင်မပြေလောက်

  • aye.kk

    January 9, 2015 at 2:11 pm

    ပြင်
    လူခင်ရင်
    မူပြင်နေတာလဲကြာလှခဲ့ပြီ။
    ထွင်
    ထွင်လုံးတွေနဲ ့
    နှစ်ငါးဆယ်ဖြတ်သန်းလာတာလဲကြာလှခဲ့ပြီ။
    ဆင်
    သူတို ့ထုတ်ပြန်ထားတဲ့ဥပဒေပြင်ဆင်ဘို ့နောက်ထပ်စောင့်ပါဦးတဲ့။
    ပြင်၊ဆင်၊ထွင်ဆိုတဲ့
    နှုတ်ခမ်းပဲ့နေတဲ့မီးပြောင်းနဲ ့မှုတ်နေမှတော့၊ဘယ်တော့…မီးတောက်ဦးမှာလဲ ။

  • ဂျက်စပဲရိုး

    January 12, 2015 at 10:21 am

    တစ်ခုခု ဆို စ လုပ်တုန်းက အကောင်း
    ပြီးရင် ထိန်းသိမ်းမှု မရှိ ဒီတိုင်း ပစ်ထား..
    ပျက်ရင် လက်ပူတိုက်ပြီး ပြင်
    (အဲ့ဒါမျိုးကို မြန်မာတွေက ဖြတ်ထိုးဉာဏ် ရှိတယ် ဆိုပြီး ဂုဏ်ယူသေးတာ)
    ပြီးရင် အဲ့ဒီ လက်ပူတိုက်ထားတာကို ကောင်းကောင်းကန်းကန်း ပြန်ပြင်မယ် စိတ်မကူး
    ဒါလေးနဲ့လဲ ဖြစ်နေတာပါပဲကွာ ဆိုပြီး ထားထား..

    အဲ့ဒီတော့ သုံးလို့တော့ ရနေတယ် ဒါပေမယ့် စုတ်စုတ်ပြတ်ပြတ် နဲ့ တွေ ဖြစ်ကုန်ရော..

    မြန်မာ့ စကားပုံ ထဲက
    “သစ်မရခင် ဝါးပေါင်းကွပ်” ရယ်
    “နောင်ခါလာ နောင်ခါဈေး” ရယ် ကို ဖျက်ပစ်သင့်နေပြီ။

Leave a Reply