Discussion လေးတစ်ခု!!

politicalviewAugust 19, 20101min1063

နိုဝင်ဘာ 7 ရက်နေ့မှာ ရွေးကောက်ပွဲလုပ်မယ်။ နောက်ပြီးသိတဲ့ အတိုင်းဘဲ နိုဝင်ဘာ 14 ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးရမယ့် နေ့ရက်ဖြစ်တယ်။ ကျွန်တော်ပြောချင်တာက ဒီ Post လေးဟာ Post တစ်ခုဆိုတာထက် ဆွေးနွေးပွဲလေးတစ်ခုလို့သဘောထားရအောင်။ myanmargazette.net မှာ ရှိတဲ့ members တွေအားလုံးပေါ့ (ဖြစ်နိုင်ရင်) ပါဝင်ဆွေးနွေးပေးပါလို့။ အဓိက ကျွန်တော် တို့ ဆွေးနွေးမယ့် အကြောင်းအရာလေးက ဘာလဲဆိုတော့ နိုဝင်ဘာ 14 ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့တကယ်ဘဲလွှတ်မလား။ ဒါမှမဟုတ်အကြောင်းပြချက်တစ်ခုခုနဲ့ထပ်ပြီး ချုပ်နှောင်မလားဆိုတာပါ။ အကယ်၍ လွှတ်မယ်လို့ထင်တယ် ဆိုရင်ဘယ်အချက်တွေကြောင့်လဲ။ မလွှတ်ဘူးလို့ ထင်မြင်တယ်ဆိုရင်လဲ ဘယ်အချက်တွေကြောင့်လဲဆိုတာကို ဆွေးနွေးပွဲ လေးမှာ တင်ပြပေးပါ။ ကျွန်တော်အားလုံးရဲ့ ကိုယ်ပိုင်ထင်မြင်ချက်လေးတွေပေါ့ဗျာ။ ကဲဆွေးနွေးပွဲလေးကို စလိုက်ရအောင်။

3 comments

  • Zaw Min Kha

    August 19, 2010 at 10:28 am

    ွှအဲဒါတော့စိတ်ချ ဘယ်တော့မှလွတ်ပေးမှာမဟုတ်ပါဘူး လို ့ထင်ပါတယ်
    အကြောင်းတစ်ခုခုရှာပြီး ရအောင်ပြန်ချုပ်ထားမယ်လို ့ထင်ပါတယ်ဗျာ
    ဘာလို ့လဲဆိုတော့ အားလုံးသိတဲ့အတိုင်းပါပဲ ဒေါ်စုကိုလွတ်ပေးလိုက်ရင်ဖြစ်လာမယ့်
    အကျိုးဆက်ကိုသူတို ့အရမ်းကြောက်နေကြတယ်လို ့ထင်ပါတယ်

  • zawana

    August 19, 2010 at 2:57 pm

    ကျနော်ကတော့ စစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမယ်လို့ ထင်ပါတယ် ခင်ဗျာ။

    စစ်အစိုးရ အနေနဲ့ ဒေါ်စုနဲ့တကွ နိုင်ငံရေး အကျဉ်းသားတွေကို တစ်သက်လုံး ဖမ်းထားဖို့ မဖြစ်နိုင်ဘူးဆိုတာ သိလာလို့ ရွေးကောက်ပွဲဆိုတာ လုပ်ပေးတာလို့ ထင်ပါတယ်။

    အစကတော့ သူတို့ အနေနဲ့ အနှစ် ၂ဝ လောက် တင်းတင်းကြပ်ကြပ် နှိပ်ကွပ်လိုက်ရင် နိုင်ငံရေး လုပ်မဲ့ လူငယ်တွေ မရှိနိုင်လောက်တော့ဘူး လို့တွက်ထားပုံ ရပါတယ်။

    အခုတော့ သူတို့ အထင်နဲ့ အမြင် လွဲနေတဲ့ အတွက် ရွှေရည်စိမ် ရွေးကောက်ပွဲကို ကျင်းပပြီး တရားဝင် အာဏာရှင် ဖြစ်အောင်လုပ်တာပါ။

  • timothy

    September 2, 2010 at 10:53 pm

    It depends. If Criminal Than Shwe wins the election, he will get the legitimacy to kill anyone he dislike and new parliament with his cronies and subordinates will legalize his crime. Then there will be no reason to release our leader from jail with her signed pledge not to upset Crim Than Shwe again. If Than Shwe did not get the result he wanted, he would never release our leader from jail.
    That is why we must boycott the election in millions to derail the Criminal`s idea of new nation of slaves serving the army. NLD had shown the follower what to do to this election. What will people do? What will people do to the party who had nearly killed our leader in Depayin assassination attempt? Have you forgot it? We will never forgive them for crimes against humanity. We will boycott the election. We will.

Leave a Reply