သိစေချင်လို ့…။

aye.kkJanuary 9, 20151min1228

မိတ်ဆွေရွာသားတို ့ရေ…။

အသိ ၃မျိုး ၊ မသိသေးရင်သိရအောင်လို ့၊ဖတ်ဖူးတာလေးတွေထဲက၊ဗဟုသုတအဖြစ်

ပြန်လည်ဝေငှလိုက်ပါတယ်။

အသိ ၃ မျျိုး

၁။သညာသိ

၂။ဝိဉာဉ်သိ

၃။ပညာသိ

အသိ ၃ မျိုးရှိရာ၊၎င်းကိုဥပမာပြရာတွင်..

စါးပွဲပေါ်တင်ထားတဲ့၊အသပြာစုကို၊မလိမ္မာသောကလေးတစ်ယေါက်၊ရွာသားလူကြီးတစ်ယေါက်၊ပွဲမင်းတစ်ယေါက်တို ့

မြင်ကြသည်မှာ-

မလိမ္မာသောကလေးသည်-အသပြာ၏နှစ်သက်ဖွယ်အဖြစ်၊အရှည်၊လေးထောင့်၊အဝိုင်းစသည်ကိုသာသိ၏။တန်ဘိုးကိုမသိပါ။

အရပ်သားလူကြီးသည်-ထို ့ထက်ပို၍၊လူတို ့၏အသုံးအဆောင်ကို၊ရထိုက်သော၊ရတနာဟုသိ၏။

ငွေနှတ်သမားပွဲမင်းကါး-ဆိုခဲ့ပြီးသောအခြင်းအရာအားလုံးကိုလည်းသိ၏၊

ဤအသပြာသည်၊အနှစ်သာရများစွာရှိ၏၊ကြေးနီ၊ငွေသားအချိုးကြစပ်ထားခြင်းကိုလည်းသိ၏၊

မည်သည့်ဆရာပြုလုပ်သည်၊မည်မျှတန်ဘိုးရှိသည်ကိုလည်းသိ၏၊

၁။သညာသိခြင်းသည်-ကလေးသိခြင်းနှင့်တူ၏။

ဝိဉာဉ်၏သိခြင်းသည်-ရွာသားလူကြီးသိခြင်းနှင့်တူ၏။

ပညာသည်ကါး-အသပြာကိုမြင်သောပွဲမင်း၏သိခြင်းနှင့်တူ၏ဟု၊ဗုဒ္ဓကရှင်းလင်းပြတ်သားစွာမိန် ့ဆိုခဲ့၏၊ပညာမျက်စိရှိမှ၊အမှား၊အမှန်

အမှောင်၊အလင်း၊အဖြစ်တရားနှင့်အလုပ်တရားကိုခွဲခြားသိနိုင်ပေသည်။

ကျမအနေနဲ ့၊မိတ်ဆွေဘကြီးစာအုပ်ထဲမှာရေးသားထားတာ ကိ်ု၊ ဗဟုသုတအနေနဲ ့သိရှိမှတ်သားထားဘူးလို ့ပါ။

အားလုံးအသိ၊ဉာဏ်အမြင်ရှင်းပါစေ။။

8 comments

  • ko six

    January 9, 2015 at 9:39 pm

    တန်​ဖိုးရှိလိုက်​တာ

  • မြစပဲရိုး

    January 10, 2015 at 4:47 am

    အသပြာ အကြောင်း ကို သိကြလွန်းလို့ နေရာတောင် မဖယ်ရဲ ကြတဲ့ လူ များ ကရော ဘယ်လို အသိ များဖြစ်မယ်မသိ နော် အစ်မအေး။ 🙄

  • အလင်းဆက်

    January 10, 2015 at 7:15 am

    အသိ သုံမျိုးကို လူသုံးမျိုးနဲ့ ..တွဲ ..သိရမယ်…
    လူ သုံးမျိုးက…
    .အဲဒီ အသိသုံးမျိုးကို…
    .(၁) ပြောမှ သိတဲ့သူ…
    (၂) မပြောပဲ သိတဲ့သူ..
    .(၃) ပြောတာတောင်မှ မသိတဲ့သူ…

    :kwi:

  • Kaung Kin Pyar

    January 10, 2015 at 9:50 am

    ပညာသိကတော့ အကောင်းဆုံးထင်ပါရဲ့…..။
    သို့သော်
    အသိကို တလွဲအသုံးချလိုက်မယ်ဆိုရင် ပညာရှိတဲ့လူတွေက ပိုကြောက်စရာကောင်းတယ် မဟုုတ်လား အန်တီအေး…

  • aye.kk

    January 10, 2015 at 1:38 pm

    ကိုဆစ်
    ကျေးဇူးပါ။

    မလတ်
    ကျေးဇူးပါ။
    အသိရှိရင်…ဆင်ခြင်တတ်ဦးမယ်။
    သူတို့ကတော့ ဘယ်သူသေသေငတေမာပြီးရောလေ။။

    ကောင်းကင်ပြာ
    ပညာသိကအကောင်းဆုံးပါ၊ပညာသိက ကျင့်မှသိနိုင်တာပါ။။

  • kai

    January 10, 2015 at 2:51 pm

    အဲဒါ.. လွန်ခဲ့တဲ့..နှစ်၂ထောင်၆ရာလောင့်ကအတွေးအမြင်ပေါ့..
    ဒီခေတ်မတော့..
    အသပြာကို.. မျက်စိရှေ့ကဖျောက်လိုက်ပြီး.. ငွေကြေးဈေးကွက်..။ ရှယ်ယာစတော့..။ ဘဏ်စနစ်… ခုဆို.. ဒီဂျစ်တယ်နဲ့..လေထဲကမန်းနီးတွေတောင်လုပ်ကုန်ကြတယ်…။

    သိသူဖော်စား..မသိသူကျော်သွား..
    မသိသူများရဲ့.. နို်ိင်ငံတွေမတော့..ငွေကြေးဈေးကွက်တွေတောင်မရှိသမို့.. လောဘတက်ရှာထားတဲ့ပိုက်ပိုက်တွေ.. အိမ်ဝယ်..မြေဝယ်ကားဝယ်နဲ့.. အသပြာအချပ်လိုက်ကြီးတွေရွှေ့ကြ..ပြောင်းကြ..
    .. ဈေးကွက်တွေပျက်.. လူတွေသိ..။
    အာဏာတွေဖက်ထားကြပါ၏..။
    ကွိ..ကွိ..။ :k:

  • aye.kk

    January 10, 2015 at 3:50 pm

    သူကြီး
    အမြင်အယူအဆမတူတော့၊
    မဟော်သဓာနဲ ့အမရာဒေဝီဇတ်တော်ထဲကလို၊
    လက်ဖဝါးဖြန် ့ပြတာနဲ ့လက်သီးဆုတ်ပြသလိုဖြစ်နေပြီ။
    ဘေးအမြင်နဲ ့ပြောရရင်တစ်ယောက်က လက်ဖဝါးဖြန် ့ပြတာ၊ပါးရိုက်ချင်လို ့
    ယူဆနိုင်သလို၊လက်သီးဆုတ်ပြတာကလည်းလက်သီးနဲ ့ထိုးချင်လို ့ယူဆမှာပါဘဲ။
    အမြင်ဆိုတာကွဲပြားနိုင်ပါတယ်။
    ခေတ်ရေစီးကြောင်းမှာ၊ကျမတို ့ရှင်သန်ကြီးပြင်းနေထိုင်လာကြရတာပါ။
    ကျမသားပြောသလို၊ပြန်ပြောပြရရင်၊မေမေသားတို ့နိုင်ငံကဘယ်လိုလုပ်တိုးတက်နိုင်မှာလည်းတဲ့၊
    ရှူ းညှောင့်ဒိုင်းနဲ ့အုပ်ချုပ်ထားတာလေတဲ့၊ပညာဘယ်လောက်ပဲတတ်တတ်ပါတဲ့၊သေမှာတော့အကုန်
    ကြောင့်ကြတဲ့သူချည်းပဲတဲ့။ ရှူ းညှောင့်ဒိုင်းမပါကြည့်ပါလားတဲ့၊ချက်ခြင်းတိုးတက်မှာတဲ့။
    သားတို ့ကအဲလောက်ညံ့တဲ့သူတွေမှမဟုတ်တာတဲ့။ကလေးတောင်အဲလောက်သိနေတယ်။
    သားတို ့ပညာတတ်လည်း၊ရှူးညှောင့်ဒိုင်းနဲ ့သွားနေတာမို ့ဘာမှလုပ်မရဘူးတဲ့။။

  • aye.kk

    January 10, 2015 at 4:42 pm

    သူကြီး
    အသိ ၃မျိုးကို၊မြတ်ဗုဒ္ဓမိန် ့ဆိုခဲ့တာပါ။
    အတွေးအမြင်က၊ကိုယ်နဲ ့ပဲသက်ဆိုင်ပါတယ်။
    ဘယ်လိုတွေးတွေး၊ဘယ်လိုမြင်မြင်ပါ။
    အာဏာတွေဖက်ထားမှသူတို ့အသက်ဘေးကလွတ်မှာမို ့ပါ။

Leave a Reply