အရိုင်းပန်းနွမ်းစေသောဆောင်း

ကာရံJanuary 9, 20151min631

အရိုင်းပန်းနွမ်းစေတဲ့ဆောင်း

အချမ်းပိုလူမသိတာထက်
အလွမ်းကိုသူသိမှာခက်လှတယ်
( အနမ်းမခြွေမှာစိုးလို့ပါလေ)

ပန်းကလေးမနွမ်းမှာထက်
ငါ့နံဘေးသူထွက်သွားမှာကြောက်မိတယ်
(တွဲလက်ဖြုတ်မှာစိုးလို့ပါလေ )

လမ်းနံဘေး အလှမ်းမဝေးပါဘူး
ရနံ့တို့ခြွေတဲ့ ဆောင်းတစ်ညမို့
အလွမ်းပြေဖို့ရာ မီးဖိုမလိုပေမယ့်
မင်းမရှိတဲ့ခိုက်တန့်လေးမှာ
ငါ့နှလုံးသား အရိုင်းပန်းနွမ်းလို့နေပါပြီမေ . . . .

ကာရံ ၉ ့ ၁ ့၂၀၁၅


One comment

Leave a Reply