နားဦးတည့်ရာ တစ် – 1ဒီ (Night Changes)

မြစပဲရိုးJanuary 10, 201510min27424

နှစ်သစ် မှာ ဘာများလုပ်ရရင် ကောင်းမလဲ စဉ်းစားရင်း နားဦးတည့် ရာကို စမ်းလျှောက်လိုက်ပါတယ်။

ရင်ထဲ ဝင်လာသမျှ  နားဦးတည့်ရာ သီချင်းတွေ ကို ရေးချင်ရာ အကြောင်း နဲ့ ရေးချင်တဲ့ အချိန် ရေးပါမည်။

ပွဲဦးထွက်က ……

One D – One Direction ရဲ့ Night Changes အခုနောက်ဆုံး ထွက်ထား တဲ့ သီချင်းလေးပါ။

ဒီ အရီး တစ်ယောက် မကြီးမငယ် နဲ့ One D ကို ကြိုက်နေပါရော့လား လို့ အထင်တော် မလွဲ ကြပါနဲ့။

ဒင်းလေးတို့ စထွက် လာ ကထဲ က လုံးဝကို မကြိုက်ပါ။

သူရို့ သီချင်းတွေ လဲ နားမထောင်ပါ။

ဖြစ်ချင်တော့ ဇာတ်လမ်းက ဂလိုရှင့်။

အလုပ်ထဲ မယ် သီချင်းအလွန်ကြိုက်တဲ့ မိန်းမကြီး တစ်ယောက် ရှိတယ်။

လူ လေး ရှိမှ ၁ဝယောက်တောင် မပြည့် ဘဲ ထွက်လိုက် ဝင်လိုက် လုပ်နေကြသေး။

ဒီတော့ ထိုမိန်းမကြီး က အင်တာနက် ရေဒီယို ကို တစ်ချိန်လုံး ဖွင့်ထားပါတယ်။

ခရစ်စမတ် တုန်း ကလဲ Wham ရဲ့ Last Christmas ကို ပျင်းအီ နေအောင် ကြား ခဲ့ ရပါ့။

အခုတော့ အခု Night Changesသီချင်း ကို တစ်နေ့ ၃ခါလောက် ကြားနေရတော့ သီချင်းစာသား တွေ ကို ယဉ်လာတယ်။

“Night Changes”

Going out tonight
Changes into something red
Her mother doesn’t like that kind of dress
Everything she never had she’s showing off

Driving too fast
Moon is breaking through her hair
She’s heading for something that she won’t forget
Having no regrets is all that she really wants

We’re only getting older, baby
And I been thinking about it lately
Does it ever drive you crazy
Just how fast the night changes?
Everything that you’ve ever dreamed of
Disappearing when you wake up
But there’s nothing to be afraid of
Even when the night changes
It will never change me and you

Chasing it tonight,
Doubts are running ‘round her head
He’s waiting, hides behind a cigarette
Heart is beating loud, and she doesn’t want it to stop

Moving too fast
Moon is lighting up her skin
She’s falling, doesn’t even know it yet
Having no regrets is all that she really wants

We’re only getting older, baby
And I been thinking about it lately
Does it ever drive you crazy
Just how fast the night changes?
Everything that you’ve ever dreamed of
Disappearing when you wake up
But there’s nothing to be afraid of
Even when the night changes
It will never change me and you

Going out tonight
Changes into something red
Her mother doesn’t like that kind of dress
Reminds her of the missing piece of innocence she lost

We’re only getting older, baby
And I been thinking about it lately
Does it ever drive you crazy
Just how fast the night changes?
Everything that you’ve ever dreamed of
Disappearing when you wake up
But there’s nothing to be afraid of
Even when the night changes
It will never change, baby
It will never change, baby
It will never change me and you

ဒီ သီချင်း ကြိုက်လို့ နားထောင် ကြပါလို့ ဒီအတိုင်းကြီး ပြောတာ မဟုတ်ပါဘူး။

အဲဒီထဲ က ငြိခဲ့ရတဲ့ ရင်ထဲထိ စာသားလေး ကို ဆွဲ ပြချင်လို့ ဒီ စာစု ဖြစ်လာခြင်းပါ။

“Her mother doesn’t like that kind of dress” ဆိုတာ လေး။

အမှန်ကတော့ ရိုးရိုးလေး ရေးထားတာ နေမှာပါ။

ကောင်လေး တစ်ယောက် နဲ့ Date လုပ်ပြီး ညဖက် အပြင်ထွက်မဲ့ သမီးလေး ရဲ့ အဝတ် ကို

စိတ်တိုင်းမကျဖြစ်လိုက်တဲ့ အမေ ရဲ့ စိတ် ကို ဒီ သီချင်းရေးသူ က ဘာကြောင့် အစ ထုတ်ပေးရတာလဲ တော့မသိ။

ကိုယ့်မှာတော့ တွေးချင်ရာတွေးပြီး ဟပ် ထိသွားတယ်။

မပေါ့တပေါ် ဖြစ်အောင် ဝတ်ထားခဲ့တဲ့ သူ့ရဲ့ Little girl လေးရဲ့ ဘဝ ကို တစ်ဆစ်ချိုး ပြောင်းသွားနိုင်တဲ့ ည ကို အမေ့ ခမျာ ခွင့်ပြု ခဲ့ရတာ။

ငယ်တုန်းကလို အပြစ် ကင်း တဲ့ ကလေးလေး ပြန်မဖြစ်နိုင်တော့ ဘူး ဆိုတာ မသိချင်လဲ သိလိုက်ရ တဲ့ ညလဲ ဖြစ်နိုင်ပါတယ်။

ဟုတ်ပါတယ်လေ ကိုယ့် ရင်ခွင် ထဲ က ကလေးလေး တွေ ဟာ သီချင်း စာသား ထဲ ကလို “only getting older, baby” ပါဘဲ။

တစ်နေ့တော့ သူတို့ အရွယ်ရောက်လာချိန် လျှောက်ချင်တဲ့လမ်း ကို လျှောက်ချင်သူ နဲ့ လျှောက်ပေမပေါ့။

ကိုယ်လဲ ကိုယ့်ကို ချစ်လွန်းတဲ့ မိဘ ရဲ့ အသဲကို မသိမသာ ခွဲခဲ့ ဘူးတာဘဲလေ။

အလှည့်ကျ ကြောက်နေလို့ ဘယ် တရားပါ့မလဲ။

ပြောချင်တာကတော့ ဒါလေးပါဘဲ။

ပိတ်သတ်ကြီး ကွကိုယ်သာ အတွေးချဲ့ချင်လဲ ချဲ့ကြပါတော့။

သီချင်း ကတော့ ကောင်လေး နဲ့ ကောင်မလေး တွေ ပုံစံ မျိုးစုံ နဲ့ Date လုပ် ကြတဲ့ အကြောင်းပါ။

ထပ်ဆင့် မွှန်းပြီး ပြောချင်တာကတော့ …..

ဒီ ဗီဒီယို ဒါရိုက်တာ ရဲ့ အိုင်ဒီယာ ကို အင်မတန် သဘောကျလွန်းလို့ ရွှေတံဆိပ် တောင် ဆုချ ချင်တယ်။

  ကောင်မလေး တွေ မပါဘဲ ပါသယောင် လုပ် လက်ကလေး တွေဘဲ ပြပြီး ရိုက်ပြထားတာ အတော် ကောင်း တယ် လို့ထင်ပါတယ်။

ဇာတ်လမ်း ကို သိမ်းပေးလိုက် တဲ့ ပုံစံ တွေ ကို ကြိုက်လွန်းလို့။ နောက်ဆုံးပိုင်း ကို ဘဲ ဝမ်းသာအားရ ထပ်ခါ ထပ်ခါ ကြည့်နေမိနေလောက် အောင် ကောင်းတာ။

ဇာတ်သိမ်း ကြည့်ပြီး မှဘဲ သက်ပြင်းချ နိုင်တော့ တယ်။ ဟာဟ။  lol:-))))))

လွတ်လပ်စွာ အကန့်အသတ်မဲ့ စိတ်ကြိုက် တွေးခေါ်နိုင်ကြစေဖို့ပါ။  :-))

One D – Night Changes

One-Direction-Night-Changes-pic

24 comments

  • ko six

    January 10, 2015 at 6:52 am

    ကျွန်​​တော်​က​တော့
    ငယ်​ရွယ်​သူပီပီ..ကုသူရလို
    ​ဖွေး​ဖွေးလှုပ်​​နေတာပဲဗျာ…
    ခက်​တာက
    မိဘ​တွေကို အသည်​းခွဲဖို့က သင်​တန်​းမတက်​ရ​သေးဘူး:-)

  • အလင်းဆက်

    January 10, 2015 at 7:19 am

    အင်တာနက် ရေဒီယို ကို တနေကုန်ဖွင့်ပြီး နားထောင်ချင်တယ်..

    😆

  • Kaung Kin Pyar

    January 10, 2015 at 9:46 am

    အရီးရဲ့ Comment က ဗြောင်ကြီးဖြစ်နေတယ်…။ ပါဝါအစွမ်းနဲ့ ဖျောက်ထားတာလား ဟင်….
    🙂
    အရီးတွေးပုံလေးကြည့်ပြီး မိခင်တစ်ယောက်ရဲ့ အပူကို ခံစားမိသွားတယ်….
    ည ၈နာရီကျော်လို့မှ ပြန်မရောက်ရင် ဖုန်းတဂွမ်ဂွမ်ဆက်ပြီး ဆူတတ်တဲ့ အဝေးကအမေ့ကိုတောင် သတိရသွားပြီ…
    😥
    😥
    😥

    • မြစပဲရိုး

      January 10, 2015 at 3:43 pm

      ကြည့်ရတာ မှတ်ချက် ထဲ က ဗီဒီယိုက က ကြည့်တဲ့ region ပေါ် မှာ အခြေပြုပြီး မြင်ရလား မသိ။
      အမေ့ကို သတိရ အောင်လုပ်လိုက်နိုင်တာမို့ ရေးရကြိုး နပ်သကွဲ့။ 😉
      ဒီစကားလေးကြောင့် စိမ်းလိုက်ပြီ။ :))

      • kai

        January 10, 2015 at 5:27 pm

        ကျုပ်တော့.. ယူတုဗီဒီယိုကြီးမြင်နေရသဗျို့…။

  • Crystalline

    January 10, 2015 at 12:16 pm

    One D ရေပန်းစားနေပေမယ့် အရီးလင့်ကသီချင်း ပထမဆုံးနားထောင်ဖူးတာပဲ.. 🙂
    ဒီမှာတော့ ကျောင်းဝတ်စုံလေးနဲ့လွယ်အိတ်လေးလွယ်ထားတဲ့ကလေးတွေလည်း… :p:

  • pooch

    January 10, 2015 at 12:53 pm

    နားထောင်ကြည့်လိုက်အုန်းမယ် အရီး

  • မြစပဲရိုး

    January 10, 2015 at 3:41 pm

    ချစ်သော တူ/တူမ လေးများ အားလုံးကျေးဇူးကြီးပါ။
    :))

  • aye.kk

    January 10, 2015 at 4:20 pm

    မလတ်
    သားမင်္ဂလာဆောင်တဲ့နေ ့က
    မေမေဘာလို ့ငိုနေတာလဲတဲ့….။
    သားကကျမငိုနေတာ၊တွေ ့ဖြစ်အောင်တွေ ့သွားတယ်။
    အစ်မတုန်းက၊အစ်မရဲ ့မိဘတွေ၊ဘယ်လိုခံစားမိမယ်ဆိုတာကို
    ထည့်မစဉ်းစားမိခဲ့၊မတွေးမိခဲ့ဘူး။
    အခုအလှည့်ရောက်လာတော့၊ဖြေသာယာမရနိုင်ခဲ့ဘူး။
    ကိုယ်တိုင်ခံစားရတော့မှ၊မိဘတွေအပေါ်နားလည်ခံစားတတ်သွားတယ်။။

    • မြစပဲရိုး

      January 10, 2015 at 5:17 pm

      ခရစ်လေးရေ
      မြန်မာပြည်မှာ ဒီက နဲ့ ယှဉ်လိုက်ရင် ငယ်ငယ်လေး တွေ နဲ့ သမီး ရီးစား လိုချင် နေကြတာ % ပိုများ နေတယ် ထင်တယ်။
      ကျောင်းတွေ မှာ ကလဲ ကလေး တွေ အတွက် အပို ဆောင်း ပြီး အလုပ်ရှုပ် နေ အောင် လုပ် မပေးတော့ ဒီလို စိတ်တွေ ဝင်ဖို့ လွယ်နေတာ မဆန်းပါလေ။
      မိဘ တွေ ရဲ့ သွန်သင်မှု လဲ လိုမယ်။
      ဒါတွေ ကို အစ ဆွဲရရင်တော့ မပြီးတော့ဘူး။

      အစ်မ အေး ရေ
      အရင် က ကျွန်မ က တစ်ချိန်လုံး လမ်းပေါ်မှာ ည နက် သန်းခေါင်ထိ။
      မိဘ ရဲ့ ယုံကြည်မှု ကို အလွဲ မလုပ်ပါဘူး။
      ဒါပေမဲ့ ဘယ်လောက်ဘဲ စိတ်ချ စိတ်ချ ။ မိဘ ကတော့ စိတ်ပူ တတ်တာဘဲ ဆိုတာ အခု ပိုပြီး ကိုယ်ချင်းစာ နေမိပြီ။
      ဝင် မှတ်ချက်ပေးလို့ ကျေးဇူးပါနော်။
      အစ်မ လို အဲဒီနေ့ ကို တွေးပြီး မျက်ရည်ကျချင်နေပြီ။

  • ဖားသက်ပြင်း

    January 10, 2015 at 5:50 pm

    ​ကျော်​ နားဦးတည်​့​နေတာက​တော့

    Australia is in the south
    All girls there kiss me in the mouth
    I want to take her out tonight

    🙂
    🙂

    ဒချိ ဒချိ

  • padonmar

    January 11, 2015 at 12:41 am

    အမေ့အသည်းကို မခွဲခဲ့ဖူးဘူးဆိုတော့ ငါအတော်လိမ္မာတာပဲ……:D

    • မြစပဲရိုး

      January 11, 2015 at 4:25 am

      အစ်မလဲ အသဲကွဲ စရာ အကြောင်း မရှိတာ မို့ ကံလဲကောင်း သေးတော့။ :))

      မောင်ဂီ – အော်ဇီ မှာ မိန်းကလေး တွေတော့ မသိ။
      အဘဖော က တော့ မင်း ကို ကစ် ဖို့ စောင့်နေတဲ့ယ့်။
      lol:-))))

  • ဂျက်စပဲရိုး

    January 12, 2015 at 9:45 am

    ကောသလ မင်းကြီး အိပ်မက် ထဲကလို ဒန့်ကျွဲပင် ပုခက် ဆင်မယ့် ခေတ် ကို နီးလာပြီ ထင်ပါ့။
    ပန်းခြံ တွေ ဘတ်စ်ကားတွေ စားသောက်ဆိုင် တွေ မှာလဲ အတွဲတွေ အတော်လေး ပွင့်လင်းလာကြသကိုး….
    ကြည့်လိုက်တော့လဲ ကလေးလေးတွေ ရယ်…
    ခေါ်တော့ ယောက်ျားရေ မိန်းမရေ….
    (ကတောက်စ် အမေ့ အသဲ ကိုု စောစော ခွဲမိထားတာ နာသကွာ… ခုခေတ်လောက်မှ ဆိုရင်တော့လား ဘူးထွားထွား….. 😛 )

  • kyeemite

    January 12, 2015 at 10:54 am

    .အင်း..သာမီးလေးမွေးထားတဲ့ ကျုပ်လည်း ကိုယ်ချင်းစာပါရဲ့
    .“Her father doesn’t like that kind of dress” လို့ပြင်ဆိုရမယ် :))
    .မနေ့က ဂဇက်တွေ့ဆုံပွဲ သွားဖို့တောင် သမီးကို အဝတ်အစားသတိပေးမိသေး..
    .နောက်တော့မှ သမီးဝတ်ချင်တာသာဝတ်ပါလေ လို့ ပြင်ပြောလိုက်ရတယ်..
    .အတောင်အလက်စုံရင်တော့ သူတို့လည်းလွတ်လပ်စွာပျံသန်းကြပေအုံးမှာပေါ့…
    .ကိုယ့်တုန်းကလည်း ဂလိုပဲကိုး… :p:

  • Mr. MarGa

    January 13, 2015 at 11:33 am

    ငါ့နှယ်
    ရှိရှိသမျှ သီချင်းတွေကို shuffle လုပ်ပြီး ဘာမှ မကြည့်ဘဲ နားထောင်နေတာ
    ဒီသီချင်းကို နာမည်နဲ့ မတွဲမိ
    ခု ပြန်နားထောင်ကြည့်မှပဲ
    ကြိုက်မိတဲ့သီချင်း ဖြစ်နေတယ်
    mtv ကိုလည်း ကြိုက်မိကြောင်းပါ အရီးရေ…

  • မဟာရာဇာ အံစာတုံး

    January 13, 2015 at 1:08 pm

    အရီးရဲ့ နားဦးတည့်ရာ ဆိုဒေါ့ ဘာများဒုန်းလို့
    ခြေဦးတည့်ရာ မှ ဟုတ်ဘဲနဲ့ကိုး ခည …
    သီချင်းလေး နားထောင်နေဒယ် …
    မိုက်ဒလယ် …

  • pooch

    January 15, 2015 at 10:38 pm

    နား​ထောင်​ကြည်​့​တော့လည်​း ​ကောင်​းသား
    ​လော​လောဆယ်​​တော့ အ​မေ့လက်​ကိုြမြမြဲ ဆုပ်​ကိုင်​ထားတယ်​
    အ​မေ့အသဲလည်​းမခွဲချင်​ပါဘူး
    ကိုယ်​့အသဲလည်​းမကွဲချင်​ပါဘူး

    • kai

      January 16, 2015 at 6:16 am

      အသဲကင်ဆာက.. မြန်မာပြည်မယ်.. အဆုတ်ကင်ဆာပြီးရင်ဒုတိယအဖြစ်ဆုံးတဲ့.. နှလုံးရောဂါကတော့.. ၁-၂-၃ထဲမပါ…။
      ဆေးပညာမှာတော့.. အသဲ(အသည်း)နဲ့ နှလုံး.. ပြတ်ပြတ်သားသားခွဲထားတယ်..။
      အဲ.. ကွဲထားတယ်..။ :k:

  • Before

    January 16, 2015 at 9:19 am

    သား/သမီး တစ်ယောက်ယောက် အတောင်အလက်စုံလို့ လောကဓမ္မတာအရ မိဘရိပ်ကထွက်သွားတဲ့အခါ မိဘတွေရဲ့ရင်ထဲ ဟာသာသာကျန်ရစ်ခံစားသလို၊ အမိ/အဖ တစ်ယောက်ယောက် ဘဝအချိန် လွန်လို့ လောက ဓမ္မတာအရ လူ့လောကထွက်သွားတဲ့အခါလည်း သားသမီးတွေရဲ့ရင်ထဲမှာ ဟာသာသာ ကျန်ရစ်ခံစားကြရတာပါဘဲလေ။
    တွယ်ငြိတတ်သော သံဃောဇဉ်ကို အနိုင်ယူရန်ခွန်အားသည် အားကောင်းမောင်းသန်ဖြစ်မှသာ။

  • Ma Ma

    January 16, 2015 at 10:00 am

    သီချင်းကိုတော့ နားမထောင်ဖူးဘူး။
    ဒါပေမယ့် ခံစားနားဆင်သူ မလတ်ကြောင့် ………
    ဒီသီချင်းရဲ့တန်ဖိုးမြင့်တက်သွားတယ်လို့ မြင်မိတယ်။ 🙂

    ခေတ်နဲ့အမီလိုက်နိုင်အောင် မျှဝေပေးလို့ ကျေးဇူးအများကြီးတင်ကြောင်းလည်း တခါတည်း ပြောပြချင်သေးတယ်။

    ခုရက်ထဲ ဒီမှာ လေဒီမုတ်ဆိတ်အကြောင်းတွေ ရေးနေတာတွေ့လို့။
    သိပြီးသား တို့က အရီးမုတ်ဆိတ်စာတွေ အမြဲဖတ်တယ်လေ လို့ ပြောချင်တာ။ :hee:

  • CharTooLan

    January 17, 2015 at 1:45 pm

    – အဲ့ဒီရိုက်ချက်မျိုးတွေဖူးတာ အတော်ကြာဘီ
    – ကျိဖူးကြလားဒေါ့မသိ ခရီးသွားစုံတွဲ၂ယောက်လေ
    – ကျိနေဒဲ့သူနဲ့ တွဲခွင့်ရတယ်ဆိုဒဲ့ ဖီလင်းလေးဆိုတော့ရယ်
    – အရီးက လေးယောက်လုံးနဲ့ ထင်ထင်ရှားရှားယီးတွဲလိုက်ရမှာဘော့လို့ 😛

    • မြစပဲရိုး

      January 17, 2015 at 6:28 pm

      မောင်ဂျက်
      အမေ့ အသဲ ကို ခွဲ ထားပြီး ဆိုတော့ ဘယ်နှစ်ခါတုန်း။

      ကကြီးမိုက်
      ကျွန်မ တုန်း က မက်စီစကပ်အရှည် ဝတ်တာ တောင် အမေ့ မှာ သိပ်မကြိုက်ဘူး။
      ကျွန်မ ဟာလေး ကတော့ လောလောဆယ် ကိုယ့် စိတ်ကြိုက် ဝယ်ပေးလို့ ရနေသေးတယ်။
      ပွဲမှာ သမီးလိမ္မာလေး ဝတ်ထားတာ လှပါတယ်လေ။

      ဖိုးသိကြား လေး ကတော့ နတ်သမီး ၄ပါး တစ်ယောက် တစ်ဒိတ် နဲ့။
      နားရမယ် မထင်။

      မောင်အံ
      ပေါ်တော်မူလေး။ တရေးပြန်နိုး လာတယ်လား။
      ဘာဘဲဖြစ်ဖြစ်။ ပြန်လာပြီးရော။ (ခွက်ဒစ် – ဝါး ဘမ်းဘူး? ဗမ်းဗူး?)

      ပုချ်လေး
      တစ်ခါတစ်ခါ အသဲကွဲ ရတဲ့ အရသာ ကလဲ ချို တယ် သမီးရဲ့။
      ယုံလား။

      ဗာဂျီးနီးယား သဂျီးမင်း
      စိန်ကောင်း ကျောက်ကောင်း အနုပညာ “တင်စား”စကား မှာ ဆေးရိုးသည် က “ဒဲ့ဒိုး” ကန့်လန့်ကန့်လန့် လာမလုပ်နဲ့။
      ဖီလင်အောက်စ်

      ကိုခ
      အနာဂါတ် အတွက် အခုကထဲ က ကြိုးစား ပြင်ထားနေပါတယ်။
      မလိုချင်လဲ ရောက်လာမဲ့ အချိန် တွေ အတွက်ပေါ့။
      သတိပေးစကားလေး အတွက် ကျေးဇူးပါ။

      မမ
      ဒီ မယ်မုတ်ဆိတ် ရဲ့ အရီးမုတ်ဆိတ် ကို ရွာထဲ ခေါ်တဲ့ တာ မမ လေ။
      သများက မမ တို့ ဝေတို့ ကြောင့် ဝင်လာတာ မို့ ကွ ကိုယ် ပြန်ကျေးဇူးတင်ပါ။ :))

      ချာတူး
      အဲ့ မျောက် ၅ ကောင် ထဲ နှစ်ကောင် ကို တော့ ကြိုက်သလိုရှိပါတယ်။
      ဘေးက ဂျစ်တူးမလေး က မကြိုက်ဘူး လို့ ပြောတာလဲ ကိုယ်လဲ ပယ်လိုက်ပါတော့ တယ်။ lol:-))

      ဝင်ရောက် ဖတ်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
      မှတ်ချက်ပေးသူများ ကို လဲ အထူးပင် ကျေးဇူးတင်ပါကြောင်း။
      ဆက်လျှောက်ဖို့ အားပါ။ :))

Leave a Reply