တစေ ္ဆကြီးပွဲတော်

Yin Nyine NwayAugust 19, 20101min1876

နှစ်စဉ် ၈လပိုင်းမှာ စင်္ကာပူတရုတ်လူမျိုးတွေ ထုံးတမ်းစဉ်လာအရပြုလုပ်ကြတဲ့
တစ္ဆေကြီးပွဲတော်ဆိုတာကို လုပ်တတ်ကြပါတယ် ။

ထိုပွဲတော်မှာ သူတို့တွေ ဘာတွေလုပ်ကြတာလဲ၊

အဓိကရည်ရွယ်ချက်ကဘာလဲ ၊၊၊

ထိုပွဲတော်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားကြလိမ့်မယ်လို ့ထင်လို ့ စုဆည်းရသမျှလေးတွေကို ဝေမျှလိုက်တယ်နော်-

တစေ ္ဆကြီးပွဲတော်ကို တစေ ္ဆကြီးကန်တော့ပွဲလို့လည်း ခေါ်ကြပါတယ်။

တရုတ်လ ရလပိုင်း(အင်္ဂလိပ်လ ၈လပိုင်း) ရောက်ရင်

ငရဲမင်းဟာ ငရဲကျနေတဲ့ တစေ ္ဆတွေကို လွတ်လပ်ခွင့်အနေနဲ့ လူ ့ပြည်ကို ပြန်ခွင့် တစ်လသတ်မှတ်ပေးပြီး ငရဲတံခါးကို ဖွင့်ပေးလိုက်တယ်တဲ့။

တစေ ္ဆတွေဟာ တစ်နှစ်ပတ်လုံး ငရဲပြည်မှာ ငရဲခံကြလို ့ ထို လွတ်လပ်ခွင့်
အချိန်ရောက်ပြီဆိုတာနဲ့ လူ ့ပြည်မှာရှိတဲ့ သူတို့ဆိုင်ရာ ဆွေမျိုးများဆီကို
အပြေးအလွှားလာရောက်ကြသတဲ့။
လူ ့ပြည်က ဆွေမျိုးများကလည်း အစဉ်အလာရှိခဲ့အတိုင်း ကွယ်လွန်ကြပြီးဖြစ်တဲ့ မိမိတို့ရဲ့ ဆွေမျိုးတွေကို ရည်စူးပြီး
သစ်သီးတွေ၊ မုန့်တွေ၊ အရက်တွေ၊ ရေနွေးတွေနဲ့ ပူဇော်ပသကြတယ်။

ရွှေစက္ကူ ငွေစက္ကူများကို ကွယ်လွန်ပြီးဆွေမျိုးများ တမလွန်ဘဝမှာ အလိုရှိရာအသုံးပြုနိုင်ဖို ့ကို
ရည်ရွယ်ပြီးမီးရှို ့ပေးကြသေးတယ်။

ဒါတွေကတော့ ယေဘူယျအားဖြင့် သူငယ်ချင်းတို့လည်း သိပြီးသားဖြစ်ချင်ဖြစ်နေမှာနော်


အဓိကပြောချင်တာကတော့ အဲ့ဒီကာလမှာ သတိထားစရာအချက်လေးတွေပါ-

သူများနိုင်ငံမှာရောက်နေတော့ သူတို့နိုင်ငံမှာ ပြုလုပ်လေ့ရှိတဲ့ ဓလေ့ထုံးစံတွေကို မယုံချင်နေလို့ရပေမယ့်

တစ်ချို ့အပိုင်းတွေမှာ လိုက်နာစရာတွေ သတိပြုစရာတွေကိုလည်း လစ်လျူမရှုသင့်ဘူးလို့ထင်တယ်- နော်။

ကဲ- တစေ ္ဆကြီးပွဲတော်ကာလမှာ ဘာတွေရှောင်ကြဉ်ရမလဲဆိုတာ လေ့လာကြည့်ရအောင်

၁) အိပ်ယာ ကုတင်ဦးပိုင်းမှာ ချူ၊ ခေါင်းလောင်းကလေးများ ချိတ်ဆွဲမထားပါနဲ့
တဲ့- လေတိုက်လို့ ထွက်ပေါ်လာတဲ့ခေါင်းလောင်းသံက တစေ ္ဆတွေကို
ဖိတ်ခေါ်သလိုဖြစ်တတ်ပါသတဲ့။

၂) ထိုကာလအတွင်း ခြေသလုံးမွှေးများကို မနှုတ်ပါနဲ့ တဲ့- ခြေသလုံးမွှေးတစ်မွှေးက တစေ ္ဆ၃ကောင်ကို နိုင်ပါသတဲ့-
ဒါ့ကြောင့်ခြေသလုံးမွှေးပေါတဲ့သူအနားဆိုရင် တစေ ္ဆတွေက မကပ်ရဲလို့ပါတဲ့။

၃) ညအချိန်ပိုင်းမှာ အဝတ်များကို ချိတ်လှမ်းခြင်းမပြုပါနဲ့တဲ့- တစေ ္ဆတွေက
ချိတ်ထားတဲ့ အဝတ်တွေကိုမြင်လို ့ ကြိုက်သွားရင် ယူဝတ်ပြီး
လျှောက်သွားတတ်လို့ပါတဲ့- နောက်ပြီး သူတို့ရဲ့ အနံ့အသက်တွေ
ချန်ရစ်ခဲ့တတ်တယ်တဲ့။

၄) ညအချိန်မတော်မှာ နာမည်ကို အကျယ်ကြီးအော်မခေါ်ပါနဲ့တဲ့- တစေ ္ဆတွေဟာ ထိုနာမည်ကို မှတ်သားထားတတ်လို့ပါတဲ့။

၅) ညအချိန်မှာ ဟိုကြည့်ဒီကြည့် လျှောက်မကြည့်ပါနဲ့တဲ့- ဘာလို့လဲဆိုတော့ တစေ ္ဆတွေက ခြောက်လှန့်တတ်လို့ပါတဲ့။

၆) ညတစ်ညလုံး အိပ်ရေးပျက်မခံသင့်ပါဘူးတဲ့- လူတွေရဲ့ ကံဟာ ညအချိန်မှာ
အားနည်းတတ်ပေမဲ့ တစေ ္ဆများရဲ့ ကံကမြင့်တတ်တာကြောင့် ခြောက်လှန့်ခြင်း၊
ပူးကပ်ခြင်းများ ဖြစ်တတ်လို့ပါတဲ့။

၇) နံရံများအား မှီကပ်ခြင်းကို ရှောင်ကြဉ်ပါတဲ့- တစေ ္ဆများဟာ နံရံမှာကပ်ပြီးအနားယူရတတ်ကြလို့ပါတဲ့-
နံရံကအေးတယ်မို့လား- ထိုအချိန်မှာ အလွယ်တကူ သရဲပူးခြင်းများ
ဖြစ်နိုင်လို့ပါတဲ့။

၈)ညအချိန် လမ်းပေါ်မှာ မိမိအမည်(သို့) အသံတစ်စုံတရာပေးမှုကို ပြန်လည်မထူးပါနဲ့တဲ့- ထိုသို ့ကြားခဲ့ရင်လည်း
ခေါ်တဲ့သူ အသံပြုတဲ့သူက တစေ ္ဆများဖြစ်တတ်လို့ပါတဲ့။

၉) ထိုကာလမှာ မိမိကို တခြားသူတယောက်ယောက်မှ ပုခုံးပုတ်ခြင်း၊ ပုခုံးဖက်ခြင်းများကို
လက်မခံသင့်ပါဘူးတဲ့- အကြောင်းကတော့ လူရဲ့ ခံနာကိုယ်ရဲ့ အပိုင်း ၃ပိုင်းမှာ
ကံမြင့်စေတဲ့ မီးတောက် ၃ခုရှိနေလို့ပါတဲ့- ငယ်ထိပ်နဲ့ ပုခုံး၂ဖက်တို့မှာ
ကံကြမာရဲ့ မီးတောက်များရှိနေပါတယ်တဲ့- တကယ်လို့ တစ်ဦးတစ်ယောက်က
လာရောက်ထိတွေ ့လျှင် ထိုမီးတောက်များကို ငြိမ်းစေနိုင်လို့ပါတဲ့- အဲ
ငြိမ်းသွားခဲ့ရင်တော့ တစေ ္ဆများမှ ကိုယ့်ကို ခြောက်လှန့်ခြင်း၊
ပူးကပ်ခြင်းများပြုလုပ်နိုင်လို့ပါတဲ့။

၁၀) အိပ်ယာဝင်ချိန်မှာ ဖိနပ်များကို ကုတင်ဆီသို ့ ဦးတည်ပြီး မထားသင့်ပါဘူးတဲ့- တစေ ္ဆတွေက
ဖိနပ်ဦးတည်ရာမှာ လူသားတွေရှိနေတတ်တာ သိရင် သူတို့လည်း တူတူ
ဝင်အိပ်တတ်လို့ပါတဲ့။

၁၁) အစားစားချိန် ထမင်းပန်းကန်အလယ်မှာ တူ၊ ဇွန်း ခက်ရင်းများကို စိုက်မထားပါနဲ့တဲ့- ထိုပုံစံက တစေ ္ဆများကို
ဖိတ်ခေါ်တဲ့ပုံစံဖြစ်လို့ -သူတို့လည်း တူတူလာစားတတ်လို့ပါတဲ့။

၁၁) ညအချိန်မှာ ဓါတ်ပုံရိုက်ခြင်းကို ရှောင်ကြဉ်ပါတဲ့- တစေ ္ဆများကိုပါ
ရိုက်မိသွားပြီး ထိုပုံနှင့်အတူ မိမိအိမ်သို ့လိုက်ပါနိုင်လို့ပါတဲ့။

၁၂) တစေ ္ဆများကို တင်မြှောက် ပူဇော်ထားတဲ့ အစားအသောက်များကို
မထီမဲ့မြင်ပြုခြင်း၊ ခိုးယူခြင်းများပြုလုပ်ခြင်းကို အထူးဆင်ခြင်ရပါမယ်တဲ့-
ထိုသို့ ပြုမှုမိပါက နားမလည်နိုင်သော၊ ဖြေရှင်းမရနိုင်သော၊ မလိုလားအပ်တဲ့
ကံဆိုးမှုများနဲ့ ကြုံတွေ ့တတ်လို့ပါတဲ့။

6 comments

  • windtalker

    September 21, 2011 at 8:01 pm

    နောက်နှစ် ဩဂတ်စ် လထဲ
    စင်ကာပူ ကို ရှောပင်းထွက်တဲ့အခါကြရင်
    ရင်ငြိမ်းနွေ ရဲ ့ပို ့စ် ကို
    တစ်ခါပြန်ဖတ်မယ် ဗျို ့

  • ဆူး

    September 21, 2011 at 9:31 pm

    ဒီပိုစ်ကြီးက တနှစ်တောင် ကျော်နေပြီ။ ၈လပိုင်းတုန်းက မဖတ်လိုက်ရဘူး။ ဟိဟိ

    • Yin Nyine Nway

      September 25, 2011 at 12:43 pm

      နောက်နှစ်မှပဲ ဖတ်ပါတော့ ဆူးရယ်

  • nature

    September 21, 2011 at 10:47 pm

    တရုပ်လူမျိုးတွေရဲ့ရိုးရာပွဲလေးတခုပါ။ ဗုဒ္ဓဘာသာအမြင်နဲ့ ကြည့်မယ်ဆိုရင် မိဘ ဘိုးဘွားတွေရဲ့ ဂုဏ်ကျေးဇူးကို တနှစ်တခါ သတိရတဲ့ပွဲကလေးလို့မြင်မိပါတယ်။

  • akswe

    September 22, 2011 at 7:37 am

    အဲဒါ တရုပ် သီတင်းကျွတ်လို့ ခေါ်တယ်ကွဲ့ ကလေးတို့ရဲ့..

    • Yin Nyine Nway

      September 25, 2011 at 12:44 pm

      ဟုတ်…ဟုတ်ကဲ့ အကို

Leave a Reply