ထူးထူးဆန်းဆန်းမိခင်များ

Yin Nyine NwayAugust 19, 20103min1055

ကလေး ရှစ်မွှာပူးမိခင်

ကလေး ရှစ်မွှာပူးမိခင်
အမေရိကန်နိုင်ငံ – ကယ်လဖိုးနီးယားပြည်နယ်မှာ ရှိတဲ့  Nadya Suleman ဆိုတဲ့ အမျိူးသမီးဟာ … သူမယောင်္ကျားနဲ ့ 1999 ခုနှစ်မှာ ကွာရှင်းပြီးတဲ့နောက်ပိုင်း ကလေးလိုချင်လာပါတယ် …
အဲဒီနောက် David Solomon ဆိုတဲ့ သုတ်ပိုးလှူတဲ့ အမျိူးသားဆီမှ သုတ်ပိုးရယူပြီး ကိုယ်ဝန်ဆောင်ခဲ့ရာကနေ.. မထင်မှတ်ပဲ ၈ မွှာပူးကိုယ်ဝန်ဆောင်နိုင်ခဲ့ပါတယ် ….
သူမဟာ 2009 ခုနှစ် ဇန်နဝါရီလမှာ ရှစ်မွှာပူးကို မွှေးခဲ့ပါတယ်… သူမဟာ ကမ္ဘာမှာဒုတိယမြောက် ရှစ်မွှာပူးကိုယ်ဝန်ဆောင်ခဲ့သူဖြစ်ပါတယ် ..
ခု ရှစ်မွှာပူးကလေးတွေကိုတော့ sulemom octuplets လို ့ခေါ်ပါတယ် …
( ပုံထဲ က ဗိုက်ကြီးက အကြီးကြီးနော် 😛 )

ကမ္ဘာ့အသက်အငယ်ဆုံး မိခင် ( အသက် ၅ နှစ် )

ကမ္ဘာ့အသက်အငယ်ဆုံး မိခင် ( အသက် ၅ နှစ် )

စုတ်ပြတ်ပြီးထိတ်လန် ့နေတဲ့ အမျိူးသမီးကြီးတစ်ယောက်ဟာ အိန္ဒိယပြည်နယ် – Peru မြို ့ Pisco ဆေးရုံကြီးမှာ ဆရာဝန်ကြီးကို လာတွေ ့ပါတယ် .. သူမ အနောက်မှာ ၃ ပေသာသာရှိသေးတဲ့  ( Geraldo Lozada ) လို ့ခေါ်တဲ့ကလေးမလေးတစ်ယောက်ပါလာပြီး … အဲဒီကလေးမလေးရဲ  ့ဝမ်းဗိုက်က အမတန်ကြီးထွားနေပါတယ်. .. ထိတ်လန် ့နေတဲ့ ကလေးမလေးရဲ ့မိခင်က သူမကလေးဟာ နတ်ဆိုး ပြုစားခံရတဲ့အတွက် ခုလိုဖြစ်နေရတယ်လို ့ ဆရာဝန်ကြီးကိုပြောပါတယ် … ဆရာဝန်ကြီးလဲ အစပိုင်းမှာ ဝန်းဗိုက်ပိုင်းဝေဒနာတစ်ခုခုလို ့ထင်မိပေမယ့် တစ်ကယ်တမ်းမှာတော့ ကလေးမလေးဟာ ကိုယ်ဝန် ၈ လတိတိလွယ်ထားနေရကြောင်း အံ့ဩစွာတွေ ့လိုက်ရပါတယ် ..
Dr.Lozada ဟာ သူမကို Peru မြို ့ရဲ  ့မြို ့တော် Lima ကဆေးရုံကြီး မှာ အခြားသော အထူးကုဆရာဝန်တွေပါ Geraldo Lozada ဆိုတဲ့ ၅ နှစ်အရွယ်ကလေးမ ကိုယ်ဝန်ဆောင်ခြင်းကို  ထပ်မံစစ်ဆေး သေချာအောင် ခေါ်ဆောင်သွားခဲ့ပြီး စစ်ဆေးခဲ့ပါတယ်..
တစ်လခွဲအကြာ မေလ 14 ရက် 1939 ခုနှစ်မှာ သူမဟာ ၆ ပေါင်ရှိတဲ့ ယောင်္ကျားလေးကို ခွဲစိတ်ပြီးမွေးဖွားခဲ့ပါတယ်….
ကလေးကို အစပိုင်းသူမအား အမတစ်ယောက်လို ဆက်ဆံစေခဲ့ပီး… ၁ဝ နှစ်အရွယ်မှာတော့ သူမဟာ သူ ့ရဲ  ့မိခင်ဖြစ်ကြောင်း ပေးသိစေခဲ့ပါတယ် ..

ကမ္ဘာ့အသက်ကြီးဆုံး ပထမဆုံးကလေးမွေးဖွားသူ  ( အသက် ၇ဝ )

ကမ္ဘာ့အသက်ကြီးဆုံး ပထမဆုံးကလေးမွေးဖွားသူ  ( အသက် ၇ဝ )

Meet Rajo Devi Lohan ဆိုတဲ့ အသက် ၇ဝ ရှိတဲ့ အိနိ္ဒယအမျိူးသမီးကြီးဟာ 2008 ခုနှစ် နိုဝင်ဘာလမှာ သူမရဲ  ့ပထမဆုံး  ကလေးကို မွေးဖွားခဲ့ပါတယ် … သူမတို ့လင်မယားဟာ နှစ်ပေါင်း ၄ဝ တိတိ ကလေး လိုချင်လို ့စောင့်နေခဲ့တာကြာပါပြီလို ့ဆိုပါတယ် … ခု တော့ ကလေးရလာပီမို ့ သူ ့ကလေးကိုနောက် ၃ နှစ်လောက်ထိတော့ နို ့တိုက်ခွင့်ရချင်ပါတယ်လို ့ဆိုပါတယ်…

ကလေးအများဆုံး မွေးသူမိခင် ( ကလေး ၆၉ ယောက် )

ကလေးအများဆုံး မွေးသူမိခင် ( ကလေး ၆၉ ယောက် )

Russia ပြည်မှ Feodor Vassilyev ရဲ  ့ပထမမိန်းမ ဖြစ်သူ Valentina Vassilyeva ဟာ ကမ္ဘာ့ကလေး အများဆုံးမွေးသူ မိခင်အဖြစ် ကလေး 69 ယောက်ကို မွေးပြီး စံချိန်တင်ခဲ့ပါတယ် …. သူမဟာ ၁၆ မွှာပူး သုံးမွှာပူး နဲ ့ ၄ မွှာပူးတို ့ကိုပါမွှေးခဲ့သူဖြစ်ပါတယ်…  မွေးဖွားတဲ့ အရေအတွက်က ၆၉ ဖြစ်ပီး ၆ရ ယောက်သာ အသက်ရှင်ခဲ့ပါတယ်..
ယခု ခေတ်သစ် ကလေးအများဆုံးမွေးသူ အဖြစ်စံချိန် တင်ထားရသူကတော့ Leonitan Albina ဆိုတဲ့ San Antonio ပြည်နယ် Chile က အမျိူးသမီးဖြစ်ပါတယ် .. သူမဟာ တရားဝန် ၅၅ ယောက်တိတိမွေးပြီးဖြစ်ပြီး ၆၄ ယောက် မွေးဖို ့ ရည်မှန်းထားတယ်လို ့ဆိုပါတယ်….

ကမ္ဘာ့ပထမဆုံး အမျိူးသားအဖြစ် ကိုယ်ဝန်ဆောင်မိခင်

ကမ္ဘာ့ပထမဆုံး အမျိူးသားအဖြစ် ကိုယ်ဝန်ဆောင်မိခင်
Oregon ပြည်နယ်က Thomas Beatie ဆိုတဲ့အမျိူးသားဟာ အမျိူးသမီးအဖြစ်မှ လိင်ပြောင်းကုသမှူခံယူပြီး အမျိူးသားဘဝ သို ့ပြောင်းလဲထားသူ ဖြစ်ပါတယ် …
သူဟာ ယောင်္ကျားတစ်ယောက်အဖြစ် အကုန်ပြောင်းလဲထားပေမယ့် မိန်းမ ဘဝမှာရှိခဲ့တဲ့ သားအိမ်ကိုတော့ မထုတ်စေခဲ့ပါဘူး ။ သူဟာ လိင်ပြောင်းလဲကုသပြီး  ၁ဝ နှစ်အကြာ အသက် 34 နှစ်မှာ အမျိူးသားကိုယ်ဝန်ဆောင်သူအဖြစ် နာမည်ကြီးသွားခဲ့ပါတယ် … သူ ့ရဲ  ့မိန်းမဖြစ်သူ Nancy ( အသက် 46 နှစ် ) ဟာ ကိုယ်ဝန်မဆောင်နိုင်တဲ့အတွက် သူ ဟာ အမျိူးသမီးအစား သူ ့သားအိမ်ထဲမှာပဲ ကိုယ်ဝန်ဆောင်ခဲ့ပါတယ်… ပထမဆုံး သမီးလေး ကို June 29 မှာ မွေးခဲ့ပြီး .. သားအိမ်ကို သူ ့ဝမ်းမှာ ဒီအတိုင်းထားရှိစေခဲ့ပါတယ် … သူ ဟာ နောက်ထပ် ကလေးတွေလိုချင်သေးတဲ့အတွက်လို ့ဆိုပါတယ် .. ယခုသူ ဟာ နောက်ထပ် ကိုယ်ဝန် ရှိနေပြန်ပါပြီ … ကလေးမွေးဖွားဖို ့ သူ ့ရဲ  ့သားအိမ်က အမမျိူးဥ နဲ ့ အခြား သုတ်ပိုးအလှူရှင် အမျိူးသားတစ်ဦး ထံမှ သုတ်ပိုးကို ရယူပြီး ကလေးယူခဲ့တာပါ ။


ကမ္ဘာ့အသက်အကြီး ဆုံးအမွှာပူးမိခင် ( ၇ဝ နှစ် )

ကမ္ဘာ့အသက်အကြီး ဆုံးအမွှာပူးမိခင် ( ၇ဝ နှစ် )
သမီး နှစ်ယောက် နဲ ့ မြေး ငါးယောက် ရဲ  ့ အဖွား ဖြစ်သူ အသက် ၇ဝ နှစ်ရှိတဲ့ Omkari Panwar ဟာ သူ  ့တို ့မျိူးရိုးရဲ  ့အမွေကို ဆက်ခံနိုင်ဖို ့ ယောင်္ကျားလေးတစ်ယောက် မွေးချင်ခဲ့ပါတယ်… သူမယောင်္ကျားဖြစ်သူ Charan Singh Panwar ( အသက် ၇ရ နှစ် ) ဟာ သူ ့မိန်းမ အလိုကျ မျိူးရိုးအမွေဆက်ခံ နိုင်ဖို ့ယောင်္ကျားလေး တစ်ယောက် ကို IVF ကုသမှူနဲ ့မွေးရန် သူ ့ပိုင်ဆိုင်တဲ့ လယ် ၊ နွား ၊ စတဲ့ ပိုင်ဆိုင်သမျှကို ရောင်းပြီး အိန္ဒိယပြည်နယ် နယူးဒေလီ မြို ့ကြီးက နေ ရ နာရီလောက် ကြာကားစီးရတဲ့ Muzzaffarnagar ဆိုတဲ့ ဆေးရုံကြီးမှာ ယောင်္ကျားလေးတစ်ယောက် နဲ ့ မိန်းကလေးတစ်ယောက်ပါတဲ ့ အမွှာပူးကို မွေးခဲ့ပါတယ် … ကလေးတစ်ယောက်စီကို အလေးချိန် ၂ ပေါင်စီပဲရှိပါတယ် ။


ကမ္ဘာ့ကလေးအများဆုံး အငှားမွေးသူ မိခင်

ကမ္ဘာ့ကလေးအများဆုံး အငှားမွေးသူ မိခင်
ကလေး အငှားမွေးသူမိခင် ဖြစ်တဲ့ Carole Horlock ( အသက် 42 နှစ် ) ဟာ ၁၃ နှစ်အတွင်း ကလေး ၁၂ ယောက်ကို အငှားကိုယ်ဝန်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ် ။ သူမဟာ ၃ မွှာပူးအပါအဝင် ကလေးများကို အငှားကိုယ်ဝန်ဆောင်ခဲ့သူ အဖြစ် စံချိန်တင်ခဲ့ပါတယ်…သူမဟာ ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ခ ဒေါ်လာ 25.000 မှာ 30.000 အထိ ရပါတယ်…

ကမ္ဘာ့အသေးဆုံးမိခင်

ကမ္ဘာ့အသေးဆုံးမိခင်
ကမ္ဘာ့အသေးဆုံးမိခင် နှစ်ယောက်ရှိပါတယ် ပထမ တစ်ယောက်ကတော့ ၂ ပေ ၄ လက်မသာရှိတဲ့ Stacey Herald ဖြစ်ပါတယ် … သူမဟာ ကိုယ်ဝန်ဆောင်ခြင်းဟာ သေစေနိုင်မယ်လို ့ ဆရာဝန်တွေ အတန်တန် တားတဲ့အထဲက ကလေး နှစ်ယောက်ကို မရမက မွေးထားပြီးဖြစ်ပြီး ခု တတိယမြောက်ကိုယ်ဝန်ဆောင်ထားပါတယ် …

ဒုတိယမြောက် အသေးဆုံးမိခင်က တော့် ၂ ပေ ၉ လက်မ ရှိတဲ့ Cristianne Ray ဖြစ်ပါတယ် .. သူမ ဟာ Kyrsten Bowden ဆိုတဲ့ ကလေးတစ်ယောက်ကို မွေးထားပါတယ် ။

ကမ္ဘာ့ကလေးအသေးဆုံး ( အရှင် ) မွေးသူမိခင်

ကမ္ဘာ့ကလေးအသေးဆုံး ( အရှင် ) မွေးသူမိခင်

Mahajabeen Sheikh ဆိုတဲ့ အမျိူးသမီးဟာ စက်တင်ဘာ 19 ရက် 2004 မှာ  Rumaisa Rahman ဆိုတဲ့ ၁ဝ လက်မ – 8.6 အောင်စ ရှိတဲ့ မိန်းကလေးကို  Loyola University Medical Center မှာမွေးခဲ့ပါတယ် …
Rumisa Rahman ဆိုတဲ့ ကလေးလေးနဲ ့ ၁ ပေါင် ၄ အောင်စ ပါတဲ့ Hiba ဆိုတဲ့ အမွှာယောင်္ကျားကလေးတစ်ယောက်ကိုပါ မွေးခဲ့တာပါ..

5 comments

  • alfred

    August 19, 2010 at 5:07 pm

    တကယ်ထူးဆန်းပြီး အံ့ဩဖို့ကောင်းတဲ့ကိစ္စတွေပါ။ ကံကြမ္မာမကောင်းလို့ဖြစ်လာတဲ့ လောကဓံတွေကို ကြံကြံခံပြီး ကမာ္ဘ့စံချိန်တွေကို ချိုးသွားကြတဲ့သူတို့တွေကို အားကျမိပါတယ်။

  • Pyaung Gye

    August 19, 2010 at 5:15 pm

    အား လား လား

  • thihayarzar

    August 20, 2010 at 1:24 pm

    ကောင်းတာလား ဆိုးတာလားတော့ မသိဘူးနော် …. ရှစ်ယောက်ဆိုတော့ ညှစ်နိုင်ပါ့မလား …. ရှစ်ယောက်လုံး အပြင်မထွက်ခင် အားပျက်သွားနိုင်တယ်

  • နေ ့သစ်/ ဘဝသစ်

    July 16, 2012 at 9:56 am

    ရှာဖွေတင်ပြ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • မောင်ပေ

    July 16, 2012 at 10:52 am

    ထူးထူးဆန်းဆန်း မိခင်များပုံ တွေတော့ နွေးတီးကောင်းမှုနဲ့ ၂၀၁ဝ ကို ပြန်ကြည့်လိုက်ရပြီ
    ၂၀၁၂ ကိုထူးဆန်းပုံ လဲ တင်ပေးဂျဘာအုံး

Leave a Reply