ဤစာသားများ…သမိုင်းတွင်လေရစ်ပေတော့…

alinsettJanuary 14, 20158min19319

 

 

ဟိုတစ်ရက်တုန်းက…

တောင်ကိုရီးယားနိုင်ငံမှာ ရှိနေတဲ့ စာပေ/ ချစ်မိတ်ဆွေတစ်ယောက်နဲ့ …

စကားစမြည် ပြောဖြစ်တယ်.. ။

အဲဒီလိုပြောအပြီး နာရီပိုင်းအတွင်းမှာပဲ…

ဟောဒီ စာသားတွေကို..ချရေးဖြစ်တယ်ပေါ့ဗျာ… ။

ဒီစာသားတွေဟာ… ကျွန်တော့်ရဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ရပ်…ဆိုလည်း မမှားပေဘူးပေါ့… ။

ဒီဆုံးဖြတ်ချက်တစ်ခု ချဖြစ်ဖို့…  စကားစမြည် အစပြုခဲ့တဲ့…

တောင်ကိုရီးယားနိုင်ငံမှာ  ချစ်သော စာပေမိတ်ဆွေအစ်ကိုကြီးအား…ကျေးဇူးတင်လျက်…

မြေကမ႓ာရေ. . .
ရှိုက်သံအနှောနှော. . .
သက်ပြင်းအရောရောနဲ့
ဒရောသောပါးပါပဲ
ငါ မင်းထံ. . .ရောက်ခဲ့တယ်. . .

မြေကမ႓ာရေ. . .
လက်ညှိုးအမည်းရောင်များနဲ့
အသံနီနီညိုညစ်တို့ . . .
ဖုံးလွှမ်းစေရမယ့် နက္ခတ်ဇယားကွက်မှာ. . .
ကံမိုးသည်းထဲ
ငါ မလွဲဘဲ ပါနေတယ် မြေကမ႓ာ…

အို. . .မြေကမ႓ာ. . .
သင့်ရင်သွေးဖြစ်တဲ့ငါ. . .
သင့်လို ခိုင်မတ်ဖြောင့်တည်မှုနဲ့
တောင့်တင်းစွာ မရပ်နိုင်ဘဲ
ပြိုလဲဖူးတဲ့ ကာလတွေအတွက်
သင့်ကို ငါ . . .
ရှက်ပြုံး တစ်ချက်ဖြစ်ဖြစ် . . .ပြုံးပြခွင့်ပြုပါ မြေကမ႓ာ. . .

မြေကမ႓ာ. . .
သင့်သီအိုရီအရ
အမှောင်တစ်ခြမ်းအလင်းတစ်ဝက်နဲ့
နေမဝင်ခင် သပ်သပ်ရပ်ရပ်ပြန်ဖြစ်လို့. . .
ငါ့ မွန်းကျပ်ခြင်းတို့ ခဏတာပြီးဆုံးခဲ့ပြန်တယ်. . .

မြေကမ႓ာရေ. . .
နောက်ဆုံးမှာ . . .
နိဂုံးဟာ မီးခိုးလုံးဖြစ်ရမယ်ဆိုတဲ့ . . .
သင့်ရဲ့ မလွဲတဲ့ ဒဿနနဲ့
ငါ့ကိုယ်ငါ ပြန်တည်ဆောက်ပြီး
”ပျောက်သောသူငါ့ကို” ”ရှာသောသူငါ”ကပဲ
ဘွားခနဲ တွေ့လိုက်တယ်. . .

မြေကမ႓ာရေ. . .
သင့်ရဲ့ စံနမူနာကို တုပြီး. . .
ငါအခု . . .
ငါလေ. . .အခု. . .
အေးစက်တဲ့ သံလွင်မြစ်ကမ်းနံဘေးက
ကျောက်ခက်ကျောက်ဆောင် ခပ်သေးသေးလေး. . .
ဖြစ်နေပြီ မြေကမ႓ာ. . .

ငါ ချစ်မြတ်တွယ်တာဖူးပါသော မြေကမ႓ာ. . .
ဒီတစ်လှည့်မှာတော့ . . .
ငါ့ကိုသာ ခွင့်လွှတ်ခဲ့ပါ. . .
နောက်ဆုံးခေါ်သံအဖြစ်
”ဤအသံ”အား   အသင် ကြားရခြင်း ဖြစ်တယ် မြေကမ႓ာ. . .
အစဉ်သာ ငါခေါ်ဖူးသမျှ
ငါ့ခေါ်သံတွေ ချုပ်ငြိမ်း. . .
ငါ့ကိုယ်ငါ မီးစိမ်းပြလို့
ဒီပုံစံထဲက ငါ. . .
ထွက်ခွါသွားနိုင်ပါပြီ မြေကမ႓ာ…

အလိုရှိတဲ့အခါ. . .
သင်သာလျှင် ”ခေါ်သူ” . . .
ငါကတော့ ”ကြားယောင်သူ”…
ဖြစ်စေတော့မည် မြေကမ႓ာ. . .

ရှောင်မလွဲတဲ့ သက်ရောက်ခြင်းတွေကြားမှာ…
ဤသည်ပင်လျှင် ”ငါ၏ချစ်မေတ္တာကျိန်စာ”အဖြစ်. . .
သမိုင်းတစ်ခု တွင်လေရစ်စေသတည်းပေါ့. . .
ချစ်သော မြေကမ႓ာရေ. . . .

။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။

မောင်သူရ

 

 

 

 

 

 

ခ

 

 

 

 

 

 

ဂ

 

 

 

 

 

 

 

ဃ

 

 

 

 

င

 

 

 

စ

 

 

 

 

 

 

 

ဆ

 

 

 

 

 

 

 

 

ဇ

 

 

 

 

 

 

 

 

ဈ

 

 

 

 

ည

 

 

 

 

 

 

 

========================

 

 

 

 

 

 

 

ဒါဟာ ကဗျာတစ်ပုဒ်မဟုတ်ပါဘူး..

ရင်ထဲမှာ…လှည့်လည် ကခုန်သွားတဲ့ စကားလုံး ကချေသည်များပါ…

နှလုံးထဲ…လှည့်ပတ်စီးဆင်းသွားတဲ့…စကားလုံး မြစ်တစ်စင်းပါ…

ဒါကြောင့်… ဒီစာသားတွေမှာ… အစမရှိ…အဆုံးမရှိ…ခေါင်းစဉ်လည်း..မရှိပါဘူး..

စာသားတွေပါပဲ…

ထပ်ပြောပါ့မယ်..

ဒါဟာ..စာသားတွေပါပဲ…

 

19 comments

  • ဝင့်ပြုံးမြင့်

    January 15, 2015 at 2:58 am

    .စကားလုံး ကချေသည် တဲ့လား။ လှလိုက်တဲ့ဖြစ်ခြင်း။
    .မြေကမာ္ဘရေ ..
    .ငါမလိုချင်ဆုံး အရာတွေနဲ့ပဲ
    .အတူနေထိုင်ခဲ့ရတယ်
    .ဘဝ ဆိုတဲ့ ကျိန်စာ။

    • အလင်းဆက်

      January 15, 2015 at 11:24 am

      တခါတခါပေါ့..အစ်မရယ်…
      ဘဝဟာ ကျိန်စာတစ်ပုဒ်လား…လို့..
      ပြီးတော့..အနုပညာကို ချစ်တဲ့ စိတ်ဟာလည်း..ကျိန်စာတစ်ခုလို…ပေါ့..
      အဲဒီလိုပါပဲ…
      ဖြစ်ဖြစ်သွားတတ်ပါတယ်..

      😆

  • koyinmaung

    January 15, 2015 at 3:57 am

    အဆုံးအစမရှိစကားလုံးများနဲ့လှည့်လည် ကခုန်သွားတဲ့ ကချေသည် မောင်သူရ……..

    • အလင်းဆက်

      January 15, 2015 at 11:25 am

      အဟိ… ။
      ကပွဲကို လာရောက် ကြည့်ရှုခံစားသွားတဲ့ ..ကိုရင်မာင်…

      :k:

  • Before

    January 15, 2015 at 10:48 am

    အဆုံးမရှိ
    အစမရှိ
    ခေါင်းစဉ်မရှိ
    ……မရှိ
    …….မရှိ
    ……မရှိ
    သုည ဆိုရမလား
    ဟာလာပြင် ဟုပြောရမလား
    အဲ ငါ့အတွေးလဲ အစ မသိ အဆုံး မသိ ဖြစ်လေရဲ့

    • အလင်းဆက်

      January 15, 2015 at 11:26 am

      ဘသူများလဲလို့…
      ဘသူကိုး….

      :k:

      လာရောက် ဖတ်ရှုခံစားပေးသွားတာ ..ဇူးဖူးပါ…

      😆

  • မဟာရာဇာ အံစာတုံး

    January 15, 2015 at 10:51 am

    ဟကောင်ယ ..
    – နောက်ဆုံးမှာ မီးခိုးလုံး မဖြစ်ဘူး ..
    – နောက်ဆုံးမှာ မြေဩဇာ ဖြစ်တာဟ ..
    – ငါတို့ရွာသင်္ချိုင်းက မန်ကျည်းပင်ကြီးဆို …
    – မြေဩဇာ ကောင်းလွန်းလို့ ဖြစ်ထွန်းလိုက်ပါ့ကွာ …
    – အဲ့ဒါ .. အဲ့ဒါ …

    • အလင်းဆက်

      January 15, 2015 at 11:13 am

      .လူတစ်ယောက်အတွက်…
      .ဒါမှမဟုတ်…အားလုံးအတွက်..
      .နောက်ဆုံးရိက္ခာ ဖြစ်ချင်ပါသေးတယ်…
      (တာရာမင်းဝေ/ ယန္တရားအရေခွံနဲ့ လူ စာအုပ်မှ… )

    • CharTooLan

      January 16, 2015 at 9:14 am

      – အာ့က တောမသာ
      – သူပြောဂျင်ဒါက မြို့မသာ
      – အဲ့ဒါ .. အဲ့ဒါ …

  • manawphyulay

    January 15, 2015 at 11:26 am

    ကချေသည်တောင် စကားလုံးအဖြစ် ပြောင်းလဲနိုင်သေးတာပဲ…

    ဘဝဇာတ်ခုံ အဖုံဖုံတွင်
    သွားလာလှုပ်ရှား
    ပုထုဇဉ်များ
    သံသရာ ကချေသည်တွေလား…

    • အလင်းဆက်

      January 15, 2015 at 11:29 am

      သံသရာ ကချေသည်….

      အဲဒီစကားလုံးလေးလည်း…အတော်လှတယ်…

      ဒါနဲ့… လာလိမ့်မယ်ထင်ပြီး…ကျနော် မျှော်နေမိတဲ့ တွေ့ဆုံပွဲကို…
      မမမနော်..မလာခဲ့ဘူး။။။။

      🙁

  • Kaung Kin Pyar

    January 15, 2015 at 4:12 pm

    အရမ်းးးကိုလှတဲ့…စကားလုံးပြတိုက်တစ်ခုပဲ ဆက်ဆက်ရေ….
    ဒီလိုမျိုးတွေ မဖန်တီးတတ်ပေမယ့်…
    ဖန်တီးထားတာတွေကို လာပြီး လက်ခုပ်တီးသွားပါတယ်လို့……
    ဘရာဗိုပါ…

  • CharTooLan

    January 16, 2015 at 8:57 am

    နီသေရဒေါ့မယ်လို့ပြောဂျင်ဒါလားဟမ်….. 🙂
    ဖတ်ရင်းဖတ်ရင်းနဲ့ နာသေချာနားမလည်ဒေါ့လို့အေ့

  • aye.kk

    January 17, 2015 at 9:50 pm

    စာတစ်ဆူပေတဖွဲ ့နဲ ့
    ရေးတတ်တဲ့အလင်းဆက်။။

    • အလင်းဆက်

      January 18, 2015 at 7:02 am

      စာတစ်စောင် လို့ မသုံးပဲ…စာတစ်ဆူလို့..သုံးသွားတာလေးကို..တွေးနေမိ…
      စကားလုံးလေး …လှတော့လှတယ်…လို့..
      ဒါမယ့်… တောက်ပနေလွန်းသလားလို့….

      😆

  • ko six

    January 21, 2015 at 7:44 am

    I have read your post.
    Nice job.

Leave a Reply