” မတူကွဲပြား “

ခင္ခJanuary 14, 20151min13611

” မတူကွဲပြား “

 

 

တိုင်းပြည်အုပ်ချုပ်

ခေါင်းဆောင်လုပ်ခါ

ဒီတိုင်းပြည်ကို

လွှတ်လပ်ချင်လို့

သူပိုင်သိပ်မရှိ

ပကာသနမသိ

မျှတစိတ်ရှိတဲ့

ထိုသူမှာတော့

အများလေးစား

အာဇာနည်ယောက်ျား။

 

တိုင်းပြည်အုပ်ချုပ်

ခေါင်းဆောင်လုပ်ခါ

မြေကွက်လည်းပိုင်

အိမ်ပေါင်းရံလို့

စီးပွားတွေတိုး

အမျိုးကောင်းစား

ထိုသူမှာတော့

အမျိုးလေးစား

အာဂယောက်ျား။

 

ခင်ခ။

(ဗိုလ်ချုပ်ရာပြည့်အမှတ်တရ)

11 comments

  • အလင်းဆက်

    January 14, 2015 at 3:27 pm

    ဒီကဗျာထဲ.. ကျနော် သိတဲ့ လူနှစ်ယောက်ပါတယ်။
    ကိုအာဇာနည်ရယ်…
    ကိုအာဂရယ်..

    :k:

    နောက်တာ..
    အတည်မမန့်တတ်တော့လို့..

    😆

    • ခင် ခ

      January 14, 2015 at 4:11 pm

      ကဗျာထဲက အာဇာနည်ယောက်ျားကတော့ တိုင်းပြည်အတွက် သူ့အသက်ကိုပေးဆပ်ပြီး ကျဆုံးသွားပြီနော်။ ဒါပေမယ့် သူကိုယနေ့ထက်တိုင်မမေ့နိုင်လေးစားနေစဲဗျ။

  • aye.kk

    January 14, 2015 at 4:19 pm

    မတူကွဲပြား၊လက်လှဲမလား။
    သတ္တိအားခဲထား၊ငါတို ့လေးစား၊ယောကျင်္ားဘသား။

  • manawphyulay

    January 15, 2015 at 11:23 am

    အင်း လေးလေးခ ပြောမှပဲ အာဂက ယောက်ျားလေးမှန်းသိရတော့တယ်… 😛

    ကဲ နွယ်ပင်ရေ… အာဂက ယောက်ျားလေးတဲ့… :mrgreen:

  • Mike

    January 15, 2015 at 1:48 pm

    .အမျိုးကောင်းစား ရုံ လုပ်သူတွေကိုတော့ “အာဂယောက်ကျား” လို့မခေါ်ပါနဲ့ကိုခင်ခရယ်
    .အဲ့လူတွေက သူခိုးကြီးတွေပါ :dd:

  • kai

    January 17, 2015 at 1:57 am

    အာဂလူလို့ပြောရင်.. ရှေးရှေး.. အထကောက်လူတွေက.. မကြိုက်..
    အာဂလူ..
    အူကလာ…
    အူကလာတာ.. ?? :k:

    • မြစပဲရိုး

      January 17, 2015 at 6:01 pm

      ဝက်အူချောင်း ထဲ က အသား က အူကလာတာလေ။
      လူအတော်များများ အလွန်ကြိုက်ပေါ့။ lol:-))))

  • Ma Ma

    January 17, 2015 at 3:23 pm

    ဟိုရက်က ဖွဘုတ်မှာ ဗိုလ်ချုပ်နှစ်၁၀ဝပြည့်ပွဲအတွက် မုံရွာမှာ အလှူခံနေတာကို တောင်းစားတဲ့ အမယ်အိုတစ်ယောက်က ၂၀ဝ လှူသွားတာကို တွေ့လိုက်ရတော့ ဝမ်းသာဂုဏ်ယူမိသေးတော့တယ်။ 🙂

    • Before

      January 17, 2015 at 5:35 pm

      အဲဒါဘဲ ဗိုလ်ချုပ်ကို လေးစားတာ ကိုပြတာလေ

  • မြစပဲရိုး

    January 17, 2015 at 6:06 pm

    ကိုခ ရေ
    အောင်ဆန်း လို လူ ကတော့ တစ်သက် တစ်ယောက် ဘဲ ရနိုင်ခဲ့လား မသိပါဘူး။
    ဒါပေမဲ့ ကျွန်မတို့ အပြည့် မသုံးနိုင်ခဲ့ ဘူး။
    အခုလဲ ဒီလိုပါဘဲ။
    နှစ်ပေါင်း ၂၅ နှစ် ကျော် နီးပါး ဒီ အတိုင်း ဘဲ ထိုင်ကြည့် နေရတာ။ 🙄

    ဒါထက်
    ကိုခ ကို မြင်ဘူးသွားပြီ။ မှန်းတာထက် ပိုပြီး ငယ် နေပါရော့လား။ :))

    • Before

      January 17, 2015 at 8:45 pm

      အရီးရေ ဟုတ်ပ ၂၅ နှစ်လွန်ပေမယ့် ဖြစ်ချင်တာတော့ ဝေးကွာစဲနော်

Leave a Reply