တစ်ပတ်တစ်ရက် ဈေးမြင်ကွင်း

manawphyulayJanuary 16, 20152min1347

တစ်ပတ်တစ်ရက်ဈေးမှ ထမင်းကို ချိန်ခွင်နဲ့ ရောင်းနေပုံ
တစ်ပတ်တစ်ရက်ဈေးမှ ထမင်းကို ချိန်ခွင်နဲ့ ရောင်းနေပုံ

ရှမ်းပြည်ရဲ့ တစ်ပတ်တစ်ရက်ဈေးနေ့လေးနဲ့ ကြုံကြိုက်ခဲ့တဲ့အတွက် သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ထမင်းကို အိုးကြီးတွေနဲ့ချက်ပြီး ချိန်ခွင်နဲ့ ချိန်ရောင်းပုံသည်လည်း ထူးဆန်းသည့်မြင်ကွင်းပင် ဖြစ်ပါသည်။

ရှမ်းထမင်းသုပ်ဆိုင်လေးပါ။ စားကြည့်တော့ ကောင်းပါတယ်။ လူတွေကတော့ ကြိတ်ကြိတ်တိုးစားနေတာကို တွေ့ရှိခဲ့ရပါတယ်။
ရှမ်းထမင်းသုပ်ဆိုင်လေးပါ။ စားကြည့်တော့ ကောင်းပါတယ်။ လူတွေကတော့ ကြိတ်ကြိတ်တိုးစားနေတာကို တွေ့ရှိခဲ့ရပါတယ်။

IMG_20150101_095204

IMG_20150101_095312

နံနံပင်ကတော့ တစ်ရာဖိုးဆို တစ်လလောက်စားလို့ရတဲ့ သူတို့ဆီက ဈေးလေးပါပဲ
နံနံပင်ကတော့ တစ်ရာဖိုးဆို တစ်လလောက်စားလို့ရတဲ့ သူတို့ဆီက ဈေးလေးပါပဲ

IMG_20150101_102356

IMG_20150101_102524

7 comments

  • Kaung Kin Pyar

    January 16, 2015 at 10:12 am

    ရှမ်းပြည်ရောက်နေလား မနောရေ…..
    ရှမ်းပြည်ရဲ့ ဈေးနေ့တွေကို ကြုံခဲ့ဖူးတယ်….။ ဈေးသည်တွေက အထမ်းတွေနဲ့ နေရာအတည်တကျမဟုတ်ဘဲ တစ်ပတ်တစ်ခါရောက်လာပြီး ကုန်စိမ်းတွေ ရောင်းတာ….။ ချမ်းချမ်းနဲ့ မနက်အစောကြီး မိုးတောင်မလင်းသေးခင် သွားဝယ်ရတယ်…။ ဟင်းရွက်လတ်လတ်ဆတ်ဆတ်တွေ၊ မုန်ညှင်းထုတ်တွေ၊ ကောက်ညှင်းပေါင်းတွေ….။
    ရှမ်းခေါက်ဆွဲဆိုတာ…တစ်ပွဲတစ်ပွဲ အများကြီးပါပြီး…ဘယ်လောက်မှ မပေးရဘူး…
    တို့ဟူးနွေးဆို…နည်းနည်းမှ မအီတာ…၊ ဘယ်လောက်စားစား…
    အိုက်ဒါတွေနဲ့ နေခဲ့ဖူးတော့…ရန်ကုန်ရောက်ရောက်ချင်းတုန်းက အသက်ရှုကြပ်သကွယ်….။

  • အလင်းဆက်

    January 16, 2015 at 10:39 am

    အပေါ်က ရေလာရင်..သုံးပုံမြောက်က.. နီနီလေးတွေက..ဘာတွေလဲဟင်..

    • manawphyulay

      January 17, 2015 at 9:23 am

      မြန်မာအခေါ်ဆိုရင်တော့ အလင်းဆက်ရေ စာလေးခွေပေါ့။ သူတို့ကတော့ ဆန်နဲ့လုပ်တဲ့ မုန့်ကြွပ်နဲ့ ဂျုံနဲ့လုပ်တာတွေပေါ့။

  • Ma Ma

    January 16, 2015 at 10:40 am

    ထမင်းနဲ့ဟင်းကို ချိန်ခွင်နဲ့ ချိန်ရောင်းတာခုမှပဲ မြင်ဖူးတော့တယ်။
    နေရာသစ်တစ်ခုရောက်တိုင်း အတွေ့အကြုံသစ်တွေမြင်ရတွေ့ရတာကို သဘောကျတယ်။ 🙂

    • manawphyulay

      January 17, 2015 at 9:26 am

      ဟုတ်ပါတယ် အန်တီမမရှင့်
      မနောတော့ ရှမ်းပြည်ကတောင် မပြန်ချင် ဖြစ်မိတယ်။ စရောက်ခါစက အေးတော့ မနေတတ်ဘူး။ နောက်ရက်တွေရောက်တော့ ၉ နာရီဆို ရေချိုးလိုက်တော့တာပဲ… ဒါတောင် မနောတို့သွားရက်က သိပ်မအေးဘူး။ ခုဆို နှင်းတွေပိတ်နေတယ် ဆိုပြီး ရှမ်းပြည်က လှမ်းပြောတယ်။

  • Before

    January 16, 2015 at 10:53 am

    ရှမ်းပြည်ဘက်က မြို့ငယ်လေးတစ်မြို့ကိုရောက်တဲ့နေ့ တစ်မနက်ချမ်းချမ်းနဲ့စောင်ခြုံကွေးပြီးအိပ်နေတာ မနက်၉နာရီထိုးလောက်မှ ထလာပြီး လက်ဖက်ရည်ဆိုင်ကိုသူငယ်ချင်းနဲ့သွားသောက်တော့ ဆိုင်မှာလူသိပ်မရှိတာနဲ့ သူငယ်ချင်းကို မေးကြည့်တယ် မင်းတို့မြို့ကသူတွေ ချမ်းချမ်းနဲ့နပ်နေကြ တယ်ထင်တယ် လမ်းပေါ်အသွားအလာ သိပ်မရှိဘူးပေါ့၊ ဘယ်ကသာ သူတို့က မနက်အစောကြီး မိုးမလင်းခင် ဒီဆိုင်မှာ မနက်စာစားသောက်ပြီး တောင်ပေါ်လဘက်ခင်းသွားကြပြီ ခဏနေ အလုပ်ကတောင်ပြန်လာတော့မယ် ဒါကြောင့် လူနည်းနေတာဆိုဘဲလေ။
    အင်း ဒါကြောင့် ဆိုစကားဖြစ်လာတာနေမှာ ” မြန်မာစော ရှမ်းတောပြန်” ဆိုတာ။

  • Mike

    January 16, 2015 at 11:34 am

    .ခရီးသွားရတာ အတွေ့အကြုံ ထူးတွေ တွေ့ရ..အစားစာဆန်းတွေစားရနဲ့တကယ့်ပျော်စရာပါပဲ

Leave a Reply