ပျော်ရွှင်ကြည်နူး အတွေ့ထူး….Happy event at KK Motel

ခုတလော ရွာထဲမှာရော…မန်းဂဇက်ရွာသူားများ ဂရု ဖေ့ဘုတ်မှာပါ
ရွာသူရွာသားများ တွေ့ဆုံပျော်ရွှင်နေကြတဲ့ ပုံလေးများကို တွေ့နေရတဲ့အပြင်
ပုံအောက်မှာ အပြန်အလှန် ကွန်မန့်တွေနဲ့ ပြောကြဆိုကြ ၊ စကြ နောက်ကြ
တာတွေဖတ်ပြီးကြည်နူးပီတိဖြစ်နေမိပါတယ်…ရိုက်ထားကြတဲ့ပုံတွေကလည်း
ညီအကို မောင်နှ၊ တူဝရီး အရင်းအချာများလို နွေးနွေးထွေးထွေးရှိနေကြတာ
သတိမပြုပဲမနေနိုင်အောင်ပါပဲ…ကျုပ်ကတော့ ဓါတ်ပုံတင်မက အပြင်မှာပါဆုံတွေ့ကြတဲ့အထဲ
အမြဲလိုလိုပါနေတော့ လက်တွေ့မှာလည်း ရွာသူားတွေအချင်းချင်း တရင်းတနှီးရှိလွန်းတာကို
တွေ့ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ရုံမက ခံစားရပါတယ်…..
တဆက်တည်းတွေးမိတာက…ကျုပ်တို့တတွေဟာ တစ်ရပ်တစ်နယ်စီမှာနေကြပြီး
တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူး မမြင်ဖူးခင်ကပင် အွန်လိုင်းပေါ် စာရေး
အပြန်အလှန်ကွန်မန့်ပေးကြရင်းနဲ့တင်…ဆွေမျိုးရင်းချာတွေလို ခင်မင်ရင်းနှီးကုန်ကြတာ
အံ့ဩနေမိပါတယ်…ရွာသူရွာသားတွေဟာ…ပညာ၊ အလုပ်အကိုင်၊ အတွေ့အကြုံ
နေရပ်ဋ္ဌာနေ၊ ဆင်းရဲချမ်းသာ၊ အသက်အရွယ်တွေ မတူကြသော်လည်း အပြင်မှာဆုံတွေ့ကြတော့
မတူတာတွေအားလုံးမေ့ပြီး….ဂဇက်ရွာသူရွာသား ဆိုတဲ့တူညီမှုလေးတစ်ခုနဲ့တင်
ချစ်ခင်ရင်းနှီးနေကြတာ အိမ်က မိသားစုဝင်တွေကတောင် အံ့ဩယူကြရပါတယ်…
တစ်နေ့ကလည်း နိုင်ငံရပ်ခြားက ခေတ္တပြန်ရောက်နေသူ ရွာသူ တစ်ဦးကိုတွေ့ချင်ပေမဲ့
တွေ့ဆုံပွဲ မတက်နိုင်ခဲ့လို့မတွေ့ရတာကို တွေ့ဖြစ်အောင်တွေ့ချင်းလွန်းတဲ့အာသီသနဲ့
ရွာသား ကိုနေချား နဲ့ ရွာသူမမ တို့က အကုန်အကျခံချက်ပြုတ်ကြော်လှော်ပြီး
တွေ့ဆုံပွဲသေးသေးလေးလုပ်ခဲ့လို့ ထပ်ဆင့်ပျော်ရွှင်ကြည်နူးခဲ့ရပါသေးတယ်…
ကြည်နူးမှု ပုံရိပ်တွေကြည့် ပြီး အဝေးကလူတွေရော..အနီးကလူတွေပါ…အပျော်လေးတွေမျှဝေလိုက်ရပါတယ်ဗျို့

ဖွယ်ဖွယ်ရာရာ စားစရာ
စေတနာအပြည့်နဲ့ ဖွယ်ဖွယ်ရာရာ စားစရာ

 

 

 

 

 

 

 

 

 

 

 

 

 

စားပွဲကြီး ဖွင့်လှစ်နေသူများ
စားပွဲကြီး ဖွင့်လှစ်နေသူများ

 

 

 

 

 

 

 

CIMG5213

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

စားသောက်ပြီးတော့ ဒီလိုဂိန်ကစားကြသေး
စားသောက်ပြီးတော့ ဒီလိုဂိန်ကစားကြသေး

 

 

 

 

 

 

 

 

 

 

 

 

 

မျှော်လင့်ချင်းကိုယ်စီနဲ့...
မျှော်လင့်ချင်းကိုယ်စီနဲ့…အသက်ပင်မရှုအား

 

 

 

 

 

 

 

 

 

 

 

 

 

ခိခိ..သူတို့လည်းအားမလျှော့
ခိခိ..သူတို့လည်းအားမလျှော့

 

 

 

 

 

 

 

 

 

 

 

 

 

ဒီလို ပြောင်ချော်ချော် ပျော်စရာပုံတွေလည်း အများချည်းပဲ ဖွဘုတ်မှာသာကျိကြပါတော့နော
ဒီလို ပြောင်ချော်ချော် ပျော်စရာပုံတွေလည်း အများချည်းပဲ ဖွဘုတ်မှာသာကျိကြပါတော့နော

 

 

 

 

 

 

 

 

 

 

 

 

 

မပြန်ခင်တော့ အမှတ်တရပေါ့
မပြန်ခင်တော့ အမှတ်တရပေါ့

 

 

 

 

 

 

 

 

 

 

 

စီစဉ်ပေးသူ ကိုနေးချား နဲ့ မမတို့ကိုကျေးဇူးအထူးတင်ပါဂျောင်း…..

ခင်မင်ရင်းနှီးစွာဖြင့်

ထာဝရလမ်းဆက်လျှောက်နေတဲ့….

ကြီးမိုက်။

၁၇၊ ၁၊ ၂၀၁၅

မှတ်ချက်။ အချို့ဓါတ်ပုံများကို ဖွဘုတ်တော်ဂျီးမှ ဒေါင်းယူပါသည်။  :))

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

38 comments

  • Ma Ma

    January 17, 2015 at 3:17 pm

    ဂိမ်းကစားတော့ နံပါတ်ခေါ်လိုက်တိုင်း ပါတယ် လို့ ထထအော်ပြီး မပေါက်တာ ဘယ်သူလဲ မသိဘူး။ :k:

    ရွဲစည်ဖွင့်တဲ့ အလှည့်မှာ ပေါက်ရင် % ပေးမယ်ဆိုလို့ သူ့ခမျာ မပါပါအောင် နှိုက်ပေးရှာတာ။ 😆

    • မြစပဲရိုး

      January 17, 2015 at 5:56 pm

      မမ ရေ့
      အဲဒီ အကြောင်းလေး အသေးစိတ် ထပ်ပြီး ပြောပြပေးပါ။
      သများတို့လဲ ဝင်ပါချင်လို့။ :))

      • Ma Ma

        January 17, 2015 at 9:08 pm

        ကျမတို့နယ်မှာနေတုန်းက ဘုရားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ ကစားတုန်းကတော့ ဟောက်စီလို့ ခေါ်တာပဲ။

        ကဒ်ပြားမှာ နံပါတ်တွေ ဗျောက်သောက်ရေးထားတာကို ဝယ်ရတယ်။
        နောက်တော့ ပေါက်မဲနံပါတ်တွေ နှိုက်ပေးတယ်။
        အဲဒါကိုယ့်ဆီမှာ ပါ မပါ လိုက်တိုက်ရတယ်။
        အရင်ဆုံး ၅လုံးတစ်တန်း (ဒေါင်လိုက်ပဲဖြစ်ဖြစ်၊ အလျှားလိုက်ပဲဖြစ်ဖြစ်) တန်းသွားတဲ့သူက နိုင်တာပဲ။

        ကစားတာတွေ မဲနှိုက်တာတွေ လုပ်ရင် တခါမှ မနိုင်ဖူးဘူး။
        မဲနှိုက်ရင်လည်း ဗလာပါရင် ကိုယ့်အတွက်၊ ဗလာမပါရင် အသေးဆုံးပေါက်မဲက ကိုယ့်အတွက်ပဲ။

        ဒီတခါတော့ ကံထူးရှင်ဖြစ်သွားတယ်။
        ကိုယ့်နံပါတ်လိုက်တိုက်နေကြတာနဲ့ ကံထူးရှင်ပုံတောင် မရိုက်လိုက်နိုင်ဘူး။

        • အလင်းဆက်

          January 18, 2015 at 7:08 am

          အဲဒါ ကစားတော့…နံပါတ်ခေါ်လိုက်တိုင်း..ပါတယ်…ဆိုပြီး..ထထအော်တာ..
          ပုံမှန် အော်သံကြားတာ…နှစ်ယောက်..
          ဦးမိုက်နဲ့…အန်တီဒုံ…
          နံပါတ်တိုင်းလိုလို..သူတို့…ဆီမှာ… ပါတယ်..
          ဒါမယ့်… ပေါက်သွားတာက..တခြား..
          အဟိ

          အဲဒါဆော့နေတုန်းကလည်း..ပျော်နေရတာပဲ..

          😆

    • padonmar

      January 17, 2015 at 10:18 pm

      ၃ကဒ်ကိုင်ပြီး မပေါက်တာရော ဘယ်သူလဲဟေ့ ။
      မရရင် နောက်တပွဲစမယ်။ဒို့ကစိတ်ကြီးတယ် ဆိုတာကော ဘယ်သူပါလိမ့်။
      ပြောတော့ တရုတ်သွေးပါတယ်တဲ့။

    • Mike

      January 19, 2015 at 9:56 am

      .ကံဆိုးရှာသူ ဘယ်သူရှိမတုန်းဗျာ…ကျုပ်ပေါ့ 😆
      .ကိစ္စမရှိပါဘူးလေ..အပြန် ပါဆယ်ဆွဲခဲ့တာနဲ့တင် တန်ပါတယ်…ခိခိ :k:
      .ရှက်လည်းရှက်ပါတယ်…ရှက်လည်းမရှက်နိုင်ပါ :))

  • Before

    January 17, 2015 at 5:26 pm

    ပျော်စရာကြီးနေမှာဘဲနော်
    ရွာသူားတွေနဲ့ အဲလိုလဲဆုံချင်ပါရဲ့ဗျာ
    တစ်ခါလောက် ဂဇက်ရွာတွေဆုံပွဲကို ညပွဲအဖြစ်လုပ်ဖို့စိတ်ကူးကြည့်ကြပါလားဗျာ

  • မြစပဲရိုး

    January 17, 2015 at 5:54 pm

    သများလဲ ဇီဇီလေး နဲ့ တွေ့ချင်လိုက်တာ။
    ဝါးလေး ကိုသိပြီ။ လုံမ အချောစား တွေပေါ့။

    ပုံထဲ မသိသူတွေ ရှိနေသေးရော။ ပြောပြပါ။
    လိမ္မော်ရောင် လေး တွေ ကို မိတ်ဆက်ပေးပါ။
    အစ်မဒုံ နားမှာ ဘော်ဒီဂတ် တစ်ယောက် မြင်နေရ။ ဘူသူလဲ။
    စိမ်ကျက်စင် မျက်နှာ ကတော့ ကျောင်စွဲ တောင် မှတ်မိသဟေ့။
    ညဖက်ကြီး နေမကာညက်မှန်ကြီး နဲ့ တစ်ယောက်ကိုလဲ မြင်ရတာ “စိတ်ညစ်တဲ့ယ့်”။
    lol:-))))))

    • ခင်ဇော်

      January 23, 2015 at 7:10 pm

      I also want to meet with you, my dear A Yee
      :chit:

  • တိမ်မည်း

    January 17, 2015 at 7:31 pm

    .ပျော်စရာကြီးပဲ။
    .လာမန့် သွားတယ်နော်။ ဦးကြီးမိုက်။ :mrgreen:

    • Mike

      January 19, 2015 at 9:51 am

      .သိုင်းကျူ းပါကိုတိမ်မည်းရေ… :))

  • padonmar

    January 17, 2015 at 8:47 pm

    လိမ္မော်ရောင် ဖောင်းဖောင်းက ရွာတော်ရှင်ဆူး။
    လိမ္မော်ရောင် သွယ်သွယ်က မနိုဗွီ။
    အချောလေးတွေချည်းပဲ။
    အမဒုံဘေးက မောင်ဘလှိုင်အတု။ေွိေွိ
    ……………………………..
    အန်တီမမတို့ Mini Restaurant က စားဖိုမှူးလက်ရာကြိုက်ရင် ဆိုင်ဖွင့်ထားပါပြီ။
    မိတ်ဆွေတွေနဲ့ ကျွေးစရာရှိရင် အားပေးနိုင်ပါတယ်လို့ ကြော်ငြာဝင်ပါတယ်။(ကြော်ငြာခပေးပါ)
    Take away လည်းရပါတယ်လို့။
    ပေါ့ပေါ့ပါးပါး လက်ဖက်ထမင်း၊အသုပ်စုံတွေလည်းရပါတယ်။
    ဝါးခယ်မမုန့်ဟင်းခါးရောင်းပါ။
    Ready made အထုပ်လေးဖောက်တည်ရုံပါဆိုတာ ပြောမရဘူး။
    ကဲ ..ရွာထဲ တိုင်လိုက်ပြီ။

    • Ma Ma

      January 17, 2015 at 10:42 pm

      ကိုယ့်ဆီမှာတည်းတဲ့သူတွေကို Breakfast လုပ်ပေးဖို့ စားဖိုမှုးခေါ်ထားရင်းနဲ့
      ကိုလာကလည်း အအေးရောင်းဖို့ပြောရင်း ထီးတွေ ထိုင်ခုံတွေပေးတာနဲ့
      အိမ်ရှေ့မှာပဲ ပေ့ါပေ့ါပါးပါး အစားအသောက်တွေ ရောင်းဖြစ်သွားတယ်။
      နီးနီးနားနားက ရုံးခန်းတွေရှိတော့ သူတို့တွေဆီက ဖုံးဆက်မှာရင်လည်း လိုက်ပို့ပေးတယ်။
      တခါတုန်းကတော့ စားနေကျအဲဒီရုံးကလူတွေ မွေးနေ့ဆိုပြီး ကြိုမှာပြီး အုပ်စုလိုက်ကြီး လာစားကြသေးတယ်။
      အချိုမှုန့်လျှော့၊ ဆီသန့်သုံးပြီး ဈေးမများပဲ(ပုံမှန်ဈေးနဲ့) ရောင်းနိုင်အောင် လုပ်ထားပါတယ်။
      🙂 🙂 🙂

      အာတီဒုံ ကြေညာပေးခက ဈေးကြီးတယ်။
      လက်ဖက်ထမင်းတစ်ပွဲကျွေးရင်တောင် သူဘာမှ ထပ်မစားနိုင်တော့ဘူး။ :k:

      • pooch

        January 19, 2015 at 4:03 pm

        မမရေ အနော်လည်း ကြော်ငြာပေးမယ် နော် နော် :mrgreenn:

        • Ma Ma

          January 20, 2015 at 7:04 pm

          welcome! 🙂

  • အလင်းဆက်

    January 18, 2015 at 7:14 am

    အဲဒီ ညက…တွေ့ဆုံပြီးအပြန်…
    ရွာထဲမှာ..ဘယ်လိုပိုစ့်လေးတွေ ထပ်တင်ရမလဲဆိုတာ…တွေးမိသွားတယ်ဗျ…
    ကျနော် တွေ့ဆုံဖူးသမျှ ရွာသူားတွေကို..တစ်ယောက်ချင်းဆီကို ကျနော် မြင်မိတဲ့ အမြင်လေးတွေ…ချရေးပြီး..
    အက်ဆေးအဖြစ် မှတ်တမ်းတင်ချင်တာ…
    ကျနော်နှင့်.. ဦးကြီးမိုက်..
    ကျနော်နဲ့ အန်တီဒုံ..
    ကျနော်နှင့် အန်တီမမ
    ကျနော်နှင့်..မခိုင်ဇာ..
    ကျနော်နှင့် မနိုဗွီ…
    စသည်ဖြင့်ပေါ့…
    တွေ့ဖူးတဲ့သူတွေကလည်း.တော်တော်များနေပြီ…
    ဆိုတော့…
    တစ်ယောက်ကို တစ်ပုဒ်နှုန်းနဲ့ရေးသွားရင်တောင်… သူကြီးဆီက နောက်တစ်သိန်း..မကြာခင်ရသွားမှာ..
    ဟီဟိ…

    (အလကားနောက်တာ..တစ်သိန်းရဖို့ဆိုတာထက်… ခင်မင်တွယ်တာရသူတွေနဲ့ ကျနော့်ကြားက..သံယောဇဉ်ဆက်နွယ်မိပုံလေးတွေကို…အက်ဆေးအဖြစ်..ဒိုင်ယာရီရေးကြည့်ချင်တာရယ်ပါ..)

    😆

  • weiwei

    January 18, 2015 at 8:19 pm

    အန်တီမမ ကိုယ်တိုင်ကြော်တဲ့ ငါးပုတ်ခြောက်ထမင်းကြော်ကို အကြိုက်ဆုံးပါ .. အိမ်က အမေ့မီးဖိုချောင်မှာတောင် အဲဒီထမင်းကြော်မီနူးအသစ်ထည့်ထားလိုက်ပြီ ..
    အရမ်းပျော်စရာကောင်းတဲ့ ညတစ်ညဖြစ်ခဲ့ပါတယ် ..

    • Ma Ma

      January 20, 2015 at 6:46 pm

      ဒီတခါတော့ ကံကောင်းတဲ့နေ့လို့ ပြောရမယ်။
      ကံစမ်းမဲလည်းပေါက်၊ ကိုယ်ချက်ထားတာကိုလည်း ကောင်းတယ်လို့ ပြောကြလို့။

      အမှန်က ကိုယ်က အချက်ကောင်းတဲ့ထဲ မပါဘူး။
      ချက်သာ ချက်ချင်တာ။

      အာတီဒုံက ငါးပုတ်ခြောက်ထမင်းကြော်ကောင်းတယ် လို့ ပြောတော့
      (တခြားဟင်းတွေ မစားရသေးလို့ဖြစ်မယ်)
      ဝမ်းသာအားရနဲ့ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် လိုက်လုပ်တာ။ :k:

  • aye.kk

    January 18, 2015 at 9:24 pm

    ပျော်စရာ၊ဂဇက်ရဲ ့..
    စာစီတဲ့ည…
    အမှတ်တရတွေနဲ ့..
    ပျော်စရာကောင်းလိုက်တာ…။
    မြင်ရတာနဲ ့တင်၊အရောက်လာခဲ့ချင်လိုက်တာ။

  • မြစပဲရိုး

    January 18, 2015 at 11:45 pm

    ဆူး ရဲ့ ကိုကို က အတော်အပြုအစု ကောင်း တယ်လား။
    နဲနဲ ပို ပြည့် လာတာ။
    ကလေး မပါဘူးလား။ အတော်ကြီးလောက်ပြီ။
    မနိုက ဒီဝတ်စုံ နဲ့ အရမ်း ကို နု နေတာ။
    အစ်မဒုံ နဲ့ မမ နောက်မှာ ရပ်ပြီး စပိုင် လုပ်နေတာ ရော ဘယ်သူလဲ။
    ပွဲ လေး အကြောင်း များ ပိုပြီး ဖွဲ့နွဲ့ မရေးပြချင်ကြဘူးလား။
    :))

    • Mike

      January 19, 2015 at 9:47 am

      .အစ်မဒုံ နဲ့ မမ နောက်မှာ ရပ်ပြီး စပိုင် လုပ်နေတာက အာတီဒုံ့ တူတော်မောင်ပါ
      .ဒီပုံတွေက မန်းဂဇက် ရွာသူားဖေ့စ်ဘုတ် ဂရုထဲ ပလူပျံနေပြီးသားပါ
      .ဂရုထဲမဝင်တဲ့ အရီးမုတ်ဆိတ် တို့လိုလူတွေမြင်ရအောင် ရွာထဲရေးတင်တာပါ
      .ပထမနေ့ကကွန်မန့် မရလို့ ရွာဂရုထဲသွားအော်လိုက်လို့..အခုလိုကွန်မန့်ဝင်ပေးကြတာကျေးဇူးပါ :k:

  • ဖားသက်ပြင်း

    January 19, 2015 at 12:00 am

    ချဉ်​ပါတယ်​​အေ
    မာမူးစ်​ခါအီဆိုက်ထဲမေ​နေဘဲ
    ဖွဘုတ်​မှာ ဗိုက်​တာမင်​ကျူခံစား​နေရင်​ ခုချိန်​စွံ​နေ​လောက်​ဘီ
    မိဂီ​လေး သနားထှာ
    :'(

    • မြစပဲရိုး

      January 19, 2015 at 12:07 am

      အော် ။ ဂလိုလား။
      စွံချင်နေတာကိုး။
      နေမကာ မျက်မှန်ကြီး မချွတ်ဘဲ တပ်ထား တာ အခုမှ သိရော့တယ်။
      မျက်ဝတ် တွေ နဲ့ ဆိုရင် အတော် ခံရခက်မှာ။
      သနားပါတယ် ဟယ်။
      အခုရော သက်သာသွားပြီလား။
      မျက်ထောင့်နီ ကြီးပေါ့။
      🙄

      • Iris

        January 20, 2015 at 6:47 pm

        မာမူးခါအီစ်​ ဆိုက်​ထဲက က​လေးမ​တွေသူ့အ​ကြောင်​းအကုန်​သိ​နေလို့ မစွံတာ။ အသစ်​က​လေးမ​တွေလဲသူ့​ကြောင်​့မလာ​တော့တာ​နေမှာ။ သဂျီးက​တောင်​သူ့ကိုပြန်​အပြစ်​​ပြောသင်​့တယ်​။

        • ဖားသက်ပြင်း

          January 20, 2015 at 7:21 pm

          တယ်​
          ဒီအာပျိုယီး
          ချဉ်​ထှာ
          :'(

  • Iris

    January 20, 2015 at 6:44 pm

    အန်​တီမမ က အရမ်​းချစ်​ဖို့​ကောင်​းပါလား။ ရန်​ကုန်​​ရောက်​ရင်​ ထမင်​းအလကားလာတီးမို့လို့.☺
    ငါးပုပ်​​ချောက်​ထမင်​း​ကြော်​ပိုစ်​့တင်​ပါဗျို့.အန်​တီမမ လက်​ရာမစားရ​တော့ ကိုယ်​့ဟာကိုယ်​​ကြော်​စားမယ်​။

    • Ma Ma

      January 20, 2015 at 7:02 pm

      ခါတိုင်းဆို တခုခု ချက်ပြီဆိုတာနဲ့ ကင်မရာဘေးနားထားပြီး ရိုက်တော့တာပဲ။
      အဲဒီနေ့ကတော့ စားကောင်းမကောင်းလည်း မသေချာတာနဲ့ မရိုက်ဖြစ်လိုက်တာ။

      နောက်တခါထပ်ကြော်ပြီး တင်ဖို့ စိတ်ကူးထားတာနဲ့ မြှောက်ပေးတဲ့သူရှိတာနဲ့ အတော်ပဲ။
      ရန်ကုန်ရောက်ရင် နို့ဆီခွက်ခေါက်လိုက်။ 🙂

  • manawphyulay

    January 22, 2015 at 12:02 pm

    အွန် မနောတောင် မဖိတ်ဘူးနော်… ဒီလို ပျော်ရွှင်မှုကိုတော့ ခုမှ မျှဝေခံစားရတယ်…
    ချိတ်ချိုးတွားပြီ…
    😥 😥

    • Ma Ma

      January 22, 2015 at 2:17 pm

      ချိတ်ချိုးပါနဲ့ မနောရယ်။
      တွေ့ပုချိ။
      ဖိတ်ရမှာလည်း အားနာ၊
      မဖိတ်ရတာလည်း အားနာ။ :P:

  • ဦးကျောက်ခဲ

    January 22, 2015 at 1:02 pm

    ဗိုက်စ် ရက်ချိန်းပြရမှာမို့ အမှီပြန်ပြေးရတာ နာသဗျာ… ဒီပွဲ လွတ်သွားတယ်…
    သန်လျင်ကအပြန် လေဆိပ်မဆင်းခင်လေး ၊ ကြက်ဘူးသီး ကန်စွန်းရွက်ကြော်…
    ကလျော်ကမယ်လေးတော့ အိမ်မှာ ချက်ကျွေးဖြစ်သေးတယ် …
    :k:

    • ခင်ဇော်

      January 23, 2015 at 7:08 pm

      Thank you so much for your delious dinner and precious time for us,
      :chit:

  • Novy

    January 23, 2015 at 12:00 pm

    ဒီပိုစ့်ကိုဒီနေ့မှတွေ့အိ
    ဒီတော့ဒီနေ့မှမန်းရအိ
    အရမ်းပျော်ပါအိ
    မိတ်ပေးတဲ့ မမကိုကျေးကျေး
    ဆူရဲ့ဂိမ်းလေးပါပါတော့ပိုပြီပျော်
    1500 ရှုံးတယ်ပြောတော့ အကိုကြီးနေချာက1500ထပ်ပေးမဲ့သူတွေရောက်လာလိမ့်မယ်တဲ့
    ဟီးးးးးးးးးးးးးးးးးးးးးးးးးး

    • အလင်းဆက်

      January 23, 2015 at 12:17 pm

      အဲ့နေ့က…သမီးတော်လေးကို ခေါ်လာရင်…ပိုပြော်မိမှာပါ…ယောက်ခမ

      :k:

      • ခင်ဇော်

        January 23, 2015 at 7:14 pm

        Thank you so much, chit Ma Ma and u nature for unforgettable moment, food and party.
        That time is one of my happiest times in life.

  • chate chate

    January 26, 2015 at 11:11 am

    ကြည့်ရတာ ပျော်စရာကြီး

  • ဦးကြောင်ကြီး

    January 26, 2015 at 1:35 pm

    မားမားတူမရေးလည်း အတွေ့ပါရား.. အနော်လာမြည်စို သူ ဧည့်ခံမှာရား..

    • Ma Ma

      January 26, 2015 at 5:19 pm

      ကြိုရှောင်လို့ ရတာပေ့ါနော် 😛

Leave a Reply