HOMAGE TO OUR FATHER
ဗိုလ်ချုပ်အောင်ဆန်းအဲချင်းသစ်

အဲဒါလေ … မသေလမ်းပဲ
မခန်းသောမြစ်၊ စီးရစ်သွင်ဆဲ
ရှင်သူတို့ လွမ်း၊ တမ်းတဆွေးမြဲ
သူ့ သွေးနံ့ က၊ ပျံ့ သင်းထုံဆဲ
သူ့ ဂုဏ်ရည်နဲ့ ၊ တစ်ပြည်လုံးစွဲ
မိုးစုံးချုပ်မှောင်၊ ကျဉ်းလှောင်ညထဲ
လမ်းပြကြယ်ဦး၊ အရုဏ်ခူးဆဲ
နွေဦးမတ်လ၊ ကိုယ်ထင်ပြဆဲ
မကျဆုံးသော၊ နှလုံးသားထဲ
တရားမွန်လတ်၊ သေအောင်သတ်လည်း
သတ်တိုင်းမသေ
အဲဒါလေ … မသေလမ်းပဲ
မခန်းသောမြစ်၊ စီးရစ်သွင်ဆဲ
——————-
———————–
———————-

ေ အ ာ င္ ေ ၀ း
ဒီဇင္ဘာ ၂၂- ၂၀၁၄။

 

 

မှတ်ချက်။  ။ မြန်မာ့ဂဇက် ဖေဖော်ဝါရီ ၂၀၁၅ထုတ်တွင်ဖေါ်ပြပြီးဖြစ်သည်။

kai

About kai

Kai has written 936 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.