HOMAGE TO OUR FATHER – အောင်ဝေး

kaiJanuary 17, 20151min1053

HOMAGE TO OUR FATHER
ဗိုလ်ချုပ်အောင်ဆန်းအဲချင်းသစ်

အဲဒါလေ … မသေလမ်းပဲ
မခန်းသောမြစ်၊ စီးရစ်သွင်ဆဲ
ရှင်သူတို ့လွမ်း၊ တမ်းတဆွေးမြဲ
သူ ့သွေးနံ ့က၊ ပျံ ့သင်းထုံဆဲ
သူ ့ဂုဏ်ရည်နဲ ့၊ တစ်ပြည်လုံးစွဲ
မိုးစုံးချုပ်မှောင်၊ ကျဉ်းလှောင်ညထဲ
လမ်းပြကြယ်ဦး၊ အရုဏ်ခူးဆဲ
နွေဦးမတ်လ၊ ကိုယ်ထင်ပြဆဲ
မကျဆုံးသော၊ နှလုံးသားထဲ
တရားမွန်လတ်၊ သေအောင်သတ်လည်း
သတ်တိုင်းမသေ
အဲဒါလေ … မသေလမ်းပဲ
မခန်းသောမြစ်၊ စီးရစ်သွင်ဆဲ
——————-
———————–
———————-

ေ အ ာ င် ေ ဝ း
ဒီဇင်ဘာ ၂၂- ၂၀၁၄။

 

 

မှတ်ချက်။  ။ မြန်မာ့ဂဇက် ဖေဖော်ဝါရီ ၂၀၁၅ထုတ်တွင်ဖေါ်ပြပြီးဖြစ်သည်။

3 comments

  • ဝင့်ပြုံးမြင့်

    January 18, 2015 at 12:38 am

    .ဆရာအောင်ဝေးကို အပြင်မှာတစ်ကြိမ်တွေ့ဖူးပါတယ်။ မျှစ် အကြိုက်ဆုံး ကဗျာဆရာက မောင်ချောနွယ် ပြီးရင် သူပဲ။

  • Mike

    January 19, 2015 at 11:39 am

    .“မသေလမ်းပဲ
    .မခန်းသောမြစ်၊ စီးရစ်သွင်ဆဲ”…ကြိုက်တယ်ဗျာ….ဒါပဲပြောတတ်တယ်

Leave a Reply