ရသာ မှော်ရုံJapan
………..

သူမကို မီးသဂြိုဟ် စက်သို့ ပို့မည့်နေ့သည် ကျနော် အကြေကွဲရဆုံး နေ့တနေ့ ဖြစ်ခဲ့သည်..
ဒါပေမဲ့ သူမသည် ကျနော့် အတွက် မျိုးဆက်တခု ထားခဲ့လေသည်…
ထိုမျိုးဆက်ကို ဆက်လက် ကြီးပြင်းဘို့ရန်အတွက်
သူမရဲ့ အမျိုးများရှိရာ ဂျပန်နိင်ငံသို့..စုံစမ်းရန် အေးဂျင့်တဦး ရှာရအုံးမည်

သူမ ကျနော့ ရင်ခွင်သို့ ၁၉၉၄ မှာ ရောက်ရှိလာသည်…သူမသည် ထိုခေတ်အခါမှာတော့ လှပသော ဂျပန်မလေးတယောက်သာ…

အစ ပထမတွင် ဗမာပြည် ရာသီဥတုနှင့် သူမ အဆင်မပြေလှ..
သို့သော် သူမသည် ဗမာပြည်တွင် ပျော်သည်ဟု ဆိုသည်..
ကျနော့အတွက် ဘုရားသွား ကျောင်းတက် အဖော်မွန်ကောင်းဖြစ်ခဲ့သည်..
ရန်ဖန်ရန်ခါ နွဲ့ဆိုး ဆိုးတာမှလွဲ၍…သူမသည် ကျနော့ အပေါ် အလွန် အနွံအတာခံသည်..
ခေတ်တွေ အမြင်တွေ ဘယ်လိုပြောင်းပြောင်း ကျနော်သည် သူမကို လက်တွဲ မဖြုတ်ခဲ့..
နောက်ဆုံး ထွက်သက်အထိ ရှင်သန်မည်ဟု ကတိစကားဆိုခဲ့သည်…
သို့သော် သူမသည် ရုတ်တရက် ချူချာလာ၍ ကျနော့ ကို ခွင့်တောင်းကာ လူ့လောကမှ စွန့်ခွာသွားသည်

ဝမ်းနည်းမနေပါနဲ့..ဒါလင်ရယ်..ကျန်ခဲ့တဲ့ မျိုးဆက်ကလေးကိုသာ ရှင်သန်အောင် ကြိုးစားပေးပါ…တဲ့
……
ကျန်ခဲ့သော မျိုးဆက်အတွက်…သူမဆွေမျိုးများကို
အေးဂျင့်နှင့်အတူ ကျနော် ဂျပန် web site တွေမှာ လိုက်ရှာသည်…
ခေတ်တွေပြောင်းေ တာ့ အားလုံးလည်း ပြောင်းလဲသွားပြီ..

အေးဂျင့်က ဓာတ်ပုံတွေပြသည်
ဟင့်အင်း..ဓာတ်ပုံများကြည့်၍.ကျနော်.. မဆုံးဖြတ်နိင်ခဲ့..
ရာဇဝင်ကို သေချာလေ့လာရသည်

ပိန်ပိန် ရှည်ရှည်..မဖြစ်နိင်
ပုပုတိုတိုလည်း ..မဖြစ်နိင်
ဒါဆိယင် ဆက်ကော့လက်ကော့ တွေရော…အင်း…

သူမ အမျိုးတွေ ဆိုယင်တော့ ရှေ့ကကြည့်လည်း ယဉ်သည်…နောက်ကကြည့်လည်း ယဉ်သည် ပဲ ဖြစ်မည်…
ထိုကဲ့သို့ ရုပ်သွင်မြင်လျှင် ကျနော် အပြေးအလွား ကြည်မိသည်…
ဟုတ်သေးပါဘူးလေ…ရုပ်ကလေးလှယုံနဲ့ မပီးသေး…ကျန်းမာရေး..လူမှု့ရေး..အစစ ပြည့်စုံမှ ..
သူမက classic တော့ ဖြစ်ရမှာပေါ့…

ရှာလို့တွေခဲ့ရင်တောင်..နိင်ငံတော်က ချမှတ်တဲ့ နေထိုင်ခွင့် ဥပဒေများနှင့် ပြည်ဝင်ခွင့် ခေါ်ရန်ခက်လှသည်
………

ဘာပဲဖြစ်ဖြစ်
သူမ ချန်ရစ်ခဲ့သော မျိုးဆက်ရဲ့ ဆွေမျိုးတော်စပ်သူ..ဂျပန်နိင်ငံသူ တယောက်တွေ့ခဲ့ရင် ကျနော့ကို အကြောင်းကြားပေးပါရန်
……

ကားဟောင်းစလစ် တခုကို ကိုင်ယင်း…..

=============

မန်းလေး ဂေဇတ် နဲ့ ဝေးတာ  ကြာပြီ..ဗိုလ်လိုရေးတော့ စာဖတ်သူ အချို့ အတွက် အဆင် မပြေ…ဗမာလို ကလည်း မရိုက်တတ်တာ အခက်သား…

ဂေဇတ် ထဲ က သူငယ်ချင်း… ကြီးမိုက် မြှောက်ပေးတာ နဲ့ ဗမာလို ကြိုးစား ရိုက်ထား တာ ပါ….ပင်ပမ်းထှာ…

About Silver Twig

Silver Twig has written 7 post in this Website..