ရသာ မှော်ရုံ

Silver TwigJanuary 18, 20151min25134

 

 

 

ရသာ မှော်ရုံJapan
………..

သူမကို မီးသဂြိုဟ် စက်သို့ ပို့မည့်နေ့သည် ကျနော် အကြေကွဲရဆုံး နေ့တနေ့ ဖြစ်ခဲ့သည်..
ဒါပေမဲ့ သူမသည် ကျနော့် အတွက် မျိုးဆက်တခု ထားခဲ့လေသည်…
ထိုမျိုးဆက်ကို ဆက်လက် ကြီးပြင်းဘို့ရန်အတွက်
သူမရဲ့ အမျိုးများရှိရာ ဂျပန်နိင်ငံသို့..စုံစမ်းရန် အေးဂျင့်တဦး ရှာရအုံးမည်

သူမ ကျနော့ ရင်ခွင်သို့ ၁၉၉၄ မှာ ရောက်ရှိလာသည်…သူမသည် ထိုခေတ်အခါမှာတော့ လှပသော ဂျပန်မလေးတယောက်သာ…

အစ ပထမတွင် ဗမာပြည် ရာသီဥတုနှင့် သူမ အဆင်မပြေလှ..
သို့သော် သူမသည် ဗမာပြည်တွင် ပျော်သည်ဟု ဆိုသည်..
ကျနော့အတွက် ဘုရားသွား ကျောင်းတက် အဖော်မွန်ကောင်းဖြစ်ခဲ့သည်..
ရန်ဖန်ရန်ခါ နွဲ့ဆိုး ဆိုးတာမှလွဲ၍…သူမသည် ကျနော့ အပေါ် အလွန် အနွံအတာခံသည်..
ခေတ်တွေ အမြင်တွေ ဘယ်လိုပြောင်းပြောင်း ကျနော်သည် သူမကို လက်တွဲ မဖြုတ်ခဲ့..
နောက်ဆုံး ထွက်သက်အထိ ရှင်သန်မည်ဟု ကတိစကားဆိုခဲ့သည်…
သို့သော် သူမသည် ရုတ်တရက် ချူချာလာ၍ ကျနော့ ကို ခွင့်တောင်းကာ လူ့လောကမှ စွန့်ခွာသွားသည်

ဝမ်းနည်းမနေပါနဲ့..ဒါလင်ရယ်..ကျန်ခဲ့တဲ့ မျိုးဆက်ကလေးကိုသာ ရှင်သန်အောင် ကြိုးစားပေးပါ…တဲ့
……
ကျန်ခဲ့သော မျိုးဆက်အတွက်…သူမဆွေမျိုးများကို
အေးဂျင့်နှင့်အတူ ကျနော် ဂျပန် web site တွေမှာ လိုက်ရှာသည်…
ခေတ်တွေပြောင်းေ တာ့ အားလုံးလည်း ပြောင်းလဲသွားပြီ..

အေးဂျင့်က ဓာတ်ပုံတွေပြသည်
ဟင့်အင်း..ဓာတ်ပုံများကြည့်၍.ကျနော်.. မဆုံးဖြတ်နိင်ခဲ့..
ရာဇဝင်ကို သေချာလေ့လာရသည်

ပိန်ပိန် ရှည်ရှည်..မဖြစ်နိင်
ပုပုတိုတိုလည်း ..မဖြစ်နိင်
ဒါဆိယင် ဆက်ကော့လက်ကော့ တွေရော…အင်း…

သူမ အမျိုးတွေ ဆိုယင်တော့ ရှေ့ကကြည့်လည်း ယဉ်သည်…နောက်ကကြည့်လည်း ယဉ်သည် ပဲ ဖြစ်မည်…
ထိုကဲ့သို့ ရုပ်သွင်မြင်လျှင် ကျနော် အပြေးအလွား ကြည်မိသည်…
ဟုတ်သေးပါဘူးလေ…ရုပ်ကလေးလှယုံနဲ့ မပီးသေး…ကျန်းမာရေး..လူမှု့ရေး..အစစ ပြည့်စုံမှ ..
သူမက classic တော့ ဖြစ်ရမှာပေါ့…

ရှာလို့တွေခဲ့ရင်တောင်..နိင်ငံတော်က ချမှတ်တဲ့ နေထိုင်ခွင့် ဥပဒေများနှင့် ပြည်ဝင်ခွင့် ခေါ်ရန်ခက်လှသည်
………

ဘာပဲဖြစ်ဖြစ်
သူမ ချန်ရစ်ခဲ့သော မျိုးဆက်ရဲ့ ဆွေမျိုးတော်စပ်သူ..ဂျပန်နိင်ငံသူ တယောက်တွေ့ခဲ့ရင် ကျနော့ကို အကြောင်းကြားပေးပါရန်
……

ကားဟောင်းစလစ် တခုကို ကိုင်ယင်း…..

=============

မန်းလေး ဂေဇတ် နဲ့ ဝေးတာ  ကြာပြီ..ဗိုလ်လိုရေးတော့ စာဖတ်သူ အချို့ အတွက် အဆင် မပြေ…ဗမာလို ကလည်း မရိုက်တတ်တာ အခက်သား…

ဂေဇတ် ထဲ က သူငယ်ချင်း… ကြီးမိုက် မြှောက်ပေးတာ နဲ့ ဗမာလို ကြိုးစား ရိုက်ထား တာ ပါ….ပင်ပမ်းထှာ…

34 comments

  • မြစပဲရိုး

    January 18, 2015 at 11:58 pm

    ကိုငွေ ရယ်
    အပေါ်က ဂျာပွန် မ လှလှ လေး ပုံကြည့်ပြီး တကယ်များ လားလို့။
    အရေးကောင်း၊ အတွေးကောင်းပါလား။ lol:-))

    ကားလေး က ဘာ ဘရန်း တုန်းရှင့်။
    ဂျာပွန်ကားတွေထဲ ကျွန်မတော့ နစ်ဆန်း ကို အကြိုက်ဆုံး။
    အရင် အဟောင်းလေး က နစ်ဆန်း ပရိုင်မဲယား။
    အခုတော့ ဟွန်ဒါ။
    အဟောင်း လေး ကို လွမ်းတုန်း။

    • Silver Twig

      January 19, 2015 at 4:01 pm

      She had been in my hands about 20 years. Needless to say how much I miss her.
      If you delete the last line of my post, then, what would you say.
      Sorry, typing English is easier for me.
      Thanks for your your comment

      • မြစပဲရိုး

        January 22, 2015 at 3:49 am

        Hi Ukankomi San,

        Sorry for answering you so late.
        I have just read your first post “say my name” again and tried to relate with this one which was read without the last line.
        I just wish it wasn’t a real story.

        Well…
        If you believe that you will never find someone else who can match her, please do other way around.
        Please make a list the things you don’t like (may be a few) of her.
        And find someone who don’t have those things.

        What do you think?
        Will it work out?

        Do the same way when you find the new car?

        If you think that it doesn’t work at all, please just simply use public transport.
        And the same way of finding lady. 😉
        (just joking…. ) :-))))))))))))))

        Looking forward to reading more interesting stories from you. :))

        • Silver Twig

          January 22, 2015 at 8:56 pm

          ha ha…..love what you said..
          ဗမာလို ရေးလဲ ရပါတယ်ဗျ…. ကျနော်က သာ type ရိုက်တာ မကျွမ်းကျင်တာပါ..
          ကားနဲ့ ပတ်သတ်လို့… ကျနော်က engineer ဗျ..
          ဗမာလို ပြောရင် ကဂျီကဂျောင် ကြတယ်ပေါ့..
          အတွင်းခန်းကလည်း luxury ဖြစ်မှ..
          အပြင်က ကြည့်ရင်လဲ..excitation ဖြစ်မှ
          engine ကလည်း fuel efficiency ဖြစ်မှ..
          ဈေးကလည်း…သက်သာမှ…
          Top of that I hate to give government tax…

          Thanks you very much for your comment..
          တခုတော့ ပြောမယ် လူတိုင်းကို မယုံနဲ့
          I am not who I am what you think of..
          ကျနော်က ကြီးမိုက် ဘော်ဒါ အရင်းခေါက်ခေါက်….

        • မြစပဲရိုး

          January 24, 2015 at 3:22 am

          သိသားဘဲ။
          ဝါသနာ အရ တမင် ဆုံးမစကား ဝင်ပြောတာ။ 😉 :))

  • ဖားသက်ပြင်း

    January 19, 2015 at 12:07 am

    အဟုတ်​မှတ်​လို့ဖတ်​​နေတာ
    ကျုပ်​​တော့ အီတာလျံမ​လေးပဲမှန်​းဘာဒယ်​
    ဘူဂတ်​တီရရ ဖလညရီရရ လမ်​​ဘော်​ဂနီရရပါ
    စမူဆာ မမယီး​ဒေမစဂျဘာ
    🙂

    • မြစပဲရိုး

      January 19, 2015 at 12:11 am

      အဲ့ကားမျိုး တကယ် လိုချင်ရင် မမယီး တွေ အစား ဘဘယီး တွေ က ပို လက်တွေ့ကျလိမ့်မယ် ထင့်။
      ရှာကြည့်။
      lol:-)))))

      • Silver Twig

        January 19, 2015 at 5:14 pm

        ကျနော် ကြိုက်တာ..
        Nissan Qashqai..
        လှ ဧ။် ရွဧ။် ကြွ ဧ။်

    • Silver Twig

      January 19, 2015 at 4:06 pm

      Choosing a car is like looking into woman. Checking rear view, lifted or not, checking front view, booty or not. How does she look like, old model of Soe Myat Thu Zar or new model of Khin Wint Wah…
      Looking for a new car, I am now having such habit
      Thanks Mr. ဖားသက်ပြင်း

      Sorry for my typing

    • Silver Twig

      January 19, 2015 at 5:09 pm

      စိတ်ကူးယဉ်တာပဲဗျာ…..
      အီတာလျံ ဖြစ်ဖြစ်..
      အင်ဂလန်ဖြစ်ဖြစ်…
      ဈေးကြီးတာပဲ ရွေးယဉ်ဗျာ…

  • Foreign Resident

    January 19, 2015 at 8:26 am

    ဟဲ ၊ ဟဲ ၊ ကားအသစ် ဘာပြန်သွင်းမယ် စဉ်းစားထားသတုံး ။
    ဘယ်ဈေးလောက် သုံးမယ် စဉ်းစားထားသတုံး ။
    ပြောကြည့်လေ ။ ဝိုင်း အကြံပေးကြမှာပေါ့ ။

    • Silver Twig

      January 19, 2015 at 4:15 pm

      I am looking for a car what I really want to ride. When I talk about the model of the car, the dealer eyeing me like a crazy guy. Most advise me to choose what people generally like in Burma, eg Toyota wish.
      I don’t know about how they nickname the car in Burma something like gold fish, parrot, etc.
      I am browsing internet to check the specification of a car, engine model, fuel consumption, interior design, excitation of exterior.
      And finally I found a car which I can afford.
      Toyota Auris, hatchback 180 GS, 2009 late with valvematic engine.
      One more, love to buy the car from Auction, excitation.
      Thanks Foreign Resident.


      BTW, if you delete the last line of my post, this is the part 2 of my previous post, “ukankomi”

      • Foreign Resident

        January 19, 2015 at 6:04 pm

        ဦး Silver Twig ။
        ဟဲ ဟဲ ၊ ကျနော်လည်း ကား အကြောင်း သိပ်မကျွမ်းလှပါဘူး ။
        ဝင် အာ ကြည့်မလို့ရယ်ပါ ။
        Toyota တွေကတော့ မြန်မာကြိုက်ပေါ့လေ ။
        မာတာကိုး ၊ Spare Parts လွယ်တာကိုး ။

  • manawphyulay

    January 19, 2015 at 9:15 am

    ဂျပန်မက စွန့်ပစ်သွားတော့ ဒီပြင် နိုင်ငံသူတွေကော မရှာဘူးလားရှင့် သူ့အမျိုးတွေက မျိုးဆက်တွေစပ်လို့ရတယ်။

    • Silver Twig

      January 19, 2015 at 4:44 pm

      Yes I do. ရှာပါတယ်…အရှေ့ အနောက်
      ုကြိုက်တာက…UK က ထုတ်တဲ့.. Nissan Qashqai. 1.6cc
      Import လုပ်ဖို ့ မလွယ်လို့ လက်လျော့ လိုက်ပါတယ်..

      Similar to Nissan Qashqai is produced in Jpapan called Nissan Dualis, 2.0cc, which is higher to pay CIF tax,
      I cursed anf gave up.

      Thanks manawphyu..

      • Wow

        January 23, 2015 at 9:43 am

        အွမ် ကိုယ့်ပို့်စ်မာ ကိုယ့်ကောမက် ကွကိုယ်စိမ်းလိုက်တာ ကြိုက်သဗျာ
        ငါ့လှေငါထိုးပခိုးရောက်ရောက် :mrgreen:

        • Silver Twig

          January 25, 2015 at 7:26 pm

          ပြောပီးပါရော..မည်သို့ လုပ်မိသည် မသိပါလို့…
          engr ဗျ. ဟိုကလိ ဒီကလိ ဝါသနာ ပါတယ်

  • Mike

    January 19, 2015 at 10:46 am

    .ဘရာဗိုပါ သူငယ်ချင်း…နင်ဖွဘုတ်မှာရေးထားတည်းက ဖတ်လို့ကောင်းတယ်ချီးကျူးခဲ့ပါသေးတယ်
    .ခုလိုရွာထဲလာတင်ပေးတာ သင့်ခရုပါ ကွာ
    .ခုမြန်တျန့် လိုရိုက်တတ်ပီဆိုတော့ မကြာမကြာတင်ပါကွ..နင့်အတွေးနဲ့အရေးလေးကောင်းပါတယ်
    .(ဟီဟိ..အတည်ပေါက်မြှောက်ပြောသွားဘာသီ :k: )

    • Silver Twig

      January 19, 2015 at 5:05 pm

      ငါစိတ်ပါမှ…တင်မယ်..နင်မြှောက်တိုင်း မမြောက်…

      • Silver Twig

        January 19, 2015 at 5:23 pm

        ဟိုကလိ ဒီကလိ လုပ်တာ ဘာတွေ ဖြစ်ကုန်မှန်း မသိဘူး..
        Don’t know how to edit the comments

  • padonmar

    January 19, 2015 at 8:24 pm

    ကွန်မန့်က ကိုယ့်ဖာသာပြင်လို့မရဘူးလေ။
    ပို့စ်ကို ပြင်လို့ရချင်ရင် များများရေးပါ။
    ၂၅ပုဒ်ကျော်ရင် ကိုယ့်ပို့စ်ကိုယ် ပြင်လို့ရတဲ့ ရာထူးတိုးပေးလိမ့်မယ်။
    ဒါမှမဟုတ် တွေ့ဆုံပွဲမှာ မျက်နှာလာပြ၊
    ဒါမှမဟုတ် ရွာသူားတွေကို လက်ဖက်ရည်+မုန့်ကျွေး
    ဒီ ၃နည်းမှာ ကြိုက်ရာသုံးပါလေ။
    ……….
    အောက်ဆုံး တကြောင်းမပါလည်း မှန်းမိပါတယ်လို့…

    • Silver Twig

      January 20, 2015 at 6:53 am

      Thanks padonmar

      that’s why I love Mandalay Gazette, feel like home.
      လက်ဖက်ရည်+မုန့်ကျွေး …..ရပါတယ်ဗျာ….
      ကျနော့် အတွက် ပျော်စရာ ခင်စရာ..မိတ်ဆွေ အသစ် တိုးတာပေါ့..
      စာပေ သမားတွေကို လေးစား ပြီးသား ပါ..

      • Mike

        January 20, 2015 at 9:23 am

        .ဒီတခါ ရွာသူားအချို့နဲ့ ဆုံဖြစ်ဖို့ရှိရင် နင့်ကိုဖိတ်လိုက်မယ် ကတွတ်ပီ
        .ဒီ Mandalay Gazette မှာစာရေးတာ၊ ကွန်မန့်ပေးတာ ပိုက်ပိုက်မကုန်တဲ့အပြင်
        .သဂျီး ခိုင် က ပွိုင့်ပေးသဗျ…တစ်သိန်းပြည့် ရင်ငွေလှမ်းပို့ပေးသဗျ…
        .ကြိုးစားပါလေ အမောင်ကတွတ်ပီ :boss:

        • Silver Twig

          January 20, 2015 at 4:39 pm

          နင့် ဘော် ဒါတွေ ကြို ပြောထား…
          တွတ်ပီ ဆိုတာ မြင်မြင်သမျှ ပစ်တတ်တဲ့ အကြောင်း..
          မရှောင်ရင်..လွဲမယ် ရှောင်ရင်ထိမယ်…

  • Ma Ma

    January 19, 2015 at 10:28 pm

    စကတည်းက တမျိုးလို့တော့ ထင်မိသား။ :p:

    ရေးချင်စိတ်တွေများလာရင် မြန်မာလို ရိုက်တတ်လာပါလိမ့်မယ်။
    (ဥပမာ- အဘဖောကို ရှု့) :k:

    ဘာပဲပြောပြော ဒို့ငှက်ကထကြီး တော်တယ်။
    သူငယ်ချင်းကို ရွာထဲရောက်အောင် ဆွဲခေါ်နိုင်တယ်။

    ရွာသားအသစ်တိုးတာ ထောက်ခံပါတယ်။ 🙂

    အကြောင်းမှာ………

    ရွာသားတစ်ယောက်တိုးလေ။
    ပိုစ့်အသစ်တွေ တိုးလေ။
    ကွန်မန့်တွေ ပေးရလေ။
    ပွိုင့်တွေ တက်လေ။
    .
    .
    .
    .
    .
    .
    .
    .
    .
    ၁၀၀၀၀ဝ ကို စိတ်ကူးယဉ်လို့ ရလေ။ :k:

    • kai

      January 20, 2015 at 10:00 am

      အင်း..
      အမတော်ကသာပြောနေတာ… ကျုပ်မှာတော့.. Top 10 ကြည့်ပြီးလန့်ထှာ…
      တကယ့်လူတွေချည်း..။ :i:
      တော်ပါသေးတယ်..။
      အံဇာက.. ပြန်လှူမယ်ပြောထားလို့..။
      ဟုတ်တယ်မဟုတ်လား… အံဇာ့ဂဲလ်ဖရန်း.. :k:

      • Ma Ma

        January 20, 2015 at 5:43 pm

        ကိုယ့်မှာတော့ ပွိုင့် ၁သိန်းကို စိတ်ကူးယဉ်ကောင်းတုန်းးးးးးးးးးးးး
        .
        .
        .
        .
        .
        သဂျီးအလှူခံဖလားကြီး လာခေါက်တာ ဖီးလ်ပျက်သွားတယ်။ 🙁

        ရွာထဲမှာ စာချိုးတစ်ခုတိုးလိုက်မယ်။

        ရွာသားပွိုင့်တွက် ………
        သဂျီးတက် :k:

      • မြစပဲရိုး

        January 22, 2015 at 6:27 am

        Top 10 ထဲ SP ဆိုတာ ဘူသူတုန်း သူကြီး ရဲ့။
        ဒီ လူ တစ်အုပ် ကြီး အတွက် ဘတ်ဂျက် ဘယ်နှစ်နှစ် လောက် မှန်းပြီး ထားလဲ။
        ကျားသနားမှ …. ဘွ ရောက်နေပြီလား။
        ငှင်း ငှင်း ငှင်း ငှင်း ငှင်း lol:-))))
        ဒါနဲ့ဘဲ ကိုယ့်စာကိုယ်မလုပ်ဘဲ ရွာထဲ လည်နေတယ်။ 🙄

    • Silver Twig

      January 20, 2015 at 4:30 pm

      ကျနော်က MG မှာ မတင်သော်လည်း FB မှာ စိတ်ထဲ ရုတ်ချည်းပေါ်ရင်…HP မှာ ကောက်ရေးတတ် ပါတယ်
      HP မှာ ဗမာစာ ရိုက်ရတာ လွယ်တာလဲ ဖြစ်လို့..
      ဒါကို သိတဲ့ သူကောင့်သား ကြီးမိုက် က MG ကို ပြန်လာဖို့ ခေါ်တာ ကြာပါပြီ….

      ဘာဖြစ်ဖြစ် ကျေးဇူး တင်ပါတယ်..
      နွေးထွေးစွာ ဖိတ်ခေါ် တဲ့ အတွက်….

  • Mike

    January 20, 2015 at 10:56 am

    .မလန့်ပါနဲ့သဂျီးရယ်…မိုးပေါ်ထောင်ပစ်တာပါ
    .အံဇာ ကမလှူ တော့ဘူးတဲ့…မင်္ဂလာဇရိတ်စုနေရလို့ဒဲ့ :k:

    • Silver Twig

      January 20, 2015 at 4:17 pm

      ဟာဗျာ..ရှက်စရာကြီး….အဖတ်ခံရမှာ….

  • Mr. MarGa

    January 21, 2015 at 11:44 am

    ရှုပ်ပါတယ်ဗျာ
    ပြည်ဝင်ခွင့် လျှောက်မနေနဲ့
    ကိုယ်တိုင်ပဲ ဟိုကိုလိုက်သွားပြီး ပေါင်းဖက်လိုက်ပါတော့ 🙂

    • Silver Twig

      January 22, 2015 at 8:21 pm

      သွားချင်တာ တပိုင်းသေ နေပေမဲ့…ခေါ်မဲ့သူ မရှိတဲ့ အဖြစ်….

Leave a Reply