ကဗျာရဲ့အသက် – မောင်စွမ်းရည်

kaiJanuary 18, 20151min893

ကဗျာရဲ့အသက်

မေတ္တာ၊ သစ္စာ
ဂရုဏာ၊ မုဒိတာ
သဒ္ဓါ ။ ။
စေတနာ
ဝေဒနာ
ကဗျာ။ ။
တခုခုမပါရင်၊ ကဗျာမမြောက်ဘူး။
တခုခုခမ်းရင်၊ ကဗျာမလန်းဘူး
တခုခုမရွှင်ပြန်လဲ၊တခုမှမရှင်သန်လူး။
တခုခုရွံ့ရင်၊ကဗျာလဲဆွံ့၊မကွန့်နိုင်တော့။
တခုခုညံ့ရင်၊ကဗျာလဲမသန့်၊မခန့်တော့။
တခုမှမထက်ရင်၊ကဗျာမသွက်၊ မထက်မျက်။
အသက်မပါ၊ကဗျာပျက်ပါလေရော။  ။

မောင်စွမ်းရည်
၂၀၁၅ ဇန်နဝါရီ ၆

မှတ်ချက်။  ။ မြန်မာ့ဂဇက်ဖေဖော်ဝါရီလထုတ်တွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။

3 comments

  • aye.kk

    January 18, 2015 at 11:09 pm

    မှတ်သားရပါတယ်။
    ကဗျာကိုနှစ်သက်လို ့ပါ။။

  • Mike

    January 19, 2015 at 11:20 am

    .ကောင်းလိုက်တာ..ကဗျာကို အသက်ဝင်အောင်ရေးတတ်ချင်ပါဘိ
    .သတိထားမိတာကတော့…“တခုခု” ဆိုတာပဲ

  • အလင်းဆက်

    January 20, 2015 at 2:55 pm

    အသက်မပါတဲ့ ကဗျာတွေ မြင်ဖူးတယ်..
    ဒါမယ့်..ကဗျာဟာ ကဗျာ ဖြစ်ရုံနဲ့ကို…တော်တော်ဆန်းကြယ်တဲ့ အလှတရားနဲ့..ဖြစ်တည်နေတယ်…

Leave a Reply