အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၈ ( Smithsonian Museum, White House, Lincoln Memorial) ။

Foreign ResidentJanuary 18, 201521min17711

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား

ပေါ်တာ တောလား – ၈ ( Smithsonian Museum, White House, Lincoln Memorial) ။

 

ဝ၆ – ဝ၅ – ၂၀၁၄ ။

 

မြို့တာ် Washington DC က ၊ U S Capitol ( လွှတ်တော် ) မှာလေ့လာပြီးတဲ့အခါ ၊

မနီးမဝေးက Smithsonian Institution ရဲ့ National Air & Space Museum ကို သွားကြပါတယ် ။

 

8 Smithsonian Institution National Air & Space Museum ရဲ့ မြေပုံ တစ်ပိုင်း ။

8 Smithsonian Institution National Air & Space Museum ရဲ့ မြေပုံ တစ်ပိုင်း ။
8 Smithsonian Institution National Air & Space Museum ရဲ့ မြေပုံ တစ်ပိုင်း ။

 

8 ဒုတိယ ကမာ္ဘစစ်ရဲ့ နာမည်ကျော် မစ်ဝေး ရေတပ် တိုက်ပွဲ ပြခန်း ။

8 ဒုတိယ ကမာ္ဘစစ်ရဲ့ နာမည်ကျော် မစ်ဝေး ရေတပ် တိုက်ပွဲ ပြခန်း ။
8 ဒုတိယ ကမာ္ဘစစ်ရဲ့ နာမည်ကျော် မစ်ဝေး ရေတပ် တိုက်ပွဲ ပြခန်း ။

 

8 အမေရိကန် ကနေ မောင်းပြီး အာဖဂန် မှာ တိုက်ပွဲဝင်နိုင်တဲ့ Predator (UAV) ဆိုတာ သူပေါ့ ။

8 အမေရိကန် ကနေ မောင်းပြီး အာဖဂန် မှာ တိုက်ပွဲဝင်နိုင်တဲ့ Predator (UAV) ဆိုတာ သူပေါ့ ။
8 အမေရိကန် ကနေ မောင်းပြီး အာဖဂန် မှာ တိုက်ပွဲဝင်နိုင်တဲ့ Predator (UAV) ဆိုတာ သူပေါ့ ။

 

 

Smithsonian Museum က အထပ် ၂ ထပ် ရှိပြီး ၊ ထုံးစံအတိုင်းပါဘဲ ၊

အထဲမှာ လေ့လာစရာ ကြည့်စရာတွေကတော့ အများကြီးပါ ။

Air & Space အကြောင်း သေချာ စိတ်ဝင်စားတဲ့သူတွေ အတွက်ကတော့ ၊

တစ်နေကုန် လေ့လာတာတောင် ပြီးမယ့်ပုံ မရှိပါဘူး ။

 

Apollo To The Moon, World War II Aviation, Flight Simulators,

စသဖြင့်သော ပြခန်း ( Category ) ပေါင်း မြောက်များစွာ ရှိတဲ့ အထဲက ၊

ကိုယ် ဖီလင်လာတဲ့ အပိုင်းတွေ နှင့် ၊ ဓါတ်ပုံရိုက်လို့ ကောင်းတဲ့ နေရာတွေကိုဘဲ ၊

ဦးစားပေးပြီး သုတ်သုတ်လေး ကြည့်လာခဲ့ရပါတယ် ။

 

8 လေယာဉ်တွေ ၊ ကမာ္ဘပါတ် ဂြိုလ်တုတွေ ၊ အာကာသယာဉ်မှူးတွေ စီးတဲ့ Capsule တွေ ။

8 လေယာဉ်တွေ ၊ ကမာ္ဘပါတ် ဂြိုလ်တုတွေ ၊ အာကာသယာဉ်မှူးတွေ စီးတဲ့ Capsule တွေ ။
8 လေယာဉ်တွေ ၊ ကမာ္ဘပါတ် ဂြိုလ်တုတွေ ၊ အာကာသယာဉ်မှူးတွေ စီးတဲ့ Capsule တွေ ။

 

8 နူကလီးယား ထိပ်ဖူး ၅ခု ၆ခု သယ်နိုင်တဲ့ တိုက်ချင်းပစ် ICBM ဒုံးပျံတွေလေ ။

8 နူကလီးယား ထိပ်ဖူး ၅ခု ၆ခု သယ်နိုင်တဲ့ တိုက်ချင်းပစ် ICBM ဒုံးပျံတွေလေ ။
8 နူကလီးယား ထိပ်ဖူး ၅ခု ၆ခု သယ်နိုင်တဲ့ တိုက်ချင်းပစ် ICBM ဒုံးပျံတွေလေ ။

 

8 လပေါ်ကို လူဆင်းဖို့အတွက် သုံးတဲ့ Apollo Lunar Module ။

8 လပေါ်ကို လူဆင်းဖို့အတွက် သုံးတဲ့ Apollo Lunar Module ။
8 လပေါ်ကို လူဆင်းဖို့အတွက် သုံးတဲ့ Apollo Lunar Module ။

 

8 ဒါကတော့ မောင်းသူမဲ့ ဗုံးကြဲ တိုက်လေယာဉ် X-45A ။

8 ဒါကတော့ မောင်းသူမဲ့ ဗုံးကြဲ တိုက်လေယာဉ် X-45A ။
8 ဒါကတော့ မောင်းသူမဲ့ ဗုံးကြဲ တိုက်လေယာဉ် X-45A ။

 

 

မောင်းသူမဲ့ ဗုံးကြဲ တိုက်လေယာဉ်လေး ဆိုပြီး X-45 ကို အထင်မသေးလိုက်နှင့် ။

X-45C ဆိုရင် သယ်နိုင်တဲ့ ဗုံး + ဆီ Payload က 2000 Kg တဲ့ ။

ဆီ တစ်ဝက် ၊ ဗုံး တစ်ဝက် သယ်မယ် ဆိုရင် ၊

ဗုံး အလေးချိန် 1000 Kg လောက် သယ်လို့ရတယ် ။

ဘုရား ၊ ဘုရား ၊ ကြောက်စရာဂျီး ။

 

ရွာသူားတွေ ဗုံး အလေးချိန် 1000 Kg ဆိုတာကို ၊

သိပ် အထင်သေးနေမှာစိုးလို့ ၊ မှန်းလို့ရအောင် ပြောပြရရင် ၊

ပြီးခဲ့တဲ့လက KIA ဗိုလ်သင်တန်းကျောင်းကို ထိသွားတဲ့ ၊

တစ်လုံးထဲနှင့် ဗိုလ်လောင်း လူ ၂၃ ယောက် ပွဲချင်းပြီး သေသွားစေတဲ့ ၊

105 mm Howitzer အမြောက်ကျည်ဟာ 20 Kg လောက်ဘဲ လေးတယ် ။

 

ဆိုလိုတာက အဲဒီ အရွယ် အမြောက်ကျည် / ဗုံး အလုံး ၅ဝ သယ်လို့ရတယ်ပြောတာ ။

 

အဲဒီတော့ မှန်းသာကြည့်ကြပေတော့ ၊ အဲ့ဒီလို Remote Control နှင့် ထိန်းတဲ့ ၊

( ကလေးကစားစရာလိုလို ) လေယာဉ်ပျံလေး X-45C ကနေ ဗုံးကျဲခံရမယ်ဆိုရင် ။

အမြောက်ကျည် / ဗုံး အလုံး ၅ဝ ကျလာမှာ ။ ဘုရား ၊ ဘုရား ။

 

Smithsonian Museum က ပြီးတဲ့အခါမှာတော့ ၊ တော်တော်လေး လှမ်းတဲ့နေရာမှာရှိတဲ့ ၊

အမေရိကန် သမ္မတ အိမ်တော် White House ကို အဘတို့ Tour Bus နှင့်ဘဲ သွားကြပါတယ် ။

 

ပြောရအုံးမယ် ၊ အဲဒီ U S Capitol ၊ Smithsonian Museum ၊ White House ၊

Washington Monument ၊ Lincoln Memorial စသဖြင့်တွေဟာ ၊

Washington DC မြို့လယ် နားမှာတင် စုပြုံ တည်ရှိနေတာပါ ။

အချင်း 4 Km ပါတ်လည်လောက် နေရာလေးအတွင်းမှာ ရှိနေတာပါ ။

အဲဒါကြောင့် တစ်နေရာနှင့် တစ်နေရာ ၅ မိနစ်လောက်စီဘဲ ကားစီးရပါတယ် ။

 

နောက်တစ်ခု ထူးခြားတာကတော့ ၊ မြို့တာ် Washington DC က အဆောက်အဦးတွေဟာ ၊

ဒီဘက်ပိုင်း ခေတ်သစ်မှာ ဆောက်ထားမှန်း သိသာနေပေမယ့် ၊

အဆောက်အဦး ပုံစံတွေကတော့ ရှေးဟောင်း စတိုင်တွေကို သုံးထားပါတယ် ။

နောက်ပြီးတော့ အဆောက်အဦးတွေဟာ ထုကြီး ထည်ကြီးတွေဘဲ များပါတယ် ။

 

အဘတို့ Tour Package ထဲမှာ ၊ သမ္မတ အိမ်တော် White House ထဲ လှည့်လည်ဖို့ ၊

အစီအစဉ်မပါတဲ့အတွက် ၊ White House ခြံဝင်း အပြင်ကဘဲ ဓါတ်ပုံရိုက်ကြပါတယ် ။

မှန်းထားသလိုပါဘဲ ၊ ရဲတွေကတော့ နေရာအနှံ့မှာ တော်တော်လေး တွေ့ရပါတယ် ။

 

8 မြို့တာ် Washington DC က အဆောက်အဦးတွေဟာ ထုကြီး ထည်ကြီးတွေဘဲ များပါတယ် ။

8 မြို့တာ် Washington DC က အဆောက်အဦးတွေဟာ ထုကြီး ထည်ကြီးတွေဘဲ များပါတယ် ။
8 မြို့တာ် Washington DC က အဆောက်အဦးတွေဟာ ထုကြီး ထည်ကြီးတွေဘဲ များပါတယ် ။

 

8 အမေရိကန် သမ္မတ အိမ်တော် White House ခြံဝင်း အပြင်ကဘဲ ဓါတ်ပုံရိုက်ကြပါတယ် ။

8 အမေရိကန် သမ္မတ အိမ်တော် White House ခြံဝင်း အပြင်ကဘဲ ဓါတ်ပုံရိုက်ကြပါတယ် ။
8 အမေရိကန် သမ္မတ အိမ်တော် White House ခြံဝင်း အပြင်ကဘဲ ဓါတ်ပုံရိုက်ကြပါတယ် ။

 

8 ရဲတွေကတော့ နေရာအနှံ့မှာ တော်တော်လေး တွေ့ရပါတယ် ။

8 ရဲတွေကတော့ နေရာအနှံ့မှာ တော်တော်လေး တွေ့ရပါတယ် ။
8 ရဲတွေကတော့ နေရာအနှံ့မှာ တော်တော်လေး တွေ့ရပါတယ် ။

 

 

White House ရှေ့က ပြန်ထွက်လာပြီးတဲ့ အခါမှာတော့ ၊

အမေရိက ရဲ့ နာမည်အကြီးဆုံး ခေါင်းဆောင်ကြီး ၊

အဘ ရဲ့ ( နိုင်ငံရပ်ခြားက ) အလေးစားရဆုံး ပုဂ္ဂိုလ်ကြီး ၊

လင်ကွန်း Abraham Lincoln ရဲ့ Lincoln Memorial ကို သွားကြပါတယ် ။

 

တကယ့်ကို ထုထည်နှင့် ကြီးမား ခန့်ငြားလှတဲ့ Lincoln Memorial အဆောက်အဦးကြီးဟာ ၊

လှပတဲ့ Potomac River ဘေးမှာ မေးတင် တည်ဆောက်ထားပါတယ် ။

Arlington Memorial Bridge ကြီးဟာ သူ့ဆီကို တည့်တည့်ကြီး ဦးတိုက် တည်ဆောက်ထားပြီး ။

သူ့ ရဲ့ ဘေး ဘယ်ညာ မှာတော့ Vietnam War Memorial နှင့် ၊

Korean War Memorial ပန်းခြံတွေ တည်ရှိပါတယ် ။

သူ့ရဲ့ ရှေ့တည့်တည့် မှာတော့ မီတာ ၆၀ဝ ကျော်ရှည်တဲ့ Reflection Pool ကြီးရှိပြီး ၊

အဲဒီ Reflection Pool ကြီး ရဲ့ တဖက်မှာ Washington Monument ကျောက်တိုင်ကြီး ရှိပါတယ် ။

 

8 ကြီးမား ခန့်ငြားလှတဲ့ Lincoln Memorial အဆောက်အဦးကြီး ။

8 ကြီးမား ခန့်ငြားလှတဲ့ Lincoln Memorial အဆောက်အဦးကြီး ။
8 ကြီးမား ခန့်ငြားလှတဲ့ Lincoln Memorial အဆောက်အဦးကြီး ။

 

8 အမေရိကန် ရဲ့ နာမည်ကျော် သမ္မတကြီး လင်ကွန်း Abraham Lincoln ရဲ့ ရုပ်ထု ။

8 အမေရိကန် ရဲ့ နာမည်ကျော် သမ္မတကြီး လင်ကွန်း Abraham Lincoln ရဲ့ ရုပ်ထု ။
8 အမေရိကန် ရဲ့ နာမည်ကျော် သမ္မတကြီး လင်ကွန်း Abraham Lincoln ရဲ့ ရုပ်ထု ။

 

8 Reflection Pool ကြီး ရဲ့ တဖက်မှာ Washington Monument ကျောက်တိုင်ကြီး ရှိပါတယ် ။

8 Reflection Pool ကြီး ရဲ့ တဖက်မှာ Washington Monument ကျောက်တိုင်ကြီး ရှိပါတယ် ။
8 Reflection Pool ကြီး ရဲ့ တဖက်မှာ Washington Monument ကျောက်တိုင်ကြီး ရှိပါတယ် ။

 

 

မြို့တော်ကြီး ရဲ့ အချက်အချာအကျဆုံးနေရာမှာ အကြီးအကျယ် ဂုဏ်ပြုထားတာပါ ။

ပြောရမယ် ဆိုရင်တော့ ၊ အမေရိက မှာ လင်ကွန်း Abraham Lincoln ဟာ ၊

အကြီးကျယ်ဆုံး အနေနှင့် အလေးအမြတ်ထား ဂုဏ်ပြုခံထားရတယ် ထင်မိပါတယ် ။

 

သမ္မတကြီး လင်ကွန်း Abraham Lincoln ရဲ့ ရုပ်ထု ဘေးမှာတော့ ၊

လင်ကွန်းရဲ့ ကမာ္ဘကျော် Gettysburg Address မိန့်ခွန်းကို ၊

ကျောက်သား နံရံကြီးပေါ်မှာ အပြည့်အစုံ Engrave ထွင်းထုထားတာပါ ။

 

8 သမ္မတကြီး လင်ကွန်း Abraham Lincoln ရဲ့ နာမည်ကျော် Gettysburg မိန့်ခွန်း ။

8 သမ္မတကြီး လင်ကွန်း Abraham Lincoln ရဲ့ နာမည်ကျော် Gettysburg မိန့်ခွန်း ။
8 သမ္မတကြီး လင်ကွန်း Abraham Lincoln ရဲ့ နာမည်ကျော် Gettysburg မိန့်ခွန်း ။

 

 

Gettysburg Address မိန့်ခွန်း အကြောင်း မပြောခင် ၊

အမေရိကန် ပြည်တွင်းစစ်အကြောင်း လေးပါ ရှင်းပြမှ ဇတ်ရည်လည်မှာပါ ။

 

အမေရိကန် ပြည်တွင်းစစ် ဆိုတာ ၊

မြေရှင် ပဒေသရာဇ် အဆင့်ဘဲ ရှိသေးတဲ့ အမေရိကန် တောင်ပိုင်း နှင့် ၊

စက်မှု အရင်းရှင် အဆင့်ကို ပြောင်းနေပြီ ဖြစ်တဲ့ အမေရိကန် မြောက်ပိုင်း တိုက်ကြတာပါ ။

 

ဟဲ ဟဲ ၊ ဒဲ့ပြောရရင်တော့ ၊

အမေရိကန် မြောက်ပိုင်း မှာ စက်မှု အရင်းရှင် စံနစ် ထွန်းကားလာတော့ ၊

သူတို့ရဲ့ စက်ရုံတွေအတွက် လခစား အလုပ်သမားတွေ အများကြီးလိုလာပြီလေ ။

အဲဒီမှာ လူမည်းကျွန်တွေကို ကျွန်ဘဝ က လွတ်ငြိမ်းခွင့်ပေးပြီး ၊

သူတို့ စက်ရုံတွေမှာ လခစား အလုပ်သမားတွေ ဖြစ်စေချင်လာပြီပေါ့ ။

အဲဒီမှာ မြေယာ ပိုင်ရှင်ကြီးတွေ ကြီးစိုးတဲ့ အမေရိကန် တောင်ပိုင်း ကတော့ ၊

သူတို့ လယ်မြေတွေမှာ ခိုင်းနေတဲ့ မြေကျွန်တွေကို ဘယ်လွတ်လပ်ခွင့်ပေးချင်ပါ့မလဲ ။

 

အဲဒီမှာ ၊ မြောက်ပိုင်း နှင့် တောင်ပိုင်း အကျိုးစီးပွားချင်း ထိပ်တိုက်တွေ့ကြပြီး ၊

အမေရိကန် ပြည်တွင်းစစ် ဖြစ်ပါလေရော ။

မြောက်ပိုင်းက တပ်တွေကို The Union တပ်တွေလို့ခေါ်ပြီး ၊

တောင်ပိုင်းက တပ်တွေကို The Confederacy တပ်တွေလို့ခေါ်တယ် ။

 

ထုံးစံ အတိုင်းပါဘဲ ၊ ခေတ် စံနစ် အတွေးအခေါ် ပိုမြင့်နေတဲ့ ၊

စက်မှု အရင်းရှင် စံနစ်ကို ကိုယ်စားပြုတဲ့ ၊

မြောက်ပိုင်းက The Union တပ်တွေ ဘဲ နောက်ဆုံးမှာ နိုင်သွားတာပါဘဲ ။

 

အဲဒီ အမေရိကန် ပြည်တွင်းစစ် တိုက်ပွဲစဉ်တွေထဲမှာ Gettysburg (1863) တိုက်ပွဲက နာမည်ကြီးပါ ။

၁ ။ အမေရိကန် ပြည်တွင်းစစ် တိုက်ပွဲတွေထဲမှာ လူအသေအပျောက် အများဆုံး တိုက်ပွဲ ။

၂ ။ မြောက်ပိုင်းကို ချီတက်သိမ်းပိုက်လာတဲ့ တောင်ပိုင်း The Confederacy တပ်တွေ ကို ၊

မြောက်ပိုင်း The Union တပ်တွေ ဦးလန်ကျိုးသွားအောင် ဆော်ထည့်လိုက်တဲ့ တိုက်ပွဲ မို့ပါ ။

ဒီ Gettysburg တိုက်ပွဲ နောက်ပိုင်း တောင်ပိုင်းက The Confederacy တပ်တွေဟာ ၊

တောက်လျှောက် နလန်မထူနိုင်တော့တာ ပြည်တွင်း စစ်ပွဲကြီး ရှုံးသွားတဲ့ အထိပါဘဲ ။

 

The battle involved the largest number of casualties of the entire war

and is often described as the war’s turning point.

 

သမ္မတကြီး လင်ကွန်းဟာ အဲဒီ ကမာ္ဘကျော် Gettysburg Address မိန့်ခွန်းကို ၊

Gettysburg (1863) တိုက်ပွဲ အောင်မြင်တဲ့ အထိမ်းအမှတ် နှင့် ၊

1863 ခုနှစ် November လ 19 ရက် ၊ နေ့လည် အချိန်အခါမှာ ၊

Gettysburg (1863) တိုက်ပွဲ စစ်မြေပြင်နေရာမှာဘဲ ပြောကြားခဲ့ပါတယ် ။

 

အမှန်ကတော့ ၊ အဲဒီ Gettysburg Address မိန့်ခွန်း ရဲ့ အဓိက ဦးတည်ချက်က ၊

Gettysburg တိုက်ပွဲ အောင်မြင်တဲ့ အတွက် The Union တပ်တွေကို ချီးမွှမ်းဘို့ နှင့် ၊

Gettysburg တိုက်ပွဲ မှာ ကျဆုံးသွားရတဲ့ ရဲဘော်တွေအတွက် ဝမ်းနည်းကြောင်း ပါ ။

 

အဲဒီထဲမှာ ၊ ကျွန် စံနစ်ကို ဖျက်သိမ်းဖို့အတွက် စကားတစ်ချို့ကိုလည်း ထည့်ပြောလိုက်တာပေါ့ ။

 

ကမာ္ဘကျော် Gettysburg Address မိန့်ခွန်း အပြည့်အစုံကတော့ ဒါပါဘဲ ။

 

” Four score and seven years ago our fathers brought forth on this continent a new nation, conceived in liberty, and dedicated to the proposition that all men are created equal.

   Now we are engaged in a great civil war, testing whether that nation, or any nation so conceived and so dedicated, can long endure. We are met on a great battlefield of that war. We have come to dedicate a portion of that field, as a final resting place for those who here gave their lives that that nation might live. It is altogether fitting and proper that we should do this.

   But, in a larger sense, we can not dedicate, we can not consecrate, we can not hallow this ground. The brave men, living and dead, who struggled here, have consecrated it, far above our poor power to add or detract. The world will little note, nor long remember what we say here, but it can never forget what they did here. It is for us the living, rather, to be dedicated here to the unfinished work which they who fought here have thus far so nobly advanced. It is rather for us to be here dedicated to the great task remaining before us—that from these honored dead we take increased devotion to that cause for which they gave the last full measure of devotion—that we here highly resolve that these dead shall not have died in vain—that this nation, under God, shall have a new birth of freedom—and that government of the people, by the people, for the people, shall not perish from the earth. “

 

ထင်ရှား အားပါတဲ့အချက် အချို့ကို ဘာသာပြန်ပြရရင်တော့ ။

 

” Four score and seven years ago our fathers

brought forth on this continent a new nation, conceived in liberty,

and dedicated to the proposition that all men are created equal “

 

” လွန်ခဲ့တဲ ၈ရ နှစ်လောက်က ငါတို့ရဲ့ ဘိုးဘွားတွေဟာ ၊

မွေးဖွားလာသမျှသော လူ ဟူသမျှတွေဟာ အခွင့်အရေး တန်းတူရှိမှု နှင့် ၊

လွှတ်လပ်မှု ကိုမျှော်မှန်းပြီး ဒီနိုင်ငံကြီးကို တည်ဆောက်ခဲ့ကြတယ် “

 

( အခုအချိန်မှာ လူလူချင်း တန်းတူတယ်ဆိုတဲ့ အယူအဆ ဟာ မထူးဆန်းပေမယ့် ၊

အဲဒီလို ကျွန်စံနစ် ထွန်းကားနေတဲ့ အခြေအနေကြီးမှာတော့ ၊

ဒီစကားဟာ တကယ့် ရဲရဲတောက် စကား တစ်ခုပါဘဲ )

 

” that we here highly resolve that these dead shall not have died in vain “

 

” ဒီ ရည်မှန်းချက်ကို ဖေါ်ဆောင်ရင်း ဒီမှာ ကျဆုံး စွန့်လွှတ်သွားရတဲ့ ၊

ရဲဘော် တွေရဲ့ အသက် သွေး ချွေး တွေဟာ ၊ အလာဟသ အချည်နှီး မဖြစ်စေရဘူး “

 

” that this nation, under God, shall have a new birth of freedom

and that government of the people, by the people, for the people,

shall not perish from the earth. “

 

” ဒီ နိုင်ငံကြီးမှာ လွှတ်လပ်မှု အသစ်ကို ပြန်လည်မွေးဖွားပေးပြီး ၊

government ( of ) the people ပြည်သူတွေနှင့် ပါဝင်တည်ဆောက်ထားတဲ့ အစိုးရ ၊

government ( by ) the people ပြည်သူတွေက ခန့်အပ်ထားတဲ့ အစိုးရ ၊

government ( for ) the people ပြည်သူတွေ အကျိုးအတွက် ထမ်းဆောင်မယ့် အစိုးရ ၊

( ငါတို့ရဲ့ ) ဒီလို အစိုးရ မျိုးဟာ ကမာ္ဘတည်သရွေ့ မပျောက်ပျက်စေရဘူး “

 

အစကတော့ ၊ သမ္မတကြီး လင်ကွန်းရဲ့ Gettysburg Address မိန့်ခွန်းဟာ ၊

Gettysburg (1863) တိုက်ပွဲ အောင်မြင်တဲ့ အထိမ်းအမှတ် အတွက်သာပြောတာဖြစ်ပေမယ့် ၊

သူ့ မိန့်ခွန်းထဲမှာ ပါဝင်တဲ့ လူ့အခွင့်အရေးရဲ့ အခြေခံ မီးရှုးတန်ဆောင် အယူအဆတွေကြောင့် ၊

သူ့ ရဲ့ Gettysburg Address မိန့်ခွန်းဟာ ၊ ချက်ချင်းဘဲ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ပါတယ် ။

 

Senator Charles Sumner said Lincoln was mistaken that

” the world will little note, nor long remember what we say here.”

Rather, the Bostonian remarked,

” The world noted at once what he said, and will never cease to remember it.

The battle itself was less important than the speech.”

 

သူ့ခေတ်အခါက အထက်လွှတ်တော်အမတ် တစ်ယောက်ဖြစ်တဲ့ Charles Sumner က ၊

ဘာပြောခဲ့သလဲ ဆိုတော့ ” သမ္မတကြီး လင်ကွန်းဟာ တစ်ခုမှားခဲ့ပါတယ် ” တဲ့ ။

 

အဲဒါက ၊ သမ္မတကြီး လင်ကွန်းဟာ သူ့မိန့်ခွန်းထဲမှာ ၊

” the world will little note, nor long remember what we say here.”

 

” ဒီမိန့်ခွန်းကို ကမာ္ဘကြီးက သိပ် သတိထားမိမှာ မဟုတ်သလို ၊

ဒီမိန့်ခွန်းကို ကမာ္ဘကြီးက သိပ်ကြာကြာလဲ မှတ်မိနေမှာ မဟုတ်ဘူး ” လို့ပြောခဲ့ပါတယ် ။

 

” The world noted at once what he said, and will never cease to remember it. “

 

တကယ့်တကယ်မှာတော့ ၊ ဒီမိန့်ခွန်းကို ကမာ္ဘကြီးက ချက်ချင်း အသိအမှတ်ပြုခဲ့ကြပြီး ၊

ဒီမိန့်ခွန်းကို တစ်ကမာ္ဘလုံးက ဘယ်တော့မှ မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး တဲ့ ။

 

” The battle itself was less important than the speech.”

 

ပြောရမယ်ဆိုရင် ၊ လူပေါင်း ၄ သောင်းကျော် သေကြေ ဒါဏ်ရာရခဲ့ကြတဲ့ ၊

ဒီ Gettysburg တိုက်ပွဲကြီးဟာတောင်မှ ၊ ဒီမိန့်ခွန်းလောက် အရေးမပါ တန်ဖိုးမရှိပါဘူး တဲ့ ။

ဒါတွေကြောင့်ဘဲ ၊ သမ္မတကြီး လင်ကွန်း နှင့် သူ့ရဲ့ Gettysburg Address မိန့်ခွန်း ဟာ ၊

အမေရိကန်တွေရဲ့ ရင်ထဲက ရှေ့ဆုံးက နေရာတစ်ခုမှာ အမြဲတမ်း ရှိနေတာပေါ့လေ ။

 

အင်း ၊ ကျနော်လဲ သမ္မတကြီး လင်ကွန်း ရုပ်ထု အကြောင်း ရေးနေရာကနေ ၊

ပေါက်တတ်ကရတွေဘက်ကို လမ်းချော်သွားပြန်ပြီ ။

 

အဘ တို့လဲ သမ္မတကြီး လင်ကွန်း ရုပ်ထုကို ငေးမောပြီးတဲ့အခါ ၊

သူ့ရှေ့က Vietnam War Memorial နှင့် ၊

Korean War Memorial ပန်းခြံတွေ ဘက်ကို ထွက်လာခဲ့ပါတယ် ။

 

အချိန်ကလည်း နည်းလာ မှောင်လာပြီ ဖြစ်လို့ ၊ အဘ ကတော့ ပိုထင်ရှားတဲ့ ၊

Vietnam War Memorial ပန်းခြံကိုဘဲ ကြည့်ဖို့ ရွေးချယ်လိုက်ပါတယ် ။

 

Vietnam War Memorial ပန်းခြံကတော့ အေးချမ်းသာယာပြီး ၊

ရှဉ့်ကလေးတွေ အများကြီး လူမကြောက်ဘဲ လျှောက်သွားနေတာကို တွေ့ခဲ့ရပါတယ် ။

အထင်ရှားဆုံးကတော့ The Three Soldiers ၊ စစ်သား ၃ ယောက် ရုပ်ထု ပါဘဲ ။

 

8 ရှဉ့်ကလေးတွေ အများကြီး လူမကြောက်ဘဲ လျှောက်သွားနေတာကို တွေ့ခဲ့ရပါတယ် ။

8 ရှဉ့်ကလေးတွေ အများကြီး လူမကြောက်ဘဲ လျှောက်သွားနေတာကို တွေ့ခဲ့ရပါတယ် ။
8 ရှဉ့်ကလေးတွေ အများကြီး လူမကြောက်ဘဲ လျှောက်သွားနေတာကို တွေ့ခဲ့ရပါတယ် ။

 

8 အထင်ရှာဆုံးကတော့ The Three Soldiers ၊ စစ်သား ၃ ယောက် ရုပ်ထု ပါဘဲ ။

8 အထင်ရှာဆုံးကတော့ The Three Soldiers ၊ စစ်သား ၃ ယောက် ရုပ်ထု ပါဘဲ ။
8 အထင်ရှာဆုံးကတော့ The Three Soldiers ၊ စစ်သား ၃ ယောက် ရုပ်ထု ပါဘဲ ။

 

Vietnam War Memorial ပန်းခြံ ပြီးတော့ ၊

အဘ လဲ ပင်ပန်းနေပြီဆိုတော့ Tour Bus ဆီကို ပြန်လာခဲ့ပေမယ့် ၊

အဘ မဟေသီကတော့ Korean War Memorial ပန်းခြံကိုပါ ဆက်ကြည့်နေပါတယ် ။

သူပြောတာကတော့ Korean War Memorial ပန်းခြံက အများကြီး ပိုလှတယ်တဲ့ ။

 

အဲဒီကနေပြီးတော့ အတော်မှောင်လာပြီမို့ ၊

အဘတို့ တည်းမယ့် Metro Points Hotel, Merry land ကိုဘဲ ပြန်လာခဲ့ပါတော့တယ် ။

 

လမ်းမှာတော့ ညနေစာအတွက် Rio Buffet & Bar ဆိုင်မှာ ဘူဖေး ကျွေးပါတယ် ။

အဲဒီ ဘူဖေးဆိုင်က Temple Hills, Merry land မှာရှိပြီး ၊

ဈေးသင့်ပြီး ( Adult တစ်ယောက် ၁၂ ဒေါ်လှခန့် ) ဟင်းတွေလဲ တော်တော်လေးစုံပါတယ် ။

အဘကတော့ စိတ်လာတဲ့ဟာတွေ မှန်သမျှ စုပုံထည့်ပြီး ညစာကို ပြီးလိုက်ပါတော့တယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

8 လမ်းမှာတော့ ညနေစာအတွက် Rio Buffet & Bar ဆိုင်မှာ ဘူဖေး ကျွေးပါတယ် ။

8 လမ်းမှာတော့ ညနေစာအတွက် Rio Buffet & Bar ဆိုင်မှာ ဘူဖေး ကျွေးပါတယ် ။
8 လမ်းမှာတော့ ညနေစာအတွက် Rio Buffet & Bar ဆိုင်မှာ ဘူဖေး ကျွေးပါတယ် ။

 

8 ဈေးသင့်ပြီး ( Adult တစ်ယောက် ၁၂ ဒေါ်လှခန့် ) ဟင်းတွေလဲ တော်တော်လေးစုံပါတယ် ။

8 ဈေးသင့်ပြီး ( Adult တစ်ယောက် ၁၂ ဒေါ်လှခန့် ) ဟင်းတွေလဲ တော်တော်လေးစုံပါတယ် ။
8 ဈေးသင့်ပြီး ( Adult တစ်ယောက် ၁၂ ဒေါ်လှခန့် ) ဟင်းတွေလဲ တော်တော်လေးစုံပါတယ် ။

 

8 အဘကတော့ စိတ်လာတဲ့ဟာတွေ မှန်သမျှ စုပုံထည့်ပြီး ညစာကို ပြီးလိုက်ပါတော့တယ် ။

8 အဘကတော့ စိတ်လာတဲ့ဟာတွေ မှန်သမျှ စုပုံထည့်ပြီး ညစာကို ပြီးလိုက်ပါတော့တယ် ။
8 အဘကတော့ စိတ်လာတဲ့ဟာတွေ မှန်သမျှ စုပုံထည့်ပြီး ညစာကို ပြီးလိုက်ပါတော့တယ် ။

 

 

11 comments

  • မြစပဲရိုး

    January 18, 2015 at 8:35 pm

    အဘဖော ရေ
    ကိုယ်တိုင်ရောက်နိုင်ဖို့ခက်တဲ့ နေရာ တွေ ကို ခေါ်သွားလို့ တကယ်ဘဲ ကျေးဇူးတင်ပါတယ်။
    ဆက်ပြီး လိုက်ဖို့လဲ အထုတ်ထမ်းထားပါတယ်။
    ဆက်ခေါ်သွားပါဦး။
    လင်ကွန်း ရဲ့ မိန့်ခွန်း အကြောင်း ရှင်းပြထားတာလဲ တန်ဖိုးရှိလှပါတယ်။
    စိတ်ဓာတ်မြင့်မြတ်ပြီး လူသားပီသ တဲ့ ခေါင်းဆောင်တစ်ယောက် လက်ထဲ မှာ တိုင်းပြည်တစ်ပြည် ရဲ့ ကံကောင်းလှ ပုံ ကို မြင်ရပါတယ်။
    ပြည်သူ့ ဘဏ္ဍာ တွေ ဟာ ပြည်သူ့ တွေ အတွက် ဘဲ ဖြစ်ခွင့်ရတဲ့ မြေမှာ လူဖြစ် ရတာ လူဖြစ်ရကျိုးနပ် မယ် ထင်ရဲ့။
    အနဲဆုံးတော့ ကိုယ်ကြိုးစားရင် ကြိုးစားသလို အခွင့် နဲ့ အသီးအပွင့် ရမှာတော့ သေချာတာမို့ပါ။
    လူ ကို လူချင်း အောက်ကျို့ မှ ကိုယ့်မှာ နေရာ ရတဲ့ သဘော မရှိတော့ဘူးပေါ့။

    ဘူဖေး ၁၂ ဒေါ်လာကလဲ တန်လိုက်တာ။ :))

  • အလင်းဆက်

    January 18, 2015 at 9:02 pm

    လူမကြောက်တဲ့ ရှဉ့်လေးတွေကို လိုက်ဖမ်းချင်လိုက်တာ…

    :k:

  • manawphyulay

    January 19, 2015 at 9:07 am

    ခုလို မမြင်ဖူးတဲ့အရာတွေ မရောက်ဖူးတဲ့နေရာတွေကို အဘဖောက လိုက်ပို့ပေးတဲ့အတွက် အထူးကျေးဇူးပါ… မနောကို လေယာဉ်တစ်စီးလောက်ဝယ်ပေးပါလား။ အလုပ်သွား အလုပ်ပြန် ကားလမ်းတွေပိတ်နေလို့ လေယာဉ်ဝယ်ပေးရင် လေယာဉ်နဲ့သွားချင်လို့ပါ အဘဖော… :mrgreen:

  • Before

    January 19, 2015 at 1:32 pm

    ” ဒီ နိုင်ငံကြီးမှာ လွှတ်လပ်မှု အသစ်ကို ပြန်လည်မွေးဖွားပေးပြီး ၊
    government ( of ) the people ပြည်သူတွေနှင့် ပါဝင်တည်ဆောက်ထားတဲ့ အစိုးရ ၊
    government ( by ) the people ပြည်သူတွေက ခန့်အပ်ထားတဲ့ အစိုးရ ၊
    government ( for ) the people ပြည်သူတွေ အကျိုးအတွက် ထမ်းဆောင်မယ့် အစိုးရ ၊
    ( ငါတို့ရဲ့ ) ဒီလို အစိုးရ မျိုးဟာ ကမာ္ဘတည်သရွေ့ မပျောက်ပျက်စေရဘူး “

    အဲဒီမိန့်ခွန်းရဲ့ အနှစ်သာရနဲ့အဓိပ္ပါယ်ကိုကြိုက်သလို မိန့်ခွန်းပြောခဲ့တဲ့သမ္မတကြီးလင်ကွန်းဟာစကားအဖြစ်မဟုတ်ဘဲ တကယ်လဲအဲလိုတိုင်ပြည်ထူထောင်သွားခဲ့တာကို အဘ စာဖတ်ပြီး လေးစားမိတယ်ဗျာ။

    အဘရဲ့ အမေရိက သွားတောလားပြီးသွားပြီလားလို့ ထင်ခဲ့ချိန် အခုလိုပြန်ဖတ်ရတော့ အားရတယ်ဗျ။ ကျန်သေးရင်ဆက်အုံးနော်။

    • Foreign Resident

      January 20, 2015 at 4:37 am

      ကိုခင်ခ ရေ ။

      သူတို့ တိုင်းပြည် အမေရိက ရဲ့ အရေးကြီးတဲ့ အချိုး အကွေ့တိုင်းမှာ ၊
      သူတို့ ဟာ ခေါင်းဆောင် ကောင်း တွေ ရှိခဲ့ / ရခဲ့ ကြတယ်ဗျာ ။

      – နေမဝင် ဗြိတိသျ အင်ပါယာကို ခံချတဲ့ ၊ အမေရိကန် လွတ်လပ်ရေး စစ်ပွဲကြီး နိုင်တော့ ၊
      – ဂျော့ ဝါရှင်တန် ဟာ အမေရိကန် တပ်ရဲ့ စစ်သေနာပတိ ချုပ်ကြီးပေါ့ ။
      သူ့လက်အောက်မှာ အင်အားအကြီးဆုံး စစ်တပ်ကြီး စုစည်းမိခဲ့တယ် ။

      အဲဒီအချိန်က ဘုရင်ခေတ် ဆိုတော့ ၊
      – ဂျော့ ဝါရှင်တန် ကို အမေရိကန် နိုင်ငံမှာ ဘုရင်လုပ်ဖို့ တိုက်တွန်းခဲ့ကြတယ် ။

      – ဂျော့ ဝါရှင်တန် က လက်မခံဘဲ သူ့ရဲ့ စစ်သေနာပတိ ချုပ် အာဏာ နှင့် ၊
      စစ်တပ် ကို ၊ ပြည်သူ့ ကိုယ်စားလှယ်တွေ ( လွှတ်တော် ) ရဲ့ လက်ထဲကို ၊
      – ပြန်အပ်ခဲ့တယ် ဗျာ ။

      ဒီလို ခေါင်းဆောင်တွေ ပေါ်ထွန်းခဲ့တဲ့ / မွေးထုတ်ပေးခဲ့တဲ့ ၊
      အမေရိကန် နိုင်ငံ ကြီးဟာ ၊ လက်ရှိ ကမာ္ဘ့ ထိပ်တန်း အဆင့်ကို ရောက်နေရတာ ၊
      တကယ်ကို ထိုက်တန်လို့ ရောက်နေတာပါဘဲ ။

  • Mike

    January 19, 2015 at 1:49 pm

    “” that this nation, under God, shall have a new birth of freedom
    and that government of the people, by the people, for the people,
    shall not perish from the earth. “”
    .ကမာ္ဘကျော် လင်ကွန်း ရဲ့ မိန့်ခွန်း လေးဖတ်ခွင့်ရလို့ကျေးဇူးပါဗျာ
    .Buffet ကတော့ ရန်ကုန်ထက်သက်သာသဗျို့…ဒီမှာအဲ့လောက်ငွေနဲ့ ဘာမှဟုတ်တိပတ်တိစားမရ 🙁

  • padonmar

    January 19, 2015 at 9:38 pm

    For the people by the people လို့ ငယ်ငယ်က ကြားဖူးတာ ဒီမိန့်ခွန်းကိုး။

  • Ma Ma

    January 19, 2015 at 10:37 pm

    ကြည့်ရတာ ထူးထူးဆန်းဆန်းတွေချည်းပဲမို့ စိတ်ဝင်စားတယ်။

    စိတ်အဝင်စားဆုံးကတော့ နောက်ဆုံး Buffet 12$ ပဲ။
    ဒီမှာတော့ ဘူဖေးကို $ 30 လောက် အနည်းဆုံးပေးရတယ်။

    ထိုင်ဝမ်သွားတုန်းက ဂျပန်ဆိုင်မှာ ဘူဖေးစားတာ ထိုင်ဝမ်ငွေ ၈၀ဝ (မြန်မာငွေ ၂၅၀၀ဝ လောက်) ပေးရတယ်။

    တန်အောင်ဆိုပြီး ဝိုင်သောက် ငါးအစိမ်းတွေစားပြီး………………
    နောက်တခါသွားမစားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ :p:

    • Foreign Resident

      January 20, 2015 at 3:24 am

      Ma Ma says:
      ” ထိုင်ဝမ်သွားတုန်းက ဂျပန်ဆိုင်မှာ ဘူဖေးစားတာ
      ထိုင်ဝမ်ငွေ ၈၀ဝ (မြန်မာငွေ ၂၅၀၀ဝ လောက်) ပေးရတယ်။ ”

      မမ ရဲ့ ။
      ဂျပန်စာကတော့ ဘယ်မှာမဆို
      European / Chinese စာ ဘူဖေးထက် ဈေးကြီးတယ်လေ ။

  • CharTooLan

    January 20, 2015 at 9:35 am

    – လင်ကွန်းအရုပ်နဲ့ ရေကန်က night of museum ရုပ်ရှင် ထဲကနေရာထင့်
    – မောင်းသူမဲ့ ဗုံးကြဲ တိုက်လေယာဉ် X-45A ကိုသဘောကျတယ် ခည
    – ဘူဖေးအဲ့လောက်ရွေးစယာဒပုံယီးမှ ၁၂ဒေါ်လာ ဒမာချောက်တီးချောက်ချက်ကို ၁၅၀၀ဝကျပ် မတန်ချက် 🙁
    – ပြန်လာရင်မုန့်ဝယ်ခဲ့ဘာ……… 😀

  • Mike

    January 20, 2015 at 11:03 am

    8 Reflection Pool ကြီး ရဲ့ တဖက်မှာ Washington Monument ကျောက်တိုင်ကြီး ရှိပါတယ် ။

    .အဲ့နေရာကိုတော့ Forrest Gump ဇတ်ကားထဲမှာတွေ့ဖူးလိုက်သဗျ…မှတ်မှတ်ရရ

Leave a Reply