နားဦးတည့်ရာ သုံး – Soe Lwin Lwin (The big breadth the wide ring)

မြစပဲရိုးJanuary 19, 20151min22117

ဟိ။
ဒီ တစ်ပါတ်တော့ စိုးလွင်လွင် သီချင်းပါ။
စိုးလွင်လွင် ဆို တစ်ချို့ ကလေးများ သိကြပါ့မလားဘဲ။
ကိုယ့် ဂျဲန် ထဲက သိုးမဲကြီးများ ကတော့ မသိသူမရှိလောက် ရှားမှာပါ။

သူ့ အသံ ကို ကောင်းတယ်မခေါ်နိုင်ဘူး ထင်ရဲ့။
ဒါပေမဲ့ နားထောင်ကောင်းတာတော့ အမှန်။
သူ့သီချင်းတွေပေါက်ခဲ့တာ တေးရေး ပညာရှင်စစ်စစ်များ ရဲ့ ရင်တွင်းဖြစ် တန်ခိုး ကြောင့် ဆိုလဲ မမှားပါဘူး။

ကိုယ့် အပေါ်ကို အတော် ပါဝါရှိခဲ့ တဲ့ သူ့သီချင်းတွေ အများသား။
“မျက်နှာထား တင်းတင်း နဲ့ နောက် မလာ နဲ့ လို့ ပြောလွှတ်လိုက်တယ်” ဆိုတဲ့ “ခေါင်းငုံ့ချစ်နေမယ်” သီချင်း။
အားကျပြီး ကိုယ့်မျက်နှာထား ကို တင်းမိတာ အဲဒီတုန်းက နည်းလမ်း ဗျုဟာ မှားခဲ့လား၊မှန်ခဲ့လား။ မသိ။
“ကမ္ဘာမြေပြင်ကို မင်း ဆံနွယ်တွေ လွှမ်းခြုံထားမှာလားကွာ” ဆိုတာ နဲ့ ထားခဲ့ရတဲ့ ဆံပင် အရှည်။

အခုလဲ ဒီ ရက်ပိုင်း ဖေ့စ်ဘုတ် ပေါ်မှာ ဖတ်ခဲ့ရတဲ့ သတင်းတွေ က တစ်ခု နဲ့ နွယ်ပြီး သူ့ သီချင်းသံ နောက် ကို နားဦးတည့် နေမိတော့တာ။

တကယ်တော့ ဖြစ်တဲ့ အကြောင်းက မဆန်းပါဘူး။
ဆူပါမာ့ကက်ထဲ စားသုံးသူ တစ်ယောက် ကို သူခိုးရိုးစွပ် မိပြီး ထိထိရောက်ရောက် ပြန်မတောင်းပန် တဲ့ အဖြစ်။
သိပြီးဖြစ်မှာပါ။
လုပ်ငန်းတစ်ခု မှာ ပြသနာ ဖြစ်ရင် တကယ်တန်း တာဝန်ယူရမှာ ဘယ်သူ ဖြစ်သင့်ပါသလဲ။
အောက်ခြေဝန်ထမ်း တွေ အမှား ဖြစ်ခဲ့ ရင် တစ်ဖက်လူ ကျေနပ်သည် အထိ ခေါင်းခံပြီး တာဝန်ယူ တောင်းပန် ရမှာက အထက်က အုပ်ချုပ်သူ လူတန်းစားပါ။

အစိုးရထုတ် သတင်းစာ ထက် ပိုပြီး စွမ်း တဲ့ မီဒီယာ တွေ ဒီလို အင်တာနက် ခေတ်ကြီး ထဲ မှော်ကြိမ်လုံး လို တို့ လိုက်တိုင်း ပြန့်တတ်တာ ဂရုမထား တတ်တဲ့ အုပ်ချုပ်သူများ ရဲ့ ညံ့ဖျင်းမှု က ဩချရမတတ်။
နိုင်ငံတကာ အဆင့် မှီအောင် ဆောက်ထား တဲ့ အဆောက်အဦ နဲ့ ဆိုင်ထဲ ပြင်ဆင်မှု တွေ ကို ဘဲ ဂရုထား သတဲ့လား။
အပေါ်ယံ အမြင် လိုပါတယ်။
ဒါထက်ပိုပြီး လိုတာက
စားသုံးသူများ ကို လေးစားတတ်တဲ့ စိတ်ဓာတ်ရေးရာ မြင့်မားမှု က ပိုပြီး လိုအပ်တာ၊ အရေးကြီးတာ မသိကြတာလား၊ ဂရုမစိုက် တာလား။
မပြောတတ်တော့။

စားသုံးသူကို ဝန်ဆောင်မှု ပေးရာမှာ ချို့ယွင်း မှု မရှိ အောင် အသေးအမွှားက အစ ဂရုစိုက် သင့်တာ မသိ ရလောက်အောင် သူတို့ ရဲ့ အုပ်ချုပ်မှု ပညာ ကို ဘာတွေ က ဖုံးထားခဲ့လဲ။
လာမဝယ် နေပေါ့ ဆိုတဲ့ မာန် လား။
ငါတို့ မှ မမှားတာ ဆိုတဲ့ မာန လား။
ဒါဟာ ငါ့တာဝန် မဟုတ်ဘူး ဆိုတဲ့ တာဝန်ယူမှု ကင်းတဲ့ မောဟ လား။
ငွေရှိရင် အားလုံး ကိစ္စပြီးတယ်။ ဘာကို မှ ဂရုစိုက်ဖို့ မလိုဘူး ဆိုတဲ့ တလွဲအယူ ဒိဌိလား။
ငါဟာ သူ့လို အစွပ်စွဲခံခဲ့ ရရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး ထည့်ကြည့်ဖို့ တရား တောင် မရှိတော့ဘူးလား။

တကဲ့ သူခိုး ကိုတောင် အခြေအနေ လိုက်ပြီး ခွင့်လွှတ်ရတာ တောင် ရှိတာမို့
သူခိုး မဟုတ်ဘဲ ရိုးစွပ်လိုက်မိတာကို တရားနည်းကျကျ မဖြေရှင်းပေးနိုင်တာကတော့ တစ်ခုခု တော့ မှားနေတာ သိဖို့ကောင်းပါတယ်။
မှားလို့ တရားဝင် တောင်းပန်လိုက်ရတာ ကို ရှက်စရာ၊ သိက္ခာကျစရာ လို့ မြင်နေတာ ဆိုရင်တော့ အလွဲကြီး ကို လွဲ နေတဲ့ တနည်း အင်မတန် နိမ့်ကျနေဆဲ ဖြစ်တဲ့ အတွေးအခေါ်ပါဘဲ။

အဲဒီလို အတွေးအခေါ် တွေ နဲ့ စခန်းသွားလို့ ကတော့ အပြိုင်အဆိုင်ရှိလာတဲ့ ဈေးကွက်စီးပွါးရေး စနစ် ထဲ မှာ အတော်လေး Risk များပါတယ်။
လုပ်ငန်း အုပ်ချုပ်သူများ အတွက် စိတ်ထားသင့်တဲ့ EQ အပါအဝင် တစ်ခြား Q ပေါင်းများစွာ ပေါ်ပေါက်လာနေတဲ့အချိန် မှာ
ငွေဂုဏ်မောက်ပြီး လူ ကို လူလိုမထင်တဲ့ ငွေမျက်နှာ အတွက်ဘဲ ကြည့်တတ်တဲ့
“အနံကြီး ကွင်းကျယ်” လူတန်းစား ရှိနေဆဲ ဆိုတာ စိတ်မကောင်းစွာ သိလိုက်မိပြီး
အဲဒီ သီချင်း နားထဲက မထွက် တော့တာ။

= +++++++++++++++++++++++

စိုးလွင်လွင် (အနံကြီးကွင်းကျယ်)

ဒီလမ်းထဲကို နောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူး။
ဒီအိမ်ရှေ့ကို နောက်တစ်ခါ ဘယ်တော့မှ မဖြတ်တော့ဘူး။
အနံကြီးပြီးကွင်းကျယ် တဲ့ လူတွေ နဲ့ မဆက်ဆံချင်တော့ဘူး။

ဒီမျက်နှာကို နောက်တစ်ခါ ဘယ်တော့မှ မချစ်တော့ဘူး။
ဒီမိန်းမကို နောက်တစ်ခါ ဘယ်တော့မှ မလွမ်းတော့ဘူး။
ဟန်ရှိပြီး အဆံမရှိတဲ့ သင်္ကြန်အမြှောက် နဲ့ မဆက်ဆံချင်တော့ဘူး။

စဉ်းစားမိရင် ဒေါသဖြစ်တယ် ဘယ်တော့မှ မလာတော့ဘူး။
လမ်းမှာတွေ့ရင် ဒေါသဖြစ်တယ် ဘယ်တော့မှ မကြည့်တော့ဘူး။
နောက်တစ်ခါ ဒီလမ်းထဲကို
နောက်တစ်ခါ ဒီအိမ်ဖက်ကို
ဘယ်နည်းနဲ့မှ လုံးဝ မကြည့်တော့ဘူး။

ဒီအသိုင်းအဝိုင်းကို နောက်တစ်ခါ ဘယ်တော့မှ မဝင်တော့ဘူး။
ပိုက်ဆံရှိတဲ့ လူတစ်ချို့ဟာ အနှစ်မရှိတတ်ကြဘူး။
အားနည်းချက်ရှာနှိမ်တတ်တဲ့ လူတွေ နဲ့ မပါတ်သက်ချင်တော့ဘူး။

၃၅လမ်းထဲကို ဘယ်တော့မှ မလာတော့ဘူး။
ပိုက်ဆံရှိတဲ့ လူတစ်ချို့ဟာ အနှစ်မရှိတတ်ကြဘူး။
အားနည်းချက်ရှာနှိမ်တတ်တဲ့ လူတွေ နဲ့ မပါတ်သက်ချင်တော့ဘူး။

ဒီမျက်နှာကို နောက်တစ်ခါ ဘယ်တော့မှ မချစ်တော့ဘူး။
ဒီမိန်းမကို နောက်တစ်ခါ ဘယ်တော့မှ မလွမ်းတော့ဘူး။
ဟန်ရှိပြီး အဆံမရှိတဲ့ သင်္ကြန်အမြှောက် နဲ့ မဆက်ဆံချင်တော့ဘူး။

စဉ်းစားမိရင် ဒေါသဖြစ်တယ် ဘယ်တော့မှ မလာတော့ဘူး။
လမ်းမှာတွေ့ရင် ဒေါသဖြစ်တယ် ဘယ်တော့မှ မကြည့်တော့ဘူး။
နောက်တစ်ခါ ဒီလမ်းထဲကို
နောက်တစ်ခါ ဒီအိမ်ဖက်ကို
ဘယ်နည်းနဲ့မှ လုံးဝ မကြည့်တော့ဘူး။

ဒီအသိုင်းအဝိုင်းကို နောက်တစ်ခါ ဘယ်တော့မှ မဝင်တော့ဘူး။
ပိုက်ဆံရှိတဲ့ လူတစ်ချို့ဟာ အနှစ်မရှိတတ်ကြဘူး။
အားနည်းချက်ရှာနှိမ်တတ်တဲ့ လူတွေ နဲ့ မပါတ်သက်ချင်တော့ဘူး။
အနံကြီးပြီးကွင်းကျယ် တဲ့ လူတွေ နဲ့ မဆက်ဆံချင်တော့ဘူး။
ဟန်ရှိပြီး အဆံမရှိတဲ့ သင်္ကြန်အမြှောက် နဲ့ မဆက်ဆံချင်တော့ဘူး။

=++++++++++++++++++++++++

မှတ်ချက် –
ပုဆိုး ဆိုင် ကြော်ငြာ များမှာတော့ သူတို့ ပုဆိုး က “အနံကြီး ကွင်းကျယ်” လို့ ပြောတာ တော့ ဇဝေဇဝါ။
ကိုယ် ငယ် တုန်းတော့ အမေ့ ထမိန် အကြီးကြီး တွေ ဝတ် ရင် အစနင်းပြီး ချော်လဲ တတ်တာတော့ သိတယ်။

ဒီလိုဘဲ စိတ်ထဲ ရှိရာ ပေါက်ကရ များ ရေးမိတာ ကို သည်းခံ ဖတ်ကြကုန် သူများ ကို ကြိုတင်ပြီး ကျေးဇူးတင်ပါကြောင်း။
ခေါင်းစဉ် ကို မောင်မောင်အံ စမ်းသပ်ချက် ဂူးဂဲ ဘာသာပြန် ကို သုံးထားပါကြောင်း။ lol:-))))

Soe Lwin LwinImage From : http://moemaka.blogspot.co.uk/2013/07/andrew-sway-remembering-soe-lwin-lwin.html

17 comments

  • မြစပဲရိုး

    January 19, 2015 at 1:15 am

    Youtube မှ ရှာဖွေပြီး တင်ထားပါတယ်။ သက်ဆိုင်သူ ပိုင်ရှင် ကျေးဇူး တင်ပါရန်။ 😉

    https://www.youtube.com/watch?v=3PTa7u7ce7c

  • မောင်ဘလိူင်

    January 19, 2015 at 1:36 am

    အရီးရဲ့ ​ခေါင်​းစဉ်​ကြည်​့ပြီး ဘာ​ရေးထားပါလိမ်​့လို့…အနံကြီးကွင်​းကျယ်​ကိုး..ဟီး။
    များများဖွ​ပေးရင်​ အနံ​သေးပြီး ကွင်​းကျဉ်​းလာနိုင်​ပါတယ်​။

  • Mike

    January 19, 2015 at 10:26 am

    .ကြိုက်သဗျာ…စိုးလွင်လွင်ကိုပြောပါတယ် :))
    . “ခေါင်းငုံ့ချစ်နေမယ်” သီချင်းလေးလည်း တော်တော်ပါးစပ်ထဲစွဲခဲ့တာ…
    .ဆူပါမာ့ကက်ထဲ စားသုံးသူ တစ်ယောက် ကို သူခိုးရိုးစွပ် မိပြီး ထိထိရောက်ရောက် ပြန်မတောင်းပန် တဲ့ .အဖြစ်…ကိုတွေးပြီး ဒီစိုးလွင်လွင်ရဲ့ “အနံကြီး ကွင်းကျယ်” ကိုသတိရမိတာ ကွက်တိပါပဲဗျာ :))
    .အဲ့ဆိုင်မျိုး ကို လူညီညီနဲ့ ဝိုင်းသပိတ်မှောက်သင့်တယ် 👿

  • ဖားသက်ပြင်း

    January 19, 2015 at 11:21 am

    စိုးလွင်​လွင်​သီချင်​းထဲ အကြိုက်​ဆုံးက​တော့
    ♪ ♪ ♪ ကြင်​နာသူအတွက်​ဆို အဟွာ့မျက်​နှာ ဒူးနဲ့တိုက်​မယ်​
    ချစ်​လူမိုက်​ ချစ်​လို့မိုက်​ဘာဒယ်​ ♪ ♪
    🙂

  • နောင် ရိုး

    January 19, 2015 at 11:54 am

    ဒီသီချင်းလေးကို ဇာတ်ဝင်ခန်းတစ်ခုမှာ စ ကြားဖူးကတည်းက သဘောကျတာ…။ မင်းသားက ကျော်သူထင်တယ်…။ မင်းသမီးကို အထင်လွဲပြီး အိမ်ရှေ့မှာ ဂစ်တာနဲ့သွားဟဲတာ….။
    အရီးပြောမှပဲ ဒီသီချင်းနဲ့ ဒီအဖြစ် ဆက်စပ်မိတယ်….။ 🙂

    မှားလို့ တရားဝင် တောင်းပန်လိုက်ရတာ ကို ရှက်စရာ၊ သိက္ခာကျစရာ လို့ မြင်နေတာ ဆိုရင်တော့ အလွဲကြီး ကို လွဲ နေတဲ့ တနည်း အင်မတန် နိမ့်ကျနေဆဲ ဖြစ်တဲ့ အတွေးအခေါ်ပါဘဲ။

    ဟုတ်တယ်အရီးရေ့…..။ တကယ်လို့ သူတို့ဘက်က စိတ်ကျေနပ်လောက်အောင်တောင်းပန်ပြီး…တာဝန်ယူဖြေရှင်းပေးလိုက်ရင်တောင် လူထုမေတ္တာရနိုင်သေးတယ်….။ ဪ…သူတို့ဝယ်သူကို တကယ်ဂရုစိုက်ပါလားဆိုပြီးတော့တောင်….
    ခုတော့ တလွဲမာနလား၊ ဘာလား…..

  • pooch

    January 19, 2015 at 4:18 pm

    အဲ့ဒါ တရားစွဲရင် လျော်ကြေးရတယ်မလားဟင်
    မှတ်လောက်သားလောက် စွဲပလိုက်ရမှာ ငွေရဖို့ထက် အသိတရားကပ်သွားအောင် အဲ့လူတွေ
    ဒါပေမဲ့လည်း ဒီဘက်က ဥပဒေက ဘယ်လို ပြုထားတယ်မသိဘူး
    ပါးတခါရိုက်မှ ၁ ထောင်ဆိုတော့လေ
    ပြောသာပြောရတယ် အားမရှိပါဘူး

    ပြည်သူ့ အကျိုးစီးပွားကာကွယ်စောင့်ရှောက်တတ်တဲ့ ခေါင်းဆောင်မရမချင်း တရားရေးရာ ဥပဒေတွေက ကလေး ကစားသလိုပဲ ဖြစ်နေအုန်းမှာ

    အော် ဒါဒို့တိုင်း ဒို့ပြေ ဒို့ မြန်မာပြေ :angryy:

  • Ma Ma

    January 19, 2015 at 5:02 pm

    ကိုယ်လည်းတခါကြုံဖူးတယ်။
    ဝယ်သူမှားတာကို ကိုယ်က ပြင်းပြင်းထန်ထန်တုန့်ပြန်ရင်း ကိုယ့်အမှားတွေ ပါလာတယ်။
    နောက်ပိုင်း ကိုယ်မှားမှန်းသိတော့ တောင်းပန်ရမှာကိုသိပြီး မလှိမ့်တပတ်နဲ့ ပွဲကို အတင်းပြီးခိုင်းလိုက်တယ်။
    အဲဒီနောက်ပိုင်း စိတ်ထဲမှာ တနုံ့နုံ့နဲ့ စိတ်မကောင်းဖြစ်ပြီး….
    တောင်းပန်ဖို့ ဝန်မလေးအောင် ကြိုးစားနေတယ်။
    တောင်းပန်တတ်အောင် ကြိုးစားရတယ်။

  • padonmar

    January 20, 2015 at 8:58 pm

    အဲဒီ သတင်းဖတ်လိုက်ရတာ စွပ်စွဲခံရသူဖက်က စဉ်းစားမိရင် စိတ်မကောင်းဘူး။
    အဲဒီ စူပါမားကက်ရဲ့ MD ကို တော်တော် သဘောကျခဲ့မိတာ။
    သူက Super Market Management နဲ့ ဘွဲ့ရထားတာ။
    သူစခါစက အခြား စူပါမားကက်တွေထက် ဆက်ဆံရေး၊ထားသိုမှု ၊Customer care၊ ဝန်ထမ်းတွေကို လစဉ် အကောင်းဆုံးဝန်ထမ်းရွေးဆုချတာ၊training ကောင်းကောင်းပေးထားတာ စတာတွေ ကြည့်ပြီး သူ့ကို အားကျမိတယ်။
    အခုထိလည်း အခြားစူပါမားကက်တွေထက် အဲဒီ အချက်တွေ သာနေဆဲပါပဲ။
    သူတို့အုပ်ချုပ်သူတွေထဲမှာလည်း အမေရိကန်၊စင်္ကာပူ၊ဂျပန်စတာတွေ ကျောင်းတက်ဖူး၊နေဖူးသူတွေ ရှိမှာပါ။
    ဒီလို ကိစ္စမျိုးတွေ ဖြစ်လာရင် မှားယွင်းခံရသူ ကျေနပ်လောက်အောင် တောင်းပန်ပေးလိုက်တာဟာ ကိုယ့်ဂုဏ်ဆယ်ပြီးသားဆိုတာ သိသင့်တာပေါ့။
    မှားနေတာကို ဆက်ပြီး တင်းခံမနေပဲ မှီရာကနေ တောင်းပန်သင့်ပါတယ်။
    (တခါတုံးက အိတုံ ဂမုန်းပွင့်မှာ အကျီဝယ်ရင် အရောင်းဝန်ထမ်းတွေနဲ့ စကားများတာကို မန်နေဂျာ ဖြေရှင်းပေးသွားတာလေး အမှတ်ရမိပါတယ်။ကိုယ့်ဆိုင်ရဲ့ ဆက်ဆံရေးကို ကျေနပ်သွားရင် အခမဲ့ ကြော်ငြာရတယ်ဆိုတာ မေ့လောက်အောင် အနံကြီး ကွင်းကျယ်သွားလေရော့သလား)
    တခါက ပြည်ပမှာ ရှော့ပင်းမောလ် ထဲက အထွက် ကိုယ့်ရှေ့က လူအဖြတ်မှာ တတီတီ မြည်သွားတာတွေ့မိတယ်။သူတို့ဆီက ပစ္စည်းတိုင်းမှာ Tag လုပ်ထားတယ်။ငွေချေရင် cashier က tag
    ဖြုတ်ပေးလိုက်တယ်။ ငွေမချေပဲ ဂိတ်ကို ဖြတ်ထွက်လို့ အဲဒီ တတီတီ မြည်တာပေါ့။ အဲဒီလို သိသိသာသာ ခိုးတာတောင် ဘာမှ မလုပ်ဘူး။မရှက်တတ်လို့ ခိုးသွားတာ ဘေးလူအများသိသွားရုံပါပဲ။ပစ္စည်းတန်ဖိုးထက် ကပ်စတန်မာကို စိတ်ဆိုးအောင် မလုပ်ချင်တာလို့ ထင်တာပဲ။

  • Mr. MarGa

    January 21, 2015 at 11:28 am

    ♪ ♪ ♪ နည်းနည်းလေးတော့ လွဲနေတယ်………..
    လွဲလွဲလေးပဲ ကောင်းပါတယ်…..
    စိတ်ကျေနပ်ရင် ပြီးတာပဲ…
    နေတတ်ရင် အေးဆေးလေး…. ♪ ♪ ♪
    :mrgreenn:

  • အလင်းဆက်

    January 21, 2015 at 3:48 pm

    .စိုးလွင်လွင်ဆိုလို့…လေးဘလက်ကြီးကိုတောင် သတိရသေး..
    လေးဘလက် သီချင်းဆိုထားတာကို နားထောင်ပြီးကတည်းက..စိုးလွင်လွင်အသံနဲ့ တူသလိုလိုလေး..လို့..တွေးမိ…

    😆

  • မြစပဲရိုး

    January 22, 2015 at 5:02 am

    မောင်ဘလှိုင်
    ဒီလို စကား က အင်္ဂလိပ်စာမယ် ဘယ်လိုမျိုး အီဒီယမ် သုံးမလဲ ဆိုတာ ဘယ်လိုမှ တွေးမရလို့ ဂူးဂဲလ် အကူ နဲ့ ပြန်လိုက်တာ။ ဟိ။

    မိုက်
    အနံကြီးကွင်းကျယ် သူငယ်ချင်း တစ်ချို့က တောင် ဝက်မာ့ကက် ဘဲ သွားတော့မယ် ဆိုဘဲ။ တကယ်ဟုတ်မဟုတ်တော့ မသိ။
    ကျွန်မ ကတော့ နဂိုထဲက ဟင်းချက်စရာ ဆို စူပါမာ့ကက် မှာ ဘာလို့ ဝယ်ကြတာလဲ စဉ်းစားမရ။
    အပြင်ဈေးမှာ လတ်လတ်ဆတ်ဆတ် ရနေတာကိုလေ။

    ဖားသက်ပြင်း
    အစွန်းလွတ် ပါစေလေ။ တကယ်လဲ သွားပြီး တိုက်ရဲ တာလဲ ဝုတ်ဘဲနဲ့။ လေကြီးလေကျယ်။

    နောင်ရိုး
    ပြန်ပေါ်လာတာ အရမ်းဝမ်းသာတယ်။
    စာရေးကောင်းတဲ့ သူ တစ်ယောက် ရွာထဲ က နေ မပျောက်သွားစေချင်ပါ။
    စာတွေပြန်ရေးပါလေ။
    ဒီ နောင်ရိုး ကလဲ ရုပ်ရှင်သရဲ လေးဘဲလား။

    ပုချ်လေး
    မြန်မာပြည် မှာက တရားဆိုင်ဖို့ ဆိုရင် မျှတမှု ကို မျှော်လို့ မရပါ။
    ငွေများသူ တရားနိုင်နေတာ မဆန်းတာမို့ ကိုယ်မှန်လို့ တရားစွဲ လဲ အမှန်တရား ဘက်က ရပ်မယ် မထင်။

    ချစ်မမ
    ဒါလေး ပြောချင်တာပါ။
    အဲလို ဖြစ်စေချင်တာပါ။
    ဘယ်သူမှ အမှားမကင်းပါဘူး။
    မှားတာ ကို သိလိုက်တဲ့အချိန် မာန်ချပြီး ပြင်လိုက်နိုင်ဖို့ပါဘဲ။
    အစိမ်းချယ်လိုက်ပါတယ်။

    အစ်မဒုံ
    ကျွန်မ တို့ ပြည်က အရင်ထက်ပိုပြီး မေတ္ကာစိတ်တွေ နဲ လာတာ၊ လောဘ ဒေါသတွေ များလာတာ၊ သည်းခံစိတ် တွေခမ်း လာတာ ပိုပိုပြီး သိသာလာတယ်။
    ဒီအတိုင်း နေသွားကြ တော့ မလား လို့ ဘဲ မေးလိုက်ချင်တယ်။
    အဖြေ ကို သိနေပါတယ်။
    ဒီအတိုင်း မနေလို့ ဘာလုပ်ရမှာလဲ။ ရှုပ်ရှုပ်ရှက်ရှက် တွေလို့။

    ဖိုးသိကြား
    အလွဲတွေ လွဲ လွန်း တော့ အလွဲမှ မလွဲ ရင် မနေတတ်တော့တဲ့ ဘဝ က တကယ်ဘဲ နေပျော်သလား။
    Research လုပ်ကြည့်ချင်ရဲ့။

    ဆက်ဆက်
    ကဘချော အသံ က စိုးလွင်လွင် အသံထက် အပုံကြီး ကောင်းပါ့။
    အောင်ရင် နဲ့ ထူးအိမ်သင် စပ်ထားတဲ့ အသံ။

    အနံကြီးကွင်းကျယ် ကို ဝင်ရောက်အားပေးကြပါသော သူများ အား ကျေးဇူးပါ။ :))

    • မောင်ဘလိူင်

      January 22, 2015 at 5:22 pm

      be a prig.
      be too big for one’s boots.
      thinks be the lord of the manor.
      be snooty.
      အဲလို ပြောရမလား မဆိုတတ်ဘူး။ အလှူနေ့က သဘာဝရိပ်သာမှာ အဆောင်တစ်ခု
      တွေ့လို့ ကြည့်တော့ အနိစ္စဆောင် တဲ့။ အောက်က အင်းဂလိလိုက Goodbye Hall တဲ့
      ခင်ဗျ။ သူ့ဟာနဲ့သူကတော့ ဟုတ်သလိုလိုပဲ။ ကျွန်တော့် ရေးခိုင်းရင်တော့ Hall of Impermanence တွေ ဘာတွေ လုပ်မှာ။
      😀

      • Ma Ma

        January 23, 2015 at 6:03 am

        မောင်ဘလှိုင်ရဲ့စာဖတ်ပြီး dictionary သွားရှာရတယ်။
        Not lasting or durable; not permanent. 🙂
        စကားလုံးတိုးလို့ ကျေးဇူးပါ။

  • kai

    January 22, 2015 at 4:02 pm

    ဟင်းဟင်း…
    စူပါမားကက်ကိစ္စက..ဘာဖြစ်မှန်းမသိလို့.. ဝင်မမန့်တာ..
    ခုမှာ..အင်တာနက်ထဲမွှေတော့တွေ့တယ်…။

    ယူအက်စ်မှာဆို… ဘယ်လိုတုံ့ပြန်သလည်းသိရအောင်.. ထီးတချောင်း.. Walmart မှာသွားခိုးကြည့်မှနဲ့တူတယ်..။
    :k:

  • Wow

    January 23, 2015 at 1:35 pm

    အနော်ဆို တောင်းပန်ရမှာ ဘယ်တော့မှဝန်မလေးဝူး…
    ရုံးမာ တစ်နေ့တစ်နေ့ တစ်လွှဲတွေလုပ်လိုက် တောင်းပန်လိုက်… လူကြီးကခေါ်ပြီဆိုရင် ဟတ်ကဲ့အနော်မှားသွားဒယ် အရင်ပြောထားလိုက်တယ်..
    မိတူဂျာ ညီးတစ်နေ့တစ်နေ့ တစ်လွှဲဒွေပဲ လုပ်နေတော့မာလားဒဲ့… စိတ်ဓာတ်အဆင့်အတန်းမြင့်တာကို နားမလယ်ဂျဝူး :mrgreen:

  • ခင်ဇော်

    January 23, 2015 at 7:26 pm

    I m sorry does not mean my name is Sorry.
    :mrgreenn:
    One of my favourite songs is ‘Please forgive me’
    :mrgreenn:

  • မြစပဲရိုး

    January 24, 2015 at 3:47 am

    မောင်ဘလှိုင်
    ဘာသာပြန် ပေး ထားတာလေး အတွက် ကျေးဇူးပါ။

    သူကြီးမင်း
    တစ်နေ့က စူပါမာ့ကက် က အထွက် မှာ ကျွန်မက တွန်းလှည်း နဲ့ အရှေ့မှာ လူတစ်ယောက် က အထုတ် ကို ဒီ အတိုင်း လက်မှာဆွဲ လို့။
    အထွက်ပေါက် ကိုလဲ ဖြတ်ရော တစ်တီတီ မြည်ရော။
    အဲဒါကို အဲဒီ လူက ရပ်မသွားဘဲ ဆက်ထွက်သွားတယ်။
    ကျွန်မ ကတော့ ရပ် နေလိုက်တယ်။
    နောက်အစောင့်ရောက်လာ ပြီး အထုတ် တွေထဲ စီဒီ ဝယ်လာတာပါလား မေးတယ်။
    “ပါဘူး။ အားလုံး အစားအစာတွေ ချည်း” ဆိုတော့ သွားပါတဲ့။
    ဘယ်သူမှလဲ အထုတ်တွေ ဖွင့်မကြည့်ပါဘူး။
    ထွက်သွားတဲ့ လူနောက်လဲ လိုက်မနေကြပါဘူး။
    သူတို့ မှာ သူခိုး ခိုး လို့ ကုန်တာ ကိုလဲ စရိတ်တစ်ခု လို သတ်မှတ် ထားမှာပေါ့။
    အများကြီး မကွာ သ၍ တော်ရုံလဲ ဂရုစိုက် မနေဘူး ထင်ပါတယ်။
    ဒီမှာက လူ တွေ ကလဲ တော်ရုံ ခိုး ဖို့ စိတ်မရှိ တာလဲ ပါမှာပါ။
    ပြောရရင် ဒီမှာက ပစ္စည်းခိုးရင် ငရဲရောက်မယ် လို့ မမြင်နိုင်တာ ကို မခြောက်ဘူး။
    ပစ္စည်းခိုး တာ စာရိတ္တပျက်တာ မို့ ရှက်စရာ၊ မလုပ်သင့်ဘူး လို့ အသိပညာပေးတာ။
    နောက်ပြီး မြန်မာပြည်မှာက နေရာတိုင်းမှာ အတောင်းအရမ်း လေး တွေ နဲ့ ဆိုတော့ ကိုယ်ကျင့်တရား ဆိုတာ ပျောက်နေတဲ့ အပိုင်း ရောက်နေတာမို့ ခိုးတာ၊ လာဘ်စားတာ၊ တောင်းတာ တွေဟာ ယဉ်ကျေးမှု လို ဖြစ်နေတာလဲ အများကြီး ပါပါတယ်။
    စူပါမာ့ကက် တွေမှာ ခိုးရဲ တဲ့သူ ဟာ မရှိအောင် ငတ်နေတဲ့ သူတွေ တော့ ဟုတ်မယ် မထင်ပါ။
    လူ ဆိုတာ ဆင်းရဲ ချမ်းသာ မရွေး တန်ဖိုး ထားရမယ် ၊ လေးစားရမယ် ဆိုတာ လူတိုင်း ရဲ့ စိတ်ထဲ ရှိအောင် ပညာမပေးနိုင်သမျှ
    ချမ်းသာ ဆင်းရဲ ဇာတ်ကွဲ မှု ပိုပိုပြီး ဟန်လုပ် ပြီး ချမ်းသာဟန်ဆောင်ပြ နေချင်တဲ့ သူတွေ ပြည့်နေပြီး
    ငွေနောက် ကို တရားသည်၊ မတရားသည် မသိ။ အတင်းလိုက်နေကြမှာ သဘာဝ ပါဘဲ။
    ငွေကြေး ထက် လူ့တန်ဖိုး ကို ပိုမြင့် အောင် ဘယ်လိုလုပ် ရမယ် ဆိုတာ ဘယ်လိုပညာပေးသင့်သလဲ ဘယ်သူတွေ တာဝန်လဲ။ 🙄

    ဝါး နဲ့ ဇီ
    ကျုပ် ချစ်တူမ နှစ်ယောက် ကိုတော့ ယုံပါ့။
    ညည်း တို့ အနားက ဘော့စ် များ ကို မြင်မိသေးတော့။
    သူရို့ကို ကို ခေါင်းပုတ်လိုက် ပြန်ကန်တော့လိုက်။ 😉
    ဒါပေမဲ့ သူတို့ ရဲ့ လက်စွဲတော် တွေလို့လဲ ထင်ပါ့။

    အားလုံးဘဲ ဝင်မှတ်ချက်လေး တွေ ပေးလို့ ကျေးဇူးပါ။
    :))

Leave a Reply