နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ (အောင်သင်း)

Shwe EiJanuary 20, 20151min51227

.မြားကိုလေးပေါ်တင်ပြီး ပစ်လိုက်လျှင်
.နောက်ကို ပြန်မလှည့်တော့ဘဲ တုံ့ဆိုင်းခြင်းမရှိ
.ရှေ့ပြေးဘိသကဲ့သို့
. မိမိ နှလုံးသား အဓိဌာန်ကို
.စိတ်အင်အားသတ္တိတည်းဟူသော လေးပေါ်သို့
.တင်ပြီးပစ်လိုက်နိုင်ပါလျှင်
.ဘယ်မျှ ခက်ခဲသော အရာကြီးပင်ဖြစ်ပါစေ
. အောင်မြင်နိုင်မည်မှာ အမှန်ဖြစ်ပါသည်။

၁) ယောက်ျားကောင်းဆိုတာ ဆုမတောင်းရဘူးကွ..ဆုပန်ရတယ်

…..သုမေဓာ ရှင်ရသေ့က ဒီပင်္ကရာ ဘုရားရှေ့မှာ ဘုရားဆုပန်ခဲ့တယ်ဆိုတာ ဒီပင်္ကရာ ဘုရားရှင်က …ဘုရားဖြစ်သွားအောင် လုပ်ပေးနိုင်လို့မှမဟုတ်ဘဲ

၂) လူကြီးတွေရဲ့ နှလုံးသား

အနာဂတ်လူငယ်တွေ အတွက်………. စသည့် စကားမျိုးကို အလွန်ပြောကြပါသည်။
ယခုတလော ရုပ်မြင်သံကြား နိုင်ငံတကာသတင်း ဥရောပ အခြေအနေ တင်ပြချက်ထဲက လူနာကလေး ကလေးဒုက္ခသည် ကလေးစိတ်ဝေဒနာသည်ကလေးများကို မြင်လိုက်ရတိုင်း ကျွန်တော်တို့ လူ ကြီးတွေဟာ အပြောနဲ့အလုပ် ဟုတ်မှဟုတ်ကြပါရဲ့လား ဆိုတာမျိုး ခဏခဏ တွေးနေမိပါသည်။

၃) လောကတွင် စည်းစိမ်အရှိဆုံးမှာ အနည်းငယ်နေမကောင်းနေရခြင်း ဖြစ်သည်

ထိုစကားလေးကို ကျွန်တော် သတိရလို်က်မိသည်။ သူပြောတာကလဲ “အနည်းငယ်” တဲ့။ ဟုတ်သည်ပေါ့.
– သေကောင်ပေါင်းလဲ လူးလှိမ့်နေရလျှင် ဘယ်လို စည်းစိမ်ရှိနိုင်ပါမည်နည်း။
ဘာမှမလုပ်ဘဲ အနားယူလိုက်ပါသည်။ အတွေးတွေကလဲ ဟိုလွင့်ဒီမျော။

၄) Defeat into victory – ဂျင်နရယ်စလင်း

ဗမာ့မျိုးချစ်တပ်မတော်၏ ဖက်ဆစ်တော်လှန်ရေးကို ဗြိတိသျှနှင့် မဟာမိတ်တပ်များက အသိအမှတ်ပြုရန်..
မိတ္ထီလာတွင်ရှိသော အမှတ်၁၄ ဗြိတိသျှတပ်မတော်ဦးစီးချုပ် ဂျင်နရယ်စလင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းက သွားရောက်တွေ့ဆုံခဲ့သည်။
အသက်ရော သမ္ဘာပါကွာခြားမှုကြောင့် အောင်ဆန်းကို သိပ်တော့ အထင်မကြီးလှ။

“ အောင်ဆန်း မင်းငါ့ကိုလာတွေ့တာ တရားဝင်မဟုတ်ဖူး တခြားဟာတွေကို ထားလိုက်တော့…
ဗြိတိသျှ အစိုးရကို ပုန်ကန်တာနဲ့တစ်ခုတည်းနဲ့တင် မင်းကိုငါ ဖမ်းထားလိုက်နိုင်တယ်”

“ကျွန်တော်သိသားဘဲ”

“သိရက်သားနဲ့ဘာကြောင့်လာခဲ့တာလဲ”

“ခင်ဗျားက အင်္ဂလိပ်လူမျိုးဖြစ်နေလို့ပေါ့”

ထိုအခါတွင် ဗိုလ်ချုပ်ကြီးစလင်းက ရယ်မောလိုက်သည်။ သူ့မှတ်ချက်က အောင်ဆန်းအမှတ်ယူလေဘီတဲ့။

“ငါတို့စစ်နိုင်နေလို့သာ တို့နဲ့ လာပူးပေါင်းတာမဟုတ်လား”

“ကျွန်တော်တို့ က တိုင်းပြည်လွပ်လပ်ရေးလိုချင်လို့ လုပ်နေတာ။ ရှုံးတဲ့ဘက်သွားပေါင်းလို့
ဘာအဓိပ္ပါယ်ရှိမှာလဲ”

(ဂျင်နရယ် စလင်း၏မှတ်ချက်က အောင်ဆန်းအမှတ်သယ်ပြန်လေဘီ။ ကျွန်ုုပ် သူ့ကိုသဘောကျသွားသည်။
တွဲပြီးအလုပ်လုပ်လို့ ဖြစ်နိုင်သည်တဲ့)

၅) ပေးတဲ့ဆုနဲ့ပြည့်ပါစေ

“သာဓု သာဓု သာဓု ..အခုလိုကန်တော့ရတဲ့ အတွက်ကြောင့် ဆရာ..ဆရာမ ဖြစ်ရင်လဲ ကိုယ့်တပည့်တွေက..တသက်လုံး ချစ်ခင် ကြည်ညိုလို့မဝ…တမ်းတမ်းတတ လွမ်းဆွတ်နေရတဲ့ ဆရာ..ဆရာမ များ ဖြစ်ကြပါစေ။
အရာရှိ အရာခံများ ဖြစ်နေရင်လဲ ရာထူးဩဇာကြောင့် မဟုတ်ဘဲ အငြိမ်းစားယူ အာဏာကင်းမဲ့သွားတဲ့တိုင် လက်အောက် ငယ်သားတွေက ချစ်ခင်လေးစား အကြည်ညိုပွားနေတဲ့ အရာရှိများဖြစ်ကြပါစေ။
လုပ်ငန်းရှင်များ ဖြစ်ရင်လဲ အသက်ကြီးလို့ လုပ်ငန်းခွင်က အနားယူသည့်တိုင် တပည့်လုပ်သား အားလုံးက အကြည်ညိုမပျက် ဆက်လက်ဆည်းကပ်ခြင်းခံရတဲ့ ခေါင်းဆောင်များဖြစ်ကြပါစေ။”

၆) ကုသိုလ်လိုလို ဘာလိုလို

ကျွန်တော်တို့မြန်မာ လူမျိုးများသည် (အထူးသဖြင့် ဗုဒ္ဓဘာသာဝင်များသည်) ကုသိုလ်လိုလို ဘာလိုလို ပကာသန ကိစ္စများကို အလွန်လုပ်တတ်ကြသည်ဟုထင်မိသည်။ ကျွန်တော့် ပမာဏစကားကို နားခါးမိကြလိမ့်မည်ဟု ထင်ပါသည်။
သို့သော် လိပ်ပတ်လည် စကားဆုံးအောင် တော့ဖြင့်နားထောင်ကြည့်စေချင်ပါသည်။
ပထမဆုံး စပြီး ပြောလိုက်ချင်သည်က ဘုန်းကြီးပျံအကြောင်းပင် ဖြစ်ပါသည်………

၇) တကယ့်နိုင်ငံရေး

If we want peace, we must disarm nurseries
ကျွန်ုုပ်တို့ ငြိမ်းချမ်းရေးကို လိုချင်လျှင် ကလေးတွေကို လက်နက်ဖြုတ်သိမ်းပစ်ရမည်
….အနာဂတ်ကို တောက်ပစေလိုလျှင် လူငယ်တွေကို ရွှေချရမည် မဟုတ်ပါလား………

၈) ဂီတလူနောက်ကြီးတွေ

……..ငါသာရှင်ဘုရင် ဖြစ်လိုက်ချင်တယ်…..ချစ်သူကို တောင်ညာထားကာ ပျော်ပျော်ပါးပါး…..စံလို့ကွယ်…စိတ်ကူးဉာဏ် တစ်မျိုးထုတ်ကာရယ်…………..နန်းရင်းဝန်ဆိုတော့….နန်းတော်အစောင့်ခိုင်းမယ်………..
ပြည်ထဲရေးဝန်ဆိုတာရယ်……….အဝတ်တွေလျှော်ခိုင်းမယ်……….
.မြန်မြန်ဆန်ဆန် သစ်တောရေးဝန်ရယ်……ထင်းခွေလာခဲ့ကွယ်……. ဘဏ္ဏာတော်ဝန်ရယ်….
စားသောက်စရာတွေ ဈေးကိုသွားလို့ဝယ်………
အမိန့်တော်မှတ်မယ်….ဟဲ့….ဝန်ကြီးတွေ…သင့် မြတ် ပါစ ကွယ်….
(သံပြိုင်)….ဘုရား…ဗျာဒိတ်တော်မြတ်အတိုင်းပါ ရှိခိုးလျှောက်တင်တယ်………

………(ရှင်ဘုရင်)….အဖိုးမထိုက် တန်စိုးကြိုက်တဲ့ အရိုးကိုက်အမတ်တို့ရယ်….
အတွင်းဝန်အပြင်ဝန်..မြို့တော်ဝန်…လွှတ်တော်ဝန်တွေ…..ခြောက်သောင်း စုပေါင်းပြီးတော့ကွယ်….
ကွင်းပြင်မှာ လက်ဝှေ့ထိုးဖို့ ကြိုးကြိုး စားစားတကယ်…အမိန့်တော်မှတ်မယ်…ဟဲ့…ဝန်ကြီးတွေ သင့်မြတ်ပါစကွယ်………
…ဘုရား…ဗျာဒိတ်တော်မြတ်အတိုင်းပါ ရှိခိုးလျှောက်တင်တယ်………

၉) စာတတ်ဖို့ စာဖတ်ဖို့

……….စာတတ်ပြီးသော ကျောင်းသားများကို စာဖတ်ဝါသနာပါလာအောင်…ဆရာ..ဆရာမများက လေ့ကျင့်ပျိုးထောင်ပေးရန်…ဖြစ်ပါသည်.
ခက်နေသည်က…(ကျွန်တော့် အတွေ့အကြုံအရ)….ဆရာ..ဆရာမတွေ ကိုယ်၌က စာဖတ်ဝါသနာမပါခြင်းဖြစ်လေသည်။
သို့သော် စာအုပ်စာတန်းတွေ လွယ်လွယ်ရှိလျှင် ယုတ်စွအဆုံး..အရုပ်လောက်တော့..လှန်ကြည့်ဖြစ်နိုင်သည်။
ဤသို့အားဖြင့် စာဖတ်ခြင်း၏ ကျေးဇူးအရသာကို သိလာကျလျက် ကျောင်းစာကြည့်တိုက်သည် ကျောင်းသားတို့၏ အားကိုးရာ ဆရာတို့၏ အားကိုးရာ လူချွန်လူကောင်းများ မွေးထုတ်ရာ ဌာနကြီး ဖြစ်လာပါလိမ့်မည်။

ထွန်ယက်ပြီးသော မြေပေါ်သို့ သီးနှံများ စိုက်ပျိုးရန် သတိရသင့်ကြပါပြီ။

၁၀) ဆရာဇော်ဂျီကို လွမ်းသည်

….ဆရာ့ညီတောင်တွင်း မောင်အောင်သင်းကတော့…ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်းတွေဖတ်လိုက်ရတိုင်း…..
လစ်ပတန် လက်ဖက်ရည်သောက်တိုင်း….ပြတင်းတံခါးပိတ်တိုင်း….လူမှုရေးနှင့် စည်းကမ်း..ဆိုသော စကားကြားတိုင်း…အဘက်ဘက်က သွန်သင်ပေးသွားခဲ့သည့်…ဆရာဇော်ဂျီကို လွမ်းနေမိပါသည်။

Shwe Ei
18th Jan 2015

 

 

27 comments

    • Shwe Ei

      January 20, 2015 at 3:08 pm

      -အေးး.ဘွားခနဲဘဲ ဒညင်းဝက်ရေ 😛

  • Mike

    January 20, 2015 at 3:31 pm

    .တော်တော်မှတ်သားစရာကောင်းတဲ့စကားတွေပဲ
    .ဒါနဲ့ အာ့တွေဘယ်ထဲကဆွဲထုတ်စုလာတယ်ဆိုတာလေးတော့သိချင်သား မချွေအိရေ

    • Shwe Ei

      January 20, 2015 at 4:17 pm

      -Title က စာအုပ်ခေါင်းစဉ်ခည.. သများ..စာကြည့်တိုက်က ငှားဖတ်မိပီး.
      . ကြိုက်လွန်းလွန့် ရှယ်လိုက်တာ
      ..တစ်အုပ်ထဲ ဖတ်ကြည့်ရုံနဲ့ အားမရလို့..နိုဗယ်မြန်မာ ကနေ ထပ်ဝယ်လာဖြစ်သေးတယ်…

  • pooch

    January 20, 2015 at 4:44 pm

    တခါတလေ ဘာဆို ဘာမှ ကို ပြောချင်စိတ်မရှိတော့အောင်ကို စိတ်ကုန်တယ်

    ရွှေအိ PK ကြည့်ပြီးပလား ကြည့်ဖြစ်အောင် ကြည့် အခု တို့အားလုံးဖြစ်နေတာနဲ့ အကုန်ကွက်တိပဲ

    လေးစားတယ် အဲ့ဒါရိုက်တာ ဇာတ်ညွှန်းရေးတဲ့သူ သရုပ်ဆောင်ပေးတဲ့သူတွေ အကုန်ပဲ

    အဲ့လို အယူသည်းတဲ့ နိုင်ငံတခုကနေ ဒီလို ကားမျိုး ရိုက်ရဲတာ ချီးကျုူ းတယ် အဲ့အတွေးအခေါ်ကို မီးမောင်းထိုးပြဖို့ လိုတယ်

    တို့တွေ ဆီမှာ ပြောတာနဲ့တင် ထောင်ထဲ ဆွဲသွင်းသွားတာဆိုတော့လေ ဘယ်လိုပြောရမလဲဆိုတော့ (ဦးကြောင်စကား ငှားပြောမယ်) အဖက်မလုပ် လဖက်သုပ် သုပ်စားရင် ကောင်းမလားပဲ လို့ :mgreenn:

    • Shwe Ei

      January 20, 2015 at 5:15 pm

      ..ဟုတ်ကဲ့..အမပုရှ်..သများ အိုက် ပီကေ ကြည့်ချင်လွန်းလွန့် အခွေဝယ်ထားရုံရှိသေးတယ်..သူများကို ငှားလိုက်ရလို့..ကြည့်ရသေးဝူး..ကြည့်ဖစ်အောင် ကြည့်ပါမယ် 🙂
      ..အခု ဆရာအောင်သင်းရဲ့ စာတွေ ရှယ်ဖြစ်တာလဲ..အပြောရဲတာရယ်..ခေတ်အမြင်က ကိုယ့်ထက် ..အဆပေါင်းများ စွာ သာတယ်ရယ်ကို သဘောကျလို့ ရှယ်လိုက်တာ..
      ..အာ့ကျောင့် လဖက်သုပ်စားရင်း..စာဖတ်မယ်လို့ စိတ်ကူးပါတယ် .. :mrgreen:

  • Ma Ma

    January 20, 2015 at 6:08 pm

    ( လောကတွင် စည်းစိမ်အရှိဆုံးမှာ အနည်းငယ်နေမကောင်းနေရခြင်း ဖြစ်သည်။) ဆိုတာကို
    “သခင်အောင်သင်း” ဆိုတဲ့ စာထဲမှာ ဖတ်ဖူးတယ်။
    တခါထဲဖတ်ရုံနဲ့ စိတ်ထဲစွဲသွားစေတဲ့ စာမျိုးပေ့ါ။ 🙂

    အခုလို လိုတိုရှင်း Gist ထုတ်ထားရေးတဲ့ စတိုင်ကိုလည်း ကြိုက်သွားပြီ။ 🙂

    • Shwe Ei

      January 21, 2015 at 10:15 am

      -အန်တီ မမရေ..တခါတလေစဉ်းစားမိတယ်…စာကောင်းတွေကို ဖတ်ရုံဖတ်ပြီး..သိနေရတာထက်…
      -ကိုနဲ့ဝါသနာတူ မိတ်ဆွေတွေကို ဝေမျှပြီး အတွေးအမြင် ဖလှယ်ရတာ..ဆွေးနွေးရတာ ပိုပြီး..အရသာရှိမယ်ထင်တယ်လို့.. 🙂
      -အခုဘဲကြည့်လေ..အန်တီမမ မှတ်မိနေတဲ့ စာသားကို..ကျနော်လဲ တော်တော်လေး သဘောကျနေတာခြင်း တူနေပါရော… 😛

  • Iris

    January 20, 2015 at 6:16 pm

    ဟုတ်​တယ်​ပုချ်​ ​တော်​​တော်​​ကောင်​းတဲ့ကုလားကားလို့သတ်​မှတ်​ထားတယ်​။သူ​ပေးချင်​​တာ​လေး​တွေ​တော်​​တော်​သ​ဘောကျတယ်​။ ကုလားကားမကြိုက်​တဲ့သူ​တော်​၂ခါပြန်​ကြည်​့ဖြစ်​တယ်​။ သူငယ်​ချင်​း​တွေကို​ပြောပြပြီးသူတို့ကြည်​့​အောင်​လို့ အတူတူပြန်​ကြည်​့​ပေးတာ။မ​အောင်​မြင်​ပါဘူး.အိပ်​​ပျော်​သွားတယ်​တဲ့။ ​မောင်​​လေးကို​တော့မရအရကြည်​့ခိုင်​းပြီး သူ​ပေးချင်​တာ​တွေ​ရောကိုယ်​​ပြောချင်​တာ​တွေ​ရော​ပြောလိုက်​တယ်​။
    သဂျီး​ပြောသလိုပဲ စနစ်​​ကြောင်​့မဟုတ်​..ယမမင်​းနဲ့သဂျားအမျိုး​တွေအကုန်​ရှင်​းသွားမှရမယ်​။ ဘုရားကို ကွယ်​​နေတာ​တွေအားလုံးမရှိ​တော့မှ ဘုရားစကားကိုနား​ထောင်​မယ်​ထင်​တယ်​။ဒါ​တောင်​မ​သေချာပါဘူး။
    သူငယ်​ချင်​း​ဝေါလ်​​ပေါ်က မ လာတဲ့ မြန်​မာစာတန်​းထိုးလင်​့ခ်​

    http://www.channyein.org/2015/01/pk-2014.html

    • Mr. MarGa

      January 21, 2015 at 9:25 am

      မြတ်စွာဘုရား….
      မဆီရယ်တဲမှ မဆိုင် ဗျာ
      ကျုပ်အမျိုးတွေက သူ့ဟာသူနေတာပါ
      ဘယ့်နှယ့် အသားလွတ် လာ ရှင်းချင်နေရသတုန်း
      အဲလို လုပ်ဖို့ ထွင်တဲ့ “လူ” တွေကိုသာ ရှင်းကြပါဗျ….
      စကားအတင်းစပ်… ဆရာအောင်သင်းစကားတွေက တိုတိုနဲ့ ထိမိပါကြောင်းး

    • Shwe Ei

      January 21, 2015 at 10:20 am

      -သများတို့ မြန်တျန့်ပြည်မှာလဲ..ဆင်ဆာလွတ်လပ်ခွင့်ကို အသုံးချပြီး…တန်းမဝင်တဲ့ -ကားတွေ လျှောက်ရိုက်နေမဲ့ အစား…ဘာသာရေးနဲ့နိုင်ငံရေးမှာ အပိုလုပ်မိနေတဲ့ အကြောင်းအရာတွေကို -မီးမောင်းထိုးပြနိုင်တဲ့ ဇာတ်ကားမျိုး ရိုက်ရင် ကောင်းမယ်နော်..(နှစ်၁၀၀ဝကျိန်စာ…လွတ်လိုလွတ်ငြား) :mrgreen:

      • Kaung Kin Pyar

        January 22, 2015 at 9:54 am

        -သများတို့ မြန်တျန့်ပြည်မှာလဲ..ဆင်ဆာလွတ်လပ်ခွင့်ကို အသုံးချပြီး…တန်းမဝင်တဲ့ -ကားတွေ လျှောက်ရိုက်နေမဲ့ အစား…ဘာသာရေးနဲ့နိုင်ငံရေးမှာ အပိုလုပ်မိနေတဲ့ -အကြောင်းအရာတွေကို -မီးမောင်းထိုးပြနိုင်တဲ့ ဇာတ်ကားမျိုး ရိုက်ရင် ကောင်းမယ်နော်..

        -တဖြည်းဖြည်းတူလာအောင်တော့ ကြိုးစားနေတယ် ထင်ပါရဲ့ မရွှေအိ။ ခုလောလောဆယ်တော့ -ကိုရီးယားကားနဲ့တူအောင် မြန်မာအခန်းဆက်ကားတွေမှာလဲ.. ဇာတ်ကောင်တွေ -မျက်လုံးပြူးပြပြီးရင် ကြော်ငြာထိုးတတ်လာပြီ….
        🙂
        ဒါနဲ့….
        ဒီပိုစ့်လေးကို အရမ်းကြိုက်တယ်….

        • Shwe Ei

          January 22, 2015 at 1:11 pm

          -ဟုတ်တယ် ကောင်းကင်ပြာရေ…အတုယူတာလိုလို အတုခိုးတာလိုလိုနဲ့ တိုက်ရိုက်ကူးနေချနေကြတာ ဘယ်နေရာက -ကူးချတယ်ဆိုတာမျိုးပါ
          – ပြောလို့ရလောက်အောင် သိသာလွန်းလာတော့..ဘလိုလုပ် -အထင်ကြီးနိုင်ပါတော့မတုန်း :-/

  • CharTooLan

    January 21, 2015 at 11:28 am

    မင်းအုပ်စိုး ပြသနာမတက်ခင်က အဲ့ဒီဆင်ဆာအကြောင်းရေးထားတာလေး အတော်မိုက်တယ် အာ့လေးဖတ်ပီး
    လေးစားနေတုံး နောက်နေ့ ကွိသွားဒါဘဲ 🙁
    သများကတော့ အနဲငယ်နေမကောင်းဖစ်ရင်တောင် ချစ်သူနဲ့တွေ့ရမှဖစ်ချင်ဒယ် ပျောရင်းလွမ်းထှာ 😛
    အားလုံးကိုခြုံကျိရင် မုဒုံစောင်ကအကောင်းဇုံးးး အဲ့မှားလို့ ပေးတဲ့ဆုနဲ့ပြည့်ခွင့်ရပါရဇိ…..
    ရှယ်တွေစုပေးထားလို့ ကျေးကျေး အာဘွား 🙂

    • Shwe Ei

      January 21, 2015 at 1:40 pm

      -မင်းအုပ်စိုး..လား??
      -စည်းကမ်းနဲ့ လူမှုရေး မကွဲပြားလို့ ကွိသွားဒါ(Cd.ဆရာဇော်ဂျီ)
      -သာမီးက ခြစ်သူအကျောင်းပျောရင်…မမဖြင့် ဘာပြောရမန်း မသိဝူး..ဖစ်.ဖစ်သွားဒယ် :mrgreen:
      (အခုထိ တွဲမြင်ပေးလို့ကိုမရသေးဒါ)

  • Wow

    January 21, 2015 at 4:14 pm

    ဖတ်ပီးရင် စာအုပ်ကော၊ လက်ဘက်သုတ်ပါ ငှားနော် ကျီပြာ :mrgreen:

    • Shwe Ei

      January 22, 2015 at 8:49 am

      -အိမ်လာလည်ရင်..ငှားပါမယ် 😛

  • မြစပဲရိုး

    January 22, 2015 at 4:20 am

    ရာဝဏ ခမျာ တော့ လေးတင်ချိန် မယ်သီတာ ရဲ့ အကြည့် ကို ဘာသာပြန်ပြီး အားယုတ် သွားရှာသတဲ့။
    😉

    • Shwe Ei

      January 22, 2015 at 9:07 am

      -အိုက် ရာဝဏက ရလိုမှုတစ်ခုအတွက်..အင်အားသုံးတာကိုးး. အရီးရဲ့..
      -စိတ်ဓါတ်ခွန်အားကို အသုံးချတာမဟုတ်တော့..မိန်းမတယောက်ရဲ့ အကြည့်တချက်နဲ့တင်..အားတက်လွယ်..အားကျလွယ်ဖစ်တာပေါ့ .. အာ..ဟိ 🙂

  • ဦးကျောက်ခဲ

    January 22, 2015 at 9:36 am

    ဆရာအောင်သင်းရဲ့ စာမှတ်စုလေးတွေ ရှယ်ပေးတာ ကျေးဇူးအထူးပါ…
    လေးသမားက လေးညို့တင် မြှားပစ်တော့မယ်ဆို ပစ်မှတ်ကို တဲ့တဲ့ချိန်…
    အာရုံများတဲ့ ဖျာပုံသား ၊ အာရုံထူတဲ့ ဖျာပုံသူ မလုပ်ရဘူးတဲ့…
    အဟိ… အဲ့အချိန် နောက်ကနေ ချောင်းရိုက်လို့ အကောင်းဆုံး…
    :k:

    • Shwe Ei

      January 22, 2015 at 11:19 am

      -အူးလေးကတော့ လုပ်ဘီ..
      -ဒမာ စိတ်ဓါတ်ခွန်အားပေးပါမယ်ဆိုမှ…ချောင်းရိုက်စရာလားလို့…
      -မွနှင်းရေ..ဒီအူးလေးကို လက်ချာလေး နဲနဲ လောက် ပေးလိုက်ပါအုံး.. 😛

  • uncle gyi

    January 22, 2015 at 9:53 pm

    ဆရာအောင်သင်းကနှလုံးသားကိုလေးပေါ်တင်ပြီးပစ်လိုက်တာ
    ရွှေအိကဆရာအောင်သင်းကိုမန်းဂေဇက်ပေါ်တင်ပြီးပစ်လိုက်တာ

    • Shwe Ei

      January 23, 2015 at 11:22 am

      -ဆရာအောင် သင်းရဲ့ မျိုးဆက်သစ် တိုးတက်ရစ်ဖို့ စီးရီးကို ကြိုက်တယ်ခည. 🙂
      -ခလေးတွေနဲ့ လက်ပွန်းတတီးနေရတဲ့ လူကြီးမိဘတွေ ရော ဆရာ -ဆရာမတွေရော..ဖတ်သင့်တဲ့စာတွေမို့လို့ပါ…

  • padonmar

    January 23, 2015 at 9:16 pm

    ချွေအိလေး
    ၁ဝခုလုံး ကြိုက်ပါသည်။ ကျေးကျေးပါ။

    • Shwe Ei

      January 26, 2015 at 3:39 pm

      -အာတီဒုံရေ..ကြိုက်တယ်ဆိုလို့..ကျေးကျေးပါ 🙂

  • Courage

    January 26, 2015 at 1:06 am

    အလေးစားရဆုံး အကြိုက်ဆုံး ဆရာကြီးရဲ့ အကောင်းဆုံး Notes တွေအတွက် ကျေးဇူးပါ

    • Shwe Ei

      January 26, 2015 at 3:41 pm

      -ဟုတ်ကဲ့..ဆရာအောင်သင်းရဲ့ စာအုပ်တွေလဲ ဝယ်ဖြစ် ဖတ်ဖြစ်စေချင်ပါတယ်..ဒါက စာအုပ် -အညွန်းဘဲမို့လို့ .. စာအုပ်ထဲမှာ ဒီထက်ပိုပြီး အနှစ်ပါတဲ့ စာသားတွေ ရှိနေပါသေးတယ် ..

Leave a Reply