ကမ္ဘာ့လူဦးရေသန်း၁၇၀နှင့် အမေရိ ကန်လူမျိုး ၃.၂သန်းတို့ ခံစား နေရသော၊ အသည်းကင်ဆာဖြစ်လာနိုင်သည့် Hepaptitis C အသည်းရောင်’စီ’ရောဂါကို အမေရိကနိုင်ငံတွင် အခမဲ့ဆေးကုသမှုခံယူနိုင် ပြီဖြစ်ကြောင်း အမေရိကနိုင်ငံလော့စ်အိန်းဂျ လိစ်မြို့နေ မြန်မာဇာတိနွယ် လူနာတဦးကရတနာပုံနေပြည်တော် သတင်းစာသို့အကြောင်း ကြားလာသဖြင့် ပြည်တွင်းပြည်ပမြန်မာဇာတိ နွယ်တို့အတွက် အလွန်အကျိုးရှိနိုင်မည့်သတင်း ထူးဖြစ်သောကြောင့် အခမဲ့ဆေးကုသပေးနေ သည့် Cedars-Sinaiဆေးရုံအသည်းရောဂါ ကုဌာနသို့ ရက်ချိန်းယူကာ သွားရောက် သတင်းရယူခဲ့ပါသည်။

Cedars-Sinaiဆေးရုံအသည်းရောဂါ ကုဌာန၌ ၆လကျော်ဆေးကုသမှုခံယူပြီးနောက်အသည်းရောင်စီပိုးပျောက်ကင်း၍နလံထကာစထိုမြန်မာလူနာသည်အားနည်းနေသည့် ကြားမှလော့စ်အိန်းဂျလိစ်မြို့Cedars-Sinai ဆေးရုံအသည်းရောဂါကုဌာနသို ကိုယ်တိုင် ကိုယ်ကျလိုက်လံပို့ဆောင် မိတ်ဆက်ပေးသဖြင့် အသည်းရောဂါ ဌာနမှူး ဒေါက်တာFred Poordad M.Dအားတွေ့ဆုံခွင့်ရခဲ့သည်။
ကယ်လီဖိုးနီးယား (လော့စ်အိန်းဂျလိစ်)တက္ကသိုလ်(UCLA)မှဆေးပညာပါမောက္ခ တဦးဖြစ်သူ ဒေါက်တာ Fred Poordad M.Dသည် များပြားလှသောလူနာများကိုဆေးကုသပေးနေသည့်ကြားမှရက်ချိန်းပေးထားသည့်ဇန်န၀ါရီလရက်တရက်တွင် ထမင်းစားချိန်ဖြစ်သော နေ့လည်၁၂နာရီ၌ ရတနာပုံနေပြည်တော်သ တင်းစာကိုအချိန်ပေးကာအသဲရောင်’စီ’ရောဂါ ၏ အခမဲ့ဆေးကုသမှုနှင့်ပတ်သက်၍ အသေး စိတ်ရှင်းလင်းပြောကြားပါသည်။

အသည်းရောင်’စီ’ရောဂါရှိတဲ့ဘယ်လိုလူမျိုးတွေကိုအခမဲ့ကုသပေးပါသလဲ၊
အချက်၃ချက်နဲ့ကိုက်ညီရင်အခမဲ့ဆေးကုသပေးပါတယ်။
နံပါတ်(၁)- အသက်၁၈နှစ်ကနေ၆၅နှစ်အ တွင်းရှိရပါမယ်။
နံပါတ်(၂)- အသည်းရောင်’စီ’ရောဂါရှိနေသူများ။
နံပါတ်(၃)- အသည်းရောင်’စီ’ရောဂါပိုးရှိနေ သူများ။ ဆိုတဲ့အချက်တွေနဲ့ ကိုက်ညီရင်ကျွန်တော်တို့ဆေးရုံက အခမဲ့ ဆေးကုသပေးပါတယ်။

ဘယ်လိုလူမျိုးတွေကဆေးကုသခွင့်မရှိပါသလဲ၊
အခုပြောမဲ့အချက်၎ချက်ရှိနေတဲ့သူမျိုးကို ဆေးကုသမှုမပေးပါဘူး။
နံပါတ်(၁)- ကိုယ်ဝန်ဆောင်မိခင်(သို့မဟုတ်)နောင်နှစ်မှာကလေးယူဖို့ရှိတဲ့မိခင်လောင်း။
နံပါတ်(၂)- အေအိုင်ဒီအက်စ်ရောဂါဝေဒနာ သည်နဲ့အသည်းရောင်အသားဝါဘီပိုးရှိနေသူ။
နံပါတ်(၃)-အရက်နဲ့မူးယစ်ဆေးစွဲနေတဲ့သူ။
နံပါတ်(၄)- လက်ရှိအသည်းရောင်’စီ’ရောဂါကိုတခြားတနေရာမှာဆေးကုသမှုခံနေတဲ့သူတို့ကိုဆေးကုသမပေးပါဘူး။

အကယ်၍အသည်းရောင်စီရောဂါသည်(သို့မဟုတ်) အသည်းရောင်စီပိုးရှိနေတဲ့သူကအမေရိကန်နိုင်ငံသားမဟုတ်တဲ့သူ၊အမေရိကန်နိုင်ငံမှာနေထိုင်ခွင့်အထောက်အထားမပြနိုင်တဲ့သူဆိုရင်ကောလက်ခံကုသပေးပါသလား၊
ကျွန်တော်တို့ဆေးရုံကို အသည်းရောင်စီရောဂါ ရှိလို့ ဆေးကုသမှုခံဖို့ ရောက်လာတဲ့လူနာကိုဆေးရုံကနေ ဘာစာရွက်စာတမ်းမှမတောင်းပါဘူး။စစ်လဲမစစ်ပါဘူး။ကျွန်တော်တို့ကရောက်လာတဲ့လူနာကိုလိုအပ်တဲ့ သွေးစစ်၊ဆေးစစ်တာ နဲ့ရောဂါနဲ့ပတ်သက်တဲ့ မေးခွန်းမျိုးတွေကိုပဲ မေးပါတယ်။ ဒါကြောင့်ဘယ်လိုလူမျိုးတွေပဲ လာလာဆေးရုံရဲ့ကုသမှုသတ်မှတ်ချက်နဲ့ကိုက်ညီရင်ဘယ်သူ့ကိုမဆို ရောဂါပျောက်ကင်းအောင်လက်ခံဆေးကုသပေးပါတယ်။

အသည်းရောင်’စီ’ရောဂါပိုးရဲ့ပျောက်ကင်းမှုရာခိုင်နှုံးကဘယ်လောက်အထိရှိပါသလဲ၊
အသည်းရောင်စီရောဂါပျောက်ကင်းနှုံးကဟိုးအရင်က၁၀ရာခိုင်နှုံးပဲ ရှိခဲ့ပေမယ့်လွန်ခဲ့တဲ့ ၁၀နှစ်၁၅နှစ်အတွင်းမှာပျောက်ကင်းနှုံးက၅၀ရာခိုင်နှုံးအထိရှိလာပြီး ခေတ်မှီတိုးတက်တဲ့သု တေသနပြုမှုတွေကြောင့် အခုဆိုရင် အသည်းရောင်’စီ’ရောဂါပျောက်ကင်းနှုံးဟာ၇၀ရာခိုင် နှုံးအထိရောက်ရှိလာပါပြီ၊နောင်၅နှစ်မှာဆိုရင်ပျောက်ကင်းနှုံး၈၀ရာခိုင်နှုံးအထိရှိလာနိုင်မယ်လို့ခန့်မှန်းထားပါတယ်။
ဆေးဘယ်နှစ်မျိုးပေါင်းပြီးကုသပေးနေပါသလဲ၊ Side Effectsရှိပါသလား၊
လွန်ခဲ့တဲ့၃နှစ်အထိလုပ်ခဲ့တဲ့သုသေတနပြု ချက်တွေအရ အသည်းရောင်စီရောဂါပျောက် ကင်းနိုင်တဲ့ဆေးအမျိုးအစားပေါင်း၁၅မျိုးအထိတွေ့ရှိခဲ့ပါပြီ။

အခုအရေပြားအောက်ကိုဆေးထိုးရတဲ့ Intereron၊ သောက်ဆေးတမျိုးဖြစ်တဲ့ Rivorivin နဲ့ Protease Inhibitorsဆေးသစ်တမျိုး နဲ့ပူးတွဲကုသတဲ့ နောက်ဆုံးပေါ်ကုထုံးကိုသုံးပြီးအသည်းရောင်’စီ’ရောဂါကို၆လကနေတနှစ်အတွင်းမှာလုံးဝပျောက်ကင်းအောင် ကုသပေးနိုင် နေပါပြီ။ သောက်ဆေးထိုးဆေးတိုင်းမှာငိန န်နခအျ ရှိပါတယ်။ ဒါပေမဲ့သောက်ဆေးထိုးဆေးရပ် လိုက်တဲ့နောက်မှာငိန န်နခအျတွေမရှိတော့ ပါဘူး။
လူနာတယောက်အတွက်ဆေးကုသစရိတ်ဘယ်လောက်ကုန် ကျပါသလဲ၊ဘာကြောင့်အခမဲ့ဆေးကုသပေးနိုင်ပါသလဲ၊
Cedars-Sinai ဆေးရုံအသည်းရောဂါ ဌာနမှာရှိတဲ့အသဲရောင်’စီ’ရောဂါကုထုံးရဲ့ကုန် ကျစရိတ်ကလူနာတယောက်အတွက်အနည်းဆုံးဒေါ်လာတသောင်းခွဲကနေနှစ်သောင်းအထိကုန်ကျစရိတ်ရှိပါတယ်။
Cedars-Sinaiဆေးရံရဲ့အသည်းရောဂါဌာနအတွက်နှစ်စဉ် ဆေးသုတေသနလုပ်ဘို့ ရံပုံငွေသီးခြားသတ်မှတ်ထားတာရှိပါတယ်။အဲဒီရံပုံငွေထဲကနေကုသပေးတာပါ။

Cedars-Sinaiဆေးရုံမှာအသည်းရောင်စီရောဂါ ကိုအခမဲ့ဆေးကုသခံယူလိုတဲ့သူတွေကဘာတွေပြင်ဆင်ပြီးလာရမလဲ၊
လူနာမှာအသည်းရောင်’စီ’ရောဂါပိုးရှိတယ်လို့သွေးဖေါက်စစ်ဆေးလို့ သိခဲ့ပြီးတဲ့နောက်ဒါ မှမဟုတ်ဆရာဝန်တဦးကပြောခဲ့ပြီးတဲ့နောက်ဆေးကုသမှုခံယူချင်ရင်ကျွန်တော်တို့ဆေးရုံကိုလာပြီးတော့သွေးဖေါက်၊ ငြသBiopsyခေါ်တဲ့အသားစယူစစ်ဆေးခြင်းတွေ ကိုစလုပ်ရပါမယ်။ပြီးတော့မှသွေးအဖြေနဲ့ အသားစအဖြေအပေါ်မှာမူတည်ပြီးဆေးကုသခြင်းကို အခမဲ့ကုသခံယူခွင့်ပေးမှာ ဖြစ်ပါတယ်။

Cedars-Sinai ဆေးရုံမှာ အသည်းရောင်စီပိုး ရှိ-မရှိကိုစစ်ဆေးပေးပါသလား၊
ဆေးရုံမှာ အသည်းရောင် စီပိုး ရှိ-မရှိကိုမစစ်ဆေးပေးပါဘူး။အပြင်မှာစစ်ဆေးပြီးအသည်းရောင်ရောဂါပိုးရှိတယ်ဆိုမှဆေးကုသပေးတာဖြစ်ပါတယ်။
အသည်းရောင်စီရောဂါအခမဲ့ဆေးကုသခံယူမှုအကြောင်းကို အသေးစိတ်သိလိုပါက  Grace Cheeဖုံးနံပါတ် ၃၁၀-၄၂၃-၅၄၆၁၊Martin Briseno ဖုံးနံပါတ် ၃၁၀-၄၂၃-၇၈၃၇ သို့မဟုတ် ရတနာပုံနေပြည်တော်သတင်းစာ(626)506 9607 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

မှတ်ချက်။  ။ မန္တလေးဂေဇက် ဖေဖေါ်ဝါရီလထုတ်တွင် ဖေါ်ပြပြီးဖြစ်ပါသည်။
မြန်မာပြည်တွင် များပြားလဗသောသူများ အသည်းရောဂါ”စီ” ဖြစ်နေကြသည်။ အမေရိကန်ပြည်ထောင်စုသို့ အရောက်လာနိုင်ပါက မိမိရောဂါ ပျောက်ကင်းနိုင်သော အခွင့်အလန်းရှိပါသည်။ သို့ပါ၍ မိမိနှင့်နီးစပ်သောသူများ၊ မိတ်ဆွေများ ရောဂါဖြစ်နေသူများအား အထက်ပါသတင်းစကားကို လက်ဆင့်ကမ်းစေလိုပါကြောင်း..။

kai

About kai

Kai has written 942 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.