ဝမ်းစာ

Kaung Kin PyarJanuary 21, 20151min27540

မနေ့ညနေက လမ်းလျှောက်နေတုန်း….ဘေးက အသံတိုးတိုးကြားတယ်….

အင်္ဂလိပ်ကားကောင်းတွေရမယ်၊ ရုံတင်ကားတွေ ရမယ်၊ အသစ်ထွက်တဲ့အခွေတွေ ရှိတယ်….တဲ့

လှမ်းကြည့်လိုက်တော့….

လူတစ်ယောက်…ပလပ်စတစ်ထိုင်ခုံလေးပေါ်ထိုင်နေရင်း…..သူ့နားက ဖြတ်သွားတဲ့လူတွေကိုလဲ တစ်ယောက်ချင်းစီတိုင်းကို လိုက်အကဲခတ်ပြီး ခပ်တိုးတိုး အော်နေတယ်…။ သူကသာ အဲ့ဒီလိုအော်နေတယ်….၊ သူ့ဘေးမှာရော ရှေ့မှာပါ ဘာအခွေမှ မရှိဘူးရယ်…။

ကျမ သူ့ကိုလှမ်းကြည့်တာ မြင်တော့…ညီမ ဟိုဆိုင်းဘုတ်ရှိတဲ့ ဘေးလှေကားက တက်သွားပါလို့….ပြောတယ်…။

ဘေးမှာပါတဲ့ သူငယ်ချင်း ၂ ယောက်ကလဲ

အင်း…ငါတို့လဲ အခွေငတ်နေတာကြာပြီ…၊ Shopping Mall တွေမှာတောင် အခွေတွေ မရှိတော့ဘူး၊ ကြုံတုန်း သွားကြည့်ရအောင်တဲ့…

ကျမလဲ ကြည့်ချင်တဲ့ကားလေးတွေရှိနေတော့….သူညွှန်ပြတဲ့ ဘေးလှေကားကနေ တက်သွားတယ်….။

သိပ်မတက်လိုက်ရပါဘူး……။ ပထမလှေကားတစ်ဆစ်ချိုး နေရာလေးမှာတင်….အခွေထည့်ထားတဲ့ခြင်းလေးတွေကို ပလပ်စတစ်ခုံပေါ်တင်ပြီး…အဲ့ဒီဘေးမှာ အခွေရောင်းသူ လူတစ်ယောက်ရပ်နေတယ်…..။

ကျမတို့မေးသမျှ အခွေတွေကို အမြန်ပဲရှာနေတယ်….။

အဲ့ဒီအချိန်မှာပဲ…..

အသက် ၃ဝ ကျော် ၄ဝ နီးပါး လူတစ်ယောက်ရောက်လာပြီး မတ်တပ်ရပ်တယ်…

အခွေရောင်းနေတဲ့သူ ပျာယာတွေခတ်ပြီး…မျက်စိမျက်နှာ ပျက်ပါရောလား….၊ ရွေးလက်စ ကျမတို့အခွေကိုတောင် မရွေးနိုင်ဘဲ ဘေးနား ခပ်ရို့ရို့လေးရပ်ပြီး…ခုနက လူကြီးကို မျက်နှာငယ်လေးနဲ့ လိုက်ကြည့်နေတယ်….။

ဟိုလူကြီးက ပါလာတဲ့ ဘေးလွယ်အိတ်ထဲက တစ်စုံတစ်ခုကို ထုတ်ဖို့…လက်လှမ်းတယ်….၊ အခွေရောင်းတဲ့သူ မျက်နှာပျက်သထက် ပျက်လာပါရော….

တိုက်ခန်းလှေကားကလဲ ကျဉ်း၊ ကျမတို့မေးတဲ့ ရှာလက်စအခွေကိုလဲ ရှာတာရပ်ထားလေတော့ ကျမတို့ သူငယ်ချင်း ၃ ယောက်လဲ ဘာမှလုပ်စရာမရှိ၊ ထောင့်မှာရပ်နေရင်း အခွေရောင်းသူနဲ့ နောက်မှရောက်လာတဲ့လူကြီး ဘာလုပ်သလဲပဲ လိုက်ကြည့်နေမိတယ်…..။

ဟိုလူကြီး သူ့အိတ်ထဲက ဆွဲထုတ်လိုက်တာ ဘာများလဲလို့…အခွေရောင်းတဲ့သူနဲ့ ကျမတို့တစ်သိုက်ပါ လိုက်ကြည့်မိရက်သား ဖြစ်နေတာ….။

သူ့ကို စိတ်ဝင်တစားနဲ့ မျက်လုံး ၄စုံက လိုက်ကြည့်နေတော့ ဟိုလူကြီးလဲ ဖြစ်နေတဲ့အနေအထားကို သဘောပေါက်သွားသလိုနဲ့…ရယ်သွမ်းသွေးရင်း လှမ်းပြောတယ်…

စိတ်မပူပါနဲ့ကွ…..ငါက မျက်မှန်ထုတ်တာပါ တဲ့….

ဒီတော့မှ အခွေရောင်းတဲ့အကိုကြီးက သက်ပြင်းတစ်ချက်ကြိတ်ချရင်း စိတ်အေးသွားပုံဖြစ်သွားတယ်….။ ဒါတောင် သူလှမ်းမေးလိုက်တဲ့ အသံခပ်ယဲ့ယဲ့ကို ကြားလိုက်သေး….

အကိုကြီးက ရဲမဟုတ်ပါဘူးနော်….တဲ့…

(အဲ့ဒါ ဘယ်နားမှာလဲလို့တော့ … မမေးနဲ့….၊ လုံး ဝ မ ပြော ဘူး..)

🙂

 

ကောင်းကင်ပြာ

 

40 comments

  • Before

    January 21, 2015 at 10:28 am

    (အဲ့ဒါ ဘယ်နားမှာလဲလို့တော့ … မမေးနဲ့….၊ လုံး ဝ မ ပြော ဘူး..)
    အများရှေ့မို့ မပြောချင်လဲ နှစ်ယောက်ဆုံတဲ့အခါ တိုးတိုးတိတ်တ်ိတ် ပြောပေးနော် ကျွန်တော်လဲ လမ်းကြုံရင် ဝင်ဝယ်ချင်လို့ပါ။

  • Kaung Kin Pyar

    January 21, 2015 at 10:32 am

    ငင့်..လေးခက မန်းလေးက ဟုတ်ဝူးလား…???
    ကောင်းကင်ပြာနဲ့က ကြုံတတ်ပါတယ်..အိုက်ဆိုင်နဲ့က လမ်းသင့်တယ်….၊ လိုချင်တဲ့အခွေရှိရင် ပြောလေ လေးခ။ ဝယ်ထားလိုက်မယ်….၊ အခွေစာရင်းပေးထားလိုက်…
    အကြည်၊ စာတမ်းထိုးလဲ အမှန်ပဲ….(ကြော်ငြာပေးတာ…)
    :k:

    • အလင်းဆက်

      January 21, 2015 at 10:44 am

      တာရာမင်းဝေရဲ့ မြင်းစီးထွက်သော အိပ်မက်များကို
      .မောင်သူရ(Oo Zarganar)က ရုပ်ရှင်တစ်ကားအဖြစ် အသက်သွင်းဖူးတယ်။
      အဲ့ဒီဇာတ်ကား ကြည့်ချင်လို့။
      အဲ့ဒါ
      ကင်းကောင်ပျာလေး လျှာပေးနိုင်မလား

      🙂

      • Kaung Kin Pyar

        January 21, 2015 at 11:08 am

        ကောင်းကင်ပြာတော့ လျှာမပေးနိုင်ဘူး…။ ဒီလျှာလေးနဲ့ အတင်းတုတ်နေရဒါ…
        ညဲဟာညဲ လျှာစားချင်ရင် ဝက်သားတုတ်ထိုးဆိုင်သွား….။
        အိုက်ကားက လမ်းဘေး ရောင်းတတ်လို့လား….။ တိုးတိုးတိတ်တိတ်တွေနဲ့ မေးဘာအေ…။ ဒါမျိုးက ရှားဒယ်…၊
        လျှာကြည့်အူးမယ်….။ တွေ့ရင် သံချောင်းခေါက်လိုက်မယ်…

    • Before

      January 21, 2015 at 10:49 am

      မန်းမှာတော့ အဲလိုဟုတ်ဘူး ဆိုင်ခန်းနဲ့ အခွေတွေ စီကာရီကာ စင်တွေနဲ့ကို ထားပြီးရောင်းနေသေးလို့ ဝယ်လို့လွယ်နေစဲပါဗျ။
      ကောင်းကင်ပြာ လိုချင်တဲ့အခွေ ဝယ်ပေးမယ်ပြောလို့ ကျေးဇူးပါ။ ကျွန်တော်က လုံး ဝ မ ပြော ဘူး လို့ရေးထားလို့ စတာပါ။

  • Kaung Kin Pyar

    January 21, 2015 at 11:09 am

    ဒါဆို လေးခဆီက ပြန်မှာမယ်……
    အခွေစာရင်း…
    (1)
    (2)
    (3)
    (4)
    (5)
    :
    :
    :
    :
    :
    :k:

  • Mr. MarGa

    January 21, 2015 at 11:23 am

    အခွေလား
    မကြည်တကြည် လိုချင်လား
    bluray စစ်စစ် လိုချင်လား
    မြန်မာလို စာတမ်းထိုး ပါချင်လား
    dvd 9 လား
    ကြိုက်တာကိုသာပြောလိုက်
    အစုံရှိတယ်
    အဲ့လာ မန်းလေးလို့ ခေါ်တယ်
    :a:
    P.S online ပေါ်ကနေ လိုင်းမကောင်းလို့ မဒေါင်းနိုင်ဘူးလား ရတယ်။ လုံးဝ 1080p video file ရောင်းနေတာတွေတောင် ရှိရဲ့
    ငိငိ

  • Kaung Kin Pyar

    January 21, 2015 at 11:26 am

    အဟွတ်!!!
    ဒါမှ ကြော်ငြာစစ်စစ်…

    • Mr. MarGa

      January 21, 2015 at 11:45 am

      မန်းသား မန်းအကြောင်းကြွားတာ ဆန်းသလားကွယ်

      • Wow

        January 23, 2015 at 9:58 am

        တဂျားလေး မမဂျီး ခွေစာရင်းမတ်စိပို့လိုက်မယ် ဝယ်ပေးနော် ခေး :mrgreen:

        • Mr. MarGa

          January 30, 2015 at 8:52 am

          ဟိုက်ရှ်…
          လေသံက သာမန်ထက်ကို လွန်လွန်ကဲကဲ ချိုသာနေပါလားဟင်
          :k:

  • ဖားသက်ပြင်း

    January 21, 2015 at 11:45 am

    ​ကျော်​့ကို​လေ
    အိုဇာဝါ မာရီယာ ရယ်​
    အာအိုးအိဆိုးလ ရယ်​
    အိချိနိုဆဲ့ ရယ်​
    ခီတဂဝရယ်​
    ခါမိမူလ ရယ်​
    နတ်​ ချာနာပါရယ်​
    ဒင်​းတို့​လေး​တေပါတဲ့ကား​တွေ ရှာ​ပေးပါလား​ညော်​

  • Kaung Kin Pyar

    January 21, 2015 at 11:52 am

    Whoopi Goldberg နဲ့ ခပ်ဆင်ဆင်တူတဲ့ မင်းသမီးပါတဲ့ကား…Lucy ဆိုတာလားတော့ တွေ့မိတယ်…

  • ဖားသက်ပြင်း

    January 21, 2015 at 12:11 pm

    အသားဖြူဖြူ
    ဆံပင်​နီနီ
    မျက်​လုံးပြူးပြူး
    နှာ​ခေါင်​းချွန်​ချွန်​
    နှုတ်​ခမ်​းထူထူ နဲ့ သိပ်​ ကျက်​သ​ရေရှိတဲ့မင်​းသမီးပါဗျာ

    • မြစပဲရိုး

      January 22, 2015 at 5:42 am

      ဟိုဘက်မှာလဲ ဒါတွေ ရေးထားတယ်။
      မောင်ဂီ ဘာရောဂါထနေပြန်ပြီမသိ။ 🙄 😉 :))

      ကင်းကောင်လေး
      အဲဒီလူကြီးက ရွာထဲ က ဦးလေးကြီး တွေထဲ က ဖြစ်နေဦးမယ်။ lol:-))
      အဲ့မှာ အင်တာဗျူး ခွေ ရော ရသတဲ့လား။
      ပြောသာပြောရ။
      အဲဒီမှာ အလကားပေးတောင် ကိုရီးယားကား တွေ လောက် စိတ်ဝင်စားမယ်မထင်။
      ဒါကိုများ အရေးလုပ်ဖမ်းပြနေသေး။

      • Kaung Kin Pyar

        January 22, 2015 at 9:37 am

        English ကား ကောင်းကောင်းကြည့်ချင်တာ အရီးရ…။ မြန်မာကားတွေကလဲ ပေါတောချာတာ အက်ကြောင်းထပ်ပြီး ဇာတ်လမ်းအစကြည့်လိုက်ရုံနဲ့ အဆုံးကို တန်းသိနေရောလား….။
        အင်္ဂလိပ်ကားကို ခိုးကူးခွင့်မပြုလို့…အော်ရီဂျင်နယ်ရှာပြန်တော့လဲ Shopping Mall ကြီးတွေမှာတောင် အရင်ကရှိသေးတယ်၊ အခုမရှိတော့ပြန်ဘူး။
        ၄၂ လမ်းထိ သွားဖို့ကျတော့လဲ…ကောင်းကင်ပြာအနေနဲ့က တကူးတကဖြစ်တယ်…။
        ဒယ်ဒီဖားသားပါးပါးဖေဖေရယ်….သာမီး အိမ်မှာ..စကိုင်းမဲလေး တပ်ဗျဇီ…ပြောတာကို နင်တို့ TVရှေ့က ထ မှာမဟုတ်ဆိုပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ်တောင် အတပ်မခံလို့…အဖေတောင်ကြီးက ပြန်မလာခင် ခိုးတပ်ရကောင်းမလား ကြံစည်နေတာ..
        ရွာပေါ်က ဟိုလူကြီးဒီလူကြီးတွေက ဟိုကားလေးတော့ကောင်းတယ် ဒီကားလေးတော့ကောင်းတယ်ဆိုရင် ကျိချင်တာ တပိုင်းသေပြီး တရွတ်ဆွဲ…။ ဘယ်ကရှာရမှန်းလဲ မသိ…
        ခိုးကူးဆိုလို့…
        မနေ့က သမိုင်းကဖြတ်တော့ လမ်းဘေးမှာပေါ်တင်ပဲ ခြင်းတွေထဲထည့်ပြီးရောင်းနေတာ ၃ ၄ဆိုင်မက…။ ဟင်….ဘိုလိုကြီးမှန်းမသိ…၊ ဒီအပိုင်းက စက်ကွင်းလွတ်တာလား၊ ရန်ကုန်တမြို့ထဲတောင် စီမံချက်က ကွက်ကြားမိုးရွာတယ်ထင့် လို့တွေးလိုက်သေးတယ်…
        ဟော…မနက်ကျတော့ ဖယ်ရီပေါ်က မှုခင်းဂျာနယ်လေးလှန်လိုက်တာ ကျောက်တံတားမှာ…အခွေလေး ၅ခွေသာ ခမျာရောင်းရရှာပါသေးတယ်…၊ ပိုက်ဆံလေး ၃၀၀ဝ လားရသေးတယ်…၊ ရဲကိုကိုတို့က ကုတ်သွားလို့ ဂျာနယ်ထဲ ပါလာတယ်….
        မယောင်ရာ ဆီလိုက်လူးနေကြတယ်…..
        ကတောက်စ်စ်!!!

      • Wow

        January 23, 2015 at 10:02 am

        အင်တာဗျူ း အခွေက စာတန်းထိုးအမှန် အကြည်တွေနဲ့ အနော်တောင်ကျိပီးတာကြာပေါ့ ရတာပေါ့အရီးရယ် ညန်မာအစိုးရဥပဒေကို မကြောက်တာ လမ်းဘေးခွေရောင်းသမားတွေပဲချိ… အဖမ်းခံရတာနောက် မရောင်းရရင် အယင် ထမင်းငတ်မာလေ…
        ကင်းကောင်လေး ပေါသလို ဝမ်းစာ 🙁

  • Shwe Ei

    January 21, 2015 at 2:25 pm

    -ယင်းဂလိပ်ကားဒွေကို…ခိုးကူးမို့လို့ ဆိုပီး..ဖမ်းတာ သိမ်းတာတေ လုပ်ခိုင်းတဲ့ -သူဒွေကို..သိပ်သောက်ညင်ကတ်တာဘဲကွီ..
    -အာ့ကားဒေ..မကျိလို့..သများတို့က..ညန်မာကား(သောက်ယူးကား..သောက်ပေါကား) ဒေကို..ဝယ်ကျိရမာလားလို့..(မှတ်ချက်..သေတောင်မဝယ်ဘူး..ဒဂယ်ပျော့စ်တာ) :mrgreen:

  • Kaung Kin Pyar

    January 21, 2015 at 3:38 pm

    ဒဂယ် ဖမ်းသင့်တာဒွေကိုဒေါ့ လွှတ်လွှတ်ပေးပြီး…ဒဂယ် မဝင်သင့်တဲ့လူဒွေကိုဒေါ့ ဝင်ခွင့်ပေးပြီး မရှိလို့လုပ်စားနေတဲ့သူဒွေကိုဒေါ့…ပုံကြီးချဲ့ပြီး ပတ်တနာလိုက်ရှာတာ…
    သမီးလဲ သိပ်မုန်းတာပဲကွီ…

  • manawphyulay

    January 22, 2015 at 10:41 am

    အိုင်ဆေး ကိုနှင်းမောင်..
    ပြောနဲ့ နေရာ သိပြီ….
    ဟဲဟဲ…. ကြုံရင် သွားဝယ်မလို့ပါ…

    • Kaung Kin Pyar

      January 22, 2015 at 12:04 pm

      အဲ့ မနော..
      ပြောတဲ့နေရာကို သမိုင်းလို့ထင်မှာစိုးလို့….
      သများထမင်းအိုးတော့ တုတ်မထိုးချင်ပုစ့်….။ သို့သော်…သမိုင်းက အခွေတွေများ ဝယ်မယ်ဆိုရင်တော့ မှားမယ်လို့….
      ကာဗာနဲ့ အခွေက တခြားစီဖြစ်ရင် ဖြစ်မယ်၊ မဟုတ်ရင် အခွေက ဝါးတားတားဖြစ်မယ်…၊ အိုက်လိုမှမဟုတ်ရင် အင်္ဂလိပ်စာတန်းမထိုး မြန်မာစာ တလွဲဖြစ်တယ်…။
      🙂

  • Mike

    January 22, 2015 at 11:29 am

    .PK အခွေဝယ်ချင်ပါတယ်
    .အဲ့ မင်းသားပါတဲ့ကားတွေကောင်းတာများတယ်

  • Kaung Kin Pyar

    January 22, 2015 at 12:16 pm

    ဟုတ်တယ် အူးမိုက်…
    အဲ့ဒီမင်းသားရိုက်တဲ့ ဇာတ်ကားတွေကို သဘောကျတယ်..။
    သူပါတဲ့ LAGAAN ဇာတ်ကားကို မကြည့်ဖူးသေးဘူး…
    PK ဇာတ်ကားလဲ အတော်လေးကို ကောင်းတာပါ….။
    ဇာတ်လမ်းကြည့်ရင်း သူပြောတာလဲ ဟုတ်တာပဲလို့ တွေးမိတာ ခဏခဏ
    🙂

  • ဦးကျောက်ခဲ

    January 22, 2015 at 12:28 pm

    ထိုင်းကလူတွေက လမ်းကြုံရင် တာချီလိတ်မှာ အခွေလာဝယ်တယ်…
    ယိုးဒယားစာတမ်းထိုးအခွေ အကုန်ရပြီး ဈေးသက်သာလို့တဲ့…
    သူတို့ဆီမှာလည်း ထိုနည်းလည်းကောင်း ၊ ရဲက ဖမ်းတယ် ငွေညှစ်တယ်…
    “ဝမ်းစာ” ဆိုလို့ … ဦးကျောက်စ်ကတော့ ဝမ်းစာမဟုတ်… သရီးစာ ရှာနေရဘီ…
    :k:

    • Ma Ma

      January 22, 2015 at 2:14 pm

      သူများဝမ်းစာနဲ့ကြုံတုန်း သူ့သရီးစာကို လာကြွားနေတယ်။
      နောင်ဆို ဖိုးစာ ဖို်က်စာပါ ရှာရမှာ။ :k:

  • Kaung Kin Pyar

    January 22, 2015 at 1:46 pm

    ဖမ်းတာက တကယ်လိုအပ်တာဆိုရင်ဖြင့် မြန်မာတပြည်လုံး ဖမ်းပေါ့လေ…။ ခုက ရန်ကုန်ချင်းအတူတူတောင် တစ်နေရာက ခိုးရောင်း၊ တစ်နေရာက အဖမ်းခံရ…ဟော့…နောက်တစ်နေရာကျ ပလက်ဖောင်းတင် ပေါ်တင်ရောင်းတာ….။ အိုက်ဒါ သွားရလှ ဘက်စ်ကားမှတ်တိုင်လေး ၆ ခုစာလောက်နေရာတွေ…
    ပြီးတော့…ခုဟာက ဖမ်းလိုက်ပဟဲ့တစ်လ၊ ပြီးတော့လဲ အလျိုလျိုဆိုင်လေးတွေ ပြန်ပေါ်လာတာပဲ…။ ရောင်းတာချင်းအတူတူ ကံမကောင်းသူမောင်ဖေတွေကတော့ ဂျေးထဲရောက်၊ ဂျာနယ်ထဲရောက်ပေါ့…။ မညီမျှတာပြောပါတယ်….။
    🙁
    သရီးစာက ရှာချင်စရာလေးတွေပါ…အူးကျောက်စ်ရယ်။ မနှင်းကလဲ ချောချောလေး…၊ လာတော့မယ့်ရွာ့အသီးကျော် ဖြစ်မှာလေးကလဲ အဖေတူဆို ခန့်ခန့်၊ အမေတူဆို ချောချောဆိုတော့….
    ဖိုးစာအတွက်ပါ ကြိုစုထားတော့နော်…
    :mrgreen:

    • ဂျက်စပဲရိုး

      January 23, 2015 at 8:35 am

      သွားရမှ ဘတ်စ်ကားလေး ၆ မှတ်တိုင် ဆိုတော့ကာ လှည်းတန်း ပဲ ဖြစ်ရမယ်… ဒန်တန့်ဒန်…. 🙂

  • အာဂ

    January 22, 2015 at 4:03 pm

    သေချာတာက ဆူးလေနားတစ်ဝိုက်ပဲ။

    • Kaung Kin Pyar

      January 22, 2015 at 5:31 pm

      ဆက်စပ်စဉ်းစားတာတွေ သိပ်များနေပြီ ကိုစံအာဂ…
      🙂
      ကူညီဗျဇီထဲ ဝင်တော့မလို့ရားဟင်…
      :k:

  • kai

    January 22, 2015 at 4:12 pm

    လော့ကျတဲ့ကျလိကျလိအိမ်မှာ… တချို့လူတွေ(အဓိကအားဖြင့်အမဲတွေ) အဲလိုဒိုင်လေးနဲ့အခွေရောင်းသဗျ..
    တခါတလေ.. မက်ခ်ဒေါ်နယ.်ထဲထိဝင်ပြီး.. စားနေတဲ့သူနားကပ်မေးတယ်..။
    ဝယ်မယ်ဆို.. ပေါ်တင်ကိုအိပ်ထဲကထုတ်ပြတာပါပဲ..။
    ပြောရရင်.. အဲဒီလိုအခွေရောင်းနေတာတွေက.. ဟောလိဝုဒ်နဲ့၁ဝမိုင်တောင်မဝေး..။ :k:
    များသောအားဖြင့်.. ရုပ်ရှင်ကိုကင်မရာထောင်ရိုက်ထားတာတွေမို့..
    မျက်စိအညောင်းခံကြည့်ရမယ့်အတူတူ.. ကောင်းတာပဲအရသာရှိရှိကြည့်.. အနုပညာခံစားမယ်ဆိုပြီး.. မဝယ်ဖြစ်..။
    အဲ.. မရှိတာတွေတော့.. ဝယ်ထားပါ့..။
    ဒါရိုက်တာ Hayao Miyazaki ရဲ့အဲနီမေးအခွေတွေကိုကြိုက်သမို့.. အီးဘေးကနေ.. မလေးရှားကိုလှမ်းမှာဝယ်တာ…

  • Kaung Kin Pyar

    January 22, 2015 at 5:31 pm

    သဂျီးတို့ တိုင်းပြည်မှာလဲ ဒါမိုးတွေရှိတာပဲလား…..။
    တခါတခေါက်တော့ မြန်ကျန့်ကို ပြန်လာပြီး မြန်ကျန့်ပြည်ကြီး ဘာတွေ တိုးတက်ပြောင်းလဲလာတယ်ဆိုတာ လာကြည့်ဘာအူး….
    ဒီမှာလေ…
    အတော်ကို ဟုတ်နေပြီ
    :k:
    TV ကလာတဲ့ မြန်မာအခန်းဆက်အက်ရှင်ကားထဲမတော့ ထိုင်းကပြန်လာတဲ့ အေးမြတ်သူက လေဆိပ်မှာ ဦးထုပ်ကြီးဆောင်းလို့ မျက်မှန်နက်ကြီးတပ်ပြီး ဪ မြန်မာပြည်ကြီးတောင် အတော်တိုးတက်ပြောင်းလဲလာပါလားဆိုတဲ့ မှတ်ချက်ချသံကြားတော့ သဂျီးတို့မြန်း ပြန်လာရင် ဘယ်လိုမှတ်ချက်ပေးမယ် စဉ်းစားမိသေး….
    :k:

  • uncle gyi

    January 22, 2015 at 10:06 pm

    သူတို့ရှာတဲ့ဝမ်းစာက
    သူတို့စားနေတဲ့ဝမ်းစာနဲ့တူနေလို့
    လုစားနေတာဖြစ်မှာပေါ့ကွယ်

  • naywoon ni

    March 26, 2015 at 7:03 pm

    အဲ့ ဟို အ​ခွေ​တွေ​ကောရှိလားဟင်​ ! လက်​ပံ​တောင်​း ပြဿနာတို့ မိတ္ထီလာ အဒိကရုံးတို့ လက်​ပံ​တောင်​း ​သပိတ်​တို့ ​ပြောဒါ 🙂

    • Wow

      March 27, 2015 at 12:30 pm

      အခွေမကျိနဲ့ ကိုယ်တိုင်သွားကျိပါလား ဆြာနီ.. :mrgreen:

      • naywoon ni

        March 27, 2015 at 9:53 pm

        ​သွေးရဲရဲ သံရဲရဲ မကြည်​့ရဲလို့ ဆရာဝံ မလုပ်​ခဲတာ ။ 🙂

  • Kaung Kin Pyar

    April 3, 2015 at 12:03 pm

    ဆြာနေ….ဘုန်းကြီးအရေးအခင်း ကြည့်ပြီးကတည်းက စိတ်ထိခယှက်လို့…အရေးအခင်းဗွီဒရိုဒွေဆို အင်တာနက်မှာ တွေ့တောင် လက်ရှောင်ဖြစ်နေတာ…။ သာမီးက အတဲငယ်ဒယ်…ငိငိ..
    ဟုတ်တယ် အမွန်…. ဒီရက်ပိုင်း ပြန်တွေ့နေတယ်..။ Center တွေမှာလဲ တွေ့နေရပြီ….။ စိတ်ချမ်းသာချက်….။
    ကိုတညင်သား…..
    သူခိုးအားပေးတယ်ပဲ ပြောပြော….သူ့ဘက်ကိုယ့်ဘက် ဝင်းဝင်းဖြစ်တယ်လို့ ခံစားမိ….
    :k:

Leave a Reply