” ကောင်းလိုက်တဲ့နည်းပြ “

ခင္ခJanuary 21, 20151min16312

” ကောင်းလိုက်တဲ့နည်းပြ “

 

 

” ကဲလူစုံရင် ဘောလုံးကန်ကြမယ်လေကွာ အချိန်မရှိဘူးကွ တော်နေမိုးချုပ်တော့မှာ ”

” အေးကန်ကြမယ်လေ နေအုံးဂိုးစည်းတားလိုက်အုံးမယ် ထုံးထုတ်ပေးပါအုံး ”

” ရော့ထုံးထုတ် မောင်းဝင်းတားလိုက် ”

” မင်းတို့က အဲလိုမညစ်ပတ်နဲ့လေ မင်းတို့ဘက်ဂိုးစည်းကြတော့ စည်းခိုးပြီးလျော့ထားတယ် ငါတို့ဘက်ကျတော့ ဂိုးတိုင်နဲ့အရမ်းဝေးနေတယ် မညီမျှဘူး ပြန်ပြင်ကွာ ”

” မင်းတို့ကလည်း တားပြီးမှတော့ ဒီတိုင်းဘဲကန်လိုက်ကွာ ဂိုးစည်းပြင်နေတာနဲ့ အချိန်ကုန်တော့မယ် ”

” မဟုတ်ဘူးလေကွာ ပါနယ်တီအဆုံးအဖြတ်ကျ ငါတို့ဘက်ကနာမှာပေါ့ ”

” ဟာ ပါနယ်တီအဆုံးအဖြတ်က ရှိချင်မှာရှိတာပါကွာ ပြင်မနေပါနဲ့ ”

” ရှိချင်မှရှိတာလို့ တတ်အပ်ပြောလို့မရဘူးလေကွာ ရှိလာရင် အနိုင်အရှုံးအဆုံးဖြတ်က အဲဒီပါနယ်တီက အရေးကြီးမှာပေါ့ နဂိုထဲကမျှမျှတတ စည်းဆွဲရမှာပေါ့ အခုတော့ မင်းတို့ဘက်ကလူဆွဲတဲ့ စည်းမို့ စည်းခိုးထား တာတော့ဘယ်ကောင်းမလဲ ပြင်ပေးကွာ ”

” အခုမှ မင်းတို့က စည်းပြန်ပြင်လုပ်နေတယ် ငါတို့စည်းတားတာလဲ အရင်တားပြီးသား စည်းမျဉ်းအဟောင်း ပေါ် ထင်းအောင်ထပ်လုပ်တာဘဲရှိတာ တစ်သက်လုံးဒီစည်းနဲ့ဘဲကန်ခဲ့တာနော် အခုမှ လာပြီးပြင်ခိုင်းမနေနဲ့ အရင်အဖွဲ့တွေတောင် ဘာမှမပြောဘူး ”

” အရင်အဖွဲ့တွေက မပြောချင်လို့နေမှာ မင်းတို့ညစ်တာတော့ သူတို့သိတယ် တစ်သက်လုံးလဲအဲလိုညစ်ပြီး လက်ရှိချန်ပီယံဆိုလုပ်နေတာလေ ဖင်ခေါင်း သိပ်မကျယ်နဲ့ စည်းခိုးပြီးနိုင်ထားတာ မသိဘူးမှတ်နေလား အချိန်မရှိဘူးကွာ မင်းတို့အရည်အချင်း မင်းတို့ယုံရင် မျှမျှတတ စည်းပြင်ပြီး ကန်ရဲရမှာပေါ့ ဘာမကန်ရဲ စရာရှိလဲ ”

” အေး ဒါဆို အမှန်အတိုင်းပြောရင် မင်းစည်းမပြင်ဘဲကန်မလား ”

” ဘာလဲ ”

” မင်းခုနပြောတဲ့ထဲမှာပါတယ်လေ မင်းတို့အရည်အချင်း မင်းတို့ယုံရင် မျှမျှတတ စည်းပြင်ပေးဆိုတာလေ ”

” အေးလေ မဟုတ်ဘူးလာ း”

” မင်းပြောတာတော့ မဟုတ်ဘူးလို့မငြင်းပါဘူး ဒါပေမယ့် ငါတို့က ငါတို့အရည်အချင်းကို ငါတို့မယုံကြည်လို့ ငါတို့နည်းပြက စည်းခိုးထားဖို့ပြောထားလို့ပါကွာ ”

” ကောင်းလိုက်တဲ့မင်းတို့နည်းပြ ငါဘာပြောရမှန်ကို မသိတော့ဘူးကွာ ”

 

ဒီကလေးတွေ ငြင်းခုန်နေတာနဲ့ဘဲ ကျုပ်တော့ သူတို့ကန်တဲ့ဘောပွဲ ကြည့်မှကြည့်ရတော့မလားရယ်လို့ တွေးမိလာတယ်ဗျာ အချိန်ကုန်မိုးကချုပ်တော့မှာကိုး ။

 

By Before

 

The Union Daily

Breaking News
============
နိုင်ငံတော်သမ္မတပေးပို့လာသည့် ခြောက်ပွင့်ဆိုင်
သဝဏ်လွှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင်တုံ့ပြန်မှုများပြုလုပ်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က မီဒီယာများသ်ု့ပြောသည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ သ်ု့ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိစ္စနှင့်စပ်လျဉ်းသည့် သဝဏ်လွှာပေးပို့ခဲ့သည်။
ပေးပို့ခဲ့သည့်သဝဏ်လွှာအတွင်း နိုင်ငံတော်သမ္မတက ထိုသို့ခြောက်ဦးတွေ့ဆုံခြင်းသည်ကောင်းမွန်သောလုပ်ငန်းဖြစ်သော်လည်းတိုင်းရင်းသားပြည်သူအားလုံး လူထုလူတန်းစားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများကလက်ခံသော
ကိုယ်စားပြုမှုဖြစ်စေရေး အလားတူယင်းတို့၏လိုလားတောင့်တချက်များ
ပါရှိစေမည့် မူဘောင်များ ကြ်ုတင်ချမှတ်ထားသည့်တွေ့ဆုံဆွေးနွေး
မှုဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာမှု ရရှိစေရေးတို့အတွက်စီမံဆောင်ရွက်နိုင်ပါကပိုမို၍ ပြည့်စုံကောင်းမွန်မည်ဟု အကြံပြုလိုကြောင်း
ထို့ကြောင့် ယင်းသို့တွေ့ဆုံဆွေးနွေးရေးအတွက် မည်သို့ဆောင်ရွက်ပေးစေလ်ုသည်ကို ပြန်ကြားပေးရန် ပြည်ထောင်စုလွှတ်တော်နာယက ထံသို့သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။
သမ္မတပေးပို့ခဲ့သည့် သဝဏ်လွှာအတွင်း “မည်သ်ု့ဆောင်ရွက်ပေးစေလိုသည်ကိုပြန်ကြားပေးပါရန်ဟု သာပါဝင်ပြီး “လက်ခံတွေ့ဆုံပါမည် (သ်ု့)
မည်သည့်အချိန်တွင်လက်ခံတွေ့ဆုံမည်”ဆ်ုသည့်တိကျသော တုံ့ပြန်မှုများ မပါဝင်ခဲ့ပေ။(စွမ်းရဲထွဋ္ဋ်)

12 comments

  • Kaung Kin Pyar

    January 21, 2015 at 10:45 am

    အပေါ်က စည်းခိုးဖို့နည်းပြသင်ပေးခဲ့တာလေးနဲ့ အောက်က Breaking News လေး ထည့်ထားတာက စဉ်းစားစရာ….အွင်းးးးးး

    • Before

      January 21, 2015 at 10:57 am

      တစ်ယောက်တော့ ဗွေဇော်ဦး စဉ်းစားသွားရှာပြီပေါ့နော်။
      ကျုပ်လဲ ကျုပ်ရေးတဲ့ပိုစ့်ပြန်ကြည့်ပြီးစဉ်းစားနေမိတယ် ကောင်းကင်ပြာရေ။ ငါရေးတာ ကောင်းလိုက်တဲ့နည်းပြအကြောင်း ဘယ်နဲ့ ပိုစ့်တင်တော့ breaking News က ပါလာပါလိမ့်လို့……..။

    • ဦးခင်ခ

      January 21, 2015 at 10:09 pm

      ဒါဆို
      မရရင် ဂတ်တဲ လားဟ

  • မြစပဲရိုး

    January 22, 2015 at 5:48 am

    မိုးချုပ်လဲ စိတ်မပူနဲ့တဲ့။
    မီးထွန်းပြီး ကန် မတဲ့ ကိုခ ရဲ့။
    မှောင်တော့ လူချလို့ ပိုကောင်းတာပေါ့ နော။ 😉

    • ဦးခင်ခ

      January 22, 2015 at 9:12 am

      အရီးပြောမှဘဲ သတိထားမိတယ် မှောင်တော့ လူချလို့ပိုကောင်းတယ်ဆိုတာကိုး။
      တွေးပုံလေးသဘောကျသဗျ။

  • manawphyulay

    January 22, 2015 at 10:08 am

    ဆက်စပ်ပြီး စဉ်းစားသွားပါကြောင်း…
    မိုးချုပ်လည်း ဆော့လို့ရတာပဲ ဆက်သာစောင့် လေးခရေ…

  • Mike

    January 22, 2015 at 1:19 pm

    .စည်းခိုးလည်း ဒီတခါတော့ မနိုင်တော့ဘူးထင်ပါတယ်
    .မကန်ဖြစ်အောင်လုပ်မှာသာကြောက်ရတာဗျို့

  • uncle gyi

    January 22, 2015 at 10:36 pm

    စည်းကအရေးကြီးသင့်သလောက်အရေးကြီးပေမဲ့
    ကိုယ့်ဘက်ကလူအကုန်ညီရင်အရေးမကြီးတော့ပါဖူးကိုခရဲ့
    အခုကကိုယ့်ဘက်ကနည်းပြကဒီလိုဆိုဟိုလိုလူတွေများနေသလားလို့

  • ခင် သုတ

    January 27, 2015 at 8:38 am

    ကိုယ့်ကိုယုံကြည်ချက်ရှိသူကတော့နည်းမှန်လုပ်မှာပေါ့

    • ဦးခင်ခ

      January 27, 2015 at 8:43 pm

      အခုလည်း ကိုယ့်ကိုယုံကြည်ချက်အပြည့်နဲ့ နည်းပြက စည်းခိုးထားတာလေ
      ငါတို့တွန်းလှန်နိုင်ဝံသူ မရှိနိုင်သေးပါဘူးဆိုတဲ့ယုံကြည်ချက်နဲ့ပေါ့ဗျာ

Leave a Reply