ဂျူ းရယ်…ကျနော်ရယ်…တီသဲနဲ့ မွန်မွန်ရယ်…

alinsettJanuary 21, 20152min40333

IMG_20150117_083231

 

 

 

 

 

 

 

အမှတ်တရမမဂျူးနဲ့ အမှတ်တရကျနော်
အမှတ်တရမမဂျူးနဲ့ အမှတ်တရကျနော်

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

 

 

 

 

 

ဇန္နဝါရီလ ၁ရ ရက်၊ စနေနေ့ မနက် ရး၃ဝ ကတည်းက မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံထဲ ကျွန်တော် ရောက်နေခဲ့တယ်။

ကျွန်တော်နေတဲ့ မင်္ဂလာဒုံမြို့နယ်ကနေ အဲ့ဒီ နိုဘယ်-မြန်မာ စာပေပွဲတော်ရှိရာကို ရး၃ဝ ရောက်နိုင်ဖို့ အိပ်ရာစောထပြီး ကားနှစ်ဆင့်ပြောင်းစီးလိုက်ရပါတယ်။

ပွဲတော်ကို ကျွန်တော်ရောက်တော့ စာပေသမားကြီးတွေ စုစုရုံးရုံးနဲ့ စတင် စည်ကားနေပါပြီ။
ပွဲတော် ဖွင့်ပွဲကျင်းပမယ့်အချိန်ကိုက မနက် ၈း၃ဝ လေ။

ဇာတ်ရုံရှေ့က ကွင်းပြင်ကြီးထဲမှာ နှလုံးသားအာဟာရ တိုက်ကျွေးခဲ့သူကြီး ဆရာဖေမြင့်. . .
သူက ဒီပွဲဖြစ်မြောက်ရေးကို စီစဉ်နေရတော့ မအားလပ်နိုင်ရှာဘူး။
ဒီကြားထဲ ရုပ်သံမီဒီယာသမားတွေနဲ့ သတင်းဂျာနယ်လစ်တွေရဲ့ အင်တာဗျူးတွေကိုလည်း ဟိုလျှောက်ဒီလျှောက် စီစဉ်ညွှန်ကြားပေးနေရင်းကပဲ  မေးလာသမျှတွေကို မပြတ်တမ်းဖြေနေရသေးတယ်။

ဆရာမ ရွှေကူမေနှင်းကိုလည်း ပွဲရင်ပြင်ထဲမှာ စာပေသမားတစ်စုနဲ့ ရယ်ရယ်မောမော တွေ့ရတယ်။
အသက်ရွယ်ကြီးနေပြီဖြစ်တဲ့ စာပေသမားကြီးတွေကို အဲဒီလို သက်တောင့်သက်သာ မြင်တွေ့ရတာ ကျေနပ်ဝမ်းသာမိပါတယ်။

ကျွန်တော် ရောက်ပြီးနောက် မကြာခင်မှာပဲ ရောက်လာတာက အဝါရောင် အကျီ င်္လေးနဲ့ ဆရာမဂျူး

ဂျူးဝင်လာတာနဲ့ လူငယ်စာချစ်သူတွေ ဂျူးအနား အပြေးရောက်သွားကြတယ်။
လူငယ်စာဖတ်ပရိသတ်တွေကို ဂျူးရဲ့အချစ် ဝတ္ထုတွေ လွှမ်းမိုးမှု ရှိနေပါလားလို့ သတိပြုမိစရာပေါ့။

ဂျူးနဲ့ ဓါတ်ပုံတွဲရိုက်ချင်သူတွေ တန်းစီသွားတယ်။
ဂျူးကလည်း စာပေသမားတွေဆီ တန်းမသွားအားတော့ပဲ ရောက်ရှိမှတ်တမ်းဆီတောင် အရင်မသွားအားတော့ပဲ ပရိသတ်တွေနဲ့ တသားတည်းကျနေတော့တယ်။သူနဲ့ တွဲရိုက်ချင်သမျှ သူတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ အမှတ်တရဓါတ်ပုံ တွဲရိုက်နေတယ်။

အမြင်ထဲ ဆန်းနေတာက ဂျူးနဲ့ ဓါတ်ပုံ တွဲရိုက်ချင်နေတဲ့လူငယ်တွေကြားမှာ အမျိုးသားငယ်လေးတွေလည်း ပါနေတာ။

 

ကျွန်တော်ကတော့ ဂျူးရဲ့ စာအုပ်တွေကို ဝေဖန်ချင်စိတ်နဲ့ ဖတ်ခဲ့တယ်။

ဂျူးရဲ့ စာရေးခြင်းအတတ်ပညာနဲ့ ဖန်တီးမှု အနုပညာကို လေ့လာအကဲခတ်ချင်လို့ ဖတ်နေတာ။
ဂျူးရဲ့ မဟာမိန်းမသားဝါဒ အငွေ့အသက်တွေကို ခပ်ပြုံးပြုံးနဲ့ နားထောင်ပေးတဲ့ ယောကျာ်းတစ်ယောက်အနေနဲ့
ကျွန်တော် ဂျူးကို ဖတ်ခဲ့တယ်။

 

ဒါဖြင့် တခြား အမျိုးသားတွေက ဂျူးကို ဘယ်လို ရှုမြင်ပုံနဲ့များ ဖတ်ကြပါလိမ့်။

ရင်းနှီးနေတဲ့ မိုးမင်းသားကို မေးကြည့်မိသေးတယ်။

ဂျူးကို ဘာကြောင့် ဖတ်တာလဲ ?
”ဇာတ်လမ်းတင်ပြပုံတွေက စိတ်ဝင်စားဖို့ကောင်းပြီး အရေးအသားကိုလည်း ကြိုက်လို့”တဲ့။

 

ဒါပေမယ့် ဂျူးနဲ့ ဓါတ်ပုံတွဲရိုက်ချင်တဲ့ကိစ္စကတော့နာမည်ကျော်စာရေးဆရာမတစ်ယောက်နဲ့ တွေ့ဆုံခြင်း အထိမ်းအမှတ် – အမှတ်တရ ပုံရိပ်လေး သိမ်းဆည်းထားချင်ရုံသက်သက်ပါပဲ။

အဲ့ဒါနဲ့ပဲ ကျွန်တော်သည်လည်း ဂျူးနဲ့အတူတွဲပြီး အမှတ်တရပုံရိပ်လေး ဖမ်းလိုက်မိတယ်ဆိုပါတော့။
”အမှတ်တရ”ကို ရေးတဲ့ စာရေးဆရာမနဲ့ဆိုတော့ အမှတ်တရပေါ့လေ။

အဲ့ဒီနောက်တော့ ကျွန်တော်လည်း ဟိုလျှောက် ဒီလျှောက်နဲ့။

ဆရာနေဝင်းမြင့် နဲ့လည်း ဆုံဖြစ်ပါရဲ့။
ဆရာနေဝင်းမြင့်က သူ့စာပေဟောပြောပွဲတွေမှာ စင်ပေါ် တက်လာလာချင်းမှာ အမြဲလိုလို ပြောတတ်တာက. . ”ဟိန်းဝေယံ စင်ပေါ်တတ်လာတာပါ”

အဲ့ဒီလို သူ့ကိုယ်သူ ဟိန်းဝေယံနဲ့တူတဲ့သဘောလေးနဲ့ ဟာသပြောတတ်တာလေး ကျွန်တော်က သတိရသွားလို့. . .
ဆရာနေဝင်းမြင့်ကို တွေ့တွေ့ချင်းမှာပဲ
”ဟာာာ ဆရာ ဟိန်းဝေယံ. . .” လို့ ချစ်ခင်ရင်းနှီးစွာ စ နှုတ်ဆက်လိုက်တယ်။
ဆရာနေကလည်း ပြုံးပြုံးရွှင်ရွှင်ပါပဲ။

ဆရာနေရဲ့ဘေးမှာ တွဲလျက်သားပါလာတာက ဆရာမခင်ခင်ထူးပါ။
ခင်ခင်ထူးကို ကျွန်တော် စ သတိပြုမိတာကတော့ ၂၀၀၈/၂၀၀၉ လောက်က ရွှေအမြုတေ မဂ္ဂဇင်းမှာ အခန်းဆက်ဝတ္ထုရှည်အဖြစ် ဖတ်ခဲ့ရတဲ့ ”မအိမ်ကံ”ပါ။

အဲ့ဒီနောက်ပိုင်းမှာတော့ ဆရာမခင်ခင်ထူးရဲ့ ရေးလက် အရောင် တောက်ပမှုကို သတိပြုမိသွားပြီး တခြားစာအုပ်တွေပါ ရှာဖတ်မိတယ်ဆိုပါတော့။

ဒါပေမယ့် ဆရာမ ခင်ခင်ထူးရဲ့ စာအရေးအသားနဲ့ စာပေဖန်တီး တင်ပြပုံတွေဟာ သိပ်များ ရိုးနေသလားလို့။
သူ့ဝတ္ထုတွေက ဘဝတွေကို ပီပြင်အောင် သရုပ်ဖော်ပြနိုင်စွမ်းတော့ ရှိပါရဲ့။
ကျွန်တော် နှစ်သက်မိတဲ့ အရေးအသားမျိုးတွေ မဟုတ်တဲ့အတွက် ခင်ခင်ထူးရဲ့စာတွေကို ကျွန်တော် စွဲမက်စွာ မဖတ်ဖြစ်ခဲ့။

အဲ့ဒီနေ့ကတော့ဖြင့် ဆရာမခင်ခင်ထူးနဲ့ စကားလက်ဆုံ ကျနေခဲ့ပါတယ်။
ဇာတ်ရုံခန်းမထဲ အဝင်ဝမှာပေါ့။
စကားပြောဖြစ်ချိန်က ဆယ်မိနစ်လောက် ရှိလိမ့်မယ်။
”သားလေးက စာရေးဆရာလေးပဲလား” လို့ ဆရာမခင်ခင်ထူးက မေးတော့. . .
” စာတွေတော့ ရေးပါတယ် ဆရာမ။ ဒါပေမယ့် ကျွန်တော်က တန်းဝင်အောင် မရေးနိုင်သေးပါဘူး။ အခုလောလောဆယ်မှာတော့ အွန်လိုင်းမှာပဲ ရေးနေပါတယ်” လို့ ပြန်ဖြေလိုက်တယ်။
ပြီးတော့ www.myanmargazette.net မှာ ပုံမှန် ရေးသားနေကြောင်းလည်း ပြောပြဖြစ်ပါတယ်။

ဆရာမခင်ခင်ထူးက. . .

”ဘယ်နေရာမှာဖြစ်ဖြစ် ရေးသာရေးကြစမ်းပါ သားတို့ရယ်. . . စာရေးမယ့် လူငယ်တွေအများကြီးလိုနေတယ်. . .ဝက်ဝက်ကွဲအောင်သာ ရေးစမ်းပါ” တဲ့။

 

”ဝက်ဝက်ကွဲအောင် ရေး” ဆိုတဲ့ စကားအသုံးအနှုန်းကို ဆရာမခင်ခင်ထူး ပြောတော့ ကျွန်တော် ရယ်မိတယ်။ ဒီဆရာမနှယ် စကားပြောပုံကိုက သူ့ဝတ္ထုတွေထဲက လေသံကြီးအတိုင်း လို့ တွေးမိတာပေါ့။

ဆရာမခင်ခင်ထူးနဲ့ ဆရာနေဝင်းမြင့်တို့ကို နှုတ်ဆက်/အမှတ်တရ ပုံရိပ်လေး ရိုက်ယူပြီး ဇာတ်ရုံထဲ ဝင်လာတော့ အထဲမှာ အန်တီရွှေကူမေနှင်းနဲ့ ဆုံဖြစ်တယ်။

ကျွန်တော် သွားနှုတ်ဆက်ပြီး ဆရာမကြီးရဲ့ သားတော်မောင်နဲ့ ရင်းနှီးခင်မင်ရကြောင်းနဲ့ စာတွေ ကဗျာတွေ ရေးဖော်ရေးဖက် ဖြစ်ကြောင်း ပြောမိတာပေါ့။
ဆရာမကြီးကတော့ သူ့သားတော်မောင်အတွက် ကျွန်တော်က ”မူးတဲ့လက်ဖက်ရည်” တစ်ပုလင်း လက်ဆောင် ပေးလို့ အဲ့ဒါကြီးမှ ပေးရကောင်းလားဆိုပြီး စိတ်ဆိုးပုံ ရလေရဲ့။
ဒါပေမယ့် လူကြီးဆိုတော့လည်း လူငယ်တွေကို ခွင့်လွှတ်နားလည်နိုင်မှာပါ။

:k:
ဆရာမကြီးနဲ့ အမှတ်တရဓါတ်ပုံ အတူရိုက်အပြီးမှာ
ဇာတ်ရုံထဲ ထိုင်ပြီး ပွဲတော်ရဲ့ အစီအစဉ်တွေ တစ်ခုပြီးတစ်ခုကို ကြည့်ရှုနေမိတယ်။

နိုင်ငံတော် သမ္မတရဲ့ ပွဲတော်နဲ့ပတ်သက်ပြီး ပေးပို့တဲ့ သဝဏ်လွှာကို ဝန်ကြီးတစ်ယောက်က ဖတ်ပြလေရဲ့။

သဝဏ်လွှာကို ဖတ်တာ စကားပြေအတိုင်းကြီး ”၏”  ”သည်” မလွဲ ဖတ်ပြနေတော့  နားထောင်ရတာ ခုလုခုလုနဲ့။

ကျွန်တော်သာ ဖတ်ပြရမယ်ဆိုရင် စကားပြေကို စကားပြောလေသံနဲ့ ဖတ်ပြမိမှာလို့ တွေးမိသေးတယ်။

သမ္မတပြောတဲ့ စကားတွေက ဘာလို့လဲမသိ ။ နားထဲ မဝင်။ ဦးဏှောက်ထဲ မရောက်ခဲ့။

လူထုခေါင်းဆောင် အမေစုက ပွဲတော်ကို လူကိုယ်တိုင် ရောက်မလာပေမယ့် လူကိုယ်တိုင် ရောက်လာသလိုမျိုး စီစဉ်ခဲ့တယ်။

ဇာတ်ခုံစင်မြင့်မှာ ရှိနေတဲ့ တီဗွီဖန်သားပြင်ကြီးမှာ အမေစုကို ရုပ်/သံ ဗွီဒီယိုဖိုင်နဲ့ မြင်ရတယ်။
အမေစုကို အသံရော လူပါ ကျန်းကျန်းမာမာနဲ့ မြင်ရတာ ဝမ်းသာစရာပါပဲ။

အမေစုက ပြောတယ်။

” အခုအချိန်ဟာ ကျွန်မတို့နိုင်ငံအတွက် အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ စာပေပွဲတော်အတွက် အဖွင့်အမှာစကားပြောရမှာ ဖြစ်ပေမယ့် ကျွန်မက နိုင်ငံရေးသမားဆိုတော့ နိုင်ငံရေးဘက်ကပဲ ပြောပါရစေ. . .
စာပေသမားတွေအနေနဲ့ စာပေအကျိုးကို သယ်ပိုးတာဟာ နိုင်ငံ့အကျိုးကို သယ်ပိုးတာပဲလို့ ယူဆပါတယ်။ ဒါ့အပြင် နိုင်ငံတိုးတက်ဖို့အရေးကို စာပေသမားတွေလည်း ပါဝင် သယ်ပိုးကြစေချင်တယ်” လို့ အမေစု ပြောလိုက်တဲ့စကားသံက ရင်ထဲအထိ ရောက်တယ်။

 

ဒါတောင် အမေစုက
သမ္မတ မဟုတ်ဘူးနော်။

အမှန်က တိုင်းပြည်ရဲ့ သမ္မတ တစ်ယောက် ပြောတဲ့စကားက ပိုပြီး နက်ရှိုင်းသန်မာနေသင့်တယ် မဟုတ်ဘူးလား။
ဒါဖြင့် …တစ်ခုခုတော့ မှားနေပြီ။

ထားပါတော့ ဒါတွေ။
ကျွန်တော့်အနေနဲ့ နိုင်ငံ့ရေးရာကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်ပြောဆိုခြင်း မပြုချင်သေးပါဘူး ။

စာပေပွဲတော်ရဲ့ ဇာတ်ရုံအတွင်းမှာ ဆက် လုပ်နေတဲ့အစီအစဉ်တွေကတော့ ဝန်ကြီးတို့ ဆရာဖေမြင့်တို့ နော်ဝေးနိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က တာဝန်ရှိသူတို့က စာတမ်းတွေ ဖတ်ပြကြတယ်။

အဲ့ဒီနောက် စာပေရေးရာရော နိုင်ငံရေးရာတွေပါ ပရိသတ်နဲ့ အပြန်အလှန်ဆွေးနွေးတာတွေလုပ်တယ်။

ကျွန်တော် ဇာတ်ရုံပြင်ပကို ပြန်ထွက်ခဲ့တော့  ဆရာဖေမြင့် ကို မတ်တပ်ရပ်လျက်သား တွေ့လိုက်တယ်။
တစ်မနက်လုံး ဆရာဖေမြင့် မအားဘူး။
အင်တာဗျူးနေတဲ့ သတင်းမီဒီယာသမားတွေတရုန်းရုန်းနဲ့ အလုပ်ရှုပ်နေတဲ့အပြင် ပွဲကိုလည်း စီစဉ်ညွှန်ကြားနေရသေးတာဆိုတော့ သူ တော်တော် မအားလပ်နိုင်ရှာဘူး။

အခု တွေ့ချိန်မှာတော့ သူ ခဏ နားရတဲ့အချိန်လို့ပြောရမယ်။ သူ့ဘေးမှာ ဘယ်သူမှ ရှိမနေဘူး။
ဒါနဲ့ ကျွန်တော် သူ့ဆီ ခပ်မြန်မြန်သွားပြီး စကားစမြည် ပြောနေလိုက်တယ်။
ဆရာဖေမြင့်ရဲ့ စာဖတ်ပရိသတ်တစ်ယောက်အနေနဲ့ ဖေမြင့်စာအုပ်တွေ အကြောင်းပဲ ဦးတည်ပြောဖြစ်ပါတယ်။
နှလုံးသားအာဟာရတွေ ချက်ပြုတ်ကျွေးခဲ့သူကြီးက စကားပြောတာတော့ (နည်းနည်း) ခပ်တည်တည်ကြီး။

ဆရာမခင်ခင်ထူးတို့ ဆရာနေဝင်းမြင့်တို့နဲ့ စကားပြောရတာဖြင့် သိပ်ကောင်းတာပဲ။

ကိုယ့်ရပ်ရွာက အမျိုးတွေ တွေ့ဆုံရသလိုကို နွေးထွေးခင်မင်တဲ့ ဟန်ပန်အပြည့်နဲ့ဆိုတော့ အခုမှ တွေ့တဲ့ စာရေးသူနဲ့ စာဖတ်သူပုံစံမပေါက်ဘူး။

အခု ဆရာဖေမြင့်နဲ့ စကားပြောရတာတော့ စာရေးသူနဲ့ စာဖတ်သူ ဆက်ဆံရေးပဲ။ ကျိုးတိုးကျဲတဲလို့တောင် ပြောရမယ်။

အေးလေ ဆရာဖေမြင့်ရဲ့ စာတွေကလည်း ကျွန်တော့်အနေနဲ့ နှစ်သက်မက်မောစွာ တရှိုက်မက်မက်မှ ရှိမနေခဲ့တာ။

ဆရာဖေမြင့်ရဲ့စာပေတွေဟာ ”လူငယ်တွေအတွက် အကျိုးရှိတဲ့ ကောင်းသောစာပေ”အဖြစ် ကျွန်တော်က အသိအမှတ်ပြုမိရုံသာပါပဲ။ ဒီ့ထက်မှ ပို ခံစားသက်ဝင်မနေတာ။

ပြီးတော့ ဆရာဖေမြင့်အနေနဲ့ ဒီအချိန်ဟာ အလုပ်များနေချိန်မို့ စိတ်မော လူမောနဲ့ သူ့စာဖတ်ပရိသတ်ကို နွေးထွေးဖော်ရွေစွာ ကြိုဆိုပြီး စကားလက်ခံပြောဆိုဖို့ သိပ် စိတ်ပါလက်ပါ ဘယ်ရှိလေမလဲ။
နားလည်ပေးရမှာပေါ့။

အဲ့ဒီအတွေးနဲ့ပဲ ဆရာဖေမြင့်ကို ခပ်မြန်မြန် စကားလက်စသတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်/ နှုတ်ဆက်ခဲ့လိုက်တယ်။

ဇာတ်ရုံအပြင်ဘက်မှာတော့ ငြိမ်းချမ်းရေးပိုစတာပြကွက်တွေ. . .
ကာတွန်းပြခန်းတွေ. . .
ဓါတ်ပုံပြခန်းတွေ အများနဲ့အတူ လိုက်ငေးနေလိုက်တယ်။
စာအုပ်အရောင်းဆိုင်တွေဆီ သွားကြည့်တော့ ဝယ်သူရောင်းသူတွေ များသားပဲ။
စာပေရေးရာ ပွဲတော်မှာ ဒီလောက်လူတွေ များများစားစားတွေ့ရတာ ဝမ်းသာပီတိဖြစ်မိပါရဲ့။

စာအုပ်အရောင်းဆိုင်တွေထဲမှာ နိုဘယ်ဆုရ စာပေလက်ရာ စာအုပ်တွေကို ချခင်းပြထားပြီး ရောင်းလည်း ရောင်းတယ်။
နိုဘယ်ဆုရ စာအုပ် မူရင်းတွေ ပြထားတဲ့အပြင် ဘာသာပြန်လက်ရာတွေလည်း ရောင်းချပြသထားပါတယ်။ အဲ့ဒီနိုဘယ်ဆုရ စာအုပ် ဘာသာပြန်ထဲမှာ ကျွန်တော်တို့  ရွာသူ ဝင့်ပြုံးမြင့်  ဘာသာပြန်ထားတဲ့ ဘူဒင်ဘရွတ် ဆိုတဲ့စာအုပ်လည်း ပါတယ်။ နိုဘယ်ဆုရ စာပေလက်ရာတွေကို ဝယ်ယူနေကြတဲ့ စာချစ်သူတွေ တစ်စုတဝေးကြီး မြင်ရတာလည်း ဝမ်းသာစရာပါပဲ။

စာအုပ်အရောင်းဆိုင်တွေဘက် လျှောက်အပြီးမှာ ရွက်ဖျင်တဲတွေ တန်းစီ ထိုးထားတဲ့ ရသ စာဖတ်ခန်းတွေနဲ့ ရသစာတမ်းဖတ်ပွဲတွေ . . .စာပေစကားဝိုင်းတွေ ရှိရာဆီ လိုက်ငေးမိ။

ရသဝတ္ထုတိုတစ်ပုဒ်ကို ခံစားချက်ပါပါနဲ့ ဖတ်ပြနေတဲ့ စာရေးဆရာမတစ်ယောက်ကို နားထောင်သူတွေ ငြိမ်သက်ငေးမောနေတယ်။
ဖတ်ပြတဲ့ ဆရာမက မိုက်အရှေ့မှာာာာ ပြီးတော့ သူမကို ငေးပြီး နားထောင်နေတဲ့ ပရိသတ်တွေအရှေ့မှာ ဆိုတာကို သတိမပြုမိတော့သလိုမျိုးးးး
အသံနေအသံထားက ဝမ်းနည်းနာကျင်စရာ စာပိုဒ်ကို ဖတ်လိုက်ချိန်မှာ တုန်းခါလှိုက်မောစွာာာာ . . .

အားမာန်ပြန်တင်းတဲ့ စာပိုဒ်ကို ဖတ်ပြချိန်မှာလည်း မာန်အပြည့် ဌာန်အရွေ့နဲ့။                               ကြားရတာ ရင်ထဲ လှိုက်ခနဲ ပါပဲ။

အော်. . . စာပေဆိုတာ စိတ်နဲ့တွေးဖတ်တော့လည်း ရသတို့ ပျံ့သင်းးးး
အသံနဲ့ကြားရတော့လည်း ရသတို့ ဖြန့်ခင်းတဲ့ လမ်းပေါ် တစ်လှမ်းချင်း လျှောက်ရသလိုပါပဲလား။
နှစ်သက် ကြည်နူးဖွယ် ကောင်းလေစွ။

အဲ့ဒီ ရသ စာဖတ်ပွဲရဲ့ မျက်နှာချင်းဆိုင်မှာတော့ နောက်ထပ် ရွက်ဖျင်တဲကြီးတစ်ခု ။
ထိုင်ခုံတွေမှာလည်း ကြည့်ရှု နားထောင်သူတွေ မနည်းပါလား။

ဘာတွေများ ပြောဆိုဆွေးနွေးနေကြပါလိမ့်ဆိုပြီး ဝင်စပ်စုမိတော့ စာပေစကားဝိုင်းး။
ဒါပေမယ့် အရှိန်ကတော့ ပြင်းထန်သဗျ ။

ဟိုး ထိပ် စင်ပေါ်မှာ စာရေးဆရာ/ ဆရာမ  လေးယောက်က ဒိုင်ခံထိုင် ဆွေးနွေးနေတယ်။ စင်ရှေ့မှာလည်း မိုက်တစ်ချောင်းကိုင်ပြီး မတ်တတ်ရပ် ဆွေးနွေးနေတယ်။
အားရပါးရ ပြောနေသူကို ကြည့်လိုက်တော့ ဆရာမ သန်းမြင့်အောင်။
စင်ပေါ်ကနေ အပြန်အလှန် ဆွေးနွေးနေတဲ့ စာရေးသူတွေကိုတော့ ကျွန်တော် ကလောင်နာမည်နဲ့လူတွေ မတွဲမိဘူး။

ကျွန်တော် အဲ့ဒီ စကားဝိုင်းနား ရပ်ကြည့်နေတုန်းမှာပဲ လူငယ်တစ်ယောက်က

ကျွန်တော့်လက်ကို လာဆွဲတယ်။
”ဆရာ. . .လာပါ။ အထဲကို ကြွပါ” ဆိုပြီး စကားဝိုင်းရဲ့ ရှေ့ ဒုတိယမြောက်ခုံတန်းထဲ နေရာချပေးတယ်။
ကျွန်တော်လည်း ကြောင်တောင်တောင်နဲ့ပဲ ပါသွားရတာပဲ။

အနောက်မှာပဲ ထိုင်မယ်လေ လို့ ပြောလိုက်ပါသေးတယ်။
ဒါပေမယ့် အရှေ့မှာ ခုံတစ်ခုံလွတ်ပါတယ်ဆရာရဲ့ ဆိုပြီး ခေါ်သွားတာ။

ကျွန်တော် နည်းနည်း ဇဝေဇဝါဖြစ်သွားတယ်။
လာခေါ်တဲ့လူငယ်က စကားဝိုင်းဖြစ်မြောက်ရေး စီစဉ်သူအဖွဲ့ထဲက ဖြစ်မယ်။
ဒါပေမယ့် ကျွန်တော့်ကို ဆရာလို့ခေါ်ပြီး အရှေ့ဆုံးနားက စာရေးဆရာ ဆရာမတွေထိုင်နေတဲ့ ခုံတန်းထဲ နေရာချပေးပုံထောက်ရင် သူ. . . ကျွန်တော့်ကို စာရေးဆရာတစ်ယောက်ပဲလို့ ထင်သွားပုံ ရတယ်။
ကျွန်တော့်မျက်နှာကြီးက စာရေးဆရာတွေထဲ ဘယ်သူနဲ့ သွား တူနေပါလိမ့်။ စကားဝိုင်း အပြင်နားမှာ..ကျွန်တော့်လို..ဟိုငေဒီငေး ငေးနေသူတွေလည်း.. ရှိနေပါလျက်နဲ့.. ကျွန်တော့်ကိုမှ…လာဆွဲခေါ်ရတယ်လို့… ။

(ကျွန်တော်က ကချင်ပုဆိုးလေးနဲ့ စတစ်ကော်လာအဖြူလက်ရှည်လေးနဲ့ဆိုတော့…ဘာများ ထင်သွားပါလိမ့်…  ?? )

😆

ထိုင်ခုံမှာ ထိုင်ပြီး ဘေးဘီကို ဝေ့ကြည့်တော့ ကျွန်တော့် ညာဖက် နှစ်ခုံကျော်မှာထိုင်နေတာက ဆရာမဂျူး။
တအောင့်နေတော့ ကြားက နှစ်ယောက် ထ ထွက်သွားတယ်။
ကျွန်တော် ဆရာမဂျူး ဘေးကို ရွှေ့ပြီး ကပ်ထိုင်လိုက်တယ်။

အဲ့ဒီအချိန်မှာ ဆွေးနွေးနေကြတာက အမျိုးသမီးများရဲ့ အခွင့်အရေးနဲ့ လူကုန်ကူးခံရမှု အန္တရာယ်များအကြောင်း။
သူတို့က စာရေးဆရာမတွေဆိုတော့ သူတို့တွေ့ဖူးတဲ့ လူကုန်ကူးခံရသူ အမျိုးသမီးတွေအကြောင်း ပြန်ပြောပြကြ ဆွေးနွေးအဖြေရှာပြကြတာ ရသမြောက်လိုက်တာ။
နားထောင်လို့ကောင်းလိုက်တာ။

ဆရာမတစ်ယောက်က ပြောတယ်။

တစ်ဖက်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ စနစ် နှစ်ခုအောက်မှာ ဆင်းရဲနွမ်းပါးတဲ့ အမျိုးသမီးလေးတွေ ဓါးစာခံဖြစ်ပြီး လူကုန်ကူးခံရတယ် တဲ့။
အဲ့စကားကြားတော့ စနစ်ကြောင့်မဟုတ်ဘူးလို့ အော်နေတဲ့ သူကြီးခိုင် ကိုတောင် သတိရမိသေး။

အဲ သူကြီးဆိုလို့ အခုမှ သတိရတယ်။ သူ့ဆီ မေးလ်ပို့ရဦးမယ်။

ဒီနေ့က ၁ရ ရက်။ သူ့ရဲ့ ၁၉ရက်နေ့လောက်မှာထွက်မယ့်သတင်းစာမှာ ထည့်ဖို့ ဆောင်းပါးစာမူတွေကို လက်ရေးကနေ ကွန်ပြူတာစာစီပေးထားရတာ နှစ်ပုဒ်။

ရေးပြီးသား အဆင်သင့်ဆိုပေမယ့် ဒီနေ့လည်မှ မပို့ရင် တစ်ညနေလုံးလည်း မအားတာမို့ နောက်နေ့ဆို နောက်ကျသွားမှာ။

မေးလ်တစ်စောင် ပို့ဖို့အတွက် အမျိုးသားဇာတ်ရုံဝင်အတွင်း internet wifi လည်း မရှိလေတော့ မြို့ထဲကို Taxi ငှားပြီး ပြေးထွက်ခဲ့ရတယ်။

ကျွန်တော် စာပေစကားဝိုင်းက ထထွက်လာတော့ ဘေးမှာ ဂျူးက ငုတ်တုတ်ကြီး ကျန်ခဲ့တယ်။

ဆရာမကြီးရွှေကူမေနှင်းက

သူမ အကျဉ်းထောင်ထဲရောက်နေစဉ်တုန်း လူကုန်ကူးခံရဖူးသူ အမျိုးသမီးတစ်ယောက်နဲ့ ကြုံခဲ့ စကားပြောခဲ့ရတာ /အဲ့ဒီအမျိုးသမီးလေးရဲ့ လူကုန်ကူးခံရမှုဖြစ်စဉ်ကို စာအုပ်အဖြစ်ရေးခဲ့ရတာတွေ ပြောပြနေတယ်။
ဒီခေါင်းစဉ်ပြီးရင် ဆရာမကြီးရွှေကူမေနှင်းတို့ ဆက် ဆွေးနွေးမှာက နိုင်ငံရေးနဲ့စာပေ တဲ့။

သူကြီးဆီကို Email ပို့ဖို့ အပြင်အထွက် Taxi ပေါ်ထိုင်ရုံ ရှိသေးတယ်။

လုံမလေးမွန်မွန့် ဆီက ဖုန်းလာတယ်။

ဂျူးနဲ့ ဆုံချင်လို့ နိုဘယ်မြန်မာ စာပေပွဲတော်ကို လာနေပြီတဲ့။ အန်တီသဲ လည်း ပါတယ်တဲ့။
ဟောဗျာာာ
သူတို့က အလာ။
ကျွန်တော်က အပြင်ထွက်။

ကျွန်တော် မေးလ်ပို့အပြီး ပွဲထဲကို ခပ်မြန်မြန်ပဲ ပြန်လာတုန်းရှိသေး။
ဂျူးနဲ့ မတွေ့ဘူးတဲ့။

မွန်မွန်နဲ့ တီသဲ  ပြန်ပြီတဲ့။
သူတို့ မနွှဲလိုက်ရဘူး။

ကျွန်တော် ပွဲခင်းထဲ ပြန်ရောက်တော့ အဝင်ဝမှာပဲ ဂျူ  း ကို ပြူ  း ခနဲ အဲအဲ ပြဲခနဲ (အဲ. . .ဒါလည်း ဟုတ်သေးပါဘူး)ဂျူးကို ဘွားခနဲ တွေ့လိုက်ရတယ်။

ဦးဇင်းတစ်ပါးနဲ့ စကားလက်ဆုံကျနေတဲ့ ဂျူ း။
ပွဲတော်အဝင်ဝက ငြိမ်းချမ်းရေးပိုစတာတွေ ပြထားတဲ့ ဘေးမှာ။ အုတ်ခုံလေးပေါ်မှာ။

ကျွန်တော်လည်း သူတို့ဘေး စွေ့ခနဲဝင်ထိုင်ပြီး သူတို့ပြောတာတွေ ထိုင် နားထောင်နေလိုက်တယ်။

တီသဲနဲ့ မွန်မွန်တို့ ဂျူးနဲ့ ဘယ်လိုများ လွဲသွားလဲမသိ။

 

:k:

 

:k:
2015-01-1718.04.42

 

 

 

 

 

 

 

 

 

.မောင်သူရ

ဇန်န္နဝါရီလ ၊ ၂၁ ရက် ၊ ၂၀၁၅ ။

 

 

33 comments

  • Wow

    January 21, 2015 at 3:47 pm

    ဂျီးဒေါ်ဖို့စာအုပ်ဝယ်လာသေးလား

      • Wow

        January 21, 2015 at 4:28 pm

        လူနာတင်ယာဉ်နဲ့ပြန်ခဲ့ရလို့လား

        • အလင်းဆက်

          January 21, 2015 at 4:37 pm

          အဟိ.. တူပဲ..ဟှဒင်းထဲ..ခဏခဏ ဝင်နေရလို့ရှို…
          :k:

        • Wow

          January 21, 2015 at 4:44 pm

          ငင်… မသာစ်မ :mrgreen:

  • Kaung Kin Pyar

    January 21, 2015 at 4:06 pm

    တစ်ယောက်ပြီးတစ်ယောက်နဲ့ ဒါ့ပုံတွေရိုက်ရိုက်ပြီး ဖဘပေါ်ဖလမ်းပြကတည်းက မနာလိုတာအေ့…။ မင်းသားမင်းသမီးတွေနဲ့ ဒီလိုတွေတက်လာတောင်….အားကျမိမယ်မထင်ပုစ့်….။
    ဂုဒေါ့…။
    ဆရာမဂျူးကို တွေ့ဖူးချင်ခဲ့တာ…
    တခြားစာရေးဆရာတွေရောပါပဲလေ…..။

    • အလင်းဆက်

      January 21, 2015 at 4:09 pm

      အဟိ။
      .ကောင်းကင်ဖျာ အဲ..ကောင်းကင်ပျာ ရေ…
      .အခု ကောင်းကင်ပျာပြောမှ သတိထားလိုက်မိတာတစ်ခုက..
      ကျနော်တို့လို စာပေချစ်တဲ့လူငယ်တွေက…
      မင်းသမီးမင်းသားတွေနဲ့ တွဲရိုက်ရတာထက်.. ကိုယ်ကြိုက်တဲ့ စာရေးဆရာ/ဆရာမတွေနဲ့ တွဲရိုက်ရတာကို..
      ပိုရင်ခုန်မိတယ်..ဆိုတာပဲ..
      အဟုတ်…

      :kwi:

  • kai

    January 21, 2015 at 4:29 pm

    မြန်မာတွေရဲ့..မိန်းမနှိမ်ဝါဒကြီးနဲ့တိုးတော့.. ထက်တဲ့မြန်မာမိန်းမတွေများ..အပျိုကြီးဖြစ်ချင်ဖြစ်.. မဖြစ်ရင်လည်း.. အိမ်ထောင်ကျကုန်တာပဲများလားတွေးနေမိတယ်…
    ..
    ဆရာမဂျူးကိုကြည့်ပြီးတွေးမိတာပါ.. :k:

    • အလင်းဆက်

      January 21, 2015 at 4:35 pm

      LT ကိုလည်း..ပေါ်စတင်ကြီး..မနေရဲ…နေလည်း..နှာခေါင်းတွေ အသေအလဲ ရှုံ့ကြ…
      :k:

      ဆရာမဂျူ းကတော့… ကိုယ့်ကိုယ်ကို အထင်နည်းနည်း ကြီးနေပုံ ရပါရဲ့။
      ထင်တာပါ။
      .အေးလေ…အထင်ကြီးနေတယ် ဆိုတာလည်း…ကြီးလောက်စရာ ရှိလို့ကိုး…
      :k:

      ဒါနဲ့… မြန်မာပြည်မှာ..ယောကျာ်းတွေက…မိန်းမတွေကို မနှိမ်ပါဘူး ။
      အစစအရာရာ..ကိုယ်တွေပဲ…လုပ်မယ်..ဦးဆောင်မယ်..ဆိုတဲ့ စေတနာပါကွယ်..

      :k:

    • မြစပဲရိုး

      January 24, 2015 at 3:29 pm

      ဝုတ်ပါ့ သူကြီးမင်း ရယ်။
      သိုးဆောင်းစကားအဆို ထဲ ကလို ဆို
      “ထက်မြက်တဲ့ မိန်းမ” နဲ့ “ငတုံး ယောကျာင်္း” နဲ့ တွေ့တော့ “အိမ်ထောင်ပြု ခြင်း” ဖြစ်ဆိုလား။
      ငါ့နှယ် ငတုံး ကို မှ ယူမိတယ်လို့။
      တောက်စ်
      (ခွက်ဒစ် တူ ဂဂ)
      lol:-)))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))

  • မွသဲ ( 17082011 )

    January 21, 2015 at 6:24 pm

    စိတ်နာလွန်းလို့ပါအေ။ တကယ်ပါ။ ပြခန်းတွေ ဟောပြာပွဲခန်းတွေ။ ဇာတ်ရုံထဲတွေ ပက်ပက်လန်အောင်ရောက်ခဲ့ပါလျက်နဲ့ အဲ့ဒီပိုစတာပြပွဲကို သာမန်ကာလျံကာကျော်သွားမိခဲ့သကိုး။ စိတ်နာချက်။ ဆရာဖေမြင့်ကတော့အေ သူနဲ့ အိမ်ချင်းကပ်လျက် ၁ဝနှစ်လောက်နေခဲ့ ရင်းနှီးခဲ့တာတောင်ငါတို့ကိုစိတ်ကူးရမှစကားပြောတဲ့သူအေ့။ မူးလာရင်ပိုဆိုး ရုပ်တည်ကြီးဖြစ်သွားကော ဟိဟိ။ ဇဂါးမစပ် ငါတောင်သူ့မိန်းမဆီက စာအုပ်တအုပ်အလကားယူလာသေး

    • အလင်းဆက်

      January 22, 2015 at 11:28 am

      အဲ…. အာ့ဆို… စာအုပ်အရောင်းဆိုင်တွေထဲမယ်.. ဆရာဖေမြင့် စာအုပ်တွေချည်းပဲ… သီးသန့်ရောင်းနေတဲ့ ဆိုင်က…ဆရာဖေမြင့်ရဲ့ အမျိုးသမီးဆိုင်လား….တဲသီ

      • မွသဲ ( 17082011 )

        January 22, 2015 at 10:53 pm

        ဟုတ်တယ် ထိုင်နေဒဲ့ ဝဝတယောက်က သူ့မိန်းမ။ ဘေးက ကလားဆင်မလေးဟုတ်ဝူးနော် အဟိ

  • မြစပဲရိုး

    January 22, 2015 at 5:54 am

    လွဲချက်ကတော့ သဲနု နဲ့ လုံမ ရယ်။
    သူတို့ နဲ့ ဂျူး သာတွေ့လိုက်လို့ က ရွာအကြောင်းပိုပြီး သိသွားတော့မှာ။
    တွေ့စေချင်လိုက်တာ။
    အဲဒီပွဲ ကို လူတိုင်းနီးပါးသွားသလားတောင်မသိ။
    Facebook ပေါ်မှာ ဝယ်လာတဲ့ စာအုပ်တွေ ဆိုပြီး တင်ထားကြတာများ။

    ပွဲအကြောင်း အသေးစိတ် မြင်အောင်ရေးပြထားလို့ ကျေးဇူးအထူးတင်ပါတယ် ဆက်ဆက် ရေ။ :))

    • အလင်းဆက်

      January 22, 2015 at 11:31 am

      ဟုတ်… ပထမတော့… တီသဲတို့နဲ့ ဂျူး..လွဲသွားတယ်ဆိုတာလောက်လေးပဲ..ရေးမလို့…
      ရေးရင်းနဲ့…မထူးပါဘူးဆိုပြီး… အသေးစိတ်…ဖွဲ့ဖြစ်သွားတယ်… ။

      တီသဲတို့ မွန်မွန်တို့နဲ့သာ…ဆရာမဂျူး…ဆုံဖြစ်ရင်..ပျော်စရာကောင်းမှာ..
      မိန်းမချင်းဆိုတော့..စကားလက်ဆုံ ပို ကျမလားပဲ…

      😆

  • Ma Ma

    January 22, 2015 at 7:50 am

    ရှိုးစမိုးနဲ့ ဓာတ်ပုံတွေ ကြွားနေလို့ မမြင်ချင်ဟန်ဆောင်နေတာကို…
    မရမက ပိုစ့်တင်ပြီး ကြွားပြန်ပါရောလား။ 🙂

  • manawphyulay

    January 22, 2015 at 10:26 am

    ဘာစာအုပ်တွေ ဘယ်နှအုပ်ဝယ်လာလဲ။ ငှားဖတ်ဖို့ စောင့်မျှော်နေပါတယ်။
    ဒါနဲ့ ဆရာမ ခင်ခင်ထူးတို့ လင်မယားက သူတို့ပဲလား သမီးလေး မပါဘူးလား။ ဒီလိုမှန်းသိ လမ်းကြုံ သတိရကြောင်းလေး ပြောပေးပါလို့ မှာလိုက်ပါတယ်။

    • အလင်းဆက်

      January 22, 2015 at 11:37 am

      မမ မနောရေ…
      ဆရာမခင်ခင်ထူးနဲ့ ဆရာနေတို့က…နှစ်ယောက်ထဲ.. စုံတွဲ ပွဲတက်လာတာလေ..
      တခြား ဘယ်သူမှ မပါ..
      ————-
      အမှန်အတိုင်းပြောရင်.. အဲဒီနေ့က..ပိုက်ဆံပြတ်နေလို့…စာအုပ်ကလေး နှစ်အုပ်ပဲ… ဝယ်ဖြစ်ခဲ့တယ်.. ။
      စာအုပ်တွေ တန်နေတာ…သိလျက်နဲ့..
      လိုချင်တာတွေ မြင်လျက်နဲ့….

      😥

      • Kaung Kin Pyar

        January 22, 2015 at 1:50 pm

        နောက်တစ်ခေါက် အိုက်လိုပွဲမျိုး လုပ်ဖို့ရှိသေးတယ်လို့ရော သဒင်းကြားမိသေးလား အလက်ဇင်း??? နောက်တစ်ခေါက်လုပ်မယ်ဆို ရုံးပဲဖျက်ရဖျက်ရ…သင်တန်းပဲဖျက်ရဖျက်ရ..ရဲဇားပဲ ဖျက်ရဖျက်ရ…
        :k:

        • အလင်းဆက်

          January 22, 2015 at 4:51 pm

          ကြားတာတော့…ကလေးစာပေပွဲတော်..လုပ်ဖို့ရှိသေးတယ်..တဲ့..
          ဆရာဖေမြင့်တို့ပြောနေသံကြားတာပဲ..
          တကယ် ။

          ဆိုတော့…ခီညားတို့ ကျုပ်တို့က ကလေးတွေပဲ..
          တွားဂျမား…

          😆

        • Kaung Kin Pyar

          January 22, 2015 at 5:16 pm

          ဘယ်နေ့မြန်းလဲငင်…??? ဘယ်သူတွေ ပါမတုန်း…သိလားဟင်???
          ကလေးစာပေပွဲတော်ဆိုလို့…မိုးသောက်ပန်းတို့ တေဇတို့တောင် မဖတ်ရတာ ကြာပြီ…။
          🙂

        • အလင်းဆက်

          January 22, 2015 at 5:33 pm

          .ရက် အတိအကျတော့…သေချာမသိလိုက်ဘူးဗျ..
          စုံစမ်းကြည့်ဦးမယ်..
          သိရရင် ဖုန်းဆက်လိုက်မယ်..

  • Mike

    January 22, 2015 at 1:14 pm

    .အဲ့ပွဲ မသွားနိုင်လိုက်တာ နာသကွာ
    .ပွဲမြင်ကွင်းလေး အသေးစိတ်ရေးပြတာသင့်ခရုပါကွာ

    • အလင်းဆက်

      January 22, 2015 at 4:56 pm

      ဟုတ်… ဦးကြီး…
      စာများနေလို့..ဒီလောက်နဲ့ ရပ်လိုက်တာ..
      ဒီ ့ထက် အသေးစိတ် ရေးပြချင်နေတာ…
      :k:

      အွန်လိုင်းမှာ စာဖတ်ရတဲ့သူတွေအတွက်..စာက တအားများသွားရင်…အီသွားမှာစိုးလို့…

  • ဝင့်ပြုံးမြင့်

    January 22, 2015 at 1:35 pm

    .အဲပွဲ အရမ်းသွားချင်တာ မသွားနိုင်ဘူး။ အခု အလက်ဇင်း ရေးပြတော့ ဖတ်လို့ကလည်းကောင်း၊ စိတ်ထဲလည်း ကိုယ်တိုင်ရောက်သွားသလိုပဲ။ ရေးပြတာ ကောင်းလိုက်တာတော်။
    ဒါပေမယ့် ဂျူ း တော့ မထိနဲ့။ မီးပွင့်သွားမယ် ဘာမှတ်လဲ ဟင်းဟင်း။ ဂျူ း ကိုတော့ တအားကြိုက်တယ်။ အရေးအသားတွေ စာပေဖန်တီးမှုတွေ အဲဒါတွေထက် သူကစာရေးရင် ယောက်ျားတွေကို ထောင်းထောင်းပြီး ရေးတတ်လို့ တအားကြိုက်တာ။ သူစာရေးတဲ့ပုံစံကလည်း ဆွဲဆောင်မှုရှိတယ်။ ဆရာမဂျူ းက နောက်ပိုင်းမှာ ဝတ္ထု ထက် ဆောင်းပါးရေးရင် ဖတ်လို့ပိုကောင်းတယ်။

    • အလင်းဆက်

      January 22, 2015 at 4:55 pm

      ကျနော်ကတော့…သူ့ရဲ့ မဟာမိန်းမသားဝါဒကြီးနဲ့..ယောကျာ်းတွေကို ခုလုခုလု ဖြစ်အောင်…ဘာတွေများထပ်ပြောလေမလဲ..
      ဘယ်လိုစကားလုံးတွေနဲ့များ..ထိုးနှက်ဦးလေမလဲ..လို့..စောင့်ကြည့်မိ…
      အဟိ။

      နာမည်ကြီးတဲ့တစ်နေ့…ဆရာမဂျူ းနဲ့… အယူအဆတိုက်ပွဲတစ်ခုလောက်…ဆင်နွှဲကြည့်ချင်စိတ်တောင် ပေါက်မိ။
      :k:

      သူ့အရေးအသာေးတွထဲမယ်… သမားရိုးကျ ရေးရိုးစဉ်လာတွေထဲက..ဖောက်ထွက် ရေးပြသွားတာလေးတွေကိုတော့…
      သဘောကျမိ….

      😆

  • ဦးခင်ခ

    January 22, 2015 at 2:43 pm

    စာပေပွဲကို စာပေချစ်သူတွေ စာပေလေ့လာချင်သူတွေ စာပေမြတ်နိုးသူတွေ အပြင် စာရေးဆရာ/ဆရာမ ချစ်သူတွေလဲ သွားတတ်သကိုး။
    ကိုအလင်းဆက်ကတော့ အမြင်ကပ်လောက်အောင် ဓာတ်ပုံတွေနဲ့ကြွားပြီး ပြီးမသွားဘဲ ခုလိုရေးပြတာကိုတော့ သဘောတွေ့တယ်ဗျ ရောက်သွားသလိုဖတ်ရင်းခံစားမိပါရဲ့။

    • အလင်းဆက်

      January 22, 2015 at 4:59 pm

      ဟုတ်.. ဦးခ..
      ပုံတွေအများကြီးရော..စာတွေအများကြီးရောဆို..ပိုစ့်က လေးသွားမှာစိုးလို့..
      ပုံတွေကို တစ်ပုဒ်… စာတွေကိုတစ်ပုဒ် သပ်သပ် ခွဲထုတ် တင်လိုက်တာ..
      😆

      ပွဲကို လိုက်လာတာ….ဇူးဇူးပါ။။

  • uncle gyi

    January 22, 2015 at 10:49 pm

    အစကနေအဆုံးထိစီကာစဉ်ကာ
    ရေးသွားတာအကကောင်းတဲ့မင်းသားကနေသလိုပါပဲ

  • ဦးကြောင်ကြီး

    January 26, 2015 at 1:32 pm

    ဟ.. အလွမ်းစက်ရ.. ဂဇက်ဆိုဒါ ကမာ္ဘ့တန်းဝံ ဝက်စိုက်ကျီးကွ။ မင်းကိုယ်မင်း အာပလာ မှက်နေသလား။ မြန်တျန့်အဆင့် စာရေးဆြာဆိုဒါ အာဆီယံတောင် မဝံ..။ ကိုယ့်ကိုယ်ကို အဲလောက် မနှိမ့်ခြဇမ်းပါနဲ့။ ဂဇက်သဂျီး ခိုမ်မေနီဆိုလျင် အယာတိုလာဘွဲ့ကို မက္ကာမြို့က သွားယူထားတာ..။ နင်နဲ့တော့ ခက်သေးတယ်..

Leave a Reply