အန္တရာယ်ကင်းအောင် စားသောက်နည်းများ

NovyJanuary 21, 20151min29122

“အန္တရာယ်ကင်းအောင် စားသောက်နည်းများ”

 

အောက်မှာ ဖေါ်ပြတာတဲ့ တစ်ချို့ဆောင်ရန် ရှောင်ရန်တွေဆို ကိုယ်တိုင်ပြုလုပ်နေတဲ့နည်းတွေနဲ့ ခက်ဆင်ဆင်တူနေတာကိုတွေ့ရပါတယ်

 

ဒီလိုလေးတွေပေါ့

၁၊ ဒံပေါက်စားတဲ့ အခါ ပူဒီနာ (ပုစီနံ) ရွက်တွေကိုစားလေ့ရှိတယ် အရသာကပူပူမွှေးမွှေးလေဆိုတော့ မအီဘူးလို့ခံစားရတယ်လေ

၂၊ အုန်းနို့ ခေါက်ဆွဲစားရင်တော့ သံပုရာရေလေးညှစ်ထဲ့ပြီးမှစားတယ် ပိုစားကောင်းတယ် ခေါင်းမမူးဘူးလို့ထင်လို့

၃၊ မျှစ်ချဉ်ချက်မယ်ဆိုရင် မျှစ်ချဉ်ကိုသန့်အောင်လို့ ရေဆေးပြီးမှချက်တယ် ဒီတော့ အချဉ်ကပေါ့သွားတယ် ဟင်းအိုးထဲသို့ သံပုရာရည် ညှစ်ချပြီစားလိုက်တယ် မွှေးမွှေးချဉ်ချဉ်လေးဖြစ်သွားကော စားလို့အရမ်းကောင်း

၄၊ လက်ဖက်ကိုတော့ အရင်တုံးကရေဆေးပြီးမှနှပ်တယ် အခုတော့ရေဆေးတာနဲ့မလုံလောက်တော့ဘူးလို့ခံစားရတယ် ဆိုးဆေးတွေသဲတွေအရမ်းများတယ်  ရေနွေးဆူဆူထဲမှာ လက်ဖက်ကို ၃မိနစ်လောက်ထဲ့ပြုတ်လိုက်တယ် ပြီးတော့မှသဲတွေကိုရေနဲ့ကျင်လိုက်တယ်

အဖန်ဓါတ်လည်းမများတော့သလို ဆိုးဆေးရန်နဲ့ သဲရန်ကလည်းကင်းဝေးသွားစေတယ်လေ

၅၊ မန်းကျည်းသီးပွေး ညိုညစ်ညစ်များကို ဓားနှင့် ခြစ်ချပြီး ကိုယ်ကြိုက်သလိုချက်စား ထောင်းစားဖြစ်တယ်

၆၊ ဒညင်းသီး ကိုလည်းကြိုက်လွန်လို့ စားဖြစ်တယ် စားရင်လည်း ပထမ တစ်ရေ ပြုတ်တယ်။ အခွံပွလာလျှင် မီးဖိုမှချ၍ အခွံသင်၊ ထန်းလျက် အသေးစား ၂-လုံးခန့် ထည့်ပြီး နောက်တစ်ကြိမ် ပြန်ပြုတ်ပြီးစားလေ့ရှိတယ်၊ အများကြီးတော့ မစားပါဘူး

 

၆ချက်လုံးနီးပါတိုက်ဆိုင်နေတော့ ရွာသူားတွေကို ကျန်းမာဗဟုသုတလေ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်

ရွာသူားတွေအားလုံး “အန္တရာယ်ကင်းအောင် စားသောက်နည်းများ” ဖြင့် အန္တရာယ်ကင်းနိုင်ကြပါစေလို့

 

 

နိုဗွီ

—————————————————————————————————————————

၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင် ဝါးစားပြီးမှ ထမင်းစားပါ။

အဆိပ်အတောက် ကင်းပါသည်။

၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ပါသော မုန်းဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ် များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။ ရလာသော ဇွန်းဝက်ခန့် သံပုရာရည်များကို အရင်သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

၃။အဆိပ်အတောက် များသော မျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝ မစားဘဲနေက အန္တရာယ် ကင်းပါသည်။ စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစတ်ကြိုက် ချက်စားပါ။

သို့မဟုတ်- မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။

၄။ရိုးရာအစားအစာ ဖြစ်သောလည်း ဥပဒ်ဖြစ်စေနိုင်သည့် လက်ဖက်ကို လက်ဖက် ကြိုက်သူများ ပြုပြင်၍ စားနိုင်ပါသည်။

ပထမဦးစွာ လက်ဖက်ကို ဆား၊ သံပုရာရည် တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပါ။ ၂-ကြိမ်ခန့် ထိုသို့ ပြုလုပ်ပြီးမှ ကြိုက်နှစ်သက်သလို သုပ်စားပါ။

၅။အထက်အညာဒေသ အိမ်ရှင်မများသည် မန်းကျည်းသီးစိမ်းကို အပေါ်မှ အပွေးခွံ ဖြစ်မပစ်ဘဲ ချက်စားလေ့ရှိပါသည်။

မန်းကျည်းသီးပွေး ညိုညစ်ညစ်များကို ဓားနှင့် ခြစ်ချပြီး အတွင်းမှ စိမ်းဖန့်ဖန့် မန်းကျည်းသီးသား ပေါ်လာမှ ထောင်း၍ ချက်စားပါ။ ရင်ကျပ်ရောဂါ မဖြစ်နိုင်ပါ။

၆။ လူတိုင်းလိုလို ကြိုက်နှစ်သက်သော ဒညင်းသီးကို စား၍ဖြစ်သော ရောဂါမှာ ဆေးကုသ၍ မရပါ-ဟုပင် တချို့သော ဆရာဝန်များ ပြောကြားကြပါသည်။

မသင့်တာကိုမှ စားလိုသော လူတို့ ဗီဇအရ ဒညင်းသီး စားလိုပါက ပထမ တစ်ရေ ပြုတ်ပါ။ အခွံပွလာလျှင် မီးဖိုမှချ၍ အခွံသင်၊ ထန်းလျက် အသေးစား ၂-လုံးခန့် ထည့်ပြီး နောက်တစ်ကြိမ် ပြန်ပြုတ်ပါ။ ရေခန်းမှ ချ၍ သုံးဆောင်ပါ။

အန္တရာယ်ကင်း၍ ခံတွင်းနံ့လည်း ရှင်းပါသည်။

တနည်းမှာ—ဒညင်းသီးပြုတ်မှ အညှောက် ကလေးများကို ဖယ်စားပါက သွေးတက်မှု ကင်းပါသည်။

အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ

မင်္ဂလာသတင်းစဉ်

Credit သစ်ထူးလွင်မှ

22 comments

  • Novy

    January 21, 2015 at 4:39 pm

    မင်မင်များကယ်ပါ မီးမီးရဲ့ ပိုစ် Home မှာမတွေ့ဘူးဖြစ်နေတယ်

  • အလင်းဆက်

    January 21, 2015 at 4:51 pm

    မင်မင်များက ကယ်ပါ ပေါ့နော်။ ဂွိဂွိ။
    .နောက်ထာ။
    ကျနော့် ယောက်ခမလေး ပိုစ့် တင်တာ မပေါ်ဘူးကြားလို့ အပြေးဝင်လာတာ။
    ကျနော်လည်း ဝင်ကြည့်ရော ကျနော့်ထက်ဦးတဲ့ အဘတစ်ယောက်က ဝင် အက်ဒစ်လုပ်ပေးနေပြီ။
    ဒါကြောင့် ယောက်ခမ ကိုယ်စား ကျနော် ကျေးဇူးတင်ပါတယ် မင်မင်အဘ ရေ

    :k:

    .ပြောချင်တာလည်း ပြောပြီး
    ဖတ်သင့်တာလည်း ဖတ်ပြီးပြီမို့
    အန္တရာယ်ကင်းးအောင် ပြေးပိစ်

    :k:

  • kai

    January 21, 2015 at 4:54 pm

    အဲဒါတွေက.. ဘယ်ပုဂ္ဂိုလ်ပြုစုထားသလည်းတော့မသိ..။
    ပူစီနံပင်က.. ဘာဓာတ်ပါတယ်..။
    သံပုရာက.. ဘာဓာတ်ပါတယ်..
    မျစ်ချဉ်ကဘာလို့အသည်းထိတယ်..
    လက်ဖက်..။ ဒညင်းသီး..စသဖြင့်.. Why ဘာကြောင့်.. ဘယ်လို.. စသဖြင့်လိုမယ်ထင်မိတယ်..။

    • မြစပဲရိုး

      January 22, 2015 at 6:01 am

      ပူစီနံ က ကြောင်ပြေးတဲ့ ဓာတ်ပါသတဲ့။
      သံပုရာ က သွားကျိန်းဓာတ် ရှိတယ်။
      မျှစ်က စာရေးကောင်းတော့ အသည်းထိ တာပေါ့။
      နောက် ဘာဆက်သိချင်သေးလဲ သူကြီးမင်း။ lol:-))))

      • Wow

        January 27, 2015 at 2:49 pm

        Research data ကိန်းဂဏန်းနဲ့မ ဒဂျီးက ယုံတာ အရီးရဲ့…
        အော့… ပူစီ ၁ဝ ကောင်နဲ့ တစ်ပိုင်း (ပူမစီမတစ်ဂေါင်က ဇီးရှိ) ထွက်ပြေးဖူးတာ မျက်မြင်…
        သံပုရာသောက်တာ တစ်အိမ်သားလုံးသွားကျိမ်း…. ( ဖေ ၁၊ မေ ၁၊ ကိုရီး ၁၊ သာမီး ၁၊ မောင်ဂေး ၁၊ ခွေး တစ်ဂေါင် ကို ရီဆာ့ချ် လုပ်ထား )
        မဝင့်က ဖတ်သူသိန်းချီရှိဒဲ့ (ပြောဒါဘဲ) ဆိုဒ်မှာ မျှစ်အကြောင်းအရေးကောင်းလို့ ဆုရဖူး… အာ့ညိုးဆိုရင် သူယုံသွားမာ :mrgreen:

  • မြစပဲရိုး

    January 22, 2015 at 5:57 am

    အဲဒီ (၆) မျိုးလုံး မစားရတာ နှစ်ချို့ နေပါပေါ့လား ညီမတော် ရေ။
    တကယ်တော့လဲ ဝေးဝေးကဘဲလွမ်းရတာ ပိုပြီး ကောင်းတယ် ဘဲ မှတ်ပါတော့တယ်။

  • Mr. MarGa

    January 22, 2015 at 8:25 am

    ၁ နဲ့ ၂ လုပ်ဖြစ်တယ်
    ကျန်တာက ကိုယ်တိုင်မချက်တော့ မသိ
    :mrgreenn:

    • Novy

      January 22, 2015 at 9:43 am

      ကျန်တဲ့ အမှတ်စဉ်တွေကို ကြိုးစားလေကျင့်ပါ
      ဒါမှ အန်တီကစဉ်စားမှာနော်

      • Mr. MarGa

        January 22, 2015 at 12:23 pm

        မွေးသမိခင် ကျေးဇူးရှင် ရှိတယ်လေ :mrgreenn:

  • Novy

    January 22, 2015 at 9:15 am

    ဆက်ဆက်လေး အလာကောင်းပေမဲ့ ကိုယ်ထဲ့ဦးသူရှိခဲ့လေသည်ပေါ့နော်
    အန်တီနိုဗွီကို သကြားကယ်သွားလေရဲ့

  • ဦးကျောက်ခဲ

    January 22, 2015 at 9:22 am

    ၁။ အရင်ကတော့ ဒံပေါက်နှပ်ရင် ပူဒီနာကို ကြက်သားနဲ့ရောပြီး နှပ်တယ်…
    ဆိတ်သား အမဲသားချက်ရင်လည်း အဲသည့်လိုပဲ… ခုတော့ ဒီအရပ်မှာ ပူဒီနာမရှိ…
    ၂။ အုန်းနို့မစားဘူး / သံပုရာရည် မကြိုက်ဘူး … နို့ခေါက်ဆွဲပဲစားတယ်…
    ၃။ မျှစ်ချဉ်ကတော့ ရေစင်စင်ဆေး ၂-ရေလောက်ပြုတ်ပြီးမှ ဝက်သားနဲ့ ချက်၏…
    ၄။ တစ်ခါတလေမှ လက်ဖက်ထမင်းနယ် ကြက်ဥကြော်နဲ့ တွယ်တယ်…
    ၅။ မန်းကျည်းသီးစိမ်းက ဒီမှာရှားပါးပစ္စည်းမို့ အပွေးတွေချွတ်ပြီး သယ်လာတယ်…
    ၆။ ဒညင်းသီးကတော့ ဆောဒီးပါ… လုံးဝ လုံးဝ မစား…
    :k:

  • Novy

    January 22, 2015 at 9:28 am

    သူကြီးရေ..အဲဒါတွေက.. ဘယ်ပုဂ္ဂိုလ်ပြုစုထားသလည်းတော့မသိပါ

    ဒါပေမဲ့ ဒီအတိုင်းစားတာထက်စာရင် အထက်ပါနည်းအတိုင်းစားတာကတော့ ပိုအကျိုးထူးပါတယ်
    မိရိုးဖလာနည်းလို့ပြောရမလား ရှေးလူကြီးတွေရဲ့ကိုယ်တွေ့တွေပါ
    မြန်မာနည်းနဲ့ပြောရရင်တော့
    ပူစီနံပင်က..ခံတွင်းကိုရှင်းစေအိ အစားကိုကြေစေအိပေါ့
    သံပုရာက.. အဆိပ်အတောက်ကိုပြေစေအိ
    မျစ်ချဉ်က.. တက်စာ အပူစာ
    လက်ဖက်.. အချုပ်ဓါက်ကိုဖြစ်စေအိ
    ဒညင်းသီး..ကတော့ ခန္ဓာကိုယ်အတွက်ဘာကောင်ကျိုးမှမဖြစ်စေပါဘူး
    အထူးသဖြင့်ကျောက်ကပ်ကို ထိစေပါတယ်

    ဘာဓါတ်တွေပါလည်းဆိုတာကတော့ ဆေးပညာရှင်တွေပိုသိပါလိမ့်မယ်
    ဒေါက်ဒေါက်တို့ မမဒုံတို့ ပြောပေးကြပါအုံး

  • Novy

    January 22, 2015 at 9:30 am

    မမမုတ်ဆိတ်ရေ…
    မစားရတော့အန္တရယ်ကင်းတာပေါ့နော်

  • manawphyulay

    January 22, 2015 at 11:06 am

    ဒါတွေ ဖတ်၊ ဒါတွေ သိပေမယ့်
    မလိုက်နာဖြစ်တာ အပြစ်လားကွယ်… :mrgreen:

  • Mike

    January 22, 2015 at 1:25 pm

    .မှတ်သားသွားပါတယ်…လိုက်နာမယ်မနာဘူးတော့ မပြောနိုင်သေးဘု :k:

  • ဦးခင်ခ

    January 22, 2015 at 3:31 pm

    ကျန်းမာရေးနဲ့ ညီညွှတ်အောင် မြန်မာပြည်၏ မြို့ကြီးပြကြီးတွေမှာ စားသောက်နေထိုင်မယ်ဆိုရင် စားစရာ နည်းနည်းရှားလာနိုင်နေပါပြီ။ ၇၀%လောက်က အစားအသောက်တွေထဲ ဘာပါလို့ ဘာဖြစ်လို့နဲ့ အမျိုးမျိုး အဖုံဖုံတွေ သုတေသနလုပ်လေတွေ့လေဖြစ်နေပြီး မြန်မာပြည်က အစားအသောက်ကွပ်ကဲရေး အဖွဲ့ ကလည်း နိုင်နိုင်နင်းနင်းမလုပ်နိုင်ဘူးလေ။
    အဲဒီတော့ မြို့ကြီးပြကြီးမှာနေသူတွေအနေနဲ့ ကိုယ့်ကျန်းမာမှုအခြေအနေပေါ်မှီပြီး ချင့်လို့သာစားရပေမည် လို့သာပြောရမယ်ထင်တယ်။

  • Novy

    January 22, 2015 at 3:56 pm

    ကိုခရေ..ချင့်လွန်းလို့ ဆန်းဆန်းတင့်လို့ တောင်ခေါ်ခံရတော့မယ်

    ငရုပ်သီး / နနင်းတို့ အိမ်မှာကြိတ်ပြီးစားတယ် ငါးပိရေချို အိမ်မှာလုပ်ပြီးစားတယ်
    ချဉ်ဖက်အိမ်မှာတည်ပြီးစားတယ်

    ဒါတောင်ရောဂါကများသေး

  • kai

    January 23, 2015 at 2:47 pm

    ဒါကပူစီနံပင်ရဲ့.. အကျိုးကျေးဇူးများပါတဲ့..။

    Its health benefits include:
    – Soothing the digestive tract and if you are having stomach ache then it can be of great help
    – Drinking herbal mint tea reduces irritated bowel syndromes, cleanses the stomach and also clear up skin disorders such as acne.
    – Mint acts as a cooling sensation to the skin and helps in dealing with skin irritations.
    – Mint helps in eliminating toxins from the body.
    – Crushed mint leaves helps in whitening teeth and combat bad breath.
    – Mint is a very good cleanser for the blood.

    =
    ဒါက.. သံပုရာရဲ့အကျိုးများပါတဲ့..။

    The health benefits of lemon include its use as a treatment of throat infections, indigestion, constipation, dental problems, and fever, internal bleeding, rheumatism, burns, obesity, respiratory disorders, cholera and high blood pressure, while it also benefits hair and skin care,. Known for its therapeutic property since generations, lemon helps to strengthen your immune system, cleanse your stomach, and it is considered a blood purifier.

    Lemon juice, especially, has several health benefits associated with it. It is well known as a useful treatment for kidney stones, reducing strokes and lowering body temperature. As a refreshing drink, lemonade helps you to stay calm and cool.

    =
    ဒါက.. မြန်မာတွေရဲ့ မျစ်ချဉ်ထဲပါ(နိုင်)တဲ့.. ဟာတွေ..။

    အသည်းကွဲဒဏ်ရာတွေအကြောင်း အစီအစဉ်ချပြလိုက်ချင်တယ်။ မျှစ်အကြောင်း ဂဃဏန သိလိုက်ရတဲ့အချိန်မှာပေါ့။ အစောတုန်းကတော့ မျှစ်ဝါမျှစ်နီတွေဟာ ဆေးဆိုးထားမှန်းသိတော့ မစားခဲ့ဘူး။ နောက်တော့ ဆိုးဆေးကိစ္စ အသံကျယ်လာပြီး ခုဆိုရင် မျှစ်တွေဟာ အရင်ကလိုနီရဲ၊ ဝါထိန်မနေတော့ဘူး။ ဝါဖျော့ဖျော့လေးပဲ ကျန်တော့တာလေ။ ဒါနဲ့ မျှစ်ကို ပုဇွန်လေးနဲ့ကြော်စားလိုက်၊ ချဉ်ပေါင်ဟင်းလေးချက်စားလိုက်နဲ့ နတ်သုဒ္ဓါပေါ့ရှင်။ ဈေးထဲကမျှစ်ရောင်းတဲ့ ကောင်မလေးက အိမ်မှာအဝင်အထွက်ရှိလာတယ်။ စကားစပ်ပြီးမေးကြည့်တော့မှ သိရတာက မျှစ်ရဲ့ပင်ကိုအရောင်က အဖြူရောင်တစ်မျိုးပဲဖြစ်ပြီး ဘယ်နည်းနဲ့မဆို ဆေးဆိုးရတဲ့အကြောင်း၊ ဆေးမဆိုးရင် မည်းသွားတတ်လို့ ရောင်းတဲ့လူ အရှုံးပေါ်မှာဖြစ်တဲ့အကြောင်း၊ မျှစ်ချဉ်ကိုတောင် အဖြူရောင်ဆေးဆိုးထား ရကြောင်း၊ ဝါဖျော့ဖျော့မျှစ်တွေဟာလည်း ဆေးလျှော့ပြီးဆိုးထားတာဖြစ်ပေမယ့် သုံးတဲ့ဆေးကတော့ စားသုံးကုန်အတွက် သုံးရတဲ့ဆိုးဆေးမဟုတ်ဘဲ အဝတ်အထည်ဆိုးဆေးသာဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။

    http://myanmargazette.net/137385
    =
    ဒါက..လက်ဖက်ထဲပါတဲ့.. ဆိုးဆေး auramine O ရဲ့ လူကိုထိခိုက်နိုင်တာတွေ..

    DNA damage induced by auramine O in liver, kidney, and …
    http://www.ncbi.nlm.nih.gov/…/7...
    National Center for Biotechnology Information
    by S Parodi – ‎1982 – ‎Cited by 7 – ‎Related articles
    J Toxicol Environ Health. 1982 May-Jun;9(5-6):941-52
    DNA damage induced by auramine O in liver, kidney, and bone marrow of rats and mice, and in a human cell line (alkaline elution assay and SCE induction).
    Parodi S, Santi L, Russo P, Albini A, Vecchio D, Pala M, Ottaggio L, Carbone A.
    Abstract

    Auramine O has been reported to be carcinogenic in rats and mice. It has been reported as positive in some mutagenicity studies and negative in others. We have found that commercial auramine O is positive in inducing DNA damage in vivo in liver, kidney, and bone marrow cells. DNA damage was also induced after treatment in vitro of a human cell line. Commercial auramine O was also clearly positive for sister chromatid exchange (SCE) induction in vivo in bone marrow cells. Purified auramine was negative in terms of DNA damage and SCE induction. Our commercial auramine O had Michler’s ketone as a major contaminant. This compound was capable of inducing both DNA fragmentation and an increase of SCE

    =
    ဒါကတော့.. းညင်းသီးရဲ့အန္တရာယ်ရှိပုံ…။

    တညင်းသီးဟာ အဆိပ်တက်တဲ့အစာတစ်ခုဖြစ်ပါတယ်၊ သူအထဲမှာ Djenkolic acid လို့ခေါ်တဲ့အဆိပ်ပါဝင်ပြီး ကျောက်ကပ်ကိုပျက်စီးစေပါတယ်၊ အဲဒီအဆိပ်ရဲ့ မော်လီကျူးတွေဟာ အပ်ချောင်းပုံလေးတွေဟာ ပုတီးကိုသီထားတဲ့ပုံဖြစ်ပါတယ်၊ ကျောက်ကပ်ဆိုတာကျွန်တော်တို့ရဲ့ခန္ဓာကိုယိထဲက အညစ်အကြေးတွေကို စွန့်ထုတ်ပေးတဲ့နေရာဖြစ်ပါတယ်၊ တညင်းသီးစားလိုက်ရင် ပါဝင်တဲ့ Djenkolic acid အဆိပ်တွေဟာ သွေးထဲကိုအရင် ရောက်ပါတယ် ၊ပြီးမှ အသည်းကို ရောက်ပါတယ်၊ အဆိပ်တွေဝင်လာရင် ပြယ်အောင်လုပ်ပေးတာ အသည်းကဖြစ်ပေမဲ့ တညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ အသည်းကမဖျက်စီးနိုင်ပါဘူး။ အဲဒီတော့ နောက်ဆုံးကျောက်ကပ်ကနေစွန့်ထုတ်ဖို့ ကြိုးစားပါတယ်၊ ဒါပေမဲ့ ခုန အပ်ချောင်းပုံ အဆိပ်လေးတွေက ကျောက်ကပ်ရဲ့ glomerulus နဲ့ tubule လို့ခေါ်တဲ့ ဆီးပြွန်ငယ်လေးတွေမှာ ပိတ်ဆို့ပါတယ်၊ အပ်ချောင်းပုံလေးတွေကထိုးလို့ သွေးကြောလေးတွေပေါက်ပြီး သွေးထွက်နိုင်ပါတယ်၊ အဲဒါဆို ဆီးသွားတဲ့အခါ သွေးပါလာတတ်ပါတယ်၊ ပိုဆိုးရင် ဆီးသွားလမ်းကြောင်းကိုပိတ်ရင် ဆီးသွားနည်းလာမယ် နောက်ဆုံး ဆီးမသွား နိုင်တဲ့အထိ ဖြစ်တတ်ပါတယ်၊ အဲဒီအခါကျောက်ကပ်နှစ်ခုလုံး ဆီးမသွားနိုင်လို့တင်းပြီး မခံရပ်နိုင်အောင်နာကျင်လာပါမယ်၊ ဒါဆိုဆေးရုံကိုအချိန်မှီ သွားပြီး ကျောက်ကပ်သန့်စင်စက်နဲ့ အချိန်မှီကုသရပါလိမ့်မယ်။

    http://myanmargazette.net/139955
    =

  • Novy

    January 23, 2015 at 4:48 pm

    အခုလိုအားဖြည့်ပေးတဲ့အတွက် ကျေးဇူးပါသကြီးရေ..

    ဒညင်းသီးမကောင်းမှန်းသိရက်နဲ့ အခုထိလမ်းမခွဲနိုင်သေးဘူး

    အချစ်ကြီးတဲ့နိုဗွီ

  • ဦးဦးပါလေရာ

    January 23, 2015 at 10:33 pm

    .ကျန်တာတွေထားပါတော့..
    .လက်ဘက်ကို ရေဆေးလိုက်ရင်တော့ လက်ဘက်နဲ့တူတော့မယ်မထင်ဘူး…
    .သစ်ရွက်ပြုတ်နဲ့ပဲ တူတော့မယ် ထင်တာပဲဗျို့ …
    :mrgreen:

  • Novy

    January 24, 2015 at 10:05 am

    ဦးပါ……………………….
    သစ်ရွက်ပြုတ်နဲမတူပါဘူးရှင်
    မယုံရင်မနိုအိမ်မှာ လက်ဖက်သုတ်လာစားပါ ဖိတ်ပါတယ်

    နိုဗွီဆိုရင် လက်ဖက်ကိုရေနွေးဆူဆူထဲမှာပါ ထည့်ပြီးဖြောလိုက်တာ

    • kai

      January 27, 2015 at 4:27 pm

      မြန်မာလက်ဖက်ကို.. .. ပေါင်းအိုးတွေဘာတွေနဲ့.. သန့်သန့်ရှင်းရှင်း.. အခန်းသွင်းလုပ်ကြရင်ကောင်းမယ်…။
      ယူအက်စ်မှာ လုပ်ကြမလားရယ်လို့.. ကြည့်နေတာကြာပြီ…
      ဘယ်သူမှ”ထ”မလုပ်သေး..။

Leave a Reply