ပီပီသသ – ဗမာ

alinsettJanuary 26, 20151min24321

ပီပီသသ – ဗမာ
———————————————————————————————–
လမ်းမပီသတဲ့ လမ်းတွေပေါ်…
ခြေထောက်မပီသတဲ့ ခြေထောက်တွေနဲ့…
လျှောက်ခြင်း မပီမသ လျှောက်ကြရ…

ငွေကြေးမပီသတဲ့ငွေကြေးဥစ္စာတွေနဲ့
အာဟာရမပီသတဲ့ အစားအစာတွေကို ဝယ်ယူစားသုံးကြပြီး…
လူ မပီမသ အချိန်မကျဘဲ အိုမင်းရင့်ရော်ကြရ…

စကားမပီသတဲ့ စကားတွေကို …
ဦးနှောက် မပီသတော့တဲ့ ဦးနှောက်တွေနဲ့…
မပီမသ စဉ်းစားဆင်ခြင်ရုံမျှ…
ဝိုးဝါးဝူးဝါးပြောဆိုကြရ…

ဒီလိုနဲ့ပဲ…
စာအုပ်မပီသတဲ့ စာအုပ်တွေဖတ်…
ရုပ်ရှင်မပီသတဲ့ ရုပ်ရှင်တွေကြည့်…
သီချင်းမပီသတဲ့ သီချင်းတွေနဲ့…
သတင်းမပီသတဲ့ သတင်းတွေကို နားထောင်…
အတွေးအခေါ်မပီသတဲ့ အတွေးအခေါ်တွေ တွေး…
လုပ်ရပ်မပီသတဲ့ လုပ်ရပ်တွေ လုပ်ပြီး…
အသက်ရှုခြင်းကတောင် မပီမသနဲ့…

ပြက္ခဒိန်တွေသာ တရွက်ပြီးတရွက် လွင့်ပျံလန်ထွက်သွား…
မပီသခြင်းတွေကတော့…မပီသခြင်း ပီသနေဆဲပေါ…

ကြားလိုက်ရသလား…
အပေါ်မှာ မြင်လိုက်ရသမျှ စကားလုံးတွေက…
ဗမာပီသနေတဲ့ ဗမာတယောက်ရဲ့…
နာကျင်ခံခက် သက်ပြင်း ရှိုက်သံ တချက်မျှပါပဲ…
ပီပီသသတော့ ကြားစေချင်တယ်…
———————————————————————
မောင်သူရ
ဇန္နဝါရီလ၊ ၂၁ ရက်၊၂၀၁၅

aa

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

21 comments

  • Mr. MarGa

    January 26, 2015 at 9:16 am

    ဗမာ…..
    ကိုယ့်ကိုကိုယ် ဗမာ ပီသတယ်လို့ရော ထင်သလားကွ ဟေ

    • အလင်းဆက်

      January 26, 2015 at 11:28 am

      ဗမာ ပီသဖို့ ဘယ်လို စံနှုန်းတွေ လိုသလဲ???
      မေးသာ မေးရ. . .
      မပီသလည်း နေပါစေဆိုတဲ့စိတ်က တစ်ဝက်တိတိ

      :kwi:

  • Kaung Kin Pyar

    January 26, 2015 at 10:11 am

    ဗမာပီသတယ်ဆိုတဲ့ အချက်တွေထဲ ဘယ်အရာတွေများပါမလဲ သိချင်ပါရဲ့…..။
    အရင်ခေတ်တုန်းကတော့ ဗမာ့သွေးဆွေးဆွေးနီတယ်တို့…၊ ဒါ ဗမာ့စိတ်ဓာတ်ကွတို့ ပြောခဲ့တာတွေ ကျူးရင့်ခဲ့တာတွေ ဖတ်ရတိုင်း ဪ..အရင်ခေတ်တုန်းက ဗမာတွေက ဒီလိုမျိုးလားလို့ လေးစားအထင်ကြီးခဲ့…
    ခုများတော့…အတိုက်စားခံထားရတဲ့ စိတ်ဓာတ်တွေနဲ့ ယိုင်နဲ့နဲ့ကိုယ်ကျင့်တရားတွေကြားမှာ…ဘယ်အရာက….????
    🙁
    🙁
    😥

    • အလင်းဆက်

      January 26, 2015 at 11:31 am

      အတိုက်စားခံထားရတဲ့စိတ်ဓါတ်တွေ ဆိုတဲ့
      ကောင်းကင်ပြာပြောလိုက်တဲ့စာသားကို
      အများကြီး စဉ်းစားမိသွားတယ်ဗျ

      စိတ်ဓါတ်ဆိုတာ တိုက်စားလိုက်တိုင်း ပဲ့ရွဲ့ ကျသွားစကောင်းသော အရာ တော့ မဟုတ်ပေဘူးပေါ့ဗျာ

      အင်းးး ဒါပေမယ့်
      ဒါပေမယ့်. . .

  • ဦးကြောင်ကြီး

    January 26, 2015 at 10:30 am

    ဗမာ
    ခရာ
    တဏှာ
    ဗလာ..
    မသာ
    ငနာ
    ကြမ္မာ
    သမာ္ဘ။။။

    • အလင်းဆက်

      January 26, 2015 at 11:33 am

      တဏှာ နဲ့ သမ႓ာ
      ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာလေး နည်းနည်းလောက် ညှီပေးပါလား အုကျောင်
      :k:

  • Mike

    January 26, 2015 at 11:23 am

    .မပီမသတဲ့
    .ကလီကဝပြည်မှာ
    .မညီမျှတဲ့ အချီအချတွေနဲ့
    .မကြည်မြတဲ့ စိတ်တစ်ခုကိုရင်းပြီး
    .ပီပီသသ လျှောက်နေဆဲပါ။ :))

    • အလင်းဆက်

      January 26, 2015 at 11:26 am

      ဦးမိုက်ရဲ့ စာသားလေးကို ကြိုက်စ်သွားလို့ စိမ်းထားမယ်နော

  • Mike

    January 26, 2015 at 3:35 pm

    .ငိငိ…နာလျှောက်ရေးတာပါကွာ…နင့်ကဗျာကိုပိုကြိုက်ပါတယ် :))

    • အလင်းဆက်

      January 26, 2015 at 5:38 pm

      ဟုတ်…
      ကျနော်က ရှည်ရှည်လျားလျား ရေးပြီး ဖော်ပြနိုင်တယ်ဆိုရင်..
      ဦးမိုက် ရေးလိုက်တဲ့ အဖွဲ့ လေးးက… တိုတိုနဲ့ ဖော်ပြနိုင်တယ်..
      ပြီးတော့.. ကာရန် ယူထားပုံလေးကလည်း..လက်တန်းလို့သာ ဆိုရတယ်.. တကယ် ကျစ်လျစ်ပြီး..လှနေတယ်..
      :kwi:

  • Ma Ma

    January 26, 2015 at 5:36 pm

    အစီအစဉ်တင်ဆက်သူတွေရဲ့ မပီမသစကားတွေ
    စာရေးဆရာတွေရဲ့ မမှန်မကန် သတ်ပုံတွေ
    အဆိုတော်တွေရဲ့ ဝူးတူးဝါးတား သီချင်းသံတွေ
    .
    .
    .
    .
    .
    .
    .
    အော်…. ငါ ခေတ်ဆွေးအဖွားကြီးပါလား လို့ ပီပီသသ သိလိုက်ရတယ်။ :p:

    • အလင်းဆက်

      January 26, 2015 at 5:40 pm

      အခုခေတ် သီချင်းတချို့ကို… ကျနော် လူငယ်ဆိုတဲ့အကောင်တောင်မှ…နားမလည်…
      ပြီးတော့…။
      စာပေသမားတော်တော်များများကလည်း..သတ်ပုံမမှန်ကြတော့ဘူး..

      အဟိ…
      ဆရာမောင်သာရကြီးက အစ..
      သူ့တော့ မပြောရဲ…

      :k:

      • kai

        January 27, 2015 at 4:55 pm

        ဆရာမောင်သာရရဲ့.. သတ်ပုံတွေ.. သတင်းစာထဲ… သူ့လက်ရေးအတိုင်းလွှတ်ပေးလိုက်တယ်..။
        သိသလောက်တော့.. အဲဒါတွေက.. ရှေးကအမှန်တွေပဲ..။
        ဟို ..”တ”နဲ့”တစ်” ကိစ္စကတော့.. ဘိုနေဝင်းလက်ချက်မို့.. အမြင်ကတ်တာနဲ့ကျုပ်လည်းမပြင်ရေးချ.. မပြင်..။
        တကယ်တော့.. စာပေ..ယဉ်ကျေးမှုဆိုတာ.. ရေစီးကြောင်းလို.. တသွင်သွင်..ပြောင်းနေရမယ်.. ဟူလို…။

        • အလင်းဆက်

          January 28, 2015 at 2:41 pm

          အဲဒီ ဆရာမောင်သာရကြီး ကို ပြောလိုက်ပါဦး..
          အမေဒီးကားကို ရောက်လာပြီး..ဆရာကြီးနဲ့ တွေ့သွားတဲ့ လူငယ်ဆရာဝန်နှစ်ယောက်က…
          မောင်သာရ စာတွေ ဖတ်ဖူးလိမ့်မယ်..မထင်…ဆိုပေမယ့်…
          ကျနော် မောင်သူရကတော့..မောင်သာရ စာတွေကို ကောင်းကောင်း ဖတ်ဖူးပါတယ်လို့…
          အစဉ်တစိုက်ကို.. ရှာဖွေ ဖတ်ရှုခဲ့ပါတယ်လို့…
          အခုထိ စိတ်ထဲ စွဲထင်နေတာက…ရွှေစော်နံပြန်လိုက်အုံး ဆိုတာရယ်…
          ရေးတတ်ရင် ဝတ္ထုဖြစ်တယ်ဆိုတဲ ့စာမူတွေရယ်ပါ…လို့… စ်

          :k:

  • uncle gyi

    January 28, 2015 at 10:36 pm

    ပြောင်းလဲချင်းသဘောတွေလို့သာမှတ်လေလော့အမောင်

    • အလင်းဆက်

      January 29, 2015 at 12:09 pm

      ကဲ ပြော…
      ဘယ်တော့… ဒီအခြေအနေကနေ…ပြောင်းမှာလဲ…. လဲ မှာလဲ…

      :kwi:

  • aye.kk

    January 28, 2015 at 11:08 pm

    ပီပီသသ
    ညီညီလှလှ
    ဤဤအအ၊ပြန်အံမှရ။။

  • aye.kk

    January 29, 2015 at 4:35 pm

    ဤနှင့်ကျွဲ
    ဖွဲနှင့်စကွဲ၊ကွဲတော့ကွဲပါတယ်။။

  • naywoon ni

    April 12, 2015 at 11:57 am

    မပီမသ​တွေကြားထဲ ​ပျော်​ဝင်​​နေသူအဖို့ ဘယ်​အရာက ပီသသလဲ ဆိုတာ​တောင်​မှ မမှတ်​မိချင်​ 🙂

  • kotun winlatt

    April 13, 2015 at 2:05 am

    မပီမသနဲ့ ကြွေးကြော်လိုက်တယ် ”ငါတို့ ပြည်သူတွေ ” ဆိုပြီးးးးးးး
    မပီမသဆိုတော့ ” နာတော့ ပြည်သူတွေ . . .”

Leave a Reply