မျှော်လေလေ ဝေး…

စဆရ ႀကီးJanuary 23, 20151min14210

မျှော်သာမျှော် ပေါ်မလာ
မောင်မလာ မောင်သာငတ်
မောင့်နေရာ လူမပြတ်

ဟဲ ဟဲ.. ဘာရယ်မဟုတ်ပါဘူးဗျာ။ တစ်ခါတစ်လေတော့ ရေးချင်တာတွေ လျှောက်မရေးဖြစ်တော့ ကိုယ့်ကိုယ်ကို စပျစ်သီးကြီးလို့သတ်မှတ်ပြီး မျှော်နေသူများရှိမလားလို့ တွေးမိတိုင်း အောက်က စာပိုဒ်လေးနှစ်ကြောင်းကို ပြန်တွေးမိတာနဲ့ ကီးဘုတ်ပေါ်တင်ချင်နေတဲ့လက်ကို ဖယ်၊ စိတ်ထဲမှာ ပြောချင်တာတွေများလာတော့လည်း အိပ်ချိန်မစို့မပို့လေးကျန်တာနဲ့ အဲ့လိုနဲ့ကို စကားလုံးတွေမျိုချလိုက်ရပြန်တယ်ပေါ့။ ပြောရရင်တော့ (တစ်ကယ်ပါ) စိတ်ထဲထင်တာပြောရရင် ကျွန်တော်စာပေကင်ပေတိုင်ရုံးကိုလည်း ကြောက်တာပါတယ်ပေါ့။ တစ်ကယ်ဗျာ.. အရင်ကဆို ရေးချင်တာတွေ စိတ်လွတ်ကိုယ်လွတ်၊ စည်းမဲ့ဘောင်မဲ့ (စည်းလွတ်ဝါးလွတ်မဟုတ်ဘူးနော်) လွပ်လပ်စွာတွေးတော၊ ကျယ်ပြန့်စွာ ရေးပြောလေသတည်းပေါ့။

ကိုယ်ထင် ကုတင်ရွှေနန်းပေမို့လား။ ကိုယ့်အိပ်ယာ တစ်ကမ္ဘာထင်သလိုပေါ့နော်။ စိတ်ထဲပေါ်လာတာနဲ့ လက်ကို ကီးဘုတ်ပေါ်တင်ပြီး အစကနေအဆုံး တစ်ထိုင်တည်းရေးလိုက်တာ တစ်ခါတစ်လေတော့နာရီဝက်၊ တစ်ခါတစ်လေတော့လည်း ၃၊ ၄ နာရီအကြာမှာ ရေးချင်တာရေးပြီး ပေးချင်တဲ့ ခေါင်းစဉ်ပေးလိုက်ပြီး ခလုပ်လေးတစ်ချက်နှိပ်လိုက်တာနဲ့ နှစ်ရက်၊ သုံးရက်လောက် ကိုယ်ရေးထားတာလေးကို ဒီ မန့်သလေးဂွဇွတ်ကြီးကို ဖွင့်လိုက်တိုင်းမြင်နေရတော့ နွားပြာကြီး အောက်သွားမရှိသလိုမျက်နှာကြီးနဲ့။

အမ်မယ်.. ကြုံတုန်း ကိုယ့်ပေါင်ကိုယ့်လှန်ထောင်းရရင်ဖြင့် တစ်ခါတစ်လေများ ဖွဘုတ်မှာ ကိုယ်နဲ့တစ်ချိန်က သိကျွမ်းခဲ့ဖူးတဲ့ (ခု လုံးဝမသိတော့တဲ့) သူတွေများ ပြန်ဆုံရင်ဖြင့်

“ကိုယ့်လူ နေကောင်းရဲ့လား”
“ကောင်းပါ့ဗျား”
“ကိုယ့်လူ ဘာလုပ်နေလဲ”
“ကျုပ်ခု နိုင်ဂျံဂါးမှာ၊ စာတွေရေးဖြစ်နေတယ်လေ”
“ဟုတ်လား… ဘယ်ကလောင်တုန်းဟင်”
“….. လေ ကြားဖူးတယ်မလား ဟွင်း ဟွင်း”
“ငင်… မကြားဖူးသလိုလိုပဲ”

ဒီတော့မှ ကျုပ်တစ်ယောက် ဒီဆိုက်က လင့်လေးကိုရှာပြီးပြရတာပ၊ အဲ့ဒီတော့မှ

“ဪ… အင်း… အဟွင်း.. ညှင်းညှင်း
ခုတော့ အချိန်မရသေးလို့ ဖတ်လိုက်မယ်နော်”

“အိုလေ… ဟုတ်သေးပါဘူး၊ ဖတ်လိုက်ပါညော်၊ စောင့်နေမယ်ညော်၊
ဒီအပုဒ်လေးက ဘယ်လို၊ ဟိုဟာလေးကတော့ ဘယ်လိုနေတာ၊ ဒီဟာလေးလဲကြည့်စမ်းပါဦး၊ ဒီဟာ…..”


“ကိုယ့်လူရေ တွေ့ရတာ ဝမ်းသာသဗျာ၊ နောက်ရက်များတွေ့ကြသေးတာပေါ့
မြန်တျန့်ပြည်ကြီးက သိတဲ့အတိုင်းဗျာ၊ ခုလိုစာတွေရေးပြီး အောင်မြင်နေတာတွေ့တော့ ဝမ်းသွားသဗျာ (မှားလို့) ဝမ်းသာသဗျာ
နောင်များတွေ့ကြသေးတာပေါ့နော.. ဘိုင် (ရေးကြီးသုတ်ပျာဖြင့်)”


?+*&^%$#”@! is offline.

ကျုပ်တစ်ယောက်မှာတော့ သူတို့တွေကို ပြန်ညွှန်းသည့်စာများ ပြန်ဖတ်ပြီး

တယ်တော်တဲ့ ငါပါလား၊ တယ်လဲ အရေးကောင်းပါလား၊ ဖတ်လိုက်ရတာ ရင်ထဲလှိုက်ကနဲပဲနေတာပဲ၊ အောင်မလေး စကားလုံးလေးတွေများ လှပလိုက်တာဟု တွေးရင်း ကျေနပ်နေရင်းနှင့် ငါးခူပြုံးလေးပြုံး၊

ထို့နောက်တွင်မတော့ ငါးသလောက်ပြုံးလေး

နောက်တော့ မျောက်ပြုံး

နောက်ဆုံး အစွယ်ထုတ်ပြုံးလေး ပြုံးလိုက်သည့်အခါတွင်မတော့ သွားများ ကျဉ်တက်သွားသည်နှင့်…

++++++++++++++++++++++++++++++++++++++++++++++++++

ရုတ်တရက် အိမ်မက်မှ နိုးထလာလေသည်။

ခုထိတိုင် ထိုအိမ်မက်ရှည်ကြီးက မက်နေလေဆဲ။ ဘာပဲပြောပြော အိမ်မက်ထဲမှာ ပြန်ရင်းနှီးခွင့်ရလို့ ပျော်စရာတော့ကောင်းသား။ ။

ကြွေလွင့်ပန်း
(ခေတ္တလူ့ပြည်)

10 comments

  • Mike

    January 23, 2015 at 8:44 am

    .မောင်မလာ မောင်သာငတ်
    .မောင့်နေရာ လူမပြတ် :k:
    .Long time no see
    .ဂဇက်ကိုသတိရနေသေးတယ်ဆိုလို့ ဝမ်းသာပါသဗျာ
    .စာလည်းရေး ကွန်မန့်လေးတွေလည်းချီးမြှင့်ပါအုံး

    • ကြွေလွင့် ပန်း

      January 24, 2015 at 4:09 am

      သတိကတော့ရပါတယ်ဦးကြီးမိုက်ရေ
      ခုတစ်လော အလုပ်ပိုများနေတာရယ်၊ စာရေးဖို့လက်မတွေ့တာရယ်ကြောင့်ပါ

  • Ma Ma

    January 23, 2015 at 10:47 am

    ကြွေလွင့်ပန်းဆိုလို့ ဘယ်သူများလဲလို့။
    လက်စသပ်တော့….
    မန့်သလေးဂွဇွတ်ကြီးလို့ ဆိုတဲ့ မူပိုင်ရှင်ကြီးကိုးးးး
    အိမ်မက်ထဲမှာ ပြန်တွေ့တာပေမယ့် ကြက်ကြော်နဲ့ ဧည့်ခံရမှာနောာာာာာာာာာာာာာာာ :aa:

    • ကြွေလွင့် ပန်း

      January 24, 2015 at 4:11 am

      မြန်မာပြည်မှာ ဖွင့်တော့မယ်တဲ့ဗျား… ပထမတုန်းကတော့ ဝင်တာနဲ့ပြန်လာမယ် စိတ်ကူးထားတာ.. ခုတော့ ဈေးကွက်အခြေအနေက မကောင်းသေးလို့ ပြန်မလာသေးပဲ ခုဒီမှာအောင်မြင်နေတာနဲ့ပဲ နေဖြစ်နေတယ်

      ပြန်လာဖြစ်ရင်တော့ လိုက်ကျွေးပါ့မယ်အန်တီမမရေ

  • အလင်းဆက်

    January 23, 2015 at 11:44 am

    စာပေကင်ပေတိုင်ရုံး….. ?????
    ဂဇက်မှာ စာကင်ပေတိုင်ရုံး ရှိလားဟင်..
    ရှိတယ်ဆိုရင်တော့… ကျနော်လည်း…ရေးချင်တာတွေ မျိ ု ချနေမိတော့မှာပဲ..
    အဲ… ဟုတ်သေးပါဘူး..
    ကိုယ်ရေးချင်တာတွေကို..ကင်ပေတိုင်ရုံး ကြောက်တာတစ်ခုနဲ့တော့..မျိ ု မချသင့်ပါဘူး..
    ဆက်ရေးမှာပဲ…
    ဟဲဟဲ…
    ဒီရွာက သင်ပေးတဲ့ အရေထူနည်းအနုပညာ.. ရှိတယ်လေ..

    :k:

  • Shwe Ei

    January 23, 2015 at 2:03 pm

    -မန့်သလေး ဂွဇွတ်မာ..ဂွတိုက်…ဇွတ်တိုးပီး မန့်မဲ့လူကြီးမရှိတော့..ပျင်းစရာကောင်းနေတယ်ဗျ 🙂

  • မြစပဲရိုး

    January 24, 2015 at 2:41 am

    ဘူသူဖတ်ဖတ် မဖတ်ဖတ် ကွ ကိုယ် အံ ထုတ် လို့ ရရင်ပြီးရော။
    အဖေ့စာအုပ်ကြီး ပေါ်မှာ မပြောရဲတာ မှန်သမျှ ဒီလာ ပြောနေတာ။
    ဒီလောက် အာချောင်လို့ ကောင်းတဲ့ နေရာလေး ကိုများ မောင်ရှုံး ရဲ့။
    ချောင်ထိုး မထားစမ်းပါနဲ့။
    :-)))))

  • Mr. MarGa

    January 24, 2015 at 1:12 pm

    လာစမ်းပါဗျာ
    ရေးစမ်းပါဗျာ
    ရေးဖို့က ကိုယ့်အလုပ် ဖတ်တာ မဖတ်တာ သူရို့သမိုင်း
    ဘယ့်နှယ်
    ကိုရင့်စာကို မျှော်နေတဲ့သူတွေ ရှိသေးတယ်ဆိုတာများ မေ့နေလေရော့သလား

  • ဦးကြောင်ကြီး

    January 26, 2015 at 11:30 am

    ဂဇွတ်သဂျီး အယာတိုလာ မာမွတ်ခိုမ် ပေါဒေါ့ တလတလ ဖက်သူ သိန်းချီရှိဆို… ဘာလဲ မင်းက သဂျီး မဖြစ်တိုင်း စဗျစ်သီး ချဉ်တာလား…။ ငါ့လို့ သဂျီးလောင်းဖြစ်ချဉ် သူ့သမီး ရအောင်ဖန်ကွ..။ နောက်တျောက်မွေးယဉ် ပြောတာပါ။ လက်ရှိသမော်ဒီကဒေါ့ ကြောင်စာ…

Leave a Reply