ပန်းအဘိဓာန်

Yin Nyine NwayAugust 19, 20101min1774

၁။ ကံ့ကော်ပန်း – မပြောင်းလဲတဲ့ထာဝရအချစ်ပါ
၂။ ကြာပန်း – မိတ်ဆွေတွေရဲ့ဖြူစင်မှုမျိုးနဲ့ ခင်မင်ကြရအောင်
၃။ ခရေပန်း – မေ့မသွားပါနဲ့ကွယ်
၄။ ခတ္တာပန်း – အားငယ်ရတဲ့သူမို့ ညှာတာပါ
၅။ ချယ်ရီပန်း – တနေ့နေ့တော့ဝေးရဦးမယ်
၆။ ခေါင်းလောင်းပန်း – အမြန်ဆုံးနီးခွင့်ရချင်တယ်
၇။ဂန္ဒမာအဖြူ – ငြိမ်းချမ်းပါစေ
၈။ ဂန္ဒမာအဝါ – သတိရနေမယ်
၉။ ဂမုန်းပန်း – မျှော်လင့်ခြင်းကြီးစွာနဲ့စောင်

့နေရတဲ့ချစ်သူပါ
၁၀။ စပယ်ပန်း – မင်းရဲ့အချစ်ကိုလက်ခံလိုက်တယ်
၁၁။ ဆပ်သွားဖူးပန်း – သစ္စာမရှိတဲ့သူအတွက်ဝမ်းနည်းရတယ်
၁၂။ ဆောင်တော်ကူးပန်း – မင်းကြောင့်ကိုယ့်မှာရူးရပြီ
၁၃။ ဆယ့်နှစ်ရာသီပန်း – ရိုးသားဖြူစင်ခြင်း
၁၄။ ညမွှေးပန်း – အရာရာဟာမင်းအတွက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်
၁၅။ ဒေလီယာပန်း – မကြာခင်မှာဆုံတွေ့ ကြရအောင်
၁၆။ ဒေါနပန်း – တို့တွေခွဲခွာကြပါစို့
၁၇။ ဒန်းပန်း – ဘဝကိုအရှုံးမပေးနဲ့
၁၈။ နှင်းပန်း – အဆင်မပြေမှုတွေဟာ တခဏပါ
၁၉။ နှင်းဆီပန်း – ကိုယ်တော့မင်းကိုချစ်နေမိပြီ
၂၀။ နေကြာပန်း – မင်းဘဝရှေ့ရေးအဆင်ပြေဖို့ ကိုယ်တာဝန်ယူပါတယ်
၂၁။ ပိတောက်ပန်း – မင်းဟာကိုယ့်အတွက်ရှားပါးဆုလာဒ်
၂၂။ ပျားခတ်ပန်း – မင်းဟာဒီပန်းလေးလား

4 comments

  • kopauk mandalay

    August 19, 2010 at 12:24 pm

    စကားပန်းရယ်ဇွန်ပန်းရယ် ကြတော့ရောဗျာ မသိလို့ပြောစမ်းပါအုံးနော်

  • kai

    August 19, 2010 at 11:45 pm

    ပန်းကံ့ကော် ရွှေစကား
    ငွေသားနု စပယ်မှန်
    မုလေး ခတ္တာနှင့်
    ရွေရင်းမာ ကြာ ခဝဲ
    ဖွဲ စ နှင်းလျှံ
    သဇင် ကျန်
    ခွာတန် နှင့် ပေါက်လဲ
    ပွင့်ဝတ်ကယ် ရွှေ ဖီမင်း
    သင်းထုံနံ့ကဲ။
    (ကင်းဝန်မင်းကြီး)

    တန်ခူး ကံ့ကော်ပန်း၊ ရင်ခတ်ပန်း
    ကဆုန် စကားပန်း
    နယုန် စပယ်ပန်း၊မုလေးပန်း
    ဝါဆို ပုန်းညက်ပန်း
    ဝါခေါင် ခတ္တာပန်း
    တော်သလင်း ရင်းမာပန်း
    သီတင်းကျွတ် ကြာမျိုးငါးပါး
    တန်ဆောင်မုန်း ခဝဲပန်း
    နတ်တော် သဇင်ပန်း
    ပြာသို ခွာညိုပန်း
    တပို့တွဲ ပေါက်လဲပန်း
    တပေါင်း ပိတောက်ပန်း၊သရဖီပန်း၊အင်ကြင်းပန်း

    ဘာကို အိပ်မက်မက်ဖူးလဲဆိုတော့..၁၂ရာသီပွင့်တဲ့ပန်းတွေကို အိမ်ဝင်းထဲ စီပြီးစိုက်ထားဖို့ပဲ..။
    အဲဒါဆို ၁၂လရာသီ ပန်းပွင့်တဲ့ခြံရမယ်ပေါ့။ အခုတော့ အဓိပါယ်ပါ ပါလာပြီပေါ့.။
    အရောင်တွေပါ သိချင်သား။ အိပ်မက်ပန်းခြံအတွက်လေ..။

  • Yin Nyine Nway

    August 20, 2010 at 7:04 am

    ဟုတ်ပါတယ်…ပိုပြီးပြည့်စုံသွားတာပေါ့

  • april

    August 20, 2010 at 12:13 pm

    ပန်းကြိုက်တဲ့ မိန်းကလေးတွေ အတွက် အသုံးဝင်တဲ့ Pageလေးပါ။

Leave a Reply