ဘုရင်မတစ်ပါးရဲ့ ရာဇဝင်-၂

တောဇီးကွက်January 24, 20151min1026

ကျွန်တော်စိတ်ထဲမှာ တစ်စုံတစ်ယောက်ကို ပြင်းပြင်းထန်ထန်သတိရသွားတယ်ဗျာ…
ဟုတ်တယ်……
ကျွန်တော့်ရဲ့ ဘုရင်မ…..
တစ်ချိန်တုန်းက ကျွန်တော့်ရဲ့ ဘုရင်မတစ်ပါးပေါ့……….
ဒါပေမယ့် ကျွန်တော်က နန်းချခံလိုက်ရတဲ့ ဘုရင်တစ်ပါးမဟုတ်ဘူးဗျ…….
နန်းတောင် တက်ခွင့်မရလိုက်တဲ့ နယ်ရုပ်တစ်ရုပ်ပါ…….
အတွေးတွေနဲ့ အတူ ကျွန်တော် ကြေကွဲစွာ ပြုံးလိုက်မိတယ်…….။

စိတ်တွေကတော့ အတိတ်တွေဆီသို့………

ကျွန်တော်သူမကို စတွေ့ခဲ့တာ တက္ကသိုလ်ပထမနှစ်မှာ……
အမြဲတမ်း တင်းတင်းစေ့ထားတတ်တဲ့ သူမနှုတ်ခမ်း…
မာနရောင်ကြောင့် စူးရဲနေတဲ့ သူမမျက်ဝန်း…
သူမရဲ့ ခြေလှမ်းတွေကအစ ရဲဝင့်တယ်…

သူမကို စသတိထားမိတာ အနီရောင်ကြောင့်ဗျ..
သူမ စီးတဲ့ဖိနပ်က အနီရောင်..
သူမဆိုးတဲ့ နှုတ်ခမ်းနီက အနီရောင်..
အိုဗျာ..ကုန်ကုန်ပြောမယ်.. သူမ ကိုင်တဲ့ ဘာပစ္စည်း မဆို အနီရောင်တွေပဲလို့ပြောရလောက်အောင်ကိုပဲ နီနေခဲ့တာ.
အဲတုန်းကတော့ အဲအနီရောင်တွေဟာ ကျွန်တော့် နှလုံးသွေးတွေ ဖြစ်မယ့် နမိတ်တစ်ခုဆိုတာ ကြိုမသိခဲ့ဘူး…

သူမနဲ့ ကျွန်တော်ရဲ့ ပတ်သတ်မှုကတော့ သူငယ်ချင်းပေါ့ဗျာ
သူမနဲ့ ကျွန်တော်က မေဂျာတူ အခန်းတူ ကျောင်းကားတူ
သူငယ်ချင်းတွေကလဲ တစ်ဖွဲ့ထဲဆိုတော့ သူငယ်ချင်းတွေ ဖြစ်ခဲ့တယ်..
ဒါမထူးဆန်းပါဘူး………

ထူးဆန်းတာက သူမရဲ့စိတ်
ဘယ်သူငယ်ချင်းကိုမဆို စကားပြောရင် အကြောမခံဘူးဗျ
သူမက အမြဲအနိုင်ရမှ ကျေနပ်တယ်…..
ကြာတော့ သူငယ်ချင်းတွေက သိပ်မကြည်ကြဘူး
အဲဒီတော့ သူမပြောသမျှ ပြုံးပြုံးနဲ့ နားထောင်ပေးတတ်တဲ့ ၊ ဘာမဆို သဘောတူလိုက်လျောပေးတတ်တဲ့ ကျွန်တော်က
သူမရဲ့ အခင်ဆုံး သူငယ်ချင်း ဖြစ်လာတယ်..

အဲတုန်းကလား…..အင်း ..အဲတုန်းက ..
ကျွန်တော့်စိတ်ထဲမှာ အချစ်ဆိုတာ မပေါက်ဖွားသေးပါဘူး…..
ကျွန်တော်ဆိုတဲ့ ကောင်က အိမ်မှာ အကြီးဆုံးသားဆိုတော့ အငယ်တွေဆိုးသမျှခံနေကြ
ပြုံးပြုံးနဲ့ နေတတ်တဲ့ကောင်လေ
သူငယ်ချင်းတွေ အပေါ်ဆိုလည်း သဘောကောင်းခဲ့တယ်……
ဒါကြောင့် သူမကိုလည်း ခပ်ဆိုးဆိုး ညီမတစ်ယောက်လိုပဲ သဘောထားပြီး အလိုလိုက်ခဲ့တယ်..
သူ့ဘက်မှာ ဘယ်သူမှ မရှိရင်တောင် အနဲဆုံး ကျွန်တော် ရှိနေပေးခဲ့တယ်……..။

ကျွန်တော်တို့ ကျောင်းတွေပြီး အလုပ်ဝင်တဲ့ အထိပေါ့..။
အလုပ်ဝင်တော့လည်း သူမနဲ့ ကျွန်တော် အဆက်သွယ်မပြတ်ခဲ့ဘူး…။
သူမကလည်း အနိုင်ကျင့်ဖို့ ဆို ကျွန်တော့်ကိုပဲ သတိရနေတက်တာလေ…

“ကိုညီ.. ဒီညနေ ရုံးအပြန် ဝင်ကြိုဦး.. တရုတ်တန်းမှာ မုန့်သွားစားရအောင်”
“အာ..ငါ ဒီနေ့ လချုပ်စာရင်းတွေ အပြီးသတ်ရမှာ ဟ နောက်နေ့မှ သွားရအောင် နော်
နဒီကလဲ လိမ္မာပါတယ်နော်”
“နင် ဒီနေ့လိုက်ပေးရမယ်.. ဒီနေ့ဆို ဒီနေ့ပဲနော်..နင့်စာရင်းတွေကို ရုံးချိန်မှာ ပြီးအောင်လုပ်ထား..ဒါပဲ”
ကျွန်တော် ဘာမှ ပြန်မပြောရသေးခင် သူမ ဖုန်းချသွားလေပီ..
သက်ပြင်းတစ်ခုကို ချရင်း လုပ်လက်စ အလုပ်တွေကို ပြန်ကြည့်နေတုန်း..
ဘေးက ဖိုးကျော်က
” ဟေ့ရောင် ဖိုးညီ.. မင်းကို နဒီနိုင် ဆက်ပြန်ပြီ မဟုတ်လား…….
မင်းကလဲ ဝဋ္ဋ်ပဲကွာ ကျောင်းမှာထဲက အဲကောင်မလေးနဲ့ မပေါင်းပါနဲ့ ပြောနေတာကို
အခုထိ အနှိပ်စက်ခံနေတုန်း”
“အဲလို မဟုတ်ပါဘူးကွာ မင်းကလဲ သူက ဆိုးတက်တာပါ”
“ဖိုးညီ မင်းသူ့ကို ကြိုက်နေတာလား”
“အာ…မဟုတ်ပါဘူး ငါသူ့ကို ညီမလေး တစ်ယောက်လိုပဲ သဘောထားတာပါ”
“သောက်ပိုတွေ ပြောမနေနဲ့ မင်းဒီလောက် သည်းခံနေတာ ကြိုက်နေလို့ပဲ ဖြစ်မယ်”
“ဖိုးကျော် တော်တော့ကွာ ဂျာကြီး ကြည့်နေပီ.. ငါ ဒီအလုပ်တွေ အမြန်လက်စသတ်ရမှာ ကွ”
ဖိုးကျော် ဘုကြည့်ကြည့်ရင် သူ့အလုပ်သူပြန်လုပ်နေတော့မှ ကျွန်တော်လည်း အလုပ်ဆီ အာရုံပြန်စုရတော့သည်..။

……..

ဆက်ပါဦးမည်။

6 comments

  • Kaung Kin Pyar

    January 24, 2015 at 10:26 pm

    ဟူးးးးးးးး

  • မြစပဲရိုး

    January 24, 2015 at 10:45 pm

    စစ်တုရင်ကစားရင်တော့ နယ်ရုပ် က ဘုရင် တော့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။
    ဒါပေမဲ့ ဘုရင်မ အစားခံ ရရင် ပြန်ကယ်ထုတ်နိုင်တဲ့ အကောင်လေးပေါ့။
    ရှေ့ကိုဖောက်ထွက်လိုက်နိုင်တဲ့ နယ်ရုပ်လေး ကို ထွက်နေရတဲ့ ဘုရင်မ နဲ့ လဲ လိုက်ရတာ။
    အဲဒီ နယ်ရုပ် လေးက တော့ ကစားပွဲ ထဲ က ထွက်လိုက်ရတာပေါ့။

    ချက်စ် ခုံ ပေါ်မှာ ဘုရင်မ အရုပ် က ပါဝါပိုပြင်းတာလေ။
    ဒါကြောင့် ပွဲ ထဲ မရှိတဲ့ ဘုရင်မ ကို ပြန်ဆယ် ဖို့ တစ်ခြား အရုပ် တွေ မတတ်နိုင်ဘူး။
    နယ်ရုပ် လေးဘဲ တတ်နိုင်တယ်။

    တောဇီးကွက် ဆိုတဲ့ နယ်ရုပ် လေးက လဲ ဘုရင်မ အတွက် တကယ်ဘဲ ပွဲခုံ ပေါ်က ထွက်ရဲမယ်လား။
    Interesting!!!!!!! 😉 :))

    • Mr. MarGa

      January 26, 2015 at 9:19 am

      အရီးရဲ့ ကွန်မန့်ကို အတော်ကြိုက်သွားပြီ
      ဆိုတော့ အရီးနောက်က လိုက် မန့်ပါတယ် လို့
      :mrgreenn:

  • Ma Ma

    January 25, 2015 at 5:16 pm

    ဘုရင်မတစ်ပါးနဲ့တွေ့ခဲ့ဖူးတာကိုးးးး
    ဒါ့ကြောင့်လည်း ဘုရင်မအကြောင်း နောကြေနေတာဖြစ်မယ်။ :k:

  • Mike

    January 26, 2015 at 10:28 am

    .အများစုကတော့ မိဖုရား လိုချင်ကြတာ…
    .ထီးဆိုင်တောင် ဆိုထားသေး…“လိုချင်တာမိဖုရား..ညားတော့ဘုရင်မ”တဲ့
    .ခီများလည်းဘုရင်မနဲ့ သွားတွေ့တာကိုး :k:

Leave a Reply