စကား

Yin Nyine NwayAugust 19, 20105min981
စကား

?ui=2&view=att&th=12470943e409667c&attid=0.1&disp=attd&realattid=ii_12470943e409667c&zw

ကျွန်မတို့တွေဟာ နေ့တစ်ဓူဝ စကားတွေပြောဆိုကြရတယ်..။
မိသားစုအချင်းချင်းပြောကြတယ်..။ မိတ်ဆွေတွေနဲ့ပြောကြတယ်..။
လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အချင်းချင်းနဲ့ပြောကြတယ်..။
ချစ်သူခင်သူတွေနဲ့လည်းအပြန်အလှန်ပြောကြတယ်..။

စကားတွေပြောရင်းနဲ့ဘဲ….ရင်းနှီးခွင့်တွေရတယ်..သိလိုတာတွေသိခွင့်ရတယ်..။
မိတ်ဆွေတွေတိုးပွားကြရတယ်..။ ချစ်သူတွေလည်းဆုံတွေ့ခွင့်ရခဲ့ကြတယ်..။

စကားတွေပြောရင်းနဲ့ဘဲ….ငြင်းခုံခွင့်တွေရကြတယ်..။ အယူအဆတွေဖလှယ်ခွင့်ရတယ်..။
စကားတွေပြောရင်းနဲ့ဘဲ…အမုန်းတွေပွားရတယ်…။
အရင်းနှီးဆုံးမိတ်ဆွေတွေကနေ..အမုန်းဆုံးသူတွေလည်းဖြစ်ကြရတယ်..။
?ui=2&view=att&th=1247099e290874d3&attid=0.1&disp=attd&realattid=ii_1247099e290874d3&zw

စကားတွေကတေ
ာ့ပြောနေကြတာဘဲ…
စကားတစ်ခွန်းကြောင့်ဘဲ…
စိတ်ချမ်းမြေ့မှုတွေရရှိသွားတယ်..
စိတ်ဓာတ်ခွန်အားတွေလည်းတိုးလာရတယ်..
ထောင်မတ်သွားတဲ့ ဘဝတွေလည်းရှိခဲ့တယ်..။

လက်လွတ်စပယ်ပြောလိုက်တဲ့..စကားတခွန်းကြောင့်..

တဘက်သားထိခိုက်နစ်နာရတယ်..
ဘဝတွေပျက်ကြရတယ်..။
?ui=2&view=att&th=1247094b7bc919f9&attid=0.1&disp=attd&realattid=ii_1247094b7bc919f9&zw

စကားတစ်ခွန်းကြောင့်ဘဲ..
စစ်မက်တွေဖြစ်ပွားရတယ်..။
စကားတွေပြောကြရင်းနဲ့ဘဲ..ငြိမ်းချမ်းရေးတွေတည်ဆောက်ခွင့်ရကြတယ်..။
စကားတွေပြောရင်းနဲ့ဘဲ..
နှုုတ်ဖျားလေးဟလိုက်ယုံနဲ့…
အူဘယ်နှစ်ခွေရှိတယ် ဆိုတာသိနိုင်သလို…
လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတယ်…
စကား..စကားပြောဖန်များ..စကားထဲကဇာတိပြ
နှုတ်တစ်ရာ စာတစ်လုံး..ဆိုတာတွေကလည်း..
စကားတွေပြောရင်းရလာတဲ့
စကားပုံတွေဘဲလေ…။

?ui=2&view=att&th=124709725b306632&attid=0.1&disp=attd&realattid=ii_124709725b306632&zw
စကားတွေကို…
အပျင်းပြေပြောနေသင့်လား..။
စကားဆိုတာ…
လိုအပ်မှရောမပြောသင့်ဘူးလား..။
စကားတွေကို..
ချင့်ချိန်ပြီးမပြောသင့်ဘူးလား..။

စကားတစ်ခွန်းမပြောခင်..ပြောသင့်ရဲ့လား.. ပြောခွင့်ရှိရဲ့လား...
ပြောဘို့ရောလိုလို့လား....ဆိုတာ..စဉ်းစားမိကြလား..။
?ui=2&view=att&th=124709f7ab61b6d9&attid=0.1&disp=attd&realattid=ii_124709f7ab61b6d9&zw

ကိုယ်ပြောလိုက်တဲ့စကားတွေကြောင့်….
ရလာတဲ့ရလာဒ်တွေကိုရော..ခံယူဘို့အသင့်ဖြစ်ကြပြီလား..?
ကိုယ်ပြောလိုက်တဲ့ စကားကိုရော..တာဝန်ယူရဲကြရဲ့လား..?
အပြောနဲ့အလုပ်ရောညီကြရဲ့လား..?
ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်
ရလာတဲ့ အပေါ်မှာရော..
စိတ်သန့်သန့်နဲ့ မုဒိတာပွားနိုင်ရဲ့လား..?
ပြောခွင့်မရလိုက်ရဘဲ..မြိုသိပ်ပြီးနေလိုက်ရလို့…ရလာတဲ့ ရလာဒ်တွေကရော
ခါးသီးနေမလား….? ဒါမှမဟုတ်…ချိုမြိန်ရဲ့လား..?

?ui=2&view=att&th=12470a0306cf7552&attid=0.1&disp=attd&realattid=ii_12470a0306cf7552&zw
ကဲ…ကျွန်မနဲ့အတူ
စဉ်းစားကြည့်ရအောင်လား..?

One comment

  • kopauk mandalay

    August 19, 2010 at 12:17 pm

    လူတစ်ယောက်မှာ စိတ်တစ်ခုရှိတဲ့အတွက် ဒီပါးစပ်တွေကနေထွက်လာတဲ့စကားတွေကလဲ အမျိုးမျိုးဖြစ်လာနိုင်ပါတယ်။
    ဒါပေမယ့် လူဆိုတဲ့အတိုင်းတူရာ တူရာကို စုုလို့နေတတ်တာကြောင့် တူညီသော စကားစုလေးတွေထွက်လာမှာပါ။
    အခုကျနော်တို့ခင်ဗျားတို့ စာရေးနေတယ်ဆိုတာလဲ အသံတိတ်စကားပြောကြတာပါ။
    ဒီတော့ ကျနော်ကတော့ တူတဲ့လူလေးတွေကို ဘဲစုလို့ စကားပြောချင်ပါတယ်။
    ဒါပေမယ့်နေ့စဉ်ဖြတ်သန်းရတဲ့ဘဝမှာ လူအစုံကို တွေ့ချင်လဲတွေ့ မတွေ့ချင်လဲတွေ့ဆိုတော့
    ကိုယ်စိတ်ကိုယ်ထိန်းလို့နေတာအကောင်းဆုံးလို့ထင်ပါတယ်။

Leave a Reply