ယောကျာ်းတွေ အသက်ရှည်ဖို့နဲ့ သစ္စာရှိဖို့. . .

alinsettJanuary 28, 20151min23616

 

 

 

 

=======================================================================

 

အမျိုးသမီးတွေ အသက်ရှည်ချင်ရင် အမျိုးသားတွေကို ဝေးဝေးရှောင်

Friday, January 23, 2015

 

အမျိုးသမီးတွေ အသက်ရှည်ချင်ရင် အမျိုးသားတွေကို ဝေးဝေး ရှောင်ရပါမယ်တဲ့။

 

စကော့တလန် နိုင်ငံမှာ သက်ရှိထင်ရှား အသက်အကြီးအဆုံး အမျိုးသမီးကြီး တဦးက ဘဝမှာ အသက်ရှည် ရခြင်းရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်တာမှာ ဒီအချက်က အဓိက ဖြစ်တယ်လို့ huffington post.com သတင်းတပုဒ်မှာ ဖော်ပြလာပါတယ်။

 

ဘယ်တုန်းကမှ လက်မထပ်ခဲ့ဘူးသော အသက် ၁၀၉ နှစ်ရှိပြီဖြစ်တဲ့ Jessie Gallan ဆိုသူ အမျိုးသမီးကြီး က အသက်ရှည် ရခြင်းရဲ့ လျှို့ဝှက်ချက်ဟာ ဆံပြုတ်စားခြင်းနဲ့ ယောက်ျားတွေနဲ့ ကင်းကင်းနေဖို့ ပြောဆို လိုက်တာပါ။

 

သက်ရှည် ဖွားဖွား အပျိုကြီးမှာ မွေးချင်း အမျိုးသမီး ငါးဦး၊ အမျိုးသား တဦး ရှိခဲ့ပြီး ငယ်စဉ်ဘဝက ကောက်ရိုး ကို မွှေ့ယာ ခင်းအိပ်ကြရင်း ကြီးပြင်းခဲ့တာလို့ ဒေးလီးမေးလ် သတင်းမှာ ရေးထားပါတယ်။

 

မိန်းမသားတွေအနေနဲ့ ယောက်ျားတွေနဲ့ ကင်းကင်းနေခြင်းဟာ အသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက်ပါတဲ့။

 

ယောက်ျားတွေ ဟာ သုခထက် ဒုက္ခသာ ပိုပေးတတ်သတဲ့။

 

Gallan ဟာ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်လေ့ ရှိပြီး နေ့စဉ် မနက်တိုင်း ဆံပြုတ်တခွက်သောက်ပါတယ်တဲ့။ ပြီးတော့ သူဟာ လုံးဝ အိမ်ထောင်မပြုခဲ့ဖူးပါ ဘူးတဲ့။

 

ပြီးခဲ့တဲ့ နှစ် Gallan အသက် ၁၀၈ နှစ် ပြည့်တုန်းက အသက်ရှည်ဖို့ လျှို့ဝှက်ချက်ဟာ ဆံပြုတ်သောက် ဖို့ပဲ ပြောခဲ့ပြီး ယောက်ျားတွေနဲ့ ကင်းကင်းနေဖို့ မပြောခဲ့ဖူးလို့လည်း သတင်းက ဆိုထားပါတယ်။

 

အခုလို Gallan ရဲ့ပြောဆိုချက်ကိုတော့ အမျိုးသားတွေကတော့ ဘဝင်ကျမှာ မဟုတ်ပါဘူး။ ဖိုးဖိုး သက်ရှည်

တွေရဲ့ အသက်ရှည်ခြင်း လျှို့ဝှက်ချက်ကိုလည်း ဧရာဝတီဘလော့ဂ် ပရိသတ်တွေ သိချင် ကြားချင်ကြမှာပါ။

 

အခုတော့ ဖွားဖွား အပျိုကြီး Gallan ပြောခဲ့တာတွေကို ဗွီဒီယိုကနေလည်း ကြည့်နိုင်ပါတယ်။

 

ကိုးကားချက် ။ ။ http://www.huffingtonpost.com/2015/01/20/secret-to-long-life-avoiding-men_n_6508870.html?ir=Canada+Living

(ဧရာဝတီ ဘလော့စာမျက်နှာပေါ်မှာ တင်ထားတဲ့ သတင်းတစ်ပုဒ်ပါ။ )

 

 

======================================================================

 

သူငယ်ပြန်လို့ ပြောတဲ့ တွေ့ရှိချက်

————————————–

 

အဲဒီအချက်အတိုင်းသာ တကယ်မှန်တယ်ဆိုရင်…

ကမ္ဘာပေါ်က မိန်းမတွေတိုင်းဟာ ယောကျာ်းတွေနဲ့ ကင်းကင်းနေပြီး အပျိုကြီးတွေ ဖြစ်ကုန်တော့မှာပဲဗျာ ။

 

ဟုတ်တယ်လေ… ဘယ်မိန်းမက …အသက်ရှည်ရှည် မနေချင်လိမ့်မလဲ… ။

အကုန်လုံး အသက်ရှည်ချင်တယ် ဆိုရင်တော့ သွားပြီ။

ဒီဘဝ ဒီမျှနဲ့… အပျိုးကြီးတွေဖြစ်…

အိမ်ထောင်မှု သုခဆိုတာတွေ အလကားဖြစ်… သားသမီး မျိုးဆက်ဆိုတာတွေ ရပ်တန့်…

အိုး…တော်တော် … ကြောင်တောင်တောင် နိုင်တဲ့ တွေ့ရှိချက်ပဲဗျ ။

 

ဒီ အမျိုးသမီးကြီး… ဒီအချက်ကို တွေ့ရှိခဲ့တာ… ဒီအချက်အကြောင်း ပြောခဲ့တာ.. အချက်က မှန်ရင် မှန်..မမှန်ရင်.. သူ… ရူးလို့ ပြောတာပဲ ဖြစ်မယ်။

ဒါမှမဟုတ်… သူ … သူငယ်ပြန်ပြီး…တောင်စဉ်ရေမရတွေ ပြောတာပဲဖြစ်လိမ့်မယ်။

 

သူ့အချက်သာ မှန်ရင်…မှန်တယ်ဆိုပြီး.. ရှိသမျှ မိန်းမတွေက ယောကျာ်းတွေမှန်သမျှနဲ့ ကင်းကင်းသာ နေလိုက်ကြရင်…

နေကြည့်ကြစေချင်သေးးးး

ဆယ်စုနှစ် ငါးစုလောက်….

ဘာတွေ ဖြစ်ကုန်မလဲ…..သိမပေါ့… ။

 

ဒါမယ့်… ကိစ္စ တစ်ခု မှားလား မှန်လားဆိုတာ.. လက်တွေ့စမ်းကြည့်ရရိုးထုံးစံရှိတယ်။

အဲဒီလို လက်တွေ့စမ်းတာမှာ… အချိန်ကာလ ကြာရှည်စွာ စမ်းသပ်ရတဲ့အခါ… ရလာမယ့် ရလဒ်က..အမှန်ဆိုရင်…ကိစ္စ မရှိဘူး ။

အမှားကြီးဆိုရင်တော့… နောင်တ အကြီးကြီး ရတော့မှာ… ။

ဆေးဝါးအသစ် စမ်းသပ် သုံးကြည့်သလိုပဲပေါ့… ။

လူကို မစမ်းသပ်ပဲ… အကောင်ပလောင်လေးတွေကို တိုက်ကြည့်တော့…

ဆေးက… ရလဒ်ကောင်းမယ်.. / သုံးလို့ ရမယ်ဆိုရင်တော့.. အကောင်ပလောင်လေးတွေအတွက်.. ဘာမှ မထိခိုက်မနစ်နာ…

ဆေးက ..သုံးစားမရလောက်အောင် ..မှားနေသေးတယ်ဆိုရင်တော့.. .အစမ်းသပ်ခံ အကောင်ပလောင်လေးတွေရဲ့ အသက်….ဆုံးမယ်…

 

ဒီလိုပဲ…

” မိန်းမတွေ အသက်ရှည်ချင်ရင် ယောကျာ်းတွေနဲ့ ကင်းကင်းနေရမယ်..” ဆိုပြီး..နေကြည့်လိုက်တာနဲ့….

အသက်ရှည် မရှည်က မသေချာဘူး..

သေချာတာကတော့… စမ်းသပ်ချိန် – ရပ်တန့်လိုက်ရတဲ့ လူ ့သဘာဝ အရွေ့အမျောရဲ့ သက်ရောက်မှုက ဒီအတိုင်း ကျန်ခဲ့မှာမဟုတ်ဘူး ။

ထိုက်တန်တဲ့ သက်ရောက်မှုဆိုတာ ရှိတယ်။

 

ဒီတွေ့ရှိချက်ကို အမှန်ထင်ပြီး..လိုက်လုပ်မယ့် မိန်းမ ဆယ်ယောက် ရှိရင်…

အဲဒီ ဆယ်ယောက်ဟာ..လူသားမိန်းမ ဖြစ်တည်မှု – တာဝန် မယူလိုက်နိုင်ဘူး… ။

အဲဒီအတွက် ရလဒ် က…လာမယ်..။

သက်ရောက်မှုက…လာမယ်.. ။

 

အချုပ်ပြောရရင်တော့… ဒီဘွားတော်ကြီးပြောတဲ့ ”မိန်းမတွေ အသက်ရှည်ချင်ရင် ယောကျာ်းတွေနဲ့ ဝေးဝေးနေ..”ဆိုတဲ့ အယူအဆကို

လုံးဝ သဘောမတူ… ။

 

ဘာလို့ သဘောမတူလဲ…ဆိုရင်…

ကျွန်တော် တွေ့ရှိထားတဲ့ အချက် ရှိလို့ပါ။

ကျွန်တော့် တွေ့ရှိချက်နဲ့… သူ့ တွေ့ရှိချက်က … ဆန့်ကျင်ဘက် ဖြစ်နေလို့ပါ.. ။

 

===================

 

ကျွန်တော့်တွေ့ရှိချက်

————————

 

ကျွန်တော် တွေ့ရှိလိုက်တာကတော့ ..

 

” ယောကျာ်းတွေ အသက်ရှည်ရှည်နေချင်ရင်… မိန်းမတွေနဲ့ များများ ထိတွေ့ပတ်သက်ပါ ”

 

.ယောကျာ်းတွေအတွက် အသက်ရှည်နည်း လျှို့ဝှက်ချက်တစ်ခုပါ။

 

ကျွန်တော်တို့ ယောကျာ်းတွေရဲ့ ဘဝမှာ.. ကိုယ် ရင်ခုန်တပ်မက်ရတဲ့ မိန်းမသားတွေနဲ့ အနေနီးကပ်စွာ..လက်ပွန်းတတီးနေရတဲ့အချိန်တွေမှာ..

အဲဒီ မိန်းမက ပေးလာမယ့် အကြင်နာတွေ… ဂရုတစိုက် ယုယမှုတွေ … မိန်းမသားတစ်ယောက်ရဲ့ အပြုအစုအယုအယတွေဆိုတာ…

အင်မတန်မှကို စိတ်လက် ကြည်သာစရာ ဖြစ်ပါတယ်။

ရင်ခုန်ချင်စရာလည်း ဖြစ်ပါတယ်။

 

မယုံတဲ့ ယောကျာ်းများ…လက်တွေ့စမ်းသပ်ကြည့်နိုင်ပါတယ်။

.ယောကျာ်းတစ်ယောက် အနေနဲ့ ဗေလုဝ ကို ထိုင်ကြည့်မလား.. ခင်ဝင့်ဝါ ကို ထိုင်ကြည့်မလား…လို့ မေးရင်..

.ယောကျာ်းချင်းချင်း.. ဗေလုဝကို ဘယ်လာ ထိုင်ကြည့်ချင်မလဲ.. .

ခင်ဝင့်ဝါလေးကိုပဲ..ထိုင်ကြည့်ချင်မှာပေါ့.. ။

ခင်ဝင်ဝါလေးကို ထိုင်ကြည့်ရတာနဲ့… ဗေလုဝကို ယောကျာ်းချင်းချင်း ထိုင်ကြည့်ရတာနဲ့ ဘယ်ဟာက..ပိုပြီး.ကိုယ့်ကို ရင်ခုန်စေမလဲ…

သာယာ ကြည်နူးမှု ဘယ်သူကပေးမလဲ…

 

( မိန်းမတွေရဲ့ ဓါတ်သဘောက ယောကျာ်းတွေအတွက် ရွှင်မြူးတက်ကြွစေတယ်.. ရန်ခုန်လှုပ်ရှားစေတယ်ဆိုတဲ့ သဘော ရှိကြောင်း.. မယုံရင်… ဒီထက်ပို အသေးစိတ် သိချင်ရင်.. ဦးကြောင်ကြီးကိုလည်း မေးကြည့်နိုင်ပါတယ်။ ဦးကြောင်ကြီးခင်ဗျား.. ဒီအချက်ကို ကူပြီး ရှင်းလင်း ပြသပေးစေလိုပါတယ်။ )

 

:k:

 

:k:

 

ခင်ဝင့်ဝါလေးက… ယောကျာ်းတွေအတွက် အသက်ရှည်ဆေးပါ။

ခင်ဝင့်ဝါလိုပါပဲ… .. မိန်းမဆိုတဲ့ ဖြစ်တည်မှုတွေဟာ… ယောကျာ်းတွေအတွက် အသက်ရှည်ဆေးပါ။

 

”ကိုယ်ထင်ရင် ဒေါ်ဖွားမေကိုတောင် ခင်ဝင့်ဝါ ထင် ”ဆိုတဲ့ စကားလည်း ရှိသားပဲ.. ။

(အမှန်က ”ကိုယ်ထင် ကုတင်ရွှေနန်း” ဆိုတာပဲ ရှိတာ ။ အခု စကားက အခုမှ ကျွန်တော် ထွင်လိုက်တာ )

 

:k: :k:

 

ဆိုတော့ ကျွန်တော်တို့ အသက်ရှည်ရှည်နေချင်ရင်… ခင်ဝင့်ဝါလို ချစ်စရာကောင်းတဲ့ မိန်းကလေးတွေနဲ့ များများ ထိတွေ့ ပတ်သက်ရပါ့မယ်။

 

ခင်ဝင့်ဝါလောက် မရနိုင်လည်း / ခင်ဝင့်ဝါလောက် မလှရှာတဲ့ ကိုယ့်ရဲ့ ဒေါ်ဖွားမေတွေကို အထင်နဲ့ ကုတင်ရွှေနန်းလို့ မြင်ပြီး..ခင်ဝင့်ဝါ အမှတ်နဲ့ ပတ်သက်ရမှာပါပဲ။

 

မိန်းမတွေရဲ့ မိန်းမဆန်မှုဟာ…. ယောကျာ်းတွေအတွက်တော့… လိုအပ်တဲ့ အသက်ရှည်စေမှုတစ်ခုပါ။

 

အဲဒီလို ကျွန်တော် တွေ့ရှိထားတယ်။

 

 

==========================================================

 

သစ္စာတော့ ရှိပါ။

=====

ကျွန်တော်တို့ ယောကျာ်းတွေ အနေနဲ့ …မိန်းမတွေနဲ့ များများ ထိတွေ့ဆက်ဆံလေ…အသက်ရှည်လေပဲ..ဆိုလို့…

ဟောတစ်ယောက် ဟောတစ်ယောက်နဲ့…ထင်တိုင်း ကြဲနေလို့တော့မဖြစ်ပါဘူး ။

 

ကိုယ် ချစ်မြတ်နိုးတွယ်တာရသူ မိန်းကလေးတွေကို သစ္စာ ရှိရပါဦးမယ်။

ဒေါ်ဖွားမေပဲ ဖြစ်ဖြစ် ခင်ဝင့်ဝါပဲ ဖြစ်ဖြစ် မိန်းကလေးဆိုတာ …ကိုယ်ချစ်ရတဲ့ ယောကျာ်းကို …သစ္စာရှိစေချင်သူတွေဖြစ်ပါတယ်။

မျက်နှာများတဲ့ ယောကျာ်းတွေကို… ချစ်ရတာ..သူတို့လေးတွေ…စိတ်ပင်ပန်းရှာမပေါ့… ။ သာမီးလေးတွေ သနားပါတယ်။

 

ဒါကြောင့်… ကျွန်တော်တို့ ယောကျာ်းတွေဟာ..သစ္စာရှိရပါမယ်။

 

ပြောသာပြောရတယ်.. ။ အမှန်တော့… ကျွန်တော်တို့ ယောကျာ်းတွေ သစ္စာ ရှိတာများပါတယ်။

တော်တော်များများသော ယောကျာ်းတွေက သစ္စာ ရှိကြပါတယ်။

ကျွန်တော် သိပါတယ်။

ယောကျာ်းတွေ ဘယ်လောက် သစ္စာ ရှိတယ်ဆိုတာ..ယောကျာ်းတစ်ယောက် ဖြစ်တဲ့ ကျွန်တော်က ကောင်းကောင်း သက်သေပြနိုင်ပါတယ်။

=========================================================

 

သက်သေ

———————–

 

ဒီလိုပါ။ ကျွန်တော့် သစ္စာ ရှိခြင်းက ဒီလိုပါ။

ကျွန်တော် အသက် ၁၆ နှစ်လောက်ကဆိုရင်.. ကျွန်တော်ဟာ..၁၆ နှစ်အရွယ် ကောင်မလေးတွေကို ရင်ခုန်ပြီး..ရည်းစားအဖြစ်ထားချင်ခဲ့ပါတယ်။

အခု ကျွန်တော် အသက် ၂ရ ။ ဒါပေမယ့် ကျွန်တော် သစ္စာ မဖောက်ပါဘူး ။ ၁၆ နှစ်အရွယ်ကောင်မလေးတွေကိုပဲ.. ရည်းစားအဖြစ် ထားချင်တုန်းပါပဲ။

ကျွန်တော် အသက် ၄ဝ လောက် ဖြစ်သွားချိန်မှာလည်း…၁၆ နှစ်အရွယ်ကောင်မလေးတွေကိုပဲ… ရည်းစားအဖြစ် ထားချင်ဦးမှာပါ။

သေချာပါတယ်..အသက် ၆ဝ ကျော်သွားရင်တောင်… အသက် ၁၆ နှစ်အရွယ်ကောင်မလေးတွေကိုပဲ… ရည်းစား အဖြစ် ထားချင်မှာပါ ။

 

အဲဒီလို သစ္စာ ရှိပါတယ်။ ယောကျာ်းတွေ သစ္စာ ရှိပါတယ်။

 

အသက်ရှည်ဖို့…. မိန်းမတွေနဲ့ များများ ထိတွေ့ ပတ်သက်ကြပါစို့လို့…တိုက်တွန်းလိုက်ရပါတယ်။

 

ချစ်ခင်လေးစားလျက်…

 

Maung Thura

 

ဇန္နဝါရီလ ၊ ၂၆ ၊ ၂၀၁၅ ခုနှစ်

 

 

 

 

 

 

 

 

 

 

 

 

16 comments

  • Kaung Kin Pyar

    January 28, 2015 at 9:31 am

    နာပဲ ဖတ်တာမှားနေလား….၊ မှတ်မှတ်ရရသတိထားမိတာဆိုလို့…လက်လက်ဆင်တစ်ယောက် ခင်ဝင့်ဝါကို မရလို့…ဒေါ်ဖွားမေကို တစိမ့်စိမ့်ထိုင်ကြည့်နေတယ်ဆိုတာနဲ့…သူ ၁၆ နှစ်ကောင်မလေးနဲ့ ရည်းစားဖြစ်ချင်တဲ့အကြောင်း ကြော်ငြာသွားတာတော့ သတိထားမိတယ်…။
    နီ ၁၆ နှစ်ကောင်မလေးနဲ့ ရဲဇားဖြစ်ဖို့ ၁၃ နှစ်ကောင်မလေးအရွယ်ကတည်းက ကြိုပွှိုင့်ယူထားမှ ဖြစ်မယ်…။ ကလေးတွေက လူကြီးတွေထက်တောင် ဖလန်းနေသေးတယ်…။ ဒီတော့…ဒေါ်ဖွားမေကိုသာ သေတ္တာရှိ အဲ့ သစ္စာရှိလိုက်ပါတော့ဟယ်….
    :k:

    • အလင်းဆက်

      January 28, 2015 at 2:30 pm

      ကိုယ်ထင်ရင် ဒေါ်ဖွားမေတောင် ခင်ဝင့်ဝါလို့ ထင်… ပါဆို..
      မရတဲ့ အဆုံးကျရင်..ဒေါ်ဖွားမေဘက် လှည့် ရမှာပဲ…
      ဒါနဲ့…
      ကျနော့်ရဲ့ ဒေါ်ဖွားမေက…ဘယ်မှာပါလိမ့်…

      :k:

  • ဦးခင်ခ

    January 28, 2015 at 9:47 am

    (အသက်ရှည်ဖို့…. မိန်းမတွေနဲ့ များများ ထိတွေ့ ပတ်သက်ကြပါစို့လို့…တိုက်တွန်းလိုက်ရပါတယ်။
     
    ချစ်ခင်လေးစားလျက်…
     
    Maung Thura)

    အဲဒီစာသား အဲလိုလေးကို ပရင့်ထုတ် ပလပ်စတစ်လောင်းပြီး အိတ်ထဲဆောင်ကာ စင်တင်တွေ ကာရာအိုကေတွေ ဟိုဟိုဒီဒီအိုကေတွေ သွားလို့ရပြီ။ အရေးကြုံရင် အဲလိုဆောင်ပုဒ်ကြောင့်ပါပေါ့ ထုတ်ပြလိုက်ရုံပါဘဲ

  • Novy

    January 28, 2015 at 2:34 pm

    ဇွတ်အောင်ရဲလင်းရဲ့ သဘောထားအမှန်ကို သိရှိသွားပါပြီကွယ်

    • အလင်းဆက်

      January 28, 2015 at 2:46 pm

      ငမ်းးးးးးးးး ယောက္ခမ …တိတွားဘီ…..
      အနော်က… သစ္စာရှိပါတယ်..ယောက္ခမရယ်…

      :k:

  • ဦးကျောက်ခဲ

    January 28, 2015 at 3:09 pm

    ဟီ ဟိ… ” ယောက်ျားတွေ အသက်ရှည်ရှည်နေချင်ရင်…
    မိန်းမတွေနဲ့ များများ ထိတွေ့ပတ်သက်ပါ ” … တဲ့
    ဟိုး ရှေးရှေးက ဆရာတော်ကြီးတွေကို ဘယ်သွားထားမလဲ…
    ကိုကိုဝီကိုတော့ စိတ်မဝင်စား … အကုသိုလ်များလို့…
    :k:

    • အလင်းဆက်

      January 28, 2015 at 3:40 pm

      ကိုကိုဝီကတော့ အသက်တိုမှာ ကျိန်းသေသလောက်ပဲ..ဟီဟိ။
      ဟိုမာတုဂါမကြီးကို..ဟှဒင်းဆိုပြီး ပြောပုံထောက်ရင်.. သူက… ဟှဒင်းတွေနဲ့ တကယ်ကင်းကင်း ပြတ်ပြတ်နေမယ့်ပုံ…
      :k:

      အဲလေ… အဲ့ နီညို ခြုံကိုယ်တော်တွေနဲ့ ပတ်သက်ပြီးတော့… မပြောချဉ်ပေါင်

      😆

  • kai

    January 28, 2015 at 3:55 pm

    109-Year-Old Woman Says Secret To Long Life Is Avoiding Men
    The Huffington Post | By Ann Brenoff

    အသက်ကြီးနေတဲ့သူက.. အမှန်တွေချည်းပြောနေတာတော့မဟုတ်…။
    သူ့မှာ.. အချက်အလက်ထက်.. စိတ်ဆန္ဒဦးစားပေးတာရှိနေမှာပါ..

    အဲဒီသတင်းထဲမှာပဲ.. အောက်ကလိုရေးထားတယ်..။
    အဲဒါကတော့.. Fact အချက်အလက်ပါ…။
    Last year, a national survey of centenarians in the United States found that the secrets to long life include plenty of time with friends and family and a commitment to fitness.

    • အလင်းဆက်

      January 28, 2015 at 4:32 pm

      ကြည့်ရတာ အဲ့ဘွားတော်က..ယောကျာ်းတွေကို စိတ်နာနေပုံရတယ်..
      ဂွစ်ဂွစ်…
      :k:

  • aye.kk

    January 28, 2015 at 6:01 pm

    အလင်းဆက်ရေ..
    အန်တီဗဟုသုတအနေနဲ ့ဖတ်သိလေ့လာထားတာလေး
    ပြောပြချင်ပါတယ်။
    နုပျိုစွာအသက်ရှည်ရေး
    ၁။ဗုဒ္ဓနည်း၊၂။ယောဂီနည်း၊၃။သိပ္ပံနည်းဟူ၍သုံးမျိုးရှိပါတယ်။
    ၁။ဗုဒ္ဓနည်းမှာ-(ပဉ္စင်္ဂုတ္တရပါဠိတော်-ရဟန်းတို့အသက်ရှည်စေတတ်သော၊အကြောင်းတရားတို့သည်
    ဤ၅ပါးတို့တည်း)
    (၁)သင့်တင့်လျောက်ပတ်သော၊ဆေးဝါး၊အစားအသောက်ကိုသာစားသောက်ခြင်း။
    (၂)ထိုဆေးဝါးအစားအသောက်များကို၊အယုတ်၊အလွန်မရှိ၊ချိန်ဆ၍စားခြင်း။
    (၃)ကြေလွယ်သော၊အစားအသောက်ကိုသာစားလေ့ရှိခြင်း။
    (၄)ဥတုခြောက်ပါး၊ကါးအားလျှော်စွာပြုကျင့်လေ့ရှိခြင်း။
    (၅)ငါးပါးသီလ၊အာဇီပဋ္ဌမကသီလ၊ရှစ်ပါးသီလံဥပုသ်ကိုစောင့်ထိန်းလေ့ရှိခြင်း။
    ၂။ယောဂီနည်း
    ရာဂျယောဂ၊ကါမယောဂ၊ဟာသယောဂဟူ၍ယောဂီကျင့်စဉ်နည်းအမျိုးမျိုးရှိရာ-
    ဟာသယောဂီကျင့်စဉ်သည်၊ကိုယ်ခန္ဓာနှင့်စိတ်ဓါတ်ကျန်းမာရေး၊နုပျိုရေးနှင့်အသက်ရှည်ရေးကို
    အခြားယောဂီကျင့်စဉ်များထက်၊ပိုမို၍အလေးပေးထားသည်၊ဟာသယောဂီကျင့်စဉ်တွင်
    နည်းကောင်းသုံးသွယ်ဖော်ပြထားသည်။ပထမနှင့်ဒုတိယနည်းမှာ၊ကိုယ်ခန္ဓာနှင့်ပတ်သက်၍
    တတိယနည်းမှာ၊အကျင့်သီလ၊စိတ်နေသဘောထားနှင့်ပတ်သက်ပေသည်။
    (၁)အစာချေသောအစိတ်အပိုင်း၊အစာအိမ်ကိုဒုက္ခမပေးရန်-
    ကောင်းမွန်သောအစာကိုသင့်လျှော်ရုံမျှ၊သာစားပါ၊လွန်ကဲမှုဟူသမျှ၊၊ဥပါဒ်ပေးခြင်း၊အသက်
    တိုစေခြင်းဖြစ်ပါသည်၊လွန်ကဲမှုဟူသည်မှာ-အစါမစါးပဲအစာငတ်ခံခြင်း၊စါးသင့်သလောက်မစားပဲ
    အလွန်ခြို းခြုံစွာကျင့်ခြင်း၊လွန်ကဲစွာပိုမိုစါးခြင်း၊အစာအိမ်ကိုအနားမပေးဘဲ၊ခဏခဏစားသောက်ခြင်း
    များပင်တည်း။အစါးအစါကိုအပြည့်အဝစါးရမည်၊မစားဘဲမနေရ၊ပိုလွန်၍လည်းမစားရ၊အိပ်စက်ခြင်း
    လည်းထို ့အတူ၊အိပ်သင့်သလောက်အိပ်ရမည်၊မအိပ်ဘဲမနေရ၊လိုသည်ထက်ပို၍လည်းမအိပ်ရဟူ၍
    ဖြစ်သည်။
    (၂)လိင်ဆက်ဆံမှု(အာရုံခံစားမှု)
    လိင်ဆက်ဆံမှုလွန်ကဲခြင်းကြောင့်၊အသက်ရှင်သန်သောဓါတ်များပြုံးတီးပေသည်၊စောင့်စည်း
    ထိန်းသိမ်းနိုင်လေ၊နုပျိုအသက်ရှည်နိုင်လေဖြစ်သည်။
    (၃)အကျင့်သီလနှင့်စိတ်နေသဘောထား
    အကျင့်သီလသည်၊စိတ်နေသဘောထားပေါ်မှာမူတည်သည်၊စိတ်နေသဘောထားသည်နှစ်မျိုးရှိသည်။
    ပထမအမျိုးအစားမှာ-
    စိတ်ကောင်းစိတ်မြတ်ဖြစ်သည်၊သဘောထားကြီးမှု၊စိတ်အားထက်သန်မှု၊စိတ်ရှည်မှု၊
    မေတ္တာတရားရှေ့သွားရှိမှု၊အမှန်တရားကိုရှေ့ရှုမှု၊ကိုယ်ခြင်းစါတတ်မှု၊သည်းခံနိုင်မှု၊ခွင့်လွတ်နိုင်မှု၊စသည်
    တို ့ဖြစ်သည်၊စိတ်ထားမှန်ကန်စွာထားနိုင်မှုသည်၊ကိုယ်ခန္ဓာအင်အားတိုးပွားစေလျက်၊အသက်ရှည်
    ခြင်းကိုဖြစ်စေသည်။တနည်းအားဖြင့်ဆိုရပါမူ၊လောကဓံကိုကြံ့ကြံ့ခိုင်နိုင်သည့်၊သူတော်သူကောင်း
    စိတ်ပင်ဖြစ်သည်။ကြီးမြင့်သောပုဂ္ဂိုလ်စိတ်ထားဟူ၍လည်းဆိုနိုင်ပါသည်။နာယကဂုဏ်ခြောက်ပါးတွင်
    ထကြွနိုးကြား၊သနားသည်းခံ၊ဝေဘန်ထောက်ရှူဤခြောက်ခု၊ကြီးသူနာယကဂုဏ်ခြောက်
    ဟုဆိုထားပေသည်။
    ဒုတိယအမျိုးအစားမှာ-
    သေးသိမ်သောစိတ်၊မှားယွင်းသောစိတ်၊ဆိုးသွမ်းသောစိတ်များဖြစ်သည်၊တနည်းအားဖြစ်ဆိုရပါမူ၊မုန်းတီး
    သောစိတ်၊မနာလိုသောစိတ်၊ဒေါသစိတ်၊ကြောက်ရွန် ့စိတ်၊အပျက်အဆိုးကိုသာတွေးသောစိတ်၊မိမိကိုယ်
    ကို၊မိမိမထိန်းသိမ်းနိုင်လောက်အောင်၊လှုပ်ရှားသောစိတ်၊ပူပန်စိုးရိမ်စိတ်များဖြစ်သည်၊ဤစိတ်ရိုင်း၊စိတ်မိုက်များသည်၊ခန္ဓာကိုယ်အားဆိုးကျိုးအဖုံဖုံကိုသာပေးသည့်အပြင်၊အိုမင်းရင့်ရော်ခြင်းကိုဖြစ်ပွားစေသည်။
    ၃။သိပ္ပံနည်း
    အသက်ကြီးသူများ၊ခံစားရသောဒဏ်ချက်များမှာ-အများအားဖြင့်လွှဲမှားသော အစာအဟာရများကို၊မှီဝဲသည့်
    အကျိုးတရားများဖြစ်သည်ဟု၊အမေရိကန်ဆေးပညာအဖွဲ ့၏အစီအရင်ခံစာတွင်ဖော်ပြထားသည်။
    ကျန်းမာအသက်ရှည်သည့်နည်းများအနက်၊အဓိကအကျဆုံးနှစ်ချက်မှာ-
    ကိုယ်ခန္ဓာနှင့်စိတ်ဓါတ်အင်အားကိုမဖြုန်းတီးဘဲ၊ထိန်းသိမ်းရန်နှင့်ရည်မှန်းချက်မြင့်မြင့်ချမှတ်ထားရန်
    နှစ်ချက်ဖြစ်သည်ဟု၊ဆေးပညာအဖွဲ ့မှဆိုသည်၊ရည်မှန်းချက်အတွက်၊လှုံ ့ဆော်နေသော၊ကိုယ်ခန္ဓာနှင့်
    စိတ်ဓါတ်အင်အား၊ရှင်သန်နေသမျှ၊၊ကိုယ်ခန္ဓာသည်လည်းဖြတ်လတ်နုပျို၍၊အသွေးအရောင်တောက်ပ
    လျက်၊ရှိစမြဲပင်။ထိုအင်အားများရှင်သန်စေရန်၊အတွက်လိုအပ်ချက်မှာ၊မှန်ကန်သောအာဟာရဓါတ်ပြည့်ဝ
    စွာရရှိ်ရေးပင်ဖြစ်သည်၊ထိုဆေးပညာရေးအဖွဲ ့မှ၊ဒေါက်တာအက်ဒဝပ်ဘော့က၊ကျန်းမာစွာအသက်ရှည်
    ရေးအတွက်၊အောက်ပါအချက်ဆယ်ချက်ကို၊တင်ပြအကြံပေးထားသည်။
    (၁)ပိုလိုမရှိ၊အာဟာရဓါတ်ပြည့်ဝစွာပါသည့်အစါးအစါကိုသာမှီဝှဲရန်၊ပရိုတိန်းဓါတ်၊ဗီတာမင်ဓါတ်နှင့်အရည်
    ဓါတ်များပါဝင်ရမည်၊အဆီနှင့်ကလိုရီဓါတ်နည်းနည်းသာမှီဝဲပါ။
    (၂)ကိုယ်ခန္ဓာမှ၊အညစ်အကြေးများကို၊အချိန်မှန်ထုတ်ပစ်ရမည်။
    (၃)ကိုယ်ရောစိတ်ပါ၊လုံလုံလောက်လောက်အနားရရှိပါစေ။
    (၄)စိတ်ဓါတ်ကြည်လင်စေရန်၊နှစ်သက်သောလုပ်ရှားမှုပြုလုပ်ရမည်။
    (၅)ရယ်ရယ်မောမောနေတတ်သောပျော်ရွှင်စိတ်ရှိပါစေ။(တစ်နေ ့တစ်ခါရယ်လျှင်၊ဆရာဝန်ခေါ်စရာမလို
    ဆိုသော၊အင်္ဂလိပ်စကားရှိသည်)
    (၆)ကိုယ်အားစိတ်အားထိပါးစေမည့်၊ပြင်းထန်သောစိတ်လှုပ်ရှားမှုများရှောင်ပါ။
    (၇)အိမ်သူအိမ်သားများနှင့်၊မိတ်ဆွေသူငယ်ချင်းများအပေါ်သစ္စာရှိရှိဆက်ဆံပါ။
    (၈)လုပ်အားတန်ဘိုးချစ်မြတ်နိုးပါ၊ဂုဏ်ယူပါ။
    (၉)လူမှုကိစ္စ၊သာသနာရေးကိစ္စများတွင်ပါဝင်ကူညီဆောင်ရွက်ပါ။
    (၁၀)အတတ်ပညာ၊အသိပညာ၊ဗဟုသုတများ၊တိုးပွားစေရန်ဆည်းပူးရှာဖွေပါ။။

  • uncle gyi

    January 28, 2015 at 10:23 pm

    ဘာပြောပြောအစွန်း၂ဖက်ကိုရှောင်မှဂျောက်ထဲမကျမှာပေါ့

  • မြစပဲရိုး

    January 31, 2015 at 2:12 pm

    ဆက်ဆက် ရဲ့
    မင်းက လူ ကို သစ္စာရှိဖို့ ထက် အသက် ကို သစ္စာရှိ ပြ နေတာကိုများ။
    မိန်းမ များများ နဲ့ ထိတွေ့ လွန်းရင်လဲ အေကိုက်ပြီး အသက်တို နေမှာကိုလဲ တွေးပါဦးတော့လား။
    lol:-)))))

    • အလင်းဆက်

      January 31, 2015 at 2:27 pm

      ကျနော့်လို သစ္စာ ရှိသော ယောကျာ်းများ.. မိုးရွာထဲ… ခေါင်းဆောင်း မပါပဲတော့…လမ်းမလျှောက်စေလို…

      :k:

      :k:

Leave a Reply