ကား ကလေး နဲ့ အကြိုအပို့လုပ်မယ် …

ဇီဇီJune 9, 20151min40935

သများတို့  တို့ ပြည်ပ နေတွေ ပြည်တွင်း ပြန်လို့ ရှိရင် ရောဂါတစ်ခု ရှိသဗျ။

:mrgreenn:
ကင်မလာ အကြီးကြီး ဝယ်ထားမိရင် ပိုဆိုးးး… ခရီးထွက်ပြီး ဓာတ်ပုံရိုက်ချင်တာ တစ်မျိုးးး…

.
မြန်မာပြည်ရဲ့ နံမည်ကြီးနေရာတွေကို သွားချင်တာ တစ်မျိုး…

.
ရန်ကုန် အစားအသောက် ကောင်းကောင်းနေရာ ကို သွားချင်တာက တစ်မျိုးးး…

.

ကိုယ်နဲ့ ပါလာတဲ့ ရေခြားမြေချားက လုပ်ဖော်ကိုင်ဖက်တွေကို လှပတဲ့ နေရာလေးတွေ လိုက်ပြချင်တာ တစ်မျိုး…

.

တချို့ကျ အမျိုးဘွဲ့ယူ၊ မင်ဂါဆောင် စသည်ဖြင့် အကြောင်းပြုပြီး ပြန်တော့ အဲဒီ အတွက် စီးတော်ယာဉ် လိုအပ်တာ တစ်မျိုး…
အဲ!!
သများ ဆို အိမ်က မသိအောင် လစ်ပြီး မြို့ထဲ လျှောက်လည်ချင်တာမျိုးတွေ စုံနေတာပေါ့ဗျာ။

.

:mrgreenn:

ရောက်တုန်း ရောက်ခိုက် ပဲခူးရောက်ရောက် ပုဂံရောက်ရောက် ဒိုးချင်သေးတာ။

.
ကားမရှိရင်ကျ နည်းနည်း ကသီရောဗျာ။

.
တစ်ချို့ ကားရှိတဲ့သူများကျ ခရီးလမ်း မကျွမ်းလို့ မမောင်းချင်တာတို့ ကိုယ့်ကားနဲ့ကိုယ် မသွားချင်တာတို့ လည်း ရှိသေးဗျာ။

:mrgreen:

အဲ။ အဲဒါတွေ အကုန် အဆင်ပြေစေဖို့ လုပ်ငန်းတစ်ခုနဲ့ မိတ်ဆက်ပေးမယ်။

.

AUNG ZAY MIN Co. Ltd. ခရီးသွားမယ်ဆို... အောင်ဇေမင်းက ဝန်ဆောင်မှုပေးဖို့အသင့်.
AUNG ZAY MIN Co. Ltd.
ခရီးသွားမယ်ဆို… အောင်ဇေမင်းက ဝန်ဆောင်မှုပေးဖို့အသင့်.

 

 

 

 

အဲဒီ လုပ်ငန်းမှာ ကား အမျိုးစုံပဲ။။

8)
လူ ဘယ်နှစ်ယောက် …

.
ဘယ်နေရာကို….

.
ဘယ်ရက်ကနေ ဘယ်ရက်အထိ…

.
ဘယ်နှစ်ရက် ခရီးထွက်ချင် သလဲ… သာ ပြောလိုက်၊ စီစဉ်ပေးနိုင်တယ်ဗျ။

:re:

မြို့ထဲ ဘယ်နေရာကို နေ့ချင်းပြီး ခန့်ခန့်လေး သွားချင်သလဲ၊ အဆင်ပြေတယ်။

.

မြန်မာပြည် အဝှန်း နေရာ တော်တော်များများ သွားနိုင်၊ သိနိုင်၊ ညွှန်နိုင်၊ ပို့နိုင်ပါတယ်ဗျာ။

.

ခရီးသွားချင်တာမဟုတ်ပဲ လုပ်ငန်းပါဝင်ချင်တဲ့ ယာဉ်ပိုင်ရှင်များလည်း ဆက်သွယ်နိုင်ပါတယ်။

မြို့တွင်း မြို့ပြင် နယ်ဝေး နှစ်ချုပ် လချုပ် ကားငှါးလိုသူ မိတ်ဆွေများအား အောင်ဇေမင်း ကားအငှါးဝန်ဆောင်မှု လုပ်ငန်းမှ ဈေးနှုံးမှန်ကန်စွာလည်း ဆောင်ရွက်ပေးနေသတဲ့။

.

:boss:

အချုပ်ကတော့….

၁) တစ်ယောက်တည်းပဲ သွားချင်သွားချင် (မောင်းပို့သူကို စိတ်ချရတယ်လို့ အာမခံတာပါ)  :mrgreenn:
၂) ၂ ယောက်တည်း ဟန်းနီးမွန်း ထွက်ချင်ထွက်ချင်
၃) သူငယ်ချင်းတွေနဲ့ ခရီးသွားချင်သွားချင်
၄) အလုပ်ကိစ္စနဲ့ သွားတဲ့ ခရီးပဲဖြစ်ဖြစ်
၅) မိသားစု ဘုရားဖူးလိုက်ပို့ချင်တာပဲ ဖြစ်ဖြစ်
၆) ရန်ကုန်မြို့တွင်း ဈေးဝယ်သွားချင်ရင် ဖြစ်ဖြစ်
၇) ဘဏ်မှ ငွေသွင်းငွေထုတ် သွားချင်လို့လုံခြုံ ကား ရချင်ရင် ဖြစ်ဖြစ် ဆက်သွယ်လို့ရပါတယ်။
လမ်းမှာလည်း သိသင့်သိထိုက်တဲ့ အကြောင်းတွေ၊ နေရာဒေသ အကြောင်းတွေပါ ပြောပြနိုင်တဲ့ သူတွေမို့ အားကိုးလို့ ရပါကြောင်းး

အဲ။
တစ်ခုပဲ!!!

.
ကားတင်ပြေးချင်တာတော့ လိုက်လောက်ဘူး။

.

(သများ အရင် ကြိုးစားကြည့်လိုက်အူးမယ်။ ရရင် ပြောမယ် သလား)

:mrgreenn:

:mrgreenn:
ဟိဟိဟိ။

ဒီ ပေ့(ချ) ကို သွားကြည့်လိုက်။
https://www.facebook.com/profile.php?id=100009504069315

.

ဆက်သွယ်ရင် သများ နာမည်သာပြော။

.
မောင်းပြေးစေရမယ် (ဟုတ်ပေါင်) အဆင်ပြေစေရမယ်လို့။

:k:

 

35 comments

  • aye.kk

    June 9, 2015 at 7:56 pm

    ဒီတစ်ခါရန်ကုန်ရောက်ရင်၊ဆက်သွယ်ရေးအဆင်ပြေပြီ
    ဘာလို့လည်းဆို၊တီအေးကရေလယ်ကျောက်တန်းဘုရားသွားရင်
    လိုင်းကါးမစီးတတ်ဘူး၊နှစ်ဆင့်သုံးဆင့်စီးရတာတွေနားမလည်ဘူး။
    အခုလိုဝန်ဆောင်မှုအဆင်ပြေတဲ့ကါးအကြိုအပို့သိထားရတဲ့အတွက်ကျေးဇူးပါ။

  • ​ဒေါ် လေး

    June 9, 2015 at 9:10 pm

    အဲဂလို စိတ်ချရ ရင်
    အိမ်က ကလေးတွေ မှော်ဘီ သွားရင်
    အဆင်ပြေဘီ
    (ယဉ်ကျေးလိမ္မာ သင်တန်း)
    ဘူ့ဂိုမှ အားကိုးပါရစေ လို့ မတောင်းဆိုတော့ဘူး

  • uncle gyi

    June 9, 2015 at 9:52 pm

    ကားကအမောင်းသမားအရေးအကြီးဆုံး
    အမောင်းသမားကောင်းကောင်းဘယ်လောက်ရှိသလဲ
    အရေးကြီးပါတယ်
    စီးသူရဲ့လုံးခြုံရေးကသူ့လက်ထဲမှာလေ

    • surmi

      June 9, 2015 at 10:31 pm

      http://myanmargazette.net/200969

      အန်ကယ်ကြီးရေ

      အဲ့ဒီပို့စ်ထဲက ဆွံ့အ နားမကြား ဒရိုင်ဘာဆိုလား မောင်းပေးသတဲ့ဗျ :mrgreen:

      • မြစပဲရိုး

        June 10, 2015 at 4:34 am

        လက်ထောက် ဒလိုင်ဘာ ငှားမား? 😉

  • ဂျက်စပဲရိုး

    June 10, 2015 at 9:27 am

    ဈေးနှုန်း မတွေ့ဘူး သူ့ပေ့ချ် မှာ
    လူမိုက် ခင်ဇော် လို့ ပြောလိုက်ရင် ဒစ်စကောင့် ရမှာလားဟင် း)

    • ခင်ဇော်

      June 10, 2015 at 11:06 am

      နာ့ နာမည်သာပြောကြည့်ကြည့်လိုက်ပါ။
      ရဲရဲဂျီး ပြောပြလိုက်။

      :k:

  • ကြောင်ဝတုတ်

    June 10, 2015 at 1:57 pm

    အဲ့ဒီက ဆားဗစ်ဘယ်လောက်ကောင်းလဲဆိုရင် ထန်းရည်ဆိုင်တို့ ဘုံဆိုင်တို့တွေ့ရင်…
    ရပ်ရပ်ပြီး ဆားဗစ်ပေးသေးတယ်လို့ကြားတယ်… ဟုတ်လားဟင်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • ခင်ဇော်

      June 10, 2015 at 2:00 pm

      ဟေ။
      ဟုတ်လားးး။
      အမြည်းရောလားဟင်??

      :k:

  • ကြည်ဆောင်း

    June 10, 2015 at 2:01 pm

    ဦးကျောက်ရဲ့ Co.,လားလို့
    မှားရင်ခွင့်လွှတ်

    • ခင်ဇော်

      June 10, 2015 at 2:03 pm

      ရွာထဲက ၃ ယောက်!!

      :k:

  • Ma Ei

    June 10, 2015 at 3:02 pm

    သူများလေ…
    မဝယ်ရသေးတဲ့ ကားလေးထည့်ချင်လို့
    အဲ့ဒါ…တစ်လ ဘယ်လောက်ပေးမှာလဲလို့…
    သိချင်ရို့…

    • ခင်ဇော်

      June 10, 2015 at 3:18 pm

      အယ်။
      စီးပွါးရေးအကွက် မြင်တယ် ကျန်းးးး

      :kwi:

    • ကြောင်ဝတုတ်

      June 10, 2015 at 4:34 pm

      အစ်မအိ… ပြောသလို…
      ဟိုနားဒီနား ကားမပိတ်ဘဲ ချောင်ချောင်ချိချိသွားလို့ရတဲ့ ဆားဗစ်ပေးရအောင်
      ဆိုက်ကား (၂)စီးလောက်ထောင်ပြီး ထည့်ပေးထားလိုက်ရင် မဆိုးဘူးလားလို့နော်…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • Wow

    June 10, 2015 at 3:14 pm

    ကားတော့ချိဘူး ကားဘီးအဟောင်းလေးဝယ်ထားတာ ရှယ်ရာထဲ့မယ် မွအိ အဖေါ်ရအောင် :mrgreen:

    • ခင်ဇော်

      June 10, 2015 at 3:16 pm

      အာ့ဆို ခြံထဲ ပန်းစိုက်ဖို့ထားတဲ့ ကားဘီးကြီးပါ အဆစ်ပေးလိုက်အူးလေ။

      :k:

  • ခင်ခ

    June 11, 2015 at 10:55 am

    ရန်ကုန်ရောက် အလိုရှိတဲ့အခါ အားပေးဖို့ ဖုန်းနံပါတ်မှတ်သွားတယ်ဗျ။

    • ခင်ဇော်

      June 11, 2015 at 11:41 am

      ရွာက လူရင်းတွေပါပဲ ကိုခရေ..

  • Mike

    June 11, 2015 at 11:25 am

    .ဒလိုင်ဘာလိုရင်ပြောပါဗျို့

    • ခင်ဇော်

      June 11, 2015 at 11:41 am

      ကျော်ဟိန်း မောင်းပို့မယ်လို့ ကြေညာထားမယ်နော်..

      :k:

  • တောင်ပေါ်သား

    June 11, 2015 at 1:01 pm

    လှည်းတန်း လှည်းကူး လားရှိုး လောက်ကိုင် လိုင်ဇာ လဟယ် လွိုင်ကော်

    ဟန်းနီးမွန်းခရီးစဉ်အတွက် ဘယ်လောက်ကျမလဲ ? သိချင်ပါ၏ ၊ 🙂

    • ခင်ဇော်

      June 11, 2015 at 2:07 pm

      လ ကဘာ မ ပါ ဘူး လား??

      🙂

    • ဇီဇီခင်ဇော်

      June 11, 2015 at 4:06 pm

  • မွသဲ ( 17082011 )

    June 11, 2015 at 10:49 pm

    ငင် သများကကားတင်ပြေးချင်ဒါ အာ့ကောရလားငင်

    • ဇီဇီခင်ဇော်

      June 12, 2015 at 6:45 am

      သများးး အဆင်ပြေရင် လက်တို့ မယ်လို့စ်..!!

    • ဇီဇီခင်ဇော်

      June 16, 2015 at 1:13 pm

      ဒီ ဇိုင်း နာ က တော်တယ် ညော်။

      ဟိဟိ။

  • manawphyulay

    June 16, 2015 at 1:11 pm

    ဇီဇီတို့ လုပ်ငန်းလားဟင်… ဖတ်ရင်းနဲ့ မော်ဒန်မပါတဲ့ ကားကြေငြာဖြစ်နေလို့…ဈေးနှုန်းလေးတွေပါ ပါရင် ပိုကောင်းမယ်လို့ အာ့လာ ကျောတာ…. :mrgreen:

    • ဇီဇီခင်ဇော်

      June 16, 2015 at 1:13 pm

      ဈေးနှုန်းက ခရီး အပေါ်မှာ မူတည်မယ်ထင်။
      သများ လုပ်ငန်း ဟုတ်ပါဘူးးး
      ခိခိ

      :k:

  • ဦးကျောက်ခဲ

    June 19, 2015 at 12:51 pm

    ကျန်း… နေမကောင်းဖြစ်နေတုန်း ဒီပို့စ်ကိုလွတ်သွားတယ်… :k:
    ရွာသူရွာသားတွေကို အထူးဈေးနဲ့ပေးရင် အားပေးရမှာပေါ့… ဟီ ဟိ

    • Ma Ei

      June 19, 2015 at 1:17 pm

      ရွာသူားတွေဆို အထူးဈေး တစ်ကယ်ပေးမှာလားဟင်…

      • ဇီဇီခင်ဇော်

        June 19, 2015 at 1:18 pm

        ပေးမှာတဲ့။
        ပိုင်ရှင်တွေက သိပ်သဘောကောင်းတာ။
        ဟိ

  • Alinsett @ Maung Thura

    June 20, 2015 at 9:06 am

    .ဖွေးဖွေးနဲ့ ကရင်ပြည်နယ်ဘက်က ဂူတွေထဲ လည်လည်သွားချင်တယ်..
    အာ့လေး.. ကားရော..ဖွေးဖွေးရော.. ညာရော ညာရော… ပလို့ ဂျိ ပေးနိုင်မလားဟင်..
    အဲ… စီစဉ်ပေးမလားဟင်…

    :mrgreenn:

Leave a Reply