LOVE YOU FOREVER

အလွမ်းတွေ တစ်ဖွဲဖွဲရွာတဲ့မိုး
အနမ်းတွေ တွဲခိုနေတုန်းမှာ
ရနံ့လေးများ မစဲသေးပါဘူးမေ

ချစ်မေတ္တာ ရင်မှာစု
သံယောဇဉ် ပူပူနွေးမှာ
အကြင်နာရေအေး ရောမိရင်လေ
ညသခင် လမင်းလေး ပြုံးနေမိမယ်

ရှက်သွေးဖြာ အကြင်နာအနမ်းမို့
ကို့ရင်မှာ အစဉ်သာ လန်းမိတယ်
မေက ကြယ်လေးများလို လင်းလက်စဲပေါ့

တစ်သက်မဝေးပါဘူးမေ
ရှက်သွေးဖြာ မေ့မျက်နှာ နီနီလေးမို့
ချစ်တေးသံ မေ့ရင်မှာကြားရင်လေ
နားစဉ်ပေးပါ love you forever ပါလေ

ကာရံ ၂၆့ ၁့ ၂၀၁၅

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..