အချစ်သည် ထာဝရ

ကာရံJanuary 26, 20151min683

LOVE YOU FOREVER

အလွမ်းတွေ တစ်ဖွဲဖွဲရွာတဲ့မိုး
အနမ်းတွေ တွဲခိုနေတုန်းမှာ
ရနံ့လေးများ မစဲသေးပါဘူးမေ

ချစ်မေတ္တာ ရင်မှာစု
သံယောဇဉ် ပူပူနွေးမှာ
အကြင်နာရေအေး ရောမိရင်လေ
ညသခင် လမင်းလေး ပြုံ းနေမိမယ်

ရှက်သွေးဖြာ အကြင်နာအနမ်းမို့
ကို့ရင်မှာ အစဉ်သာ လန်းမိတယ်
မေက ကြယ်လေးများလို လင်းလက်စဲပေါ့

တစ်သက်မဝေးပါဘူးမေ
ရှက်သွေးဖြာ မေ့မျက်နှာ နီနီလေးမို့
ချစ်တေးသံ မေ့ရင်မှာကြားရင်လေ
နားစဉ်ပေးပါ love you forever ပါလေ

ကာရံ ၂၆ ့၁ ့၂၀၁၅

3 comments

  • ဦးခင်ခ

    January 27, 2015 at 10:39 am

    ဒီကဗျာလေးဖတ်ပြီး ဖြစ်နိုင်မယ်ဆိုရင်
    နှစ်ဆယ်ကျော်အရွယ်လေးနဲ့
    အင်းယားကန်ပြင် ထိုင်ကာငေးတဲ့
    ထိုဘဝလေးဆီ ပြန်သွားချင်မိပ။

  • ကာရံ

    January 29, 2015 at 6:04 pm

    ရောက်ပါစေ

Leave a Reply