စိတ်ရှည် (Patience)

ခင္ သုတJanuary 26, 20151min14810

ကျွန်မဒီMyanmar gazetteကို ဦးလေးတစ်ယောက်ပြောပြခဲ့လိုသိတာပါ။ဒီpageကစာပေပေါင်းစုံ ကိုမြင်တွေ့ရမယ်။Public ပိုင်းတွေရေးလိုရတယ် ဒီpageအကြောင်း အားလုံးစုံကို ရှင်းပြခဲ့တယ်။ဒါကြောင့်ကျွန်မစိတ်ဝင် စားသွားပါတယ်။knowledge တွေလည်းshareခွင့်ရမယ် သင်ယူခွင့်လည်းရမယ် လေ့လာမှုတွေ လည်းရမယ်။ဒါကြောင့် Registerလုပ်ခဲ့တယ်။ဒါပေမဲ့သိတဲ့အတိုင်း ကျွန်မတို့ဆီက connection မကောင်းဘူး။အခုလုပ် အခုမရဘူး။ခဏခဏလုပ်ရတယ်။ဦးလေးကစိတ်ရှည်ရှည်Registerလုပ်လို့ပြောခဲ့တယ်။ကျွန်မPhone MPTနဲ့ မရတော့ဦးလေးPhone Telenor နဲ့လုပ်လည်းမရ။ဒါနဲ့ နာရီဝက်လောက် ကြာသွားတယ်။ကျွန်မလည်း member တစ်ယောက်ဖြစ် ချင်တော့Patienceထားရမှာပေါ့။

10 comments

  • Ma Ma

    January 27, 2015 at 6:29 am

    သည်းခံခြင်းဖြင့် အောင်မြင်ရာ၏ ဆိုတဲ့စကား မှန်သွားပြီပေ့ါနော်။ 🙂

    ခင်သုတဆိုတဲ့ လှပပြီး ချစ်စဖွယ်ကောင်းတဲ့ Pen name လေးကို ချစ်ခင်မိပြီး သုတ ရသများစွာလဲ ရှယ်နိုင်စေဖို့ ဆုတောင်းး အဲ…. မျှော်လင့်ပါတယ်။
    (ဒီရွာထဲမှာ ဆုမတောင်းရဘူး။ နတ်ကြီးတယ်။) :k:

  • Mike

    January 27, 2015 at 8:30 am

    .ကြိုဆိုပါတယ်ဗျာ…ရွာဝင်ခက်တဲ့ကွန်နက်ရှင်ကြားကပဲ
    .ကြိုးစားပြီး သုတ၊ ရသ စာလေးတွေရေးပါအုံးလေ
    .အားပေးပါ့မယ်ဗျ :))

  • ဦးခင်ခ

    January 27, 2015 at 10:18 am

    မင်္ဂလာပါ အရေးကောင်းလေးတွေ လုပ်ပါအုံး အားပေးပါ့မယ်။

  • အလင်းဆက်

    January 27, 2015 at 10:36 am

    အခုတော့ ရွာသူတစ်ယောက် ဖြစ်သွားပြီပေါ့လေ။
    ရွာကနေ လှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်းး

    ကြုံလို့ ပြောပြဦးမယ်။
    ဒီရွာကနေ ယူတတ်မယ်ဆိုရင် ”အရေထူနည်းအနုပညာ”လည်း ရနိုင်ပါကြောင်း

    :kwi:

  • Wow

    January 27, 2015 at 10:39 am

    ရွာထဲ ကြောင်ရယ် ဖားရယ်ကို သဒိထားကွဲ့ :mrgreen:

    • ဖားသက်ပြင်း

      January 27, 2015 at 11:21 am

      ဘယ်​လိုဖစ်​လို့ သူမျန်​းစီးပွား​ရေးကို ဒုတ်​နဲ့ထိုးချင်​ရသဒုံး

      ဒီအာလဖွားယီး​ပြောတာမယုံပါနဲ့ရွာသူအတစ်​က​ယေးရယ်​
      အာကိုယီးကို ယုံပါ

      ညီမ​ယေး ကိုယီးဆီလာ

      ဒချိ ဒချိ

    • ကိုရင်စည်သူ

      January 27, 2015 at 12:11 pm

      ကျော်လည်း တပတ်ရစ်ကားလေး ဆိုပေမဲ့..
      အင်ဂျင်တော့ ကောင်းပါသေးတရ်ဗျာ..။
      အနှိုးမှန်လို့ကတော့ ဝူးခနဲပဲ.. 🙂

  • ခင် သုတ

    January 27, 2015 at 10:45 am

    ဟုတ်ကဲ့ပါရှင်။ရွာသူလေးဖြစ်ရာတာကျေနပ်မိပါတယ်။ရွာထဲကknowledgeတွေသင်ယူရတော့မှာဆိုတော့ပျော်ပြီးရင်လည်းခုန်ပါတယ်။

  • Kaung Kin Pyar

    January 27, 2015 at 11:08 am

    ရွာသူလေး ခင်သုတကို ကြိုဆိုပါတယ်….။
    အန်တီမမရယ်၊ ဦးမိုက်ရယ် လေးခရယ် ပြောသလို စာတွေများများ ရေးပါ…။ ဝေဖန်ပါ၊ အကြံပေးပါ၊ ငြင်းခုံပါ….။ ပြီးရင် ဟိုအပေါ်က လက်လက်ဆင်…အဲ့လေ..အလက်ဆင်း ပြောသလို အရည်ထူပါ…။ မဝေါင်းပြောတဲ့ ဟိုနှစ်ယောက်ကိုလဲ သတိထားပါ…။
    နောက်ဆို ရွာထဲက မထွက်ချင်တော့လောက်အောင် ပျော်သွားပါလိမ့်မယ်…
    ကိုးနတ်ရှင်ကိုလဲ ခဏခဏ ကျိန်ဆဲဖြစ်ပါလိမ့်မယ်…
    :k:

  • kai

    January 27, 2015 at 4:25 pm

    ခင်သုတကနေ.. ခင်ရသဖြစ်သွားတဲ့အထိ.. သုတ..ရသအကုန်.. ရေးနိုင်တွေးနိုင်တွေးစေလို..။ :k:

Leave a Reply