MRTV ဆိုသည်မှာ

cobraAugust 19, 20101min1144

· နိုင်ငံတကာသတင်းဆိုသည်မှာ CCTV ကိုဆိုလိုခြင်းဖြစ်သည်။
· အခြားနိုင်ငံမှ မိမိထံလာပါက “ဂါဝရပြုတွေ့ဆုံ”ရန်လာခြင်းဖြစ်

ပြီး ၊မိမိကသွားရသူဖြစပ် ါက “သာွ း
ရောက်တွေ့ ဆုံ” ဟုသုံးစွဲရသည်။
· သတင်းကြော်ငြာနေစဉ် နောက်မှလူတစ်ယောက်စ နှစ်ယောက်စ မှအလုပ်ရှုပ်ဟန်ဆောင်ပြရသည်။
(ဥပမာ ကျောပေး၍တောင်ခြစ်မြောက်ခြစ်လုပ်နေရန်)
· နိုင်ငံခြားဇာတ်လမ်းဆိုသည်မှာ “တရုတ်” သို့မဟုတ် “ကိုရီးယား” ဇာတ်လမ်းများကို ကိုဆိုလိုခြင်း
ဖြစ်သည်။
· နိုင်ငံတော်အကြးီ အကဲများသည် “လိုအပ်သညမ် ျားကြိုဖည့်စွကမ် ှာကြား၍ပြန်လည်ထွကခ် ွာ” သာွ းသူ
များသာဖြစ်ကြသည်။
· ပြည်သူလူထုဆိုသည်မှာ “အဖြူနှင့်အစိမ်း” သို့မဟုတ် “အဝါရောင်ဝမ်းဆက်” သို့မဟုတ် “အပြာ
ရောင်ဝမ်းဆက်” များသာ ဝတ်ဆင်ကြသည်။
· မြန်မာနိုင်ငံတော်သည် ကြီးမားလွန်းသဖြင့် နေ့မအားညမနား အနှစ် နှစ်ဆယ်နီးပါး
တည်ဆောက်သော်လည်း လမ်း၊တံတားများ ဆောက်၍မကုန်နိုင်။
· နိုင်ငံတော်၏အသုံးစရိတ် နှင့်ရသုံးမှန်းခြေငွေစာရင်း သည်ပြည်သူများအားထုတ်ပြန်ရန်မလိုအပ်ချေ။
(ဝါ) အသိပေးရန်မလိုအပ်။
· ယင်းသို့မထုတ်ပြန်သော်လည်း လမ်း၊တံတား၊ဆည်မြောင်း များဆောက်လုပ်ရာတွင်နိုင်ငံတော်မှ
စေတနာဖြင့်အကုန်အကျခံပေးနေရသည်။
· စစ်သားများပင်ဖြစ်လင့်ကစား နိုင်ငံတော်အကြီးအကဲများ သည် လယ်ယာလုပ်ငန်းမှအစ ပိဋိကတ်သုံးပုံး
အဆုံး ကျွမ်းကျင်နှံ့စပ်ကြရာ ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်ရန် ရဟန်းများအားညွှန်ကြားနိုင်သည်။
· မည်သည့်အခါမှ အစိုးရနှင့်ပြည်သူ သဘောထားကွဲလွဲမုှများမရှိသော်လည်း “ပြည်ပအားကိုးပုဆိန်
ရိုး”ဆိုသည့်လနူ ည်း စု အတကွ ် မြန်မာ့အသမံ ှ “စစ်မှန်သောမျိုးချစ်စိတဓ် ာတ”် ဆိုသည့်ဖွင့်ဆခို ျကက် ို
လွွှင့်ထတု ်ပေးနေရသည်။
· နိုင်ငံတော်အကြီးအကဲများ ဘုရားကျောင်းကန်တက်ခြင်း သည် သတင်းထူးဖြစ်သည်။
· ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမ များသည် ပညာရေး၏အရေးပါပုံကို မသိကြချေ။
နိုင်ငံတော်အကြီးအကဲများက ရံခါမလပ် ပညာရေးသည်အရေးကြီးသည်ဟုမှာကြားရသည် ဟူ၏။
· အမြဲကြားရလေ့ရှိသည့်စကားလုံးများ”ဖွံ့ဖြိုးတိုးတကလ် ာခြင်း နှင့် အချိန်နှင့်တပြေးညီဆောင်ရကွ ်ခြင်း”
· အမြဲ မကြားရ သောစကားလုံးများ “စီးပွားရေးကျဆင်းခြင်း ၊ နှောင့်နှေးကြန့်ကြာ သွားခြင်း”
· မေးခွန်းနှင့်အဖြေ မှန်အောင်မဖြေ နိုင်ပါက ပြန်ကြားရေး ဝန်ကြီး ဖြစ်နိုင်သည်။ (မှတ်ချက်။ ဥပဓိ
ကောင်းရန်မလို။)

4 comments

  • Pyaung Gye

    August 19, 2010 at 2:06 pm

    ဖားတတ်ဖို့တော့လိုတာပေါ့နော်

  • True Faith

    August 19, 2010 at 2:26 pm

    လှောင်ချက်ကတော့ လန်းတယ်ဗျာ။ လုပ်လိုက်ဟ။

  • Yin Nyine Nway

    August 20, 2010 at 8:36 am

    ဟုတ်တယ်.. ဖားတက်တာထက် ဖာတက်တာ

  • chitsayar

    August 20, 2010 at 11:54 am

    လူကြီးတွေကို စော်စော်ကားကား
    ကားကားစော်စော် မိုးကြိုးပစ်လိမ့်မယ်

Leave a Reply