မြင်းခွာတချက်ပေါက်လျင် မီးဟုန်းဟုန်း တောက်စေမည် Blast

နိုင်ဂံတဝှန်းက ခွပ်ဒေါင်းမျိုးဆက် ကျောင်းသားရဲဘော်တို့.. စစ်အစိုးမရ ပြန်ကြားရေးဝံဂျီး ဖွတ်ရဲထွတ်က သပိတ်မှောက်ကျောင်းသားတွေ မြင်းခြံ ကျောင်းဝင်းထဲက ဖက်ဆစ်အလံကို ဖြုတ်ပြီး တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတင်တာ လက်မခံနိုင်ဘူး ဘာဗူး လေသံပစ် နေပြီ။ ဒင်းက ကျွန်ပညာရေးဥပဒေကြမ်းကို ကန့်ကွက်တာ နားလည်ပါတယ် ဘာညာသာတကာ လူကြားကောင်းအောင် ပြောလိုက်သေးတယ်။ အစိုးရ ပြောရေးစိုဂွင့်ရှိသူ ရာထူးယူထားသူမို့ စစ်တဗိုင်းအစိုးမရ သဘောထားလို့ မှတ်ယူနိုင်တယ်။ ဒင်းရို့ တကယ် စိတ်ရင်းမှန်လျင် ကျောင်းသားတွေ ချီတက်လာရာ လမ်းကြောင်းမှာ အနှောက်အယှက် မပေးရဘူး။ မကူညီဘဲထားလိုက်လျင် ရတာပဲ။ သိထားရမှာ ရန်စတာ ဒင်းတို့ အရင်ဖြစ်တယ်။ မြေရိုင်းလို့ ပန်းရိုင်းတာ အပြစ်မရှိ.. သ။ မလုပ်သင့်ဘူး ဘာညာ ရွှေပြည်အေးတရားဟောဆရာတွေ ပေါ်လာလိမ့်ဦးမယ်။ ဒင်းတို့နဲ့ ရန်ငါစည်း ပြတ်ကြ။ ၉-၁၁ ကမာ္ဘ့ကုန်သွယ်ရေးညီနောင်မျှော်စင်ကို ဘင်လာဒင်တို့ ဗုံးခွဲဖြိုချလိုက်တော့ ယူအက်စ်က ကျန်တိုင်းပြည်အားလုံးကို မိတ်ဆွေ မဟုတ်လျင် ရန်သူလို့ အပြတ်ကြိမ်းဝါး ရန်ငါစည်း ပြတ်ပြခဲ့တယ်။ အခုလည်း လမ်းဆုံလမ်းခွ ရောက်ပြီ။ ကျောင်းသားသပိတ်ကို ထောက်ခံလျင်ထောက်ခံ.. ဟိုယောင်ယောင် ဒီယောင်ယောင်ဆိုလျင်တော့ ရန်သူပဲ.. ကြားလူ မရှိ..။

နောက်တမျိုးက လွှတ်တော်တွင်း ဒေါ်စု လုပ်နေတာပဲ.. မင်းတို့ရှုပ်လျင် စစ်တပ်အာဏာသိမ်းဖို့ အချက်ကောင်း တွေ့သွားမည်ဆိုပြီး ချောက်သလိုလို စကားလုံးတွေ လာလိမ့်ဦးမယ်။ သပ်ပါတီဆိုတဲ့ သာကူးတွေ ခဆီကလာဖို့များသည်။ သိရမှာ ဒေါ်စုုတို့ အတွင်းလမ်းနဲ့ မတူ။ နောက်ပြီးတော့ ဒေါ်စု ပူးပေါင်းဆောင်ရွက်ရေး လမ်းစဉ်လိုက်တာ ၄နှစ်ကျော်ပြီ… ဘာမှ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှု မရှိ။ အာဏာသိမ်းမည့် စစ်တပ်က သိမ်းချင်တဲ့အခါ သိမ်းမှာပဲ။ အခု ဖြစ်နေတဲ့ တိုင်းရင်းသားပဋိပက္ခ ဘာသာရေး အဓိကရုဏ်း မြေယာပြသနာ စတာတွေက သူတို့ ပုံကြီးချဲ့လိုလျင် တိုင်းပြည် ပျက်မတတ် ချဲ့ကားပြောလို့ရတယ်။ ဒါတွေကို ကြောက်နေလို့ကတော့ စစ်ကျွန်ဘဝက လွတ်လမ်းမမြင်…။ သူ့လမ်းသူ ကိုယ့်လမ်းကိုယ်လျောက်…

ခွပ်ဒေါင်းအလံ ထွဋ်ကောင်းစံ
ခွပ်ဒေါင်းအလံ ထွဋ်ကောင်းစံ

မန်းလေးက ချီလာတဲ့ ကျောင်းသားတပ်ကြီး ဒံပေါက်ဦးအောင်တောင်း စွမ်းအားရှင်ဖွတ်တပ် အခြေစိုက်ရာ တောင်သာမြို့ကို ဖြတ်နေပြီ။ လုံထိန်းနဲ့ လူမိုက်တွေလည်း ရာထောင်ချီ  ကင်းပုန်းဝတ်စောင့်နေ ဆိုပဲ။ အကယ်၍များ ဒင်းရို့က အလံဖြုတ်မှုနဲ့ ကျောင်းသားတွေကို ဒါမှမဟုတ် လူရွေးပြီး အချို့ကို ဖမ်းလား ဆီးလား လုပ်ခဲ့လျင် တနိုင်ငံလုံးရှိ ကောလိပ် တက္ကသိုလ် နဲ့ကျောင်းတိုင်းမှာ နာဂစ် ၂၀၀၈ ခြေဥ ဖက်ဆစ်အလံကို ဖြုတ်ချပစ်ကြပါ။  ပြည်တင်းလျင် မင်းမခံနိုင်… ကျောင်းသားတော်လှန် အာဏာရှင် ဇာတ်သိမ်း၏။

ကိုယ်တိုင် မလုပ်ရဲသည်ကို လုပ်ပြသော ကျောင်းသားညီငယ် ညီမငယ်များကို ဦးညွှတ်လျက်…

 

20 comments

  • ကိုရင်စည်သူ

    January 27, 2015 at 12:05 pm

    မီးတုတ်.. ရှိူ့.. ရှိူ့…
    ကြောင်တင်းလျှင်လည်း မင်းမခံနိုင်..
    ဂျားဝါဒတွေ အလိုမရှိ.. လိုမရှိ..

  • ဦးကျောက်ခဲ

    January 27, 2015 at 12:22 pm

    ရဲဘော်တို့…. တက်က်က်က်…
    ဆြာကြောင်ဂျီး နောက်တန်းကနေ စီမံခန့်ခွဲပေးမယ်…
    ရဲရဲဝံ့ဝံ့ချီတက်ကြ … ဆြာကြောင်ဂျီးအတွက် မပူဂျနဲ့…
    :k:

  • Wow

    January 27, 2015 at 1:00 pm

    အင်းခုလေးတင်ရုံးက နိုင်ငံခြားသားတွေနဲ့ပြောဖြစ်တယ် ဂျပန်တို့ ဗီယက်နမ်တို့မှာဆို ဒီစစ်တပ်အုပ်ချုပ်လို့မရဘူးလို့… စနစ်ဂျောင့်မဟုတ်.. :byee:

  • Mike

    January 27, 2015 at 1:10 pm

    Kamayut Media added 4 new photos.

    BREAKING NEWS: 9:22 pm

    မြင်းခြံအထွက် အာဏာပိုင်များ လုံခြုံရေးတာဝန်မယူတော့

    မြင်းခြံမြို့ စွန်းလွန်းဂူကျောင်းတိုက်မှာ တည်းခိုနေတဲ့ သပိတ်မှောက်ကျောင်းသားတွေကို မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးနဲ့ မြို့နယ်မှူးတို့ဟာ ဒီကနေ့ည ၈နာရီကျော်မှာ လာရောက်တွေ့ဆုံခဲ့ပြီး မြင်းခြံမြို့အပြင်ကို ထွက်ခွာတဲ့အခါ သူတို့အနေနဲ့ လုံခြုံရေးအရ တာဝန်ယူမပေးနိုင်တဲ့အကြောင်း လာရောက်ဆွေးနွေးသွားခဲ့တယ်လို့ ဆိုပါတယ်။

    ည ၈နာရီခွဲကစပြီး မြင်းခြံမြို့မှာရှိတဲ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဆက်သွယ်လို့မရတော့တာကြောင့် အာဏာပိုင်တွေက ဖြတ်တောက်လိုက်တယ်လို့ ယူဆနေချိန်မှာ တောင်သာဘက်က စွမ်းအားရှင်လို့ယူဆလို့ရတဲ့ သင်္ကန်းဝတ်နဲ့ လူ အင်အား ၂ဝဝကျော်ဟာ မြင်းခြံဘက်ကို လာရောက်နေတာကြောင့် မြင်းခြံတစ်မြို့လုံး တုန်လှုပ်ခြောက်ခြားနေကြတယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ပြန့်နေပါတယ်။

    ကျောင်းသားသပိတ်ဟာ မနက်ဖြန်မနက် (ဇန်နဝါရီ ၂၇)မှာ မြင်းခြံကနေ ကျောက်ပတောင်းကိုအသွား တောင်သာကို ဖြတ်သန်းသွားမှာဖြစ်တယ်လို့ ကြေညာထားပြီး မြင်းခြံမြို့အပြင်မှာလည်း သံဆူးကြိုးတွေနဲ့ ပိတ်ကာချထားလိုက်တယ်လို့ နောက်ဆုံးဆက်သွယ်လို့ရတဲ့ တယ်လီဖုန်းသတင်းအရ သိရပါတယ်။ မြင်းခြံမှာတော့ ကျောင်းသားသပိတ်ကို ကူညီဖို့ နာရေးကူညီမှုအသင်းတွေက ပရဟိတအဖွဲ့တွေဟာ ကျန်းမာရေးကိစ္စတွေကို ထောက်ပံ့နေပါတယ်။

  • ဖားသက်ပြင်း

    January 27, 2015 at 1:28 pm

    သမ္မတေ​လေး ဖိုးလပြွတ်​ ကျမ္မာပါဇီ

    🙂

    • Wow

      January 27, 2015 at 1:31 pm

      ဝီ့ဂိုစော်ဂါးသူညားငရဲကျီးမယ် :mrgreen:

  • အလင်းဆက်

    January 27, 2015 at 2:10 pm

    http://www.7daydaily.com/story/30389
    သပိတ်မှောက်ကျောင်းသားများကို မြင်းခြံရဲစခန်းတွင်အမှုဖွင့်
    ကျောင်းသားများကို မြင်းခြံအထွက်မှစ၍ လုံခြုံရေးတာဝန်မယူတော့ဟု တာဝန်ရှိသူကပြော၊ တောင်သာတွင် တားဆီးနေသူများ စောင့်ဆိုင်းနေဟု သတင်းများထွက်ပေါ်
    By
    သတင်းအဖွဲ့
    On
    Tue, 2015-01-27 10:58
    Location
    ရန်ကုန်
    Issue No.
    No.636 Tuesday, January 27, 2015
    အမျိုးသားပညာရေးဥပဒေကို မန္တလေးမှ ရန်ကုန်ထိ ခရီးရှည်ချီတက်သပိတ်မှောက်သော ကျောင်းသားများ ဇန်နဝါရီ ၂၆ ရက်က မြင်းခြံမြို့တွင်း ဆန္ဒပြနေစဉ် (ဓာတ်ပုံ − ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ)

    အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်သော ကျောင်းသားများ မြင်းခြံမြို့သို့ ရောက်ရှိစဉ် မြင်းခြံဒီဂရီကောလိပ်အတွင်းရှိ နိုင်ငံတော်အလံကို ဖြုတ်ချပြီး ကျောင်းသားသမဂ္ဂအလံ လွှင့်ထူခဲ့ခြင်းကြောင့် မြင်းခြံရဲစခန်းက နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း နိုင်ငံပိုင် ရုပ်သံသတင်းမှ ထုတ်လွှင့်ကြေညာခဲ့သည်။

    နိုင်ငံတော်အလံကိုဖယ်ရှား၍ ကျောင်းသားသမဂ္ဂအလံကို လွှင့်ထူခဲ့ခြင်းမှာ မှန်ကန်ပြီး အမှုဖွင့်ထားခြင်းကိုမူ မသိရှိသေးကြောင်း သပိတ်မှောက်ကျောင်းသားများကပြောသည်။ မြင်းခြံ ဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာကိုကိုမြင့်နှင့် ဆရာ၊ ဆရာမများက ကျောင်းတွင်းသို့ မဝင်ရန် တားမြစ်ခဲ့သော်လည်း ကျောင်းသားများက အတင်းဝင်ရောက်၍ ကျောင်းအတွင်း စိုက်ထူထားသည့် နိုင်ငံတော်အလံကို ဖြုတ်ချကာ ကျောင်းသားသမဂ္ဂအလံကို လွှင့်ထူလိုက်ခြင်းကြောင့် မြင်းခြံရဲစခန်းက အမှုဖွင့် အရေးယူလိုက်ခြင်းဖြစ်ကြောင်း ယမန်နေ့ညက ထုတ်လွှင့်သော မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား သတင်းတွင် ကြေညာခဲ့သည်။

    အမှုဖွင့်ထားသည့် ကျောင်းသားအရေအတွက်နှင့် ပတ်သက်၍ မြင်းခြံရဲစခန်းသို့ ဇန်နဝါရီ ၂၆ ည ၁ဝ နာရီခန့်တွင် ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲအရာရှိက ဖြေကြားခြင်းမရှိပေ။

  • Mike

    January 27, 2015 at 3:07 pm

    Ko Min Zaw

    တောင်သာမြို့အနီးနန်းမြင့်တောင်ကြောတွင်
    ရဲလုံခြုံရေးများမီးသတ်များစစ်တပ်များမှအင်
    အား၄၀ဝကျော်ခန့်အမျိုးသားအမျိုးသမီးဝန်
    ထမ်းများနှင့်စောင်ြ့ကပ်နေကြောင်းသိရပါတယ်
    မြင်းခြံအပြန်လမ်းကိုလည်းပိတ်ထားလိုက်ပြီလို့
    သိရပါတယ်။ဒုတ်ဒိုင်းအပြည့်အစုံနှင့်မျက်ရည်ယို
    ဗုန်းများ၊လက်နက်များ၊မီးသတ်ကားများပါအသင့်
    အနေ့အထားနှင့်ချိန်းလိပ်များပိတ်ဆို့ပြီးစောင့်ကြည့်
    နေတယ်လို့ဒေသခံတွေကဖုန်းဆက်လာပါတယ်။
    မိထ္ထလာဘက်မှအဝင်လမ်းကိုလည်းပိတ်ဆို့
    ထားတယ်လို့မိထ္ထီလာဖက်မှာတက်လာသော
    အင်အားစုများကဖုန်းဆက်လာပါတယ်။
    ရဲမှုးဇော်ဝင်းကတော့အကြမ်းဖက်ဖြိုခွဲဖို့အစီအစဉ်
    မရှိဆိုသော်လည်းလက်ရှိနေရာယူထားကြပုံမှာ
    မည့်သို့မျှယုံကြည်ဖွယ်ရာအနေအထားမဟုတ်ကြောင်း
    သွားရောက်လေ့လာထားသူများကပြောပါတယ်။
    အရေးကြီးလာပါကကျနော်တို့အရေးကိုမတွေးပဲ
    အမျိုးသားပညာရေးဥပဒေကိုသာဆုံးခန်းတိုင်အောင်
    တိုက်ပွဲဝင်ပေးကြဖို့သပိတ်မှောက်ကျောင်းသားများ
    မှဆန္ဒပြုတောင်းဆိုလိုက်ပါတယ်။ ။

    မင်းဇော်
    ဗကသ မအူပင်
    ဒီမိုကရေစီပညာရေး
    သပိတ်စစ်ကြောင်း

  • kai

    January 27, 2015 at 3:58 pm

    ရိုးရိုးသားသားပြောရရင်.. အခုထိ.. ဘာကိုလိုချင်လို့ ကျောင်းသားတွေသပိတ်မှောက်မှန်းမသိဖြစ်နေသဗျ…။
    ဒီချုပ်နဲ့.. ၈၈တွေငြိမ်လွန်းနေတာလည်း… အားမရ..။

    ဆိုတော့…
    အမျိုးသားပညာရေးဥပဒေကိုဖျက်သိမ်းပေးလိုက်ရင်.. ဘာဖြစ်မလည်း.. သိချင်…။ :i:

    • ဦးခင်ခ

      January 27, 2015 at 8:38 pm

      အမျိုးသားပညာရေးဥပဒေကိုဖျက်လိုက်ရင် ဆန္ဒပြဖို့နောက် item တစ်ခုရှာရပေမပေါ့သဂျီးရာ

    • Mike

      January 28, 2015 at 1:51 pm

      .ဒီလိုတဲ့ သဂျီးရဲ့
      .ချင်းတွင်း ကိုကို

      .ကျွန်တော်တို့ သပိတ်မှောက် ကျောင်းသားများ၏ တောင်းဆိုချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

      .(၁) ပညာရေးမူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ .ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမ .ကိုယ်စားလှယ်များ ပါဝင်ရန်ကိစ္စ၊

      .(၂) ကျောင်းသားသမဂ္ဂများ ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် .၎င်းသမဂ္ဂများ တည်ရှိမှု အပေါ် တရားဝင်အသိအမှတ်ပြုရေးကိစ္စ။

      .(၃) လက်ရှိပြဌာန်းပြီးဖြစ်သော အမျိုးသားပညာရေး ဥပဒေတွင်ပါဝင်သည့် အမျိုးသားပညာရေး ကော်မရှင် .နှင့် တက္ကသိုလ်များပေါင်းစပ်ညှိုနှိုင်းရေးကော်မတီ ဖွဲ့စည်းထားခြင်းကိစ္စ။

      .(၄) ဒေသအလိုက်နှင့် ကျောင်းအလိုက်လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့်ပညာရေးဆိုင်ရာ .ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စ။

      .(၅) လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင်ဆင်ရန်ကိစ္စ။

      .(၆) ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ၊ ကိုယ်တိုင်လေ့လာ စူးစမ်း သင်ယူနိုင်သည့် .သင်ကြား နည်းစနစ်များ ပြောင်းလဲရန်ကိစ္စ။

      .(၇) တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြု .ဘာသာစကားစုံ ပညာရေးစနစ် ( mother tongue based multi-lingual education ) ကို .အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းပြဌာန်းရန်ကိစ္စ။

      .(၈) မသန်စွမ်းကလေးများအပါအဝင် ကလေးအားလုံးအတွက် လူတိုင်းအကျူံးဝင်ပညာရေး (inclusive .education) ကိစ္စ။

      .(၉) ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်
      .လည်တက်ရောက် ခွင့် ကိစ္စ။

      .(၁၀) ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀% သတ်မှတ်နိုင်ရေးကိစ္စ။

      .(၁၁) အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်းအဆင့်သာမက အလယ်တန်းအဆင့်အထိ တိုးမြှင့် .ကျင့်သုံးရေး ကိစ္စ…

      .Ye Yint Kyaw ဖေ့စ်ဘုတ် မှ ။ :boss:
      .Like ·
      · Share

  • kai

    January 28, 2015 at 6:02 am

    အမျိုးသား ပညာရေး ဥပဒေပြင်ရေး လွှတ်တော်တွင်း ဆွေးနွေးနေ
    28 January 2015 05:31(+0630) (30 မိနစ် ခန့်က)

    အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒရှိတယ်လို့ လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ ဥက္ကဌက ပြောဆို လိုက်ပါတယ်။

    အစိုးရက ရေးဆွဲပြဌာန်းထားတဲ့ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် နေသူတွေဘက်က ဆွေးနွေးလိုတဲ့ အကြောင်းအရာတွေ လွှတ်တော်ပညာရေး မြှင့်တင်မှု ကော်မတီထံကို တရားဝင် အကြောင်းကြားလာတာ မရှိသေးဘူးလို့ လွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီဥက္ကဌ ဒေါက်တာ ချမ်းငြိမ်းက ပြောပါတယ်။

    အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ကျောင်းသားတွေရဲ့ ခရီးရှည် ချီတက် လမ်းလျှောက်မှု သီတင်းတပတ်ကျော် ကြာမြင့်လာတဲ့အချိန် လွှတ်တော်တွင်းက အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်မှုတွေနဲ့ သဘောထားတွေကို မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

    အမျိုးသားပညာရေးဥပဒေကို မကျေနပ်ကြတဲ့ ကျောင်းသားတွေရဲ့ ခရီးရှည် ချီတက်လမ်းလျှောက် ဆန္ဒပြပွဲတွေက သီတင်းတပတ်ကျော်လာခဲ့ပြီး ဒီကနေ့မှာတော့ လွှတ်တော်ဒုတိယနာယက၊ လွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီ အကြီးအကဲနဲ့ ပညာရေးဝန်ကြီးတို့နဲ့ လွှတ်တော်နဲ့ အစိုးရဘက်က ကိုယ်စားလှယ်တွေ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ လွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီအနေနဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ ဆန္ဒရှိနေပေမဲ့လည်း ဥပဒေပြင်ဆင်လိုသူတွေဘက်က လွှတ်တော်ကို တရားဝင်ပေးပို့လာတာမျိုး မရှိသေးဘူးလို့ လွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီ ဥက္ကဌ ဒေါက်တာ ချမ်းငြိမ်းက ပြောပါတယ်။

    “ကျနော်တို့ ဘေးပြောတာကိုတော့ မယုံနိုင်ဘူးလေ။ တရားဝင် သူတို့တင်ပြမှ ကျနော်တို့က စဉ်းစားလို့ရမှာကိုး။ အဲဒီလို မဟုတ်ဘူးဗျ။ အခု ဆန္ဒပြနေတာ ဘယ်သူက organize လုပ်သလဲ။ ဘယ်သူက ခေါင်းဆောင်လဲ။ ကျနော်တို့က တွေ့တဲ့လူကပြောပြီး၊ နောက်တခါဆိုရင် ကျနော်မပြောရပါဘူး။ ကျမမပြောရပါဘူးဆိုပြီး ဖြစ်ကုန်ရော။ သူတို့က institution လေ၊ Law နဲ့ ပတ်သက်ရင် အကြီးဆုံး Institution ပဲ။ သူလိုအပ်တယ်ဆိုရင်လည်း တရားဝင်ရေးပေါ့ဗျာ။ တရားဝင် မရေးတော့ ကျနော်တို့ ဘယ်သူ့ကို ဆက်သွယ်ရမလဲ။ ကျနော်တို့ ပြင်စေချင်တယ်ဆိုရင် သူတို့ ဘာကိုပြင်စေချင်လဲ။ တရားဝင် ဘာဖြစ်စေချင်သလဲ။ ကျနော်တို့က သူတို့ဖြစ်ချင်တာ ဒါဖြစနေ်တယ်၊ ကျနော်တို့ပေးနေတာက တခြားဟာဖြစ်နေတယ်ဆိုရင် မကောင်းဘူးလေဗျာ။ သူတို့က ပွင့်ပွင့်လင်းလင်းနဲ့ ကျနော်တို့ကို ဆွေးနွေးဖို့ တောင်းမလာရင် ကျနော်တို့က ပညာရေးတော့ ပို့ချင်ပို့မယ်။ ကျနော်တို့တော့ မသိရဘူး။ လွှတ်တော်ကို မတက်တာက၊ ဥပဒေတွေ ကျနော်တို့ လုပ်တယ်လေ။ ကျနော်ကတော့ အသေးစိတ်တွေ ဘာတွေ ရုံးလုပ်ငန်းမဟုတ်တာတွေ သိပ်မပြောချင်ဘူးဗျ။ ရုံးလုပ်ငန်းအနေနဲ့ ဆိုရင်တော့ သူတို့ ကျနော်တို့ကို တရားဝင် တင်ပြထားတာ ဘာမှမရှိဘူး။ တင်မပြလို့ မလုပ်ဘူးတော့ မဟုတ်ပါဘူး။ တိုင်းပြည်အတွက် ကောင်းတာဆိုရင် အကုန်ပြင်ပေးရမှာပေါ့။ လုပ်ပေးရမှာပေါ့။”

    ဒီကနေ့ လွှတ်တော်က ဆွေးနွေးမှုမှာတော့ ပညာရေးဝန်ကြီးဘက်က ကျောင်းသားတွေ ကန့်ကွက်မှုတွေနဲ့ ဥပဒေပါ ပြင်ဆင်သင့်တဲ့ အချက်တွေကို တင်ပြခဲ့ပြီး လွှတ်တော်ဘက်ကလည်း အမျိုးသားပညာရေးဥပဒေမှာ ပြင်ဆင်သင့်တဲ့အချက်တွေကို ဆွေးနွေးခဲ့ပေမဲ့ ဘယ်အချက်တွေကို ပြင်ဆယ်မယ်ဆိုတဲ့ သဘောတူညီချက်တော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း အခုလို အမျိုးသားပညာရေး ဥပဒေအပေါ် ဆန့်ကျင် ကန့်ကွက်မှုတွေကနေတော့ ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့လည်း လွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီရဲ့ ဥက္ကဌ ဒေါက်တာ ချမ်းငြိမ်းက ပြောပါတယ်။

    “ဘာမှတော့ မထူးသေးပါဘူး။ ကျနော်တို့ ညှိနေတာဆိုတော့ အမြဲတမ်းနော်။ ညှိနှိုင်းတယ်ဆိုတော့ သူတို့တောင်းဆိုတာတွေ ကျနော်တို့ပေးနိုင်သမျှ ပေးမှာပေါ့ဗျာ။ တချို့ တိုင်းပြည်ပျက်မှာမျိုး ဆိုရင်တော့ ကျနော်တို့ မပေးဘူးပေါ့ဗျာ။ ကောင်းတာဆိုရင် ခွင့်ပြုမယ်၊ မကောင်းတာဆိုရင် ခွင့်မပြုဘူးပေါ့ဗျာ။ တိုင်းပြည်အတွက် မကောင်းရင်ပြောတာပါ။ ကိုယ့်အတွက်ပြောတာ မဟုတ်ပါဘူး။ ကျနော် သေချာပေါက်ပြောရဲတာ အဆင်ပြေမှာပါ။ အဆင်ပြေမယ်ဆိုတာက တိုင်းပြည်အတွက် သူတို့ကလည်း တိုင်းပြည်ကောင်းအောင် ယုံကြည်ချက်ရှိတယ်။ ကျနော်တို့ကလည်း တိုင်းပြည်ကောင်းအောင် ယုံကြည်ချက်ရှိတယ်။ အတွေ့အကြုံကျတော့ နည်းနည်းစီ ကွာကြတာပေါ့ဗျာ။ ကိုယ့်အတွေ့အကြုံလေးတွေနဲ့ကိုယ် အခြေခံပြီးတော့ ပြောနေကြတာပေါ့။ ကျနော်ကတော့ မှတ်ချက်မပေးပါဘူး။ သူတို့ယုံကြည်တာသူတို့ ဒီမိုကရေစီဘောင် စည်းမျဉ်းစည်းကမ်းအတွင်းဆိုရင် ဘာမှ ပြဿနာမရှိဘူး။ စည်းကမ်းချိုးဖောက်ရင်တော့ တမျိုးပေါ့ဗျာ။”

    အမျိုးသားပညာရေးဥပဒေကိုတော့ ပညာရေးဝန်ကြီးဌာနက ရေးဆွဲခဲ့ပြီး လွှတ်တော်ကလည်း အတည်ပြုခဲ့ပြီးနောက် သမ္မတက လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဥပဒေကျင့်သုံးရေးအတွက် နည်းဥပဒေတွေတော့ ထွက်ရှိမလာသေးပါဘူး။

    ဒီအမျိုးသားပညာရေးဥပဒေမှာ ပြဌာန်းထားတဲ့ ပညာရေးကဏ္ဍကို ဝန်ကြီးဌာနမျိုးစုံက အုပ်ချုပ်နေတာတွေ၊ အမျိုးသားပညာရေးကော်မရှင်နဲ့ အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတွေ ထားရှိနေတဲ့ကိစ္စ၊ လူတိုင်း တန်းတူပညာသင်ခွင့်၊ နောက် မိခင်ဘာသာစကားကို သင်ကြားရေးမှာ အသုံးပြုသင့် မပြုသင့်၊ ကျောင်းသား၊ ဆရာသမဂ္ဂတွေ ဖွဲ့စည်းခွင့်၊ ကျောင်းတွေကို အစိုးရက အုပ်ချုပ်မယ့်အစား ကျောင်း၊ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့တွေက အုပ်ချုပ်မှု ပုံစံပြောင်းလဲမလား ဆိုတာနဲ့ သင်ရိုးညွှန်းတမ်းတွေကို ဒေသအလိုက် ပြောင်းလဲမလား၊ စာမေးပွဲ စစ်ဆေးမှုစနစ်၊ မသင်မနေရ အခမဲ့စနစ်တွေ တိုးမြှင့်ဖို့နဲ့၊ ပညာရေးအသုံးစာရိတ် တိုးမြှင့်ရေးတို့ကို ဆွေးနွေးလိုတဲ့အကြောင်း ဆန္ဒပြကျောင်းသားတွေက ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

    မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
    http://burmese.voanews.com/content/burmese-education-hlut-taw/2615516.html

  • kai

    January 28, 2015 at 6:03 am


    ကျောင်းသားတွေနဲ့ ဝန်ကြီး တွေ့မယ်
    28 January 2015 05:33(+0630)
    ၄ ပွင့်ဆိုင် တွေ့ဆုံရေး ကျောင်းသားတွေ တောင်းဆို
    မန္တလေး ကနေ ရန်ကုန် ကို ချီတက် ကြတဲ့ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် တဲ့ သပိတ်မှောက် ကျောင်းသား တွေ ကို တားဆီးမှု တွေ ကို အာဏာပိုင် တွေ ဖယ်ရှား ပေး ပြီးတဲ့နောက် တောင်သာ မြို့ မှာ ညအိပ် ရပ်နား ကြ ပါ တယ်။

    အဲဒီထဲ က ကိုယ်စားလှယ် ၂ ယောက် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း နဲ့ နေပြည်တော် မှာ ကနေ့ တွေ့ဆုံ ကြ မှာ ဖြစ်ပါတယ်။

    ကြားခံ ဆက်သွယ်ပေးတဲ့ ဝန်ကြီး အဆင့် နဲ့ တွေ့ဖို့ ထက် လွှတ်တော် နာယက စတဲ့ ဥပဒေ ပြင်ဆင်ရမယ့် လွှတ်တော် ဘက်ပိုင်း တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ အမျိုးသား ပညာရေး ကွန်ယက် က လူတွေနဲ့ တွေ့လိုတယ်လို့ သပိတ်မှောက် ကျောင်းသား တွေ ထဲက ခေါင်းဆောင် တယောက် ဖြစ်တဲ့ ဗကသ တွဲဖက် အတွင်းရေးမှူး ကို မင်းသွေးသစ် က ပြောပါတယ်။

    သပိတ်မှောက် ကျောင်းသား ခေါင်းဆောင် တွေထဲက ကိုအောင်မှိုင်းဆန်း နဲ့ တိုင်းရင်းသား ရေးရာ ကော်မတီက ကို နန္ဒ စစ်အောင် တို့ နေပြည်တော်ကို သွားပြီး တွေ့ကြမှာ ဖြစ်ပါတယ်။

    လွတ်လပ်တဲ့ ပညာရှင် အဖွဲ့က ပညာရေး မူဝါဒ ချမှတ် ပေးရေး၊ ပညာရေး အသုံးစရိတ် ကို တနှစ်မှာ ၁၅ က ၂ဝ ရာခိုင်နှုန်းထိ တိုးပေးဖို့ ကျောင်းသား တွေက တောင်းဆို ကြပါတယ်။

    မနှစ်က ပညာရေး ဘက်ဂျက် ၈ ခိုင်နှုန်းထိ အစိုးရက တိုးမြှင့် ပေးခဲ့ပြီး ကာကွယ်ရေး အသုံးစရိတ်က ၂ရ ရာခိုင်နှုန်း ရှိတယ်လို့ ကျောင်းသား တွေက ပြောကြား ပါတယ်။

    ငြိမ်းစုစီ ဆန္ဒပြ နည်းဥပဒေ ပုဒ်မ ၁၈ က မူလ ဥပဒေပါ လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်ကို ချိုးဖောက်နေတယ်လို့ ကျောင်းသား ခေါင်းဆောင် ကို မင်းသွေးသစ် က ပြောပါတယ် ။

    တောင်သာမှာ ညအိပ်ရပ်နား စဉ် မြို့ခံ တွေက သောင်းသောင်းဖြဖြ ကြိုဆို ကြပြီး နိုင်ငံရေး၊ လူမှုရေး အဖွဲ့တွေက တာဝန်ယူ စောင့်ရှောက် နေလို့ သပိတ်မှောက် ကျောင်းသားတွေ လုံခြုံရေး စိတ်ချရတယ်လို့ ကို မင်းသွေးသစ် က ဆိုပါတယ် ။

    ဘီဘီစီ (မြန်မာပိုင်း)
    http://www.bbc.co.uk/burmese/burma/2015/01/150127_students_taungtha

  • kai

    January 28, 2015 at 6:06 am

    ကျောင်းသားနဲ့အစိုးရ ဆွေးနွေးညှိနှိုင်းကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
    27 January 2015 21:36(+0630)

    အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြနေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အစိုးရတို့ နှစ်ဘက်ညှိနှိုင်း ဆွေးနွေးကြဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

    အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသား ကျောင်းသူတွေ ဆန္ဒပြ ကန့်ကွက်နေတာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ သမားတွေက မေးမြန်းရာမှာ ပြည်သူ့ လွှတ်တော် အစည်းအဝေးကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောတာဖြစ်ပါတယ်။

    “ကိုယ်ကမှန်မှန်ကန်ကန်နဲ့ တာဝန်သိသိ လုပ်တယ်ဆိုလို့ရှိရင် ဒါပာာရပ်တည်ချက်အရလုပ်တာပဲ၊ အဲတော့ ရပ်တည်ချက်အရ လုပ်တယ်ဆိုတော့ ဗရမ်းဗတာလုပ်ရမယ်လို့ ပြောတာမဟုတ်ဘူး၊ ဒီမိုကရေစီလိုချင်လို့ရှိရင် အပေးအယူ အညှိအနှိုင်းဆိုတာတော့ အမြဲရှိရမယ်၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ပြဿနာကို အကောင်းဆုံးဖြေရှင်းတဲ့နည်းကတော့ ညှိနှိုင်းပြီးဖြေရှင်းရမှာပဲ၊ ပြဿနာဖြေရှင်းတယ်ဆိုတာ တစ်ဖက်တည်းတော့မဟုတ်ဘူး၊ ဟိုဖက်ဒီဖက်ပေ့ါနော်၊ အားလုံးက အပေးအယူလုပ်လို့ရှိရင် တစ်ဖက်က ငါလိုချင်တာ တစ်ရာရာခိုင်နှုန်းရမှဆို ဘယ်တော့မှ အပေးအယူမဖြစ်ဘူး”

    ဒါ့အပြင် အမျိုးသားပညာရေးဥပဒေမှာ ပြင်ဆင်သင့်တာတွေကို ပြင်ရမှာဖြစ်သလို နည်းဥပဒေကိုလည်း အမြန်ဆုံး ထုတ်ပြန်ပေးသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

    ဒီလ ၂ဝ ရက်နေ့က စတင်ဆန္ဒပြလမ်းလျှောက်နေကြတဲ့ ကျောင်းသား ကျောင်းသူတွေဟာ တောင်သာမြို့ကို ဒီနေ့ညနေက ရောက်ရှိတာဖြစ်ပါတယ်။

    ထားဝယ်၊ ဧရာဝတီ၊ ပခုက္ကူ နဲ့ တောင်သာမြို့က လာရောက်ကြမယ့် ဆန္ဒပြကျောင်းသား ကျောင်းသူတွေဟာ ရန်ကုန်မြို့မှာ စုပေါင်းပြီး သပိတ်စခန်းဖွင့်ကြမှာဖြစ်ပါတယ်။

    RFA Burmese
    https://www.facebook.com/pages/RFA-Burmese/39218993127

    • ဦးခင်ခ

      January 28, 2015 at 9:07 am

      သဂျီးရေ
      ရခိုင်အရေး ရှုပ်ရှုပ်ထွေးလိုက်
      ဗလီတွေဖျက်ဆူတာကတစ်မျိူး
      လက်ပံတောင်ကိစ္စ ဝူးဝါးဝူးဝါးပြတာကတစ်ဖုံ
      ကိုပါကြီးက တစ်မျိုး
      အခုပညာရေးဥပဒေကြမ်းကန့်ကွက်မှုချီတက်တာကတစ်နည်း
      အဲလို အဲလို တစ်ခါတစ်မျိုးမရိုးရတဲ့ အာရုံလွဲမှုတွေ အလွန်မှာတော့
      ရခိုင်မှဓာတ်ငွေ့ပိုက်လိုင်းပြီလို့ ယခုလကုန်ဖွင့်မည်တဲ့
      ပုံပြင်လေးကတော့ဒါပါဘဲ

  • Mike

    January 28, 2015 at 2:01 pm

    . သပိတ်မှောက်ကျောင်းသားများနှင့် အစိုးရ ပဏာမဆွေးနွေးပွဲ စတင်
    .28 January 2015 12:36(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)
    .အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ အစိုးရ တာဝန်ရှိ သူတွေ အကြား ပဏာမအဆင့် ဆွေးနွေးပွဲကို နေပြည်တော်မှာ ဒီမနက်စတင်ပါတယ်။

    ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီရဲ့ ပြန်ကြားရေးတာခံ ကိုရဲရင့်ကျော်က “ပညာရေးဝန်ကြီးတွေအပါအဝင် အစိုးရ ဝန်ကြီးတွေနဲ့ အကြိုတွေ့ဆုံ ဆွေးနွေးတဲ့ သဘောပါ။ ကျနော်တို့ တောင်းဆိုထားတဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံရေး မဟုတ်ပါဘူး။ ဒီ ၄ ပွင့်ဆိုင် တွေ့ဆုံဖို့ အတွက် ပဏာမအဆင့် အကြိုတွေ့တဲ့သဘောပါ။” လို့ ပြောပါတယ်။

    လေးပွင့်ဆိုင်ထဲမှာ အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့ မန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံး ဆိုင်ရာကွန်ရက်တို့ တွေ့ဆုံဆွေးနွေး ဖို့ဖြစ်ပါတယ်။

    ဒီတွေ့ဆုံမှုမှာ ကျောင်းသားခေါင်းဆောင်တွေဘက်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)နဲ့ မြေလတ် ကျောင်းသားခေါင်းဆောင် စုစုပေါင်း ၁ဝ ဦးတက်ရောက်ပြီး အစိုးရဘက်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ပညာရေးဝန်ကြီးအပါအဝင် တခြားဝန်ကြီးတွေလည်း တက်ရောက်ဆွေ းနွေးကြပါတယ်။

    မနေ့ညနေက ပညာရေးဝန်ကြီးဒေါက်တာဒေါ်ခင်စန်းရီ၊ ပြည်ထောင်စုလွှတ်တော် ဒုနာယက ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ချမ်းငြိ်မ်းနဲ့ လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌတွေဟာ နေပြည်တော်မှာ တွေ့ဆုံပြီး ကျောင်းသားတွေ သပိတ်မှောက်နေတဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး ခဲ့ကြသလို အစိုးရဘက်က ကျောင်းသားတွေနဲ့ ဆွေးနွေးမယ်လို့ ညွှန်ကြားရေးမှူးချုပ်အဆင့် တာဝန်ရှိသူတွေကို စေလွှတ်ကမ်းလှမ်းခဲ့ပြီးနောက် ဒီတွေ့ဆုံမှု ဖြစ်လာတာ ဖြစ်ပါတယ်။

    ပညာရေးဝန်ကြီးဌာနမှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုအောင်ကြီးက “၄ ပွင့်ဆိုင်ဆွေးနွေးဖို့ အကြိုညှိနှိုင်းဆွေးနွေးတာဖြစ်တယ်လို့ ဝန်ကြီးဦးအောင်မင်းက ပြောတယ်။ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက်ကို ပညာရေးဌာနက တာဝန်ခံပြီး တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဦးသန့်ရှင်း (ပညာရေး ဝန်ကြီးဌာန ဒု-ဝန်ကြီး)က ပြောတယ်” လို့ပြောပါတယ်။

    ဆွေးနွေးပွဲမစတင်ခင်မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် ကိုမင်းကိုနိုင်လည်း ဆွေးနွေးပွဲကျင်းပရာအဆောက်အဦကို ရောက်ရှိတာတွေ့ရတယ်လို့ သူက ပြောပါတယ်။

    အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကျောင်းသားတွေက ဗဟိုချုပ်ကိုင်မှု လျော့ချရေး၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး၊ ပညာရေးအသုံးစရိတ်ကို ဘတ်ဂျက်ရဲ့ ၂ဝ ရာခိုင်နှုန်းထိ တိုးမြှင့်သုံးစွဲရေးအပါအဝင် အချက် ၁၁ ချက်ပါ တောင်းဆိုချက်ကို တောင်းဆိုထားကြပါတယ်။

    ဒီကနေ့ ပညာရေးဝန်ကြီးတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေ ညှိနှိုင်းမှု စတင်ပေမယ့် ချီတက်သပိတ်မှောက်တဲ့ ကျောင်းသားတွေကတော့ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ဧရာဝတီ တိုင်းနဲ့ မကွေးတိုင်းက စစ်ကြောင်းတွေဟာ ရန်ကုန်မှာ ပေါင်းစည်းဖို့ စီစဉ်လုပ်ဆောင် နေကြပါတယ်။

    မနေ့ညနေပိုင်းအထိကတော့ မြင်းခြံကနေထွက်ခွာလာတဲ့ သပိတ်စစ်ကြောင်းကို သက်ဆိုင်ရာက တောင်သာမြို့တွင်းကို အဝင်မခံဘဲ နာရီအတန်ကြာ တားမြစ်ကန့် သတ်ခဲ့ပါတယ်။ ဒီအပေါ် ကျောင်းသားတွေနဲ့ အစိုးရက စေလွှတ်တဲ့ကိုယ်စားလှယ်တွေ ညှိနှိုင်းကျော်ဖြတ်ပြီးနောက် နေပြည်တော်မှာ ဆွေးနွေးပွဲစားပွဲဆီ ရောက်ခဲ့ကြတာဖြစ်ပါတယ်။

    By နော်နိုရင်း (ဒီဗွီဘီ)
    http://burmese.dvb.no/archives/79014

  • uncle gyi

    January 28, 2015 at 10:00 pm

    က်ိုကြောင်ကပြတ်တယ်
    ကြားလူမရှိရန်သူနဲ့မိတ်ဆွေပဲတဲ့
    အန်ကယ်တို့ကထောက်ခံတယ်ဒါပေမဲ့
    လုပ်ကိုင်ပုံတော့လူငယ်နဲ့လူကြီးအတွေးတော့မတူပါကြောင်း

  • မြစပဲရိုး

    January 29, 2015 at 9:43 pm

    { ကျောင်းသားတော်လှန် အာဏာရှင် ဇာတ်သိမ်း၏။ }
    REALLYYYYYYYYYYYYYYYYYYYYY !!!!!
    Amazing!!!!! lol:-)))))

  • kai

    January 30, 2015 at 2:48 am

    သူတို့တွေ….
    တခြိမ်းခြိမ်းလုပ်နေတဲ့..ဘုရားသားလှုပ်ရှားမှုတွေနဲ့…
    လှုပ်ရှားစပြုလာတဲ့… ကျောင်းသားလှုပ်ရှားမှုကို.. ထိပ်တိုက်ပေးတွေ့လိုက်ရကောင်းမလား… တွေးနေမယ်လို့.. ထင်..။ :k:

    • Mr. MarGa

      January 30, 2015 at 8:55 am

      ဒီ သဂျီးကတော့
      ဒီနိုင်ငံကို ငြိမ်ငြိမ်မနေစေချင်ဘူးထင်တယ်

Leave a Reply