ရိုးသားကြရင် လောကကြီး ငြိမ်းချမ်းမည်….

Ko out of...January 27, 20151min1255

လူတွေ တစ်ယောက်ကို တယောက်ပေါင်းဖေါ်နေကြတာ များသောအားဖြင့် ခံစားချက်တူလို့ အတူတကွနေကြတာ များတယ်…

ဒီခံစားချက်ဟာ မခိုင်မြဲဘူး…ခံစားချက်အကောင်းနဲ့တွေ့နေသေးလို့ အတူလက်တွဲနိုင်ပေမဲ့

ခံစားချက်အဆိုးနဲ့ တွေ့ပြီဆိုရင် အတော်များများ လူတွေဟာ လမ်းခွဲကြတော့တယ်….

နိုင်ငံရေးဘဲလုပ်လုပ်၊ စီပွားရေးဘဲလုပ်လုပ် ၊ လူမှုရေးအကျိုးပြုလုပ်ငန်းဘဲလုပ်လုပ်

အသိ၊ အမြင်၊ အကျင့် တွေတူပါမှ ယုံကြည်ချက်ပန်းတိုင်တူမယ်….ယုံကြည်ချက်ပန်းတိုင်တူမှ

စည်းလုံးမှု အင်အားဖြစ်မယ်…အဲဒီအင်အားရှိပါမှ…ရောက်ချင်သည့်ပန်းတိုင် ရောက်မည်ဖြစ်ပါသည်…

ဒါကြောင့် မတူညီတာတွေဘေးဖယ် တူညီတာတွေ အတူတကွပူးပေါင်း လုပ်ဆောင်ကြလို့ ဘယ်လိုပင်

ပြောပြော….

လောကကို သိမြင်နားလည်သည့် အသိ၊ အမြင်၊ အကျင့် မတူသေးသရွှေ့ ရေရှည် အတူလက်တွဲပြီး

လိုရာပန်းတိုင်သို့ရောက် ရန်ခက်ခဲ နေကြဦးမည် ဖြစ်ပါသည်….

အမြင်တူရန်…မရှိရင် မသိဘူး….မသိရင်လည်း မရှိနိုင်ဘူး…ဒါကြောင့် ရိုးရိုးသားသားဘဲ

မသိရင် မသိဘူး…မမြင်ရင် မမြင်ဘူးလို့ သိ၊ မြင်ပေးကြရင်….. အကျင့်လည်းတူကြမည်ဖြစ်ပြီး

လူသားတွေလိုလား တောင့်တသည့် ငြိမ်းချမ်းသည့် ကမ္ဘာလောသစ်ဆီသို့ အရောက်လှမ်းနိုင်ကြမည်

ဖြစ်ပါသည်…..

5 comments

  • kai

    January 27, 2015 at 5:04 pm

    “To be prepared for war is one of the most effective means of preserving peace.”
    –George Washington–
    =======
    “Si vis pacem, para bellum.” English translation: “If you wish for peace, prepare for war.”
    –Latin phrase–
    =======
    “I look forward to a great future for America – a future in which our country will match its military strength with our moral restraint, its wealth with our wisdom, its power with our purpose.”
    –John F. Kennedy–
    =======

    မြန်မာပြည်ရဲ့.. ငြိမ်းချမ်းရေးဆွေးနွေးပွဲကြည့်ပြီး.. တွေးမိတာပါ…။
    အင်း..
    အပေါ်က.. ကမ္ဘာကျော်အဆိုအမိန့်တွေနဲ့… ထင်ဟတ်ကြည့်ရမယ်.. ထင်..။

  • Mike

    January 28, 2015 at 9:13 am

    . လူတစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အသိ၊ အမြင်၊ အကျင့် လုံးဝတူညီရန်မဖြစ်နိုင်ဟုထင်ပါသည်…
    .အဲ့လိုသာတူနိုင်ရင်…ကမာ္ဘကြီးဟာ ရွာကြီးဖြစ်သွားပြီပေါ့…
    .“Imagine”
    .Imagine there’s no countries
    .It isn’t hard to do
    .Nothing to kill or die for
    .And no religion too
    .Imagine all the people
    .Living life in peace…

  • ဦးကျောက်ခဲ

    January 28, 2015 at 1:48 pm

    “လူ” လေ ဆြာသမားရဲ့ … လက်ငါးချောင်းတောင် အတိုအရှည်မညီတာ…
    တန်းတူညီမျှ အားလုံးကို တန်းလိုက်ညှိ ၊ တစ်စိတ် တစ်ဝမ်းထဲဖြစ်စေဖို့ဆိုတာ…
    အရမ်း စိတ်ကူးယဉ် ဆန်နေမလားလို့…
    :k:

  • အလင်းဆက်

    January 28, 2015 at 3:46 pm

    ငြိမ်းချမ်းတဲ့ နေရာကို… ကိုယ်ရဲ့ ပြင်ပမှာ.. တည်ဆောက်လို့မရ…
    ကိုယ်တွင်းမှာသာ တည်ဆောက်သင့်တယ်..တဲ့…

  • aye.kk

    January 28, 2015 at 6:28 pm

    (မိုးတားဆရာ-ဦးထွန်းရှိန်)ရေးသားတဲ့၊မျက်စိသုံးမျိုးထဲကနေ
    အန်တီအနေနဲ ့ဆိုလိုချင်မိတဲ့အချက်ပါ။
    လောကကိုကြည့်ရာတွင်ပထမမျက်စိဖြစ်တဲ့ပပဉ္စမျက်စိဟူသည်မှာ-
    တဏှာ၊မာန၊ဒိဌိ၊အညမင်သာမြင်၍၊ပင်ရင်းဇစ်မြစ်ကိုဘဲဝိသေသဖြစ်တဲ့ဂုဏ်ထူးဖြစ်သော
    ဥပဓိရုပ်ကိုသာမြင်သည်ဟုဆိုထားပါတယ်။
    ပပဉ္စမျက်စိကြောင့် တူညီဘို ့ဆိုတာ၊မဖြစ်နိုင်တာပါ။။။

Leave a Reply