လူမှားပြီး ကိုယ့်သမီး ကိုယ်သတ်မိတဲ့ မြောက်ဦး လူသတ်မှု

cobraAugust 19, 20101min17414

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဧည့်သည် အမျိုးသမီးထံမှ ငွေကို ရယူလို၍ မိဘဖြစ်သူက ကိုယ့်သမီး ကိုယ်မှားယွင်း သတ်မှု လွန်ခဲ့သည့် ကြာသပတေးနေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြောက်ဦးမြို့ တောင်ဘက် ၄ မိုင်အကွာရှိ တိမ်ညို ကျေးရွာတွင် ဖြစ်ပွားပြီး  ဦးမောင်သိန်း (၄၅) နှစ်နှင့် ဒေါ်မြင့်အေး (၄၁) နှစ်က သမီး မဝေဝေလွင် (၂၃) နှစ်ကို သတ်မိခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုလင်မယားမှာ ဧည့်သည် အမျိုးသမီးကို သတ်ပြီး ငွေ (၁၅) သိန်း ရယူရန် စီစဉ်ခဲ့သော်လည်း ညအချိန်တွင် သမီးဖြစ်သူနှင့် ဧည့်သည် အမျိုးသမီး ခြင်ထောင်ပြောင်းခြင်းကို မသိလိုက်ဘဲ  သတ်မှတ်ထားသည့် ခြင်ထောင် အထဲ အိပ်နေသော အမျိုးသမီးမျက်နှာကို ခေါင်းအုံးဖြင့် ဖိသတ်လိုက်ကြောင်း ရဲစခန်းတွင် ဝန်ခံပြောခဲ့သည်ဟု စခန်းသို့  လိုက်ပါပို့ဆောင်ခဲ့သည့် ရွာခံတဦးဖြစ်သူ ကိုဝင်းနိုင်က ပြောသည်။

“သူတို့ စီစဉ်ခဲ့တာက ဧည့်သည်အမျိုးသမီးနဲ့ သူ့သမီးကို အိပ်ရာ(၂)ခု ခြင်ထောင်ကိုယ်စီ သီးခြားအိပ်ခိုင်းတယ်။ ဧည်သည် အမျိုးသမီးကို လည်ပင်းကြိုးကွင်း သတ်မယ်လို့ စီစဉ်ခဲ့တာ။ အိပ်ရာဝင်တဲ့အခါ ဧည့်သည် အမျိုးသမီးက ခြင်ထောင်က ဆေးနံ့ရတယ်ဆိုပြီး သူတို့ချင်း အိပ်ရာ လဲအိပ်ကြတာကို မသိလို့ လူမှားသတ်တာ ”ဟု ကိုဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

သေဆုံးနေသော အလောင်းကို အိမ်အောက်တွင် အသင့် တူးထားသည့် တွင်းထဲကို ထည့်ရန် ပြင်ဆင်ချိန်မှ မိမိတို့ သမီးဖြစ်နေမှန်း သိရပြီး လင်မယားနှစ်ဦး ငိုကြွေးရာမှ ပတ်ဝန်းကျင်က  သိသွားရခြင်း ဖြစ်သည်။

“မနက်စောစော သူတို့သမီး ကြိုးဆွဲချ သေလို့တဲ့ ဝန်းကျင်ကလူတွေကို အကူအညီတွေ တောင်းတော့ ကျနော်တို့ သိတာ” ဟု အိမ်နီးနားချင်းတဦးက ဆိုသည်။

ထိုအမှုအား တိမ်ညို ရဲစခန်းက လာရောက် စစ်ဆေးရာ  မသင်္ကာဖွယ်တွေ့၍ ဧည့်သည်အမျိုးသမီး အပါအဝင် မိဘနှစ်ဦးအား ရဲခစန်းသို့ ခေါ်ဆောင် မေးမြန်းခဲ့ရာမှ ဝန်ခံခဲ့ကြောင်း ဒေသခံများက ပြောသည်။

မခင်အေးငွေမှာ မင်းပြားမြို့ မင်းကန်ကြီးရပ်ကွက်ဖြစ်ပြီး ကုန်ရောင်း ကုန်ဝယ်လုပ်ကိုင်နေသူ တဦးဖြစ်သည်။ ဦးမောင်သိန်းတို့ မိသားစုမှာ သမီးတဦးသာရှိပြီး ကျပန်း လုပ်ကိုင်စားသောက်ကြသည်။

ယခုအခါ တရားခံ လင်မယားနှစ်ဦးအား လူသတ်မှုဖြင့် တရားစွဲထားပြီး မြောက်ဦး ရဲစခန်းတွင် ချုပ်နှောင် ထားကြောင်းနှင့်  ဧည့်သည် အမျိုးသမီးက လူသတ်မှုကို အိမ်ရှင်လင်မယား ကြံစည်ကတည်းက သိရှိ ခဲ့သော်လည်း အသက် အန္တရာယ်ကို စိုးရိမ်သောကြောင့် အိပ်ချင် ယောင်ဆောင်ခဲ့ကြောင်း ရဲစခန်းတွင် ပြောကြားသည်ဟု နီးစပ်သူ တဦးက ဆိုသည်။

14 comments

  • True Faith

    August 19, 2010 at 2:11 pm

    ဒီသတင်းကို ပြည်ပအခြေစိုက် မဇ္ဈိမသတင်းဌာနမှာ တင်ထားတာ တွေ့မိပါတယ်။ တွေ့တာမြင်တာ ပြောခြင်း ဖြစ်ပါတယ်။ စိတ်မရှိပါနဲ့ သူငယ်ချင်း။

  • kopauk mandalay

    August 19, 2010 at 3:35 pm

    ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်စိတ်ရင်းအတိုင်းအကျုးိပေးတာခံလို်က်ရတယ်ဆိုတာ မျန်ကြောင်းသက်သေပြလိုက်သလိုပါဘဲ။
    ဒါပေမယ့်သတ်သူကမသေဘဲ ကြားထဲကသမီးလေးက အချောင်သေရတာကိုတော့ ရင်နာစရာပါဘဲ။
    တကယ်တော့ ဝဋ်ခံရတယ်ဘဲမှတ်ရပါလိမ့်မယ်၊

  • Pyaung Gye

    August 19, 2010 at 5:30 pm

    လောဘ လောဘ အတောမသတ်တဲ့လေဘကြောင့်

  • winne

    August 20, 2010 at 2:53 am

    ကိုယ်သားသမီးကျတော့ ဝမ်းနဲ ပူဆွေးတတ်ကြတာဘဲ ဒါမျိုးကျတော့ အသည်းမမာနိုင်ကြပါလား

  • etone

    August 20, 2010 at 3:09 am

    ဘယ်လိုပြောရမှန်းတောင်မသိဘူး ။ တော်တော်ဆင်လို့လားကိုယ့်သားသမီးနဲ့ တစိမ်းက

    • Pauk Sah

      July 11, 2012 at 1:54 pm

      လောဘဇောကပ်နေလို့/အကာလလဲဖြစ်နေလို့ပေါ့ အီးတုံးရေ…ကျုပ်အကြောက်ဆုံးက အယ်လို စိတ်ကို လောဘကို မချုုပ်တည်းနိုင်မှာကိုဘဲ…အချိန်တိုင်းသတိထားနေရဒယ်…ဒါဒေါင် တချက်တချက်လွတ်ချင်သေးဒယ်ဗျို့

  • လင်းဝေကျော်

    August 20, 2010 at 7:01 am

    ူလူတွေ မှာ ၁၅သိန်းလောက်နဲ့ လူသတ်နေကြရပြီလား။
    ဒေါ်လာ ၁၅၀ဝ လောက်ပဲရှိတာလေ။
    မြန်မာတွေ ဘဝ ဘယ်တော့များမှ ကောင်းပါ့မလဲ။
    ဟိုတစ်လောက ဖတ်မိတဲ့ဂျာနယ်ထဲမှာဆို ၅၀,၀၀ဝလောက်တန်တဲ့ နားကပ်ကလေးလုဖို့
    ကလေးလေးကို သတ်ပစ်လိုက်တယ်တဲ့။

    • မောင်ပေ

      July 11, 2012 at 2:08 pm

      မနှစ်က
      ရန်ကုန်မှာဘဲ
      မုန် ့ဟင်းခါး တစ်ပွဲစားပြီး
      ပိုက်ဆံမပေးလို ့တဲ့
      ဓါးနဲ ့ခုတ်လိုက်တာ
      သေပါလေရောတဲ့
      မုန် ့ဟင်းခါး တစ်ပွဲ တန်လှ အများဆုံး ၅၀ဝ ကျပ်ပေါ့

  • Yin Nyine Nway

    August 20, 2010 at 7:55 am

    မကောင်းကြံ ဘေးရန်ထိဆိုတာ ဒါပဲနေမှာနော်

  • zeitgeistguy

    August 20, 2010 at 8:36 am

    ဧည့်သည် သေနေ့မစေ့သေးလို့ဖြစ်မယ်။ ဒီလောက်အတိအကျစီစဉ်တာတောင်သေနေ့မစေ့တော့ သေကံမရောက်တာနေမယ်။

  • khinmintatthu

    August 20, 2010 at 10:09 am

    လောဘစိတ်ကြောင့် မမှားသင့်တာတွေ မှားကုန်ကြတာပေါ့….

  • အရင့်ရောင်

    July 11, 2012 at 2:15 pm

    ဪ……….
    လောဘ……….လောဘ……..
    သောက နဲ့တွေ့သွားတော့
    ဘာတက်နိုင်သေးလဲနော်…………

  • mamanoyar

    July 11, 2012 at 2:18 pm

    သူတို့သမီးလေးတော့ သနားပါတယ်
    ဘာမှမသိရှာပဲ လောကထဲက စောစောထွက်သွားရတယ်

  • Phaung Phaung

    July 11, 2012 at 2:56 pm

    လောဘကတော်တော်ကြောက်စရာကောင်းပါလားနော်….

Leave a Reply