လေပြေ

ကာရံJanuary 29, 20151min1318

လေပြေ

အတွေးရယ်လည် ရနံ့ပြယ်ပန်းအဝေးတစ်နေရာက
ခြေရာလိုက်ရှာရင်း မြေမှာဝေဆဲပေါ့

ကိုင်းခြောက်တို့ အသံပေးကြတယ်
လှိုင်းအောက်ကငါးကလေးလူးလွန့်ရင်း
မြူ းတူးနေပြန်သေးတယ်
ခြေရာလိုက်ရှာဆဲပါ

တစ်နေ့ဆုံဖို့ ယုံကြည်ပါတယ်
အနေဝေးလည်း သွေးမအေးတက်သူမို့
မေရယ် ချစ်ခရီးလမ်းလေး တစ်ကွေ့မှာ
ဆုံမှတ်တူရင်လေ ခြေရာလေးများထပ်လို့
အနားမှာနေခွင့်ပြုပါနော် . . . . . .

ကာရံ ၂၉ ့၁ ၂၀၁၅

8 comments

  • kai

    January 30, 2015 at 4:01 am

    လေပြေ
    မြေမှာဝေ
    ခြေရာတွေ
    ဪ..
    ဆုံမှတ်တူကြရင်လေ
    အနားမှာသာနေ…။

    ရံကာ..။
    (နောက်တာတွေ…။ စိတ်ဆိုးတော်မမူစေ…) :k:

    • Ma Ma

      January 30, 2015 at 8:21 am

      လိုတိုရှင်းပြိုင်ပွဲဝင်ရင် ဆုရလောက်တယ်။
      (နောက်တာ မဟုတ်၊ အတည်ပြောတာလို့ မယူဆစေချင်ပါ။) :k:

  • Mike

    January 30, 2015 at 3:08 pm

    .လေပြေ
    .အချစ်ရနံ့တွေဆောင်ခဲ့လေ
    .ကိုစောင့်နေတယ်မေ
    .ကံရာ။
    .အတည်ပေါက်ရေးတာ :k:

  • ဦးခင်ခ

    January 30, 2015 at 5:25 pm

    ခြေရာတူရင်
    ခွာနှိုင်းတယ်မထင်
    အဲဒါ အချစ်ပင်။

    • naywoon ni

      March 21, 2015 at 11:33 am

      ဟုတ်​တယ်​ ။ ဖျား​နေတာ​တော့မဟုတ်​ ။ writing ဘက်​ အာရုံ လှည်​့ထား​တော့ poem ဘက်​ မလှည်​့သာ​သေး ။
      ဒါထက်​ စကား အတင်​စပ်​


      လှိုင်းအောက်ကငါးကလေးလူးလွန့်ရင်း
      မြူ းတူးနေပြန်သေးတယ်
      ခြေရာလိုက်ရှာစဲပါ

      ဆိုတဲ့​နေရာမှာ ” ​ခြေရာလိုက်​ရှာ’ဆဲ’ပါ” ဆိုရင်​ ပို​ကောင်​းမလားလို့ 🙂

  • min kyansix

    March 21, 2015 at 9:58 am

    ဆိုတော့ကာ

    မျှော်တော်ယောင် မျှော်တော်ယောင်
    မျှော်တော်ယောင်ဘဝက ကျွတ်ဖို့လမ်းမမြင်ဘူးးးးး ဟီးးး 🙂

Leave a Reply