” ကို တံ ငါ “

ခင္ခJanuary 30, 20151min20318

” ကို တံ ငါ “

 

တစ်ဝမ်းတစ်ခါး လမ်းမများဘဲ
အာရုံမလင်းမှီ လှေငယ်ပြင်လို့
ကမ်းမှာဖယ်ခွါ ပင်လယ်ပြာဆီ
ငါးဖမ်းထွက်သည့် တံငါသည်။

လင်းအာရုံလွန် ပိုက်သိမ်းယူလို့
ပါလာသည့်ငါး ပုဇွန်များကို
အိမ်သူသက်ထား ဈေးထဲသွားကာ
ရောင်းချဟင်းစား နေ့တဒူဝ
လုပ်နေရတော့ ရိုးနေပါပေါ့
မောင်တစ်ထမ်းမယ်တစ်ရွက် ဇနီးတံငါသည်။

ငါးမဖမ်းနဲ့ အကုသိုလ်ကွဲ့
သူ့သတ်မသတ်နဲ့ အကုသိုလ်ကွဲ့
ဟောကြပြောကြ သိလာရလည်း
ပင်လယ်ပြာပြာ ကမ်းစပ်မှာနေ
လုပ်စရာအလုပ် ဒီတစ်လုပ်ပဲမို့
ငါ့ဝမ်းပူစာ မနေသာတော့
နောက်နေ့အာရုံ မလင်းမှီတွင်
ပင်လယ်ယောက်ျား တံငါသည်ကား
ငါးဖမ်းထွက်ရန် လှေငယ်ကိုပြင်။

သမုဒ္ဒါဝမ်းတစ်ထွာအတွက်
ကျရာဆေးစက် ပုံရိပ်ထွက်အောင်
ပြုမူနေရ ထိုဘဝတွေ
ပင်လယ်ပြင်လို ကျယ်ပြောနေပြီး
ဘယ်ကစလို့ ဘယ်မှာဆုံး
မသိတဲ့ခရီးလမ်း သွားမြဲသွားတဲ့
တံငါသည်။

 

ခင်ခ။

18 comments

  • Mike

    January 30, 2015 at 3:11 pm

    . အင်း..အဲ့တံငါသည်တွေရှိလို့လည်း
    .ပြည်သူတွေ ငါးစားနေရတာပဲလေ
    .ကျေးဇူးပါကိုတံငါ
    .ဖမ်းမြဲဆက်ဖမ်းပါ။ :k:

  • Kaung Kin Pyar

    January 30, 2015 at 5:17 pm

    ကဗျာလေးဖတ်ပြီ ဘရာဗိုပါ လေးခရေ့….။
    အကုသိုလ်များမှန်း သိသိပေမယ့်….သမုဒ္ဒရာဝမ်းတထွာဆိုတော့လဲ….
    🙁

    • ဦးခင်ခ

      January 30, 2015 at 5:22 pm

      တစ်ချို့တွေရဲ့ ဘဝတွေဟာ အသိနောက်ကို ဘဝကပြောင်းလဲ မလိုက်နိုင်တဲ့လက်တွေ့အခြေအနေအရ တွေ့မြင်လာရလို့ သူတို့ အတွက် ရင်မောမိပေမယ့် သူတို့ကတော့ သူတို့ဘဝသူတို့ပျော်နေ နေသားကျနေလေရဲ့လေ။

  • Ma Ma

    January 31, 2015 at 7:40 am

    တံငါသည်တွေနဲ့ ဆက်စပ်နေတဲ့ ကိုယ့်ဘဝမို့ တရားတွေ နာလာကြရတဲ့အခါ တံငါ သည်တွေမှာလည်း ဇဝေဇဝါနဲ့ စိတ်စနောင့်စနင်း ဖြစ်ကြရတယ်။

    တခြားဒေသလည်း သွားမနေနိုင်။
    တခြားအလုပ်လည်း လုပ်စရာမရှိ။

    အဲဒါကြာင့် ပတိရူပ ဒေသဝါသောစ ဆိုတာ အရေးကြီးတာ။
    (ဒီစာကို သဂျီးမမြင်ပါစေနဲ့။) :p:

    • ခင်ခ

      January 31, 2015 at 9:16 am

      မွေးဇာတိနဲ့မွေးဖွားရာအမျိုးအနွယ်ဆိုတာ ရွေးချယ်လို့ရတဲ့အခွင့်အလမ်းလား အမ မမ ကွန်မန့်ဖတ်ပြီးတွေးမိသွားတယ်လေ

  • မြစပဲရိုး

    January 31, 2015 at 1:21 pm

    တံငါတွေ သားသတ်သမား တွေ သာ ငရဲသွားရရင် စားတဲ့ သူတွေ ကိုပါ ငရဲ ခေါ်ဖို့ ယမမင်းကြီး ကို စန္ဒာ ပြလိုက်ကြပါ။
    အာ့မှ မျှတ မှာ။ lol:-)))))

  • အလင်းဆက်

    January 31, 2015 at 1:48 pm

    .မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုတဲ့ စကားကို မြင်ပြီး…
    .အခုတလော.. ကျနော် မြင်တွေ့နေရတဲ့ မောင်နဲ့ မယ်တွေဟာဖြင့်…
    .မောင်တစ်ထမ်း..ဆို..မယ်လည်း တစ်ထမ်းကို ဖြစ်လို့…
    .မောင်ရော..မယ်ပါ… ဆတူ ထမ်းပိုးနေရတာတောင်မှ…
    .လူတန်းမစေ့နိုင်ရှာတဲ့ ဘဝတွေ….

    🙁

  • တံငါတွေမှာ လူမွေးပြောင်တဲ့လူမရှိပါ။
    တံငါအကြီးစား (ရေလုပ်ငန်းရှင်တွေမပါ )
    :mrgreen:

    တနေ့ရှာ တစ်နေ့စားတောင်မဝ ဆန်ပြုတ်နပ်မမှန်တဲ့တံငါများစွာ တွေ့ခဲ့ရ

    • ခင်ခ

      January 31, 2015 at 6:05 pm

      ဟုတ်လားဗျ အဲဒါတော့ သတိမထားမိဘူး

  • kai

    January 31, 2015 at 3:58 pm

    စားဖို့အကောင်ကို.. သေသေချာချာသန့်ရှင်းအဟာရဖြစ်အောင်မွေးပြီး.. စောင့်ပြီး.. ရှာပြီး. သတ်စားတာကိုက.. လူသားဘဝအသက်ရှင်သန်ရေးအတွက်အထောက်အကူပြုသမို့.. ကုသိုလ်…။
    အဲလိုလုပ်တာတွေကို.. အကုသိုလ်ဆိုကြတာဟာ….. မှားတဲ့အမြင်…။ :k:

    • ခင်ခ

      January 31, 2015 at 6:03 pm

      သဂျီးအဲလိုဆိုလို့ ကျုပ်တွေးမိတာလေးတစ်ခုက ဈေးထဲသူများအသက်ပေးလိုက်တဲ့ သူများအသားကိုဝယ်တာ အလေးမပြည့်ချင်ဘူး အရနည်းတယ်ဆို အဆစ်ထဲ့ပေးပါအုံးတောင်းကြတယ်။
      သူတစ်ပါးအသားကျ အဆစ်လိုချင်ကြတယ် ကိုယ်အသားလေး ခလုတ်တိုက်လို့ အသားဖတ်လေးလှန်သွားရင်ကို ဖြစ်သဲနေလိုက်ကြတာပ အဆစ်ထပ်မဖဲ့ချင်ကြဘူးလေ။( ပေါက်ကရအတွေးပါ)

      • kai

        February 1, 2015 at 2:02 pm

        ဆေးဆရာကြီးရယ်..။
        လူရဲ့အသားနဲ့တိရိစ္ဆာန်အသား.. တတန်းထဲထားမတွေးစကောင်းဘူးလေ….
        ဘုံလည်းမတူ… တန်းလည်းမတူ…

        ဆိုတော့…
        လူဖျားနာရင်… အန်င်တိုင်ဘိုင်အိုးတစ်သောက်လိုက်ပြီး.. သတ္တဝါတွေဘီလီယန်ချီသတ်ပစ်ရတာပဲမဟုတ်လား…။
        အသက်ရှိသတ္တဝါမှန်းလည်းသိ..။ သတ်လိုတဲ့ဆန္ဒလည်းရှိ…။ သတ်လည်းသတ်…။
        များများမြန်မြန်သေပါစေလည်းဆုတောင်း…။
        အင်း..
        ငါးပါး.. အဲ..အဲ.. ၈ပါးသီလ…။ :k:

        • အလင်းဆက်

          February 1, 2015 at 4:13 pm

          ဘယ်သတ္တဝါဖြစ်ဖြစ်…သေခါနီးအချိန်မှာ ခံစားရတဲ့ ဝေဒနာ…အတူတူပဲဆိုဗျ…

        • kai

          February 1, 2015 at 4:49 pm

          မထင်ပါဘူး…။
          ရှေးဆေးပညာမသိ..မတတ်ကြစဉ်က..မှန်းအုပ်ထားတာတွေပါ…။

          တလောကတင်.. . mole rat က.. နာကျင်မှုမရှိအောင်ဓာတ်တမျိုးခန္ဓာကထွက်တယ်ဖတ်လိုက်ရသေးတယ်..။ အဲဒါနဲ့အဲဒီအကောင်ကနေ.. ကင်ဆာပျောက်ဆေးထုတ်မယ်ဆိုတာပဲ..။
          ဦးနှောက်မှာ ..နာတယ်ဆိုတာကို သိဖို့.. နဗ်ကြောတွေကပို့လာတဲ့..ဒေတာကို.. ခံစားရယူရမယ့်အသိအစိတ်အပိုင်းတခုရှိရမယ်လေ..။
          အဲဒါမရှိရင်တော့.. သေတယ်ဆိုတာ..ဘာမှန်းမသိ…။ ခံစားရမယ်ဆိုတဲ့ဝေဒနာလည်း…မရှိ.။
          လူမှာလည်း.. .ဦးနှောက်သေသွားရင်.. လူကနှလုံးခုန်အသက်ရှင်သွေးလည်ပါတ်နေပေမယ့်.. သေတယ်သတ်မှတ်ပါတယ်..။
          အသိ..အတွေး.. ခံစားမှု..ဘာမှမရှိတော့..။
          တလောက.. ယူအက်စ်လပ်စ်ဗေးဂတ်စ်မှာ.. အထိုးခံရပြီးလဲကျလို့.. brain shift ဖြစ်သွားတဲ့..မောင်ရာပြည့်ကို.. အဲလိုသတ်မှတ်ပြီး.. ဆေးရုံမှာအဟာရပေးတာတွေဖြုတ်လိုက်တာဖြစ်ပါတယ်..။
          ဖြုတ်လိုက်ပြီး..သေတယ်လို့ကျေငြာတာပေါ့..။

  • naywoon ni

    February 1, 2015 at 2:27 pm

    ​လောကမှာ ရှင်​ဘုရင်​ရှိလို့ မိဖုရားရှိတာ ။ လို့​တွေးရင်​ ​နေသာထိုင်​သာရှိပါတယ်​ဗျာ

  • Shwe Ei

    February 2, 2015 at 1:36 pm

    -သတ်တဲ့သူတွေမှာတော့ သူတပါး အသက် သတ်လို့ အကုသိုလ်ဖစ်တယ်..
    -စားတဲ့သူတွေမှာတော့ သူတပါးအသားစားလို့ ဗီတာမင်ဓါတ်တွေကြွယ်ဝပီး ခွန်အားဖစ်စေတယ်ပေါ့ခညာ… :LOL:

    • ခင်ခ

      February 2, 2015 at 1:46 pm

      တယ်ဟုတ်တဲ့ အဆိုပါလားဗျ။ မှန်၏။

Leave a Reply