ယုံကြည်ချက်တို့ ဘယ်ထံမှာ

FBမှာ ပလူပျံနေတဲ့ ဝါအမျိုးမျိုးကို ဖတ်ပြီး

ကိုယ်တိုင်တွေးမိတာ ခံစားမိတာကို ညဥ့်နက်သန်းခေါင် ထရေးမိတယ်။

 

တခြားအကြီးကြီး​တွေ​တော့

မ​ပြောတတ်​ပါဘူး

ဟိုတုန်​းက NLD ​တွေနဲ့အခု NLD​တွေနဲ့ အရမ်​းကွာ​နေတာကို​တော့သိတယ်​။

အထူးသဖြင်​့ နယ်​ဘက်​​တွေမှာပိုဆိုးတယ်

 

အရင်တုန်းက NLD ​ပါတီဝင်တွေက ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့

အ​မေစုကိုဝန်းရံကြတယ်

 

အခု​ခတ်NLD အများစုက လူကြိုက်​များတဲ့ပါတီ တနည်းအားဖြင့် ​​ဟော့​​​နေ​​​​တဲ့ပါတီမှာ နာမည်ရချင်ကြတယ်။ ပါတီဝင်ဖြစ်​​နေတာကို ပြချင်ကြတယ်​​ တနည်းအားဖြင့် ကြွားချင်ကြတယ်။

 

စစ်​အစိုးရ လက်​​အောက်​မှာ ပြားပြားဝပ်ခဲ့စဉ်က NLD ပါတီဝင်​​တွေ​​​​မှာ ကိုယ်​့အနီးတဝိုက်ကလူ​တွအ​ကြောင်းကိုပဲေဲ​ပြာရရင်

 

ကျွန်မဦးလေးတစ်ယောက်ဟာ အမေစုနောက်လိုက်ရင်း အစိုးရအလုပ်ကို တာ့တာပြလိုက်ရတယ။်

 

ကျွန်မ အစ်မသူငယ်ချင်းတို့ဆွေမျိုးတစ်စုဟာ NLD ပါတီဝင်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမှုအခင်းတစ်စုံ တစ်ရာကြုံတိုင်း အရှုံးတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။

အခွင့်အရေးကောင်းကြုံတိုင်း လက်လွှတ်ခဲ့ရတယ်။

သိုသိုသိပ်သိပ် ကုတ်ကုတ်နိမ့်နိမ့်နေခဲ့ကြရတယ်။

 

ဒီလို လုပ်ရင် ဒီလို ဖြစ်မယ်မှန်း သိရက်နဲ့ သူတို့ယုံကြည်ချက်ကြောင့် သူတို့ကြံ့ကြံ့ခိုင်ခဲ့ကြတယ်။

 

အခုခေတ်ပါတီဝင်တွေမှာဆို ပေးဆပ်စရာ နစ်နာစရာ တွေ ဟိုတုန်းကလိုမရှိလောက်တော့ဘူးလို့ထင်ပါတယ်။(ကိုယ့်အထင်ပဲဖြစ်နေတာလားတော့မသိပါ။)

 

ဒါပေမယ့် ပါတီဝင်အများစုရဲ့

နာမည်ယူလိုစိတ် အများအလယ်ထောင်လွှားလိုစိတ်တွေကြောင့် ဘာပါတီ ဘာနိုင်ငံရေးကိုမှ စိတ်မဝင်စားတတ်တဲ့ လူတစ်ချို့ကတောင် ချဉ်နေတဲ့ NLD တွေ တော်တော်များလာတာ မျက်မြင်နားကြားကြုံလာရတယ်။

 

ဒါကြောင့် ကိုယ့်ကိုယ်ကို အမေစုကိုထောက်ခံချင်တာလား

NLD ကိုထောက်ခံချင်တာလား

NLD နဲ့ အမေစု ကို ထောက်ခံချင်တာလား ဆိုတာတောင် စဉ်းစားရခက်လာတယ်။

 

သေချာတာတစ်ခုကတော့

တိုင်းပြည်အတွက် အမေစုကလွဲပြီး ဘယ်ပါတီ ဘယ်ခေါင်းဆောင်ကိုမှ မယုံရဲဘူး ဆိုတာပါပဲ။

 

(အခုလတ်တလော ကျောင်းသားသပိတ်နဲ့မဆိုင်ပါ။

တွေးမိပြီးတင်ချင်နေခဲ့တာလေးပါ။

ရုတ်တရတ်တင်ချင်လာလို့ ဖုန်းနဲ့စာရိုက်ပြီး တင်လိုက်တာမို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါ။)

23 comments

  • Crystalline

    January 31, 2015 at 6:54 am

    နာ့ညလေးရေးပို့စ်မို့ ဝင်လာအားပေးတာနော့ :))
    လူပြိန်းအတွေပဲတွေးပြီး ခေါင်းခပ်ရှင်းရှင်းထားချင်သူ… အာရုံနောက်စရာဆို ဝေါင်ဝေါင်ရှေးသူမို့.. :))

    • အဲဒါအကောင်းဆုံးပဲပေါ့ချစ်မမကြီး
      အမြဲလိုလို အဲလိုအေးဆေးနေဖြစ်ပါတယ်
      တခါတလေတော့ တွေးမိ ထရေးမိပြန်တယ်။
      တခါတလေ ငါမရေးမိရင်ကောင်းသားလို့လဲ ပြန်တွေးဖြစ်ပြန်တယ်
      ကျေးကျေးချစ်မ
      🙂

  • Ma Ma

    January 31, 2015 at 7:11 am

    နာမည်ကြီးချင်တဲ့သူ
    နေရာလိုချင်တဲ့သူ
    စိတ်ဓာတ်ကြောင့် မဟုတ်ပဲ ဝင်လာတဲ့သူ…..
    အဲလိုလူတွေ ရှိနေမှာသိလို့ အမေစုက သူ့ကိုယ်စားလှယ်မကောင်းရင် မဲမပေးပါနဲ့လို့ ပြောထားတာဖြစ်မယ်။

    ကိုယ့်အနီးအနားမှာ ရှိတာကို ကြည့်ရသလောက်တော့ အမေစု လူရွေးမညံ့ပါဘူး။

    • အဓိကပေးချင်တဲ့မက်ဆေ့ကျန်သွားတာအန်တီမမ
      အမေစုကို
      ုံကြည်ချက်ခိုသ်မာလွန်းလို့ တခါတလေ စိတ်တထပ်တည်းလို့တောင်ခံစားမိပြီး
      NLD ရဲ့တချို့လုပ်ရပ်တွေဆို အမေစုရဲ့ဆန္ဒပါရဲ့လား ထပ်တူကျရဲ့လားလို့ ခံစားမိနေတယ်။
      ကောင်းတဲ့ကိုယ်စားလှယ်တွေလည်းများပါတယ်။
      တချို့မကောင်းခြင်းတွေမှာ အသိဉာဏ်ပညာကလည်းကွဲလွဲစေတယ်လို့ထင်ပါတယ်
      အားပေးတာ ကျေားကျေားပါ
      🙂

  • ခင်ခ

    January 31, 2015 at 9:23 am

    မှန်သင့်သလောက်မှန်တာမဟုတ်ဘူး အမှန်ပါဘဲလို့ပြောရမယ်။
    ကျွန်တော်ကတော့ အောင်ဆန်းစုကြည် ကိုထောက်ခံတယ် အဲဒါ NLD ပါတီအနေနဲ့မဟုတ်ဘူး သူ့စွမ်းရည် သူအရည်အချင်းကို လေးစားထောက်ခံခြင်းပါဗျာ။

  • တသဘောတည်းပဲဦးခရေ
    နိုင်ငံရေးလှည့်ကွက်တွေကို အရမ်းနားမလည်ဘူး
    အဲဒါကြောင့် ဒေါ်အောင်စုကြည်ကိုပဲ ယုံရဲတယ်

  • Mr. MarGa

    January 31, 2015 at 10:34 am

    ကိုယ့်အမြင်ကို ဝင်မပြောဘဲ ဘာသိဘာသာ စာထိုင်ဖတ်နေတဲ့သူတစ်ယောက်အနေနဲ့တော့
    ယုံစရာ တစ်ယောက်ပဲမြင်ပါတယ်
    တံခါးဖွင့်ရင်တော့ လေကောင်းလေသန့်ရော ပိုးကောင်မွှားကောင်တွေရော ဝင်လာမှာပဲလေ…
    ဘာပဲဖြစ်ဖြစ် လက်ရှိထက်တော့ ပိုကောင်းဖို့ရှိတာမို့
    မျှော်လင့်ပါရစေ…
    ယုံကြည်ချက်ကို သူ့ဆီပဲ ပုံပါရစေဦး

  • မြစပဲရိုး

    January 31, 2015 at 12:59 pm

    မနန်း က ညသန်းခေါင်ထရေး၊ အရီး ကတော့ လင်းအားကြီး ထရေး။ lol:-))

    မနန်း ပြောသလိုပါဘဲ ။ ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ ကို တော့ အကြွင်းမဲ့ ယုံပါတယ်။
    အောက်လူ တွေ ဆိုတာကတော့ ဘယ်မှာ မဆို လူစုံ ရော နေတာပါဘဲ။
    ကြံ့ဖွံ့ လဲ ကြံ့ဖွံ့ မို့၊ ဒီချုပ် လဲ ဒီချုပ် မို့ ကောင်းသူ ဆိုးသူ တွေ့ရပါတယ်။
    အဓီက ကြည့်သင့်တာက ကိုယ်မဲ ပေးရမဲ့ ကိုယ်စားလှယ် တွေ ကိုပါ။
    သူတို့ ရဲ့ ရိုးသားမှု၊ တိုင်းပြည် အပေါ် စေတနာထားမှု၊ ပညာ ဉာဏ်ရည် စသဖြင့် တိုင်းတာနိုင် တဲ့ အချက် တွေ အများကြီး ပါ။
    ဒါကြောင့် မို့ ကိုယ် အာဏာရစေချင်တဲ့ ဒီချုပ် မှာ တကဲ့ လူသိတဲ့ အများလေးစားတဲ့ ပညာရှင်တွေ၊ လူမှုရေး လုပ်နေသူတွေ အားဖြည့် စေချင်တာ။
    ဒီလို လူတွေ ရဖို့ ပါတီ ထဲ စည်းရုံး သင့်တာ။

    ကိုယ်က ပွဲ ကြည့်ပရိတ်သတ် လိုဘဲ ဝေဖန်နေတာမို့ တကဲ့ လက်တွေ့ အခက်အခဲ တွေကို တော့ မသိနိုင်ပါဘူး။
    ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံ မှာ ပါတီ အောင်မြင်ဖို့ ကတော့ လူကောင်း ပြနိုင်ဖို့ ကအရင်ဘဲ လို့ ထင်ပါတယ်။
    မူ တွေ ဆိုတာ ကတော့ ပါးစပ်ထဲ ရှိရာ လူပြိန်းကြိုက် ပြောချင်သလိုပြောလို့ ရနေတာ ကို။
    အခု လက်ရှိ ဖြစ်နေသလိုပေါ့။
    ပြောချချတာပြော။ လက် တွေ့မဖြစ်။ မဲ ခိုး နေတော့ လဲ သူတို့ ဘဲ ဆက် အာဏာရ ။
    ဒီတော့ တစ်ခြား ဒီမိုကရေစီ အစစ် နိုင်ငံ တွေ လို သက်တမ်း အတွင်း တကယ် စိတ်တိုင်း ကျ မဖြစ်ရင် ပြည်သူ က ပြန်ဖြုတ် နိုင်စွမ်း မရှိတော့။

    ဒါကြောင့် အခု ၂၀၁၅ ဟာ မြန်မာပြည် ရဲ့ အပြောင်းအလဲ ဘဲ။
    မဲ ဆက်ခိုး နေမဲ့ အစိုးရ ဖြစ်နေဦးမယ် ဆိုရင်တော့ ဒီတစ်သက် ပြောင်းဖို့လမ်း မရှိတော့။
    ခိုးပြီးရင်းခိုး ဖို့ ပါဝါကြီးကြီး လာတော့မှာကိုးလေ။

    • အရီးပြောသလိုမှန်ကြောင်းပါ။
      နယ်အစွန်ဘက်နေတုန်းက စိတ်ထားကောင်းပြီး ကိုယ့်စီးပွားကိုယ်ရှာစားနေတဲ့ ကြံ့ဖွတ်တစ်ယောက်ကို ဘာလုပ်ရင် ဘယ်လိုတိုင်လိုက်မဟဲ့ ဆိုပြီး အမြဲချောင်းတေဲ့ NLD တေ
      ယာက်ကိုတွေ့ဖူးရဲ့
      တော်တော်များများရွာခံတွေကလည်း ချဉ်ကြ ရှောင်ကြတယ်။

      အဲဒီလို ပါတီဝင်တွေကြောင့် NLD ကို လက်မခံချင်တော့ဘူး မဲမပေးချင်တော့ဘူးလို့ပြောပြောနေတဲ့ နယ်သူနယ်သားတွေလည်းတွေ့တွေ့လာရတယ်။

      ကျွန်မသူငယ်ချင်းရဲ့မောင်လေးဆို DSTA တက်နေရင်း လောင်းကစားအကြွေးတွေတင်လို့ (အဲဒီကျောင်းတက်ပြီး လောင်းကစားဘယ်လိုလုပ်လဲတော့မသိရိုးပါ)
      ပြစ်ချက်ကြောင့် ကျောင်းထွက်လိုက်ရတယ်။
      ပါစင်နယ် မူန်းတီးမှုနဲ့ ဘောင်းဘီချွတ်အစိုးရဘာလုပ်လုပ် ကန့်ကွက်ဖို့NLD ထဲရောက်သွားတယ်။
      ဘေးကမြင်တဲ့လူတွေအဖို့ NLD ဆိုတာ အစိုးရဘာလုပ်လုပ် အတိုက်အခံပြုမယ့်ပါတီပဲ ထောင်ထောင် ထထောင်ထောင်တွေပဲဆိုပြီး အမှတ်မှား စပါးမွှေးစူးလာကြတယ်။

      ကြုံရတာလေးတချို့ပါ မြန်မာပြည် လူနေမှုတွေထဲ ဆင်းမိရင် သိသိလာရမှာပါ။

      ဒီလို ငါးခုံးမတွေ တွေ့တွေ့လာတော့ ကိုယ်စားလှယ်ကောင်း ပညာရှင်ကြီးတွေ ပိုပို နစ်နာလာတယ်။
      ထူးမခြားနားပါတီဖြစ်လာမလားလို့ စိုးရိမ်လာကြတယ်။

      မျက်စိစပ်နေဆဲ အရီးကို ပြန်မန့်ပါသည်။
      🙂

  • အလင်းဆက်

    January 31, 2015 at 2:21 pm

    ဟွာလေ…
    အခုတလော ကျနော် ပင်နီအကျီ င်္နဲ့ ကချင်ပုဆိုး…တွဲဝတ်ပြီး..
    ချည်သား လွယ်အိတ်လေးလွယ်ပြီး…ဟိုဟိုဒီဒီ သွားချင်စိတ် ရှိနေတယ်..
    အဲ… ဒါပေမယ့်..ပါတီတစ်ခုခုရဲ့ ဝတ်စားဆင်ယင်မှုနဲ့..သွား တူနေမှာစိုးလို့…
    အဲဒီလို ဝတ်ချင်စိတ်ကို မနည်း ဖျောက်ထားရတယ်.. ။

    😆

    ကျနော့်ပတ်ဝန်းကျင်မှာလည်း ရှိပါ့…
    NLD ပါတီ ကို အသင်းဝင်ထားကြောင်း တခုတ်တရ လူတကာကို လိုက်ပြောပြီး..
    ကြံဖန် ဂုဏ်ယူနေတာ..
    လူ ကြည့်တော့..နိုင်ငံရေးဆိုတဲ့ စကားလုံးအကြောင်းတောင် လုံးစေ့ပတ်စေ့ သိပုံမရ…

    😆

    • အဲဒါမျိုးတွေ အတော်များပါတယ် အဝေးကကြည့်ရုံနဲ့မမြင်နိုင်တဲ့ လူ့စရိုက်တွေပါ။
      သာမန်ပြည်သူတွေတော်တော်များများကတော့ ဘယ်ပါတီဝင်ဖြစ်ဖြစ် ပါတီခေါင်းဆောင် ကိုယ်စားလှယ် ဘုစုခရုပါတီဝင် ရယ်လိူ့ ခွဲမမြင်ကြဘူးလေ။
      ဒီလူက ဒီပါတီဝင်ဆို ပါတီရဲ့နာမည်နဲ့ပဲ ကိုင်ပြောတတ်ကြတာမဟုတ်လားအလက်ဆင်းရေ
      🙂

  • apolo11

    February 3, 2015 at 4:39 pm

    အဲ့ဒါတွေကြောင့် NLD ကို မယုံရင်၊
    မဲတွေ တစ်ခြားရောက်သွားလိမ်းမယ်။

    • ခင်ဇော်

      February 5, 2015 at 6:42 am

      Agree……!!!!
      🙂

    • တကယ်ပဲ မဲတွေတခြားကိုရောက်ကုန်ခဲ့ပါတယ်။
      ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်တွေကတော့ ဘယ်လိုဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရှိနေတဲ့ပါတီကို ကိုဟ်တိုင်ကိုယ်ကျ မဲပေးခဲ့ပေးမယ့် နယ်ခံပြည်သူတွေကတော့ နယ်ခံပါတီဝင်တွေကိုချဉ်တာနဲ့ ကြံ့ဖွတ်နဲ့ NLD ကလွဲပြီး ကျန်တာတခုခုအမှန်ခြစ်ခဲ့တယ်ဆိုပြီး ကိုယ့်ရှေ့မှာတင်ပြောနေတာတွေကြားခဲ့ဖူး ကြံ့ဖွတ်ကော NLD ပါ မဲရှုံးခဲတာကို ထိုကာလဆုန်းက အဲ့မြို့မှာနေခဲ့စဉ် မဲပေးခဲ့စဉ်က ကြုံခဲ့ဖူးတာပါ။

  • naywoon ni

    February 3, 2015 at 6:34 pm

    ဘာ​တွေကို ယုံကြည်​ရမလဲ​ဟေ့ ငါ့အနာဂါတ်​မယုံ​သေးဘူး စစ်​ပွဲပြီးစ မြို့ပျက်​ကြီးလို စိတ်​ကူး​တွေ အကုန်​ပြိုလဲ အိုး ဟိုး ……. ဦး​နှောက်​က ငြင်​းဆန်​လဲကွယ်​ ငါ့အသည်​း​တွေအရည်​​ပျော်​ပြီ
    ပို့ စ်​ဖတ်​ပြီး ​ခေါင်​း​နောက်​သွားလို့ ” ချစ်​​ကောင်​း ” သီချင်​း​လေး ရသ​လောက်​ပြန်​ဆိုကြည်​့တာ ။ 🙂

  • kai

    February 5, 2015 at 4:11 pm

    ပုံစံကြည့်ရတာ.. ၂၀၁၅နိုင်လည်း.. ၂၀၁၆မယ်.. ဒီချုပ်က..အစိုးရဖွဲ့နိုင်မယ့်ပုံမရှိတာမို့.. ရွေးကောက်ပွဲဘာဖြစ်ဖြစ်.. အစိုးရက.. အခုပုံနဲ့သိပ်ကွာမယ်မထင်…။
    ဆိုလိုချင်တာက…
    ဒီချုပ်က.. အမတ်ထဲမယ်တော့..မဂျောရတီဖြစ်ပြီး.. ဥပဒေတွေပြုနိုင်မယ်..။ အဲဒီကနေ.. နိုင်ငံရေးအတွေး့အကြုံတွေရမယ်…။

    ခြုံပြောရရင်.. လူထုက.. ဒီချုပ်ဖက်က.. ခွေးတက်တက်.. ကြောင်အရွေးခံခံ..မဲနဲ့ ရွေးပေးကြဖို့ပဲ…။
    အဲဒီလိုနဲ့.. ချိန်ခွင်လျှာ..(နည်းနည်း) ညီမျှလာမယ်..။
    တိုင်းရင်းသားတွေ.. ဘုန်းကြီးတွေ.. စစ်တပ်အပါအဝင်.. ပြည်ခိုင်ဖြိုးပါတီဝင်တွေကပါ… အဲဒီသဘောကို သိသင့်…။
    တိုင်းပြည်အနာဂါတ်အတွက်..(အစိုးရမဖြစ်နိုင်တဲ့) ဒီချုပ်ကိုသာ မဲတွေပုံပေးလိုက်သင့်…။

    ဒီမိုကရေစီအပါအဝင်… အစိုးရ.. လွှတ်တော်.. တရားရေးဆိုတာ.. လုပ်ယူမှရတယ်..
    တိုင်းပြည်အာဏာတွေအကုန်.. တပါတီထဲပုံပေးရင်.. (ဘယ်သူမဆို) အာဏာရှင်ဖြစ်ပါကြောင်း..။
    လူထုဟာ..သူနဲ့တန်တဲ့အစိုးရကိုသာရတယ်.. ဖြစ်ပါကြောင်း…။ :k:

    • လူထုဟာ သူနဲ့တန်တဲ့အစိုးရကိုသာမှာဖြစ်တယ်
      ဆိုတဲ့စကားတယ်မှန်ပါတယ်သူကြီး
      စည်းကမ်းမရှိတဲ့လူထုကို စည်းကမ်းရှိတဲ့ဥပဒေနဲ့ချုပ်ကိုင်တဲ့အခါ အာဏာရှင်လို့မြင်တတ်တဲ့အကျင့်ဆိုးတွေလည်း တော်တော်ဖျောက်နိုင်မယ်မထင်ပါ။
      အစိုးရချည့်ကောင်းနေလို့လည်းမဖြစ်ဘူး
      အစိုးရကဖျက်ဆီးလို့ လူထုပျက်ဆီးနေသလားဆိုတာလည်း အတွေးမျိုးစုံရှိနေမြှာပါ။

  • Foreign Resident

    February 5, 2015 at 4:33 pm

    မှန်တာပြောရရင် ဒေါ်စုကိုတောင်မှ အကုန်လုံး ကြိုက်တာ မဟုတ်ဘူး ။
    ဒါပေမယ့် ဒေါ်စု ကလွဲရင် တခြားသူလဲ မမြင်မိတော့ ဒေါ်စု ကိုဘဲ ။

  • မွသဲ ( 17082011 )

    February 5, 2015 at 6:53 pm

    ဟုတ်တယ်သော်ကလေးရေ။ ခုဟာက အမေစုကိုခုတုံးလုပ်နေကြတဲ့ တောကြောင်တွေများလာတယ်။ အာဏာရှင်စနစ်ဆိုးက လေ့ကျင့်ပေးထားတဲ့ နေရာယူချင်တဲ့စိတ်တွေကြောင့်ပေါ့။ အာဏာပါဝါရှိမှ လူရာဝင်မယ်ဆိုတဲ့ အတွေးအခေါ်မှားတွေကို သွပ်သွင်းခံခဲ့ရတဲ့ စနစ်ဆိုးအမွေတွေပေါ့။ တွေးရင်းနဲ့တောင်အသည်းနာမိပါတယ်

    • အသိဉာဏ်ပညာ နေရာပတ်ဝန်းကျင် ဓလေ့စရိုက် ကွားခြားတာနဲ့အမျှ စိတ်ဓာတ်တွေအမျိုးမျိုးကွာခြားကြပါတယ်မွသဲ

      အစိုးရရဲ့ကျေးဇူးတော်ကြောင့် နေရာစုံ လူစုံ နောက်ဆုံး လူတွေလန့်တဲ့နေရာတွေထိနေခဲ့ရတော့ အသိအမျိုးစုံရခဲ့ပါပေ့။
      ကျန်းမာရေးကောင်းမှ ရေးကါဦးမည်။
      🙂

Leave a Reply