အလင်းခြုံတဲ့ သတင်း Zone – 22

alinsettJanuary 31, 20156min1878

 

အခုတစ်ပတ် အလင်းခြုံတဲ့ သတင်း Zone ကနေ တင်ပြပေးသွားမယ့် သတင်းတွေကတော့ …

  • US ရှိတဲ့ ကမ႓ာကျော် ယေးလ်တက္ကသိုလ်ကနေ                                    မြန်မာကျောင်းသား လူငယ်များအတွက် အထူးအစီအစဉ် လျှောက်လွှာများကို လက်ခံနေပြီဆိုတဲ့သတင်း…

  • US အခြေစိုက် ငြိမ်းချမ်းရေး စေတမန် Peace Corps အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ အကူအညီပေးဖို့အတွက် လုပ်အားပေး လုပ်ငန်းတွေ စတင်တော့မယ့်သတင်း..

  • ကချင်တိုင်းရင်းသူ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး                      ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ တောင်းဆိုကြေညာချက်များ..

  • ဇီဝနဲ့ ဓာတုလက်နက် ဖျက်သိမ်းရေးစာချုပ်တွေ အကောင်အထည်ဖော်နိုင်ဖို့ မြန်မာကို လိုအပ်တာတွေ ကူညီမယ်လို့ US နိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းလိုက်တဲ့ သတင်း…

  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဟာ                                               ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ စတင် ပြင်ဆင်နေတဲ့သတင်းနဲ့ ရွေးကောက်ပွဲဆိုင်ရာ နောက်ဆက်တွဲသတင်းများ…

  • မြန်မာနိုင်ငံက ကလေးငယ်တွေကို ခိုးယူပြီး ထိုင်းနိုင်ငံထဲကို ရောင်းချတဲ့ ဈေးကွက် ပေါ်ပေါက်နေတယ်ဆိုတဲ့ သတင်း…

  • တရားမဝင်ဖမ်းဆီး သတ်ဖြတ်ခြင်းခံရခြင်း၊ စားကျက်မြေကျဉ်းမြောင်းလာခြင်းတို့ကြောင့် မြန်မာနိုင်ငံမှာ ဆင်ကောင်ရေလျော့နည်းလာခြင်းကို ကာကွယ်ဖို့အတွက် စီမံချက်တွေ ရေးဆွဲနေပြီဆိုတဲ့သတင်း…

  • ”အောင်ဆန်းသူရိယနှင်းဆီ”ဆိုတဲ့ နာမည်နဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ၊ ရန်ပုံငွေဖျော်ဖြေပွဲတစ်ခု ကျင်းပမယ့်သတင်း…

  • မြန်မာနိုင်ငံမှ ပဒေါင်အမျိုးသမီးများရဲ့ ကြေးကွင်းစွပ် လည်ပင်းရှည် စတိုင်လ်ကို အားကျ စွဲလန်းတဲ့အတွက် လည်ပင်းကို ကြေးကွင်းများ စွပ်ထားတဲ့ US ၊ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ အမေရိကန် အမျိုးသမီးတစ်ဦးရဲ့ သတင်း…

  • မြန်မာနိုင်ငံမှာ ပြဌာန်းဖို့ လွှတ်တော်က စဉ်းစားနေတဲ့ မျိုးစောင့် ဥပဒေကို                                                       USCIRF နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိက ကော်မရှင်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်တဲ့သတင်း…

  • လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လစာ၊ စရိတ်တိုးမြင့်ရေး နဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းကို သမ္မတ လက်မှတ်မပါဘဲနဲ့ အတည်ပြုလိုက်တဲ့သတင်း..

  • မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး Yanghee Lee ကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးဖြစ်တဲ့ ဦးဝီရသူက လိင်ပိုင်းဆိုင်ရာ စကားလုံးများ ကြမ်းတမ်းစွာသုံးစွဲပြီး ဝေဖန်တိုက်ခိုက်ခဲ့ပြီးနောက်… နောက်ဆက်တွဲ သတင်းအချက်အလက်များ…

  • လာမယ့် ၂၀၁၆ ခုနှစ်က စပြီး ကယားပြည်နယ်တစ်ခုလုံးကို လျှပ်စစ်ဓါတ်အား ပေးနိုင်တော့မယ်ဆိုတဲ့ သတင်းနဲ့…

  • US မှာ ပြုလုပ်မယ့် ပွဲလမ်းသဘင်ဆိုင်ရာ သတင်းများ…

  • အခြား သိမှတ်ဖွယ်ရာ သတင်းထူးများကို စုစည်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကွန်နက်တီကတ်ပြည်နယ်၊ နယူးဟဲဗင်မှာ တည်ရှိတဲ့                                ကမ႓ာ့ထိပ်တန်း ယေးလ် တက္ကသိုလ်ကနေ ပြုလုပ်ပေးတဲ့                                    လူငယ် ပညာသင်အစီအစဉ် (Yale Young Global Scholars Program) မှာ မြန်မာကျောင်းသားတွေကို ဖိတ်ခေါ်ထားကြောင်း သတင်းရရှိပါတယ်။

ယေးလ် တက္ကသိုလ်မှာ ဇွန်လကနေ ဩဂုတ်အထိ တက္ကသိုလ်ဘွဲ့ကြိုအဆင့် ပညာရပ်တွေဖြစ်တဲ့ သမိုင်း၊ နိုင်ငံရေးသိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ ဥပဒေ၊ နိုင်ငံတကာရေးရာ၊ လူထုကျန်းမာရေးနဲ့ ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ …စတဲ့ ဘာသာရပ်တွေကို သင်ရိုးညွှန်းတမ်း သုံးခုခွဲခြားပြီး သင်ကြားပေးမှာ ဖြစ်ပါတယ်။

ကျောင်းသားတွေအနေနဲ့ မိမိနှစ်သက်ရာ သင်ရိုးညွွှန်းတမ်း တစ်ခုကို လျှောက်ထားနိုင်ပါတယ်။

အမေရိကနိုင်ငံမှာ ရှိတဲ့ ကမ႓ာကျော် ယေးလ်တက္ကသိုလ်အနေနဲ့  မြန်မာကျောင်းသား လူငယ်များအတွက် ၂၀၁၅ ခုနှစ် နွေရာသီ အထူးအစီအစဉ် လျှောက်လွှာများကို လက်ခံနေပြီဖြစ်တဲ့အတွက် ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့ နောက်ဆုံးထားပြီး အင်တာနက်အွန်လိုင်းမှ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

လျှောက်ထားမယ့် ကျောင်းသားတွေဟာ မြန်မာနိုင်ငံသား ဖြစ်ခြင်း ၊ မြန်မာနိုင်ငံရှိ ကျောင်းတွေမှာ ပညာသင်ကြားခဲ့သူ ဖြစ်ခြင်း၊ လက်ရှိ မြန်မာနိုင်ငံမှာ နေထိုင်နေသူဖြစ်ခြင်း စတဲ့ အချက်တွေနဲ့လည်း ကိုက်ညီရပါမယ် ။

ရွေးချယ်ခံရတဲ့ ကျောင်းသားတွေအတွက် လေယာဉ်စရိတ်၊ ပညာသင်စရိတ်နဲ့ အခြားစရိတ်စကတွေကို YYGS အစီအစဉ်ကနေ ကုန်ကျခံမှာ ဖြစ်ပါတယ်။

လျှောက်ထားနိုင်တဲ့ အင်တာနက် ဝက်ဘ်ဆိုက်ကတော့… http://globalscholars.yale.edu/news/2015-yygs-scholarship-myanmar

2015 YYGS Scholarship: Myanmar

 

၁၅

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၈ ။

မြန်မာနိုင်ငံ၊ ရှမ်းပြည်မြောက်ပိုင်း မြန်မာစစ်တပ် ခမရ ၅၀၃ ရဲ့ စစ်ကြောင်း စခန်းချတဲ့နေရာအနီး ကောင်းခါးရွာမှာ ကချင်တိုင်းရင်းသူ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး                                                အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်းနဲ့ ဒီအမှုကို အမှန်တရားအတိုင်း ပေါ်အောင် ထိထိရောက်ရောက် စုံစမ်းစစ်ဆေးပေးစေလိုကြောင်း မြန်မာအစိုးရကို ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ညက ရှမ်းပြည်မြောက်ပိုင်းမှာ မြန်မာစစ်တပ် ခမရ ၅၀၃ ၊ စစ်ကြောင်း စခန်းချတဲ့နေရာအနီး ၊ ကောင်းခါးရွာမှာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC က စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms. Yanghee Lee ကို ဆရာတော် ဦးဝီရသူက ပြည့်တန်ဆာမအဖြစ် ရိုင်းစိုင်းစွာ ခိုင်းနှိုင်း ပြောဆိုချက်တွေကိုလည်း ကုလအထူးကိုယ်စားလှယ်က ပြစ်တင်ရှုတ်ချ လိုက်ပြီး

မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်နဲ့အတူ                                 ခွဲခြားဆက်ဆံမှု မရှိတဲ့ ယဉ်ကျေးသော လူမှုအသိုင်းအဝိုင်းဖြစ်စေရေးအတွက် မြန်မာအစိုးရနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

လာမယ့် မတ်လမှာပြုလုပ်မယ့် လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း              အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့  နိုင်ငံတကာ အစီရင်ခံစာ ရေးသားရာမှာ ထည့်သွင်းရေးသားဖို့အတွက်     မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရရှိထားကြောင်းလည်း သတင်းထုတ်ပြန်လိုက်ပါတယ်။

၁၄

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၈ ။

မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ ဇီဝနဲ့ ဓာတုလက်နက် ဖျက်သိမ်းရေးစာချုပ်တွေ အတည်ပြုနိုင်ခဲ့တဲ့အတွက် အမေရိက ပြည်ထောင်စုက အားရကျေနပ်မိကြောင်းနဲ့  စာချုပ်တွေ အကောင်အထည် ဖော်နိုင်ရေးအတွက် လိုအပ်တာတွေကို ကူညီပေးမယ့်အကြောင်း                                                        US လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Frank Rose က မြန်မာအစိုးရကို ကမ်းလှမ်းလိုက်ပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိက လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Frank Rose ဟာ လက်နက်ထိန်းချုပ်ရေး၊ ခွဲခြားစိစစ်ရေးနဲ့ ဥပဒေအတိုင်း လိုက်နာကျင့်သုံးရေးဆိုင်ရာ ကိစ္စတွေ ဆောင်ရွက်နေတာ ဖြစ်ပြီး ဇန်နဝါရီလ ၂၈ ရက်နေ့က နေပြည်တော်မှာ                                                ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ စာချုပ်တွေမှာ အတည်ပြုပြီးတဲ့နောက် အဲဒီစာချုပ်တွေကို အကောင်အထည်ဖော်ဖို့ အပိုင်းမှာ လိုအပ်တဲ့ အကူအညီတွေရှိရင် ကူညီချင်ကြောင်း ၊ US အနေနဲ့ ဘာတွေ ကူညီပေးစေချင်လဲဆိုတဲ့ အရေးကိစ္စတွေ ကို ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

၁၃

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၈ ။

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က                                           လတ်တလော မြန်မာ့နိုင်ငံရေး အခြေအနေကို လေ့လာပြီးမှ ၂၀၁၅ ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူးဆိုတာကို ဆုံးဖြတ်မှာဖြစ်ကြောင်း ပြောဆိုမှုတွေ ရှိခဲ့ပြီးနောက်မှာ                                       ဇန်နဝါရီလ ၂၈ ရက်နေ့မှာတော့ …                                                              ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ NLD ပါတီဟာ စတင် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

NLD အနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းမှုတွေကိုလည်း ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း NLD အဖွဲ့ဝင်တွေထံက သိရပါတယ် ။

လက်ရှိ အာဏာရ ပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင်                                    အခြား တိုင်းရင်းသား အင်အားကြီး ပါတီတွေကလည်း ဒီ ၂ဝ၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြင်ဆင်မှုတွေ စတင်နေပြီဖြစ်ပါတယ်။

အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲစာရင်းတွေကိုလည်း                                        ရွေးကောက်ပွဲမတိုင်ခင် ကြိုတင် ထုတ်ပြန်ပေးမှာ ဖြစ်ကြောင်း ၊                                                          ၂၀၁၅ အထွေထွေရွေးကောက်ပွဲကိုလည်း မဖြစ်မနေကျင်းပပေးမှာ ဖြစ်ကြောင်း                                   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ထုတ်ဖော်ပြောဆိုထားပါတယ်။

 

၁၂

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂ရ ။

မြန်မာနိုင်ငံက ကလေးငယ်တွေကို ခိုးယူကာ ထိုင်းနိုင်ငံထဲ ရောင်းချပြီး တောင်းရမ်းခိုင်းခြင်းနဲ့ ၊ ကြီးပြင်းလာတဲ့အခါ မကောင်းသော လုပ်ငန်းများလုပ်ကိုင်စေခြင်းတို့ ပြုလုပ်နေတဲ့ ဈေးကွက်တစ်ခု ထိုင်းနိုင်ငံမှာ ပေါ်ပေါက်နေကြောင်း သိရပါတယ်။

ခိုးယူခံရပြီး ထိုင်းနိုင်ငံအတွင်းကို ရောင်းချခံလိုက်ရတဲ့ မြန်မာကလေးငယ်တချို့ဟာ အရွယ်မရောက်သေးမီ တောင်းရမ်းခိုင်းခံရပြီး ၊                                                                 အရွယ်ရောက်တဲ့အခါမှာတော့ မိန်းကလေးတွေကို ပြည့်တန်ဆာလုပ်ငန်း၊ အနှိပ်ခန်း နဲ့ အိမ်အကူအလုပ်များ လုပ်ခိုင်းပါတယ်။

ယောက်ျားလေးတွေ အရွယ်ရောက်လာရင်တော့ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးနဲ့ ရေလုပ်ငန်း စတာတွေမှာ လုပ်ကိုင်ကြရကြောင်း မြန်မာလုပ်သားတွေကို ကူညီ စောင့်ရှောက်မှုပေးနေတဲ့ ထိုင်းနိုင်ငံရှိ မြန်မာအသင်း အဖွဲ့အစည်းများက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကလေးငယ်တွေကို ခိုးယူပြီး အရောင်းအဝယ်ပြုလုပ်ရာမှာ ကလေးငယ်တစ်ဦးကို                       အများဆုံးကျပ် ၁၅ သိန်း (ဘတ်ငါးသောင်း) ထိ ရရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာကလေးများအပေါ် ခေါင်းပုံဖြတ်မှုနဲ့ လူကုန်ကူးခံရတဲ့ ကိစ္စတွေကို ကာကွယ်စောင့်ရှောက်နေတဲ့ အဖွဲ့အစည်းများအနေနဲ့ ၂၀၁၁ မှ ၂၀၁၃ အတွင်း မြန်မာ ကလေးငယ် အရေအတွက် ခုနစ်ရာကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း                                                  ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPPCR) က                                         သတင်း ထုတ်ပြန်ထားပါတယ်။

၁၁

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၆ ။

အရှေ့ တောင်အာရှမှာ တောဆင်ရိုင်းနဲ့ အိမ်မွေးဆင်အများဆုံးကျန်ရှိသေးတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ ဆင်စားကျက်မြေ များ ကျဉ်းမြောင်းလာခြင်း၊ မြေအသုံးချမှုများပြားလာခြင်းနဲ့                တရားမဝင်အမဲလိုက် သတ်ဖြတ်ခြင်းတွေကြောင့် သဘာဝတောအတွင်းရှိ                              တောဆင်ရိုင်းများ ကောင်ရေဟာ သိသိသာသာ လျော့နည်းသွားကြောင်း သိရပါတယ်။

အခုလို တရားမဝင်ဖမ်းဆီး သတ်ဖြတ်ခြင်းခံရခြင်း၊ စားကျက်မြေကျဉ်းမြောင်းလာခြင်းတို့ကြောင့်              ဆင်ကောင်ရေလျော့နည်းလာခြင်းကို ကာကွယ်ဖို့အတွက် စီမံချက်တွေ ရေးဆွဲပြီး ဆင်တွေကို ကာကွယ်ထိန်းသိမ်းသွားမယ်လို့ သဘာဝပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၁-၂၀၀၃ အတွင်း စာရင်းကောက်ယူမှုများအရ တောဆင်ရိုင်းကောင်ရေ ငါးထောင်ခန့်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် အခုလက်ရှိမှာတော့ သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများနဲ့ သဘာဝ နယ်မြေအတွင်း တောဆင်ရိုင်း ကောင်ရေဟာ သုံးထောင်ခန့်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ယခု ချမှတ်မည့် စီမံချက်အရ တောဆင်ရိုင်းများ ကျန်ရှိမှုအခြေအနေကို လာမယ့်၂၀၁၆ ခုနှစ် မှ စတင် စစ် တမ်းကောက်ယူမှာ ဖြစ်ပါတယ်။

ဒါ့အပြင် DNA နည်းလမ်းနဲ့ စစ်ဆေးခြင်း၊ ထောင်ချောက်ကင်မရာများတပ်ဆင်ခြင်း…စသည်ဖြင့် သိပ္ပံနည်းကျပြန်လည်စစ်တမ်းကောက်ယူမှာဖြစ်ကြောင်း                                               သဘာဝပတ်ဝန်းကျင်နဲ့ သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ပြောဆိုလိုက်ပါတယ်။

၁၀

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၅ ။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ၊ ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် ”အောင်ဆန်းသူရိယနှင်းဆီ”ဆိုတဲ့ နာမည်နဲ့ ရန်ပုံငွေဖျော်ဖြေပွဲတစ်ခုကို                                 ရန်ကုန်မြို့၊ အမျိုးသား ကဇာတ်ရုံမှာ ဖေဖော်ဝါရီ ၉ ရက် ၊ ၁ဝ ရက်များမှာ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။

အဆိုပါ ဖျော်ဖြေပွဲအတွက် လက်မှတ်ဈေးနှုန်းများကတော့ ငွေကျပ်တစ်သောင်းမှ ခုနစ်သောင်းအထိ သတ်မှတ်ထားပြီး ဖေဖော်ဝါရီလဆန်းမှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။                                    ဖျော်ဖြေကပြမယ့်သူများကတော့ နေတိုး၊ထွန်းထွန်း၊ မင်းမော်ကွန်း၊ ကျော် ကျော်ဗိုလ်၊ ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်နဲ့ မိုးယုစံတို့ ပါဝင်မယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပြီး တိုင်းပြည်လွတ်လပ်ရေးရဖို့ ကြိုးပမ်းသွားတဲ့ ဗိုလ်ချုပ်ရဲ့ အကြောင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်တာဖြစ်ပြီး နောင်နှစ်တစ်ရာ ဆိုတာ မကြုံနိုင်တော့ကြောင်း ၊ ဒါကြောင့် တစ်သက်မှာ တစ်ခါကြုံရတဲ့အတွက် အစွမ်း ကုန်ဖျော်ဖြေသွားဖို့ စီစဉ်ထားကြောင်း အဆိုပါ ကပွဲရဲ့ ဒါရိုက်တာ မောင်မျိုးမင်းက ပြောဆိုပါတယ်။

အောင်ဆန်းသူရိယနှင်းဆီအဖွဲ့ရဲ့ ဖျော်ဖြေပွဲအတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဇာတ်ကားထဲမှ နမူနာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ဝင်ခန်း (၄) ခန်းကို ပြသမယ့် အစီအစဉ်ရှိကြောင်းလည်း သိရှိရပါတယ်။

၈

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၄ ။

US ၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ နေထိုင်တဲ့ ဆစ်ဒနီ အမည်ရှိ အသက် ၂၉ နှစ်အရွယ်                 အမေရိကန် အမျိုးသမီးတဦးဟာ မြန်မာနိုင်ငံမှ ပဒေါင်အမျိုးသမီးများရဲ့ ကြေးကွင်းစွပ် လည်ပင်းရှည် စတိုင်လ်ကို အားကျ စွဲလန်းတဲ့အတွက် သူမရဲ့ လည်ပင်းကိုလည်း ကြေးကွင်းများ စွပ်ထားကြောင်း သိရပါတယ်။

အမေရိကန်အမျိုးသမီး ဆစ်ဒနီရဲ့ ထူးဆန်းသော စိတ်စွဲလမ်းမှုအကြောင်းနဲ့ ပတ်သက်ပြီး               US ရဲ့ နာမည်ကြီး ရုပ်သံချန်နယ်လ် TLC ကလည်း ထုတ်လွှင့်ပြသခဲ့ပါတယ်။

အဆိုပါ ကြေးကွင်းများဟာ လည်ပင်းကို တကယ် ရှည်လာစေခြင်း မဟုတ်ဘဲ အမှန်အားဖြင့် ပခုံးညှပ်ရိုးကိုသာ နိမ့်ဆင်းစေကြောင်း သူမ နားလည်ထားပါတယ်။

သူမရဲ့ ဆရာဝန်က တားမြစ်ပေမယ့် ယခုလက်ရှိ စွပ်ထားတဲ့ ကြေးကွင်းများကို ဖြုတ်ဖို့ကိုတော့ ဆစ်ဒနီက ငြင်းဆန်နေခဲ့ပါတယ်။ ဒါပေမယ့် ဆစ်ဒနီ အနေနဲ့ နောက်ထပ် ၅ နှစ် စောင့်ဆိုင်းပြီးမှသာ နောက်ထပ် ကြေးကွင်းတွေ ထပ်စွပ်ဖို့ သဘောတူထားပါတယ်။

ဆစ်ဒနီဟာ အထူးပြုလုပ်ထားတဲ့ ကြေးကွင်းတွေအတွက် ဒေါ်လာ ၁,၀၀ဝ ကျော် အကုန်အကျ ခံထားပါတယ်။

ကြေးကွင်းတွေ စွပ်ထားတဲ့အတွက် သူမဟာ ပူအိုက်ခြင်း၊ ယားယံခြင်း၊ သက်တောင့်သက်သာ မရှိခြင်းတို့ကို ခံစားနေရပေမယ့် တနှစ်လျှင် နှစ်ကြိမ်သာ ကြေးကွင်းတွေကို ဖြုတ်တယ်လို့ သိရပါတယ်။

ကြေးကွင်းတွေ စွပ်ထားတဲ့ လည်တိုင်ကြောင့် စားသောက်ရာမှာ ခက်ခဲခြင်း၊                             ကားမောင်းရာမှာ ခက်ခဲခြင်းများ ရှိပါတယ်လို့ သူမက ဝန်ခံပါတယ်။

ဒါပေမယ့် လည်ပင်းမှာ စွပ်ထားတဲ့ ကြေးကွင်းတွေကို ဖြုတ်ပစ်ဖို့တော့ တခါမှ စိတ် မကူးခဲ့ကြောင်း ဆစ်ဒနီက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအတွင်းမှာ ရှိတဲ့ ပဒေါင် (သို့မဟုတ်) ကယန်းအမျိုးသမီးများရဲ့                 ကြေးကွင်းစွပ် လည်တိုင်ရှည်များဟာ အံ့ဩဖွယ်ရာ တစ်ခုအဖြစ် နိုင်ငံများစွာရဲ့ စိတ်ဝင်စားစွာ ကြည့်ရှုခြင်း ခံရတဲ့ ရိုးရာ ဓလေ ့ထုံးစံ တမျိုးဖြစ်ပါတယ်။

၉

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၄ ။

ဇန်နဝါရီလ ၂၃ရက်နေ့က  ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင်း အတည်ပြုချက်အရ အင်တာနက်လိုင်းများ တိုးချဲ့ရေးနဲ့ ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ            ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံကနေ ချေးငွေယန်း ၁ဝ ဒသမ ၅၀ဝ ဘီလီယံ ချေးယူတော့မှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါချေးငွေအတွက် ဆိုင်းငံ့ကာလအနေနဲ့ ၁ဝနှစ်၊ ပြန်ဆပ် ကာလ နှစ် ၃ဝ နဲ့               သက်တမ်း နှစ် ၄ဝ ဖြစ်ပြီး အတိုးနှုန်းကတော့ တစ်နှစ်လျှင် ဝ ဒသမ ဝ၁ နှုန်းနဲ့ ပြန်ပေးဆပ်ဖို့ သဘောတူညီထားကြပါတယ်။

အဆိုပါချေးငွေနဲ့ ရန်ကုန်မြို့တွင်း ဆက်သွယ်ရေးအဆောက်အအုံ တည်ဆောက်ခြင်းများ ၊                  ISP အဆင့်မြှင့်တင်ခြင်းနဲ့ IPv6 စနစ် စတင်သုံးစွဲနိုင်ရေး၊                                 သီလဝါအထူးစီးပွားရေးဇုန်မှာ ဆက်သွယ်ရေးအဆောက်အအုံ တည်ဆောက်ခြင်း၊                          မြန်နှုန်းမြင့် ဖိုက်ဘာကေဘယ်နဲ့ စက်ပစ္စည်းများ တပ်ဆင်ခြင်း၊                                                နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ National  Gate-way များ အဆင့်မြှင့်တင်ခြင်း…စသည်တို့ကို ဆောင်ရွက်မှာ ဖြစ်ကြောင်း သိရပါတယ်။

၇

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၄ ။

US အခြေစိုက် စေတနာ့ဝန်ထမ်းတွေဖြစ်တဲ့ ငြိမ်းချမ်းရေး စေတမန် Peace Corps အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ လိုအပ်သလို တစ်ဖက်တလမ်းက အကူအညီပေးဖို့အတွက် အခုနှစ်ဆန်းပိုင်း အစမှာပဲ လုပ်အားပေး လုပ်ငန်းတွေ စတင်တော့မှာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံဖြစ်သူ က M.s Penny Fields ပြောဆိုလိုက်ပါတယ်။

မြန်မာအစိုးရရဲ့ တောင်းဆိုချက်အရ ပညာရေး၊ ကျန်းမာရေး၊ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ ပြည်သူလူထုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍတွေကို ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် Peace Corps အဖွဲ့က ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

Peace Corps အဖွဲ့ဟာ စေတနာ့ဝန်ထမ်းများအဖြစ် အကူအညီ လိုအပ်နေတဲ့ နိုင်ငံတွေကို သွားရောက်ကာ ပြည်သူလူထုတွေနဲ့ အတူကတွနေထိုင်ပြီး ကဏ္ဍအသီးသီးက လူတစ်ဦးချင်းစီရဲ့ စွမ်းရည်တွေကို ဖွံ့ဖြိုးတိုးတက်လာအောင် သင်ကြားပေးမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ စေတနာ့ဝန်ထမ်း အဖွဲ့ဝင်တွေဟာ သွားရောက် လုပ်အားပေးရတဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှု / ဓလေ့စရိုက်တွေကိုလည်း ပြန်လည် သင်ယူသွားကြမှာ ဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်း ငြိမ်းချမ်းရေး စေတမန်လုပ်ငန်းစဉ်တွေကို ၁၉၆၁ ခုနှစ်က စတင်ပြီး အမေရိကန်သမ္မတဟောင်း John F. Kennedy က တက္ကသိုလ်ကျောင်းသားတွေကို                  ကမာ္ဘ့နေရာ အသီးသီးထံ စေလွှတ်ခဲ့ပြီး လုပ်အားပေး လုပ်ငန်းစဉ်တွေ လုပ်ကိုင်ရင်း                        နှစ်နိုင်ငံ လူသားအရင်းအမြစ်များ ဖလှယ်တဲ့အစီအစဉ်အဖြစ် အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

သက်တမ်း ၅၄ နှစ်ရှိပြီဖြစ်တဲ့ Peace Corps အဖွဲ့အစည်းဟာ နိုင်ငံပေါင်း (၁၄၀) မှာ လုပ်အားပေးခဲ့ပြီး ယခု ၂၀၁၅ ခုနှစ်မှာတော့ မြန်မာနိုင်ငံအတွက် စတင် လုပ်အားပေးတော့မှာ ဖြစ်ပါတယ်။

၆

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၃ ။

မြန်မာနိုင်ငံမှာ ပြဌာန်းဖို့ လွှတ်တော်က စဉ်းစားနေတဲ့ မျိုးစောင့် ဥပဒေဟာ                       မြန်မာနိုင်ငံတွင်းက ဗုဒ္ဓဘာသာ မဟုတ်သူများ၊ အထူးသဖြင့် မူစလင်များကို ဘာသာကူးပြောင်းခွင့်နဲ့ လက်ထပ် ထိမ်းမြားခွင့်တွေမှာ ခွဲခြားမှုတွေ ရှိစေတဲ့အပြင် ဘာသာရေးလွတ်လပ်ခွင့်ကို ကန့်သတ်ရာ ရောက်နေတယ်လို့ US အနေနဲ့ ယူဆတဲ့ အတွက်                                                          USCIRF နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိက ကော်မရှင်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

အဆိုပါ ဘာသာကူးပြောင်းခွင့်ဆိုင်ရာ ဥပဒေမူကြမ်းဟာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ နိုင်ငံတကာရဲ့ သတ်မှတ်ချက်ကို ချိုးဖေါက်ရာ ရောက်တဲ့အပြင် ဒါဟာ ပြန်ပြင်လို့ မရတဲ့ အမှားမျိုး ဖြစ်ကြောင်းလည်း ပြောဆိုဝေဖန်လိုက်ပါတယ်။

၂၀၁၄ ခုနှစ်အတွက် USCIRF ရဲ့ နှစ်ပါတ်လည် အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး ဖေါ်ပြရာမှာ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပေမယ့် မူစလင်ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေ၊ ရိုဟင်ဂျာ မူစလင် အသိုင်းအဝိုင်းကို ခွဲခြား ဆက်ဆံမှုတွေ ရှိနေပြီး ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ တရားဝင် အကာကွယ်ပေးမှုတွေမှာတော့ တိုးတက်မှု မရှိကြောင်း ဖေါ်ပြထားပါတယ်။

ဘာသာရေး လွတ်လပ်ခွင့် မရှိခြင်းနဲ့ ၊ စိုးရိမ်ရတဲ့ နိုင်ငံ (country of particular concern) CPC အဖြစ် USCIRF က ၁၉၉၉ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို ထည့်သွင်း သတ်မှတ်ထားခဲ့တာဖြစ်တဲ့အတွက် အခုဆိုရင် ဆယ်နှစ်ကျော်လာပြီကြောင်း သိရပါတယ်။

၅

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၃ ။

လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လစာ၊ စရိတ်တိုးမြင့်ရေး နဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းကို သမ္မတဦးသိန်းစိန်က လက်မှတ်မထိုးဘဲနဲ့ ဇန်နဝါရီလ ၂၃ ရက်၊ ပြည်ထောင်စု လွှတ်တော်မှာ              မဲခွဲ ဆုံးဖြတ် အတည်ပြုလိုက်ကြောင်း သိရပါတယ်။

သမ္မတဦးသိန်းစိန်က လွှတ်တော်ကိုယ်စားလှယ်များအတွက် ချီးမြှင့်ငွေ တိုးမြှင့်ခြင်းဆောင်ရွက်တဲ့ နေရာမှာ ဥပဒေပြု အဖွဲ့အစည်းဖြစ်တဲ့ လွှတ်တော်က ဆောင်ရွက်ခြင်းထက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက အခြေခံဥပဒေနဲ့ အညီ ဘဏ္ဍာရေး ဆိုင်ရာ လုပ်ငန်းစဉ်တွေ အတိုင်း ကြိုတင် တွက်ချက်ပြီးမှသာ ထိုက်သင့်တဲ့ ပမာဏ တိုးမြင့်ရေးကို ဆောင်ရွက်သင့်ကြောင်း သဘောထား မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ တင်ပြလာတဲ့ ဥပဒေကြမ်းကို သမ္မတအနေနဲ့ လက်မှတ်မထိုးဘဲ အဆိုပါ သဘောထားမှတ်ချက်နဲ့ ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်နဲ့ ပြန်လည်ပေးပို့မှုကို တပ်မတော်သား ကိုယ်စားလှယ်များ အပါအဝင် ၊ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီး အတည်ပြုချက်ရယူဖို့ မဲခွဲရာမှာတော့ ထောက်ခံမဲတွေ များပြီး သမ္မတမှတ်ချက်က ရှုံးနိမ့်ခဲ့ ခြင်း ဖြစ်ပါတယ်။

အခုဆိုရင် ပြည်ထောင်စုလွှတ်တော်က တိုးသင့်တယ်လို့ မှတ်ချက်ပြုလိုက်တဲ့အတွက် အဆိုပါ ဥပဒေကို သမ္မတအနေနဲ့ လက်မှတ်မထိုးလည်း ၁၄ ရက်အတွင်း အတည်ဖြစ်လာတော့မှာဖြစ်ကြောင်း သိရပါတယ်။

ယခုအတည်ပြုလိုက်တဲ့ ဥပဒေကြမ်းပါ အချက်များအရ ပြည်ထောင်စုအဆင့် လွှတ်တော် ကိုယ်စားလှယ်များက တစ်လလျှင် ကျပ် ၁ဝ သိန်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ရှိ                     လွှတ်တော်ကိုယ်စားလှယ်များက တစ်လလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် လစာများ တိုးမြှင့်ရရှိမှာ ဖြစ်ပါတယ်။

လစာတိုးမြှင့်မှုများဟာ ဥပဒေအရ ဖေဖော်ဝါရီလမှာ စတင်အသက် ဝင်မယ်ဆိုပေမယ့်               ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် စတင်မယ့် ဧပြီလမှသာ စတင်ခံစားခွင့်ရှိမယ်လို့လည်း သတင်းရရှိပါတယ်။

၄

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၂ / ၂၃

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေအရပ်ရပ်ကို စုံစမ်းလေ့လာဖို့ ၁ဝ ရက်ကြာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး Yanghee Lee ကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးဖြစ်တဲ့ ဦးဝီရသူက လိင်ပိုင်းဆိုင်ရာ စကားလုံးများ ကြမ်းတမ်းစွာသုံးစွဲပြီး ဝေဖန်တိုက်ခိုက်ခဲ့တာကို လက်ခံနိုင်စရာ မရှိကြောင်း                             ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Husseinu က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ                          မန္တလေး၊ မစိုးရိမ်တိုက်သစ်က ဦးဝီရသူဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ် Yanghee Lee ကို ပြည့်တန်ဆာမဆိုတဲ့ စကားလုံးနဲ့ ရင့်သီးစွာ သုံးစွဲခေါ်ဝေါ်ပြီး ထိုးနှက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာဗုဒ္ဓဘာသာဘုန်းကြီး ဦးဝီရသူရဲ့ မစ် Yanghee Lee ကို ရိုင်းပြကြမ်းတမ်းစွာ ဝေဖန် တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးမယ်လို့ မြန်မာ အစိုးရဘက်က ပြောဆိုထားပေမယ့် ဦးဝီရသူကို တရားဝင်တိုင်ကြားချက်မရှိရင် အရေးယူရန် မဖြစ်နိုင်ကြောင်း ကြားသိရပါတယ်။

ဒါ့အပြင် ဒီကိစ္စဟာ သံဃာ့ကိစ္စဖြစ်နေတဲ့အတွက် မိမိတို့အနေနဲ့ တိုက်ရိုက်ကိုင်တွယ်လို့ မရပါဘူးလို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောကြားခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဦးဝီရသူကို သတင်းမီဒီယာတွေက စုံစမ်း မေးမြန်းခဲ့ရာမှာလည်း ဒီ့ထက်ပြင်းထန်တဲ့ ဝေါဟာရ စကားလုံးရှာတွေ့ရင်၊ ဒီထက် ပြင်းထန်တဲ့စကားလုံးနဲ့ ပြောဦးမှာဖြစ်ကြောင်း၊ မြန်မာပြည်အပေါ် မစ္စရန်ဟီးလီ လုပ်ခဲ့တာတွေနဲ့ ညီမျှတဲ့စကားလုံး မရှိကြောင်း ဦးဝီရသူက တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

16

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၁ ။

ဇန်နဝါရီလ ၂၁ ရက်နေ့မှာ မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှ ဦးလှမောင်ရွှေ ဦးဆောင်တဲ့အဖွဲ့နဲ့ NCCT ခေါင်းဆောင်များ တွေ့ဆုုံ ဆွေးနွေးပွဲ ပြုလုပ်အပြီးမှာ တစ်နုိုင်ငံလုုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချူပ်ကိုု လာမယ့် ဖေဖေါ်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုုနေ့မှာ တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့အစည်းအားလုုံး သဘောတူလက်မှတ်ထိုုးဖိုု့ဆိုတာ မဖြစ်နုိုင်သေးဘူး လို့                  NCCT ဒုုတိယ အဖွဲ့ခေါင်းဆောင် ဗုိုလ်ချူပ် ဂွမ်မော်က ပြောဆိုလိုက်ပါတယ်။

MPC နဲ့ အပစ်အခတ်ရပ်စဲရေးဆိုုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (NCCT) တိုုင်းရင်းသား ခေါင်းဆောင်တွေဟာ ထုိုင်းနုိုင်ငံ ချင်းမုိုင်မြို့မှာ တွေ့ဆုုံဆွေးနွေးခဲ့ကြပေမယ့် အချက်တချို့ဟာ ညှိနှိုင်းလိုု့ မရသေးတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

တစ်နုိုင်ငံလုုံး အပစ်အခတ်ရပ်စဲရေးဆိုုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ခေါင်းဆောင်တွေအနေနဲ့ ခုုနှစ်ကြိမ်မြောက် ထပ်မံတွေ့ဆုုံဆွေးနွေးဖိုု့ဆိုုတာဟာလည်း ရက်သတ်မှတ်ဖိုု့ အခက်အခဲဖြစ်နေကြောင်း သိရပါတယ်။

၃

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၁ ။

လာမယ့် ၂၀၁၆ ခုနှစ်ကစပြီး ကယားပြည်နယ်တစ်ခုလုံးကို လျှပ်စစ်ဓါတ်အား ပေးနိုင်တော့မှာ ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဆိုပါ အမှတ် (၃) လောပိတရေအားလျှပ်စစ်စက်ရုံကို အရင်အစိုးရလက်ထက်က Future Energy Co. Ltd နဲ ့ သဘောတူစာ ချုပ်ချုပ်ဆို ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

မကြာခင် ဖွင့်လျှစ်တော့မယ် ဒီ ဓါတ်အားစက်ရုံကို နိုင်ငံတော်သမ္မတ ကိုယ်တိုင်                           တက်ရောက် ဖွင့်လှစ်မှာဖြစ်ပြီး စက်ရုံကနေ ကယားပြည်နယ်အတွက်ရရှိမယ့် လျှပ်စစ်ဓါတ်အား ပမာဏကိုတော့ ပြည်နယ်အစိုးရက ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

ကယားပြည်နယ်မှာ အမှတ် (၁) နဲ့ အမှတ် (၂) လောပိတ ရေအားလျှပ်စစ်စက်ရုံတွေကနေ လျှပ်စစ်မဂ္ဂါဝပ် ၂၀ဝ နီးပါး ထုတ်လုပ်နေကြပေမယ့် ပြည်နယ်အတွက် ၁ဝ မဂ္ဂါဝပ်ကိုသာ သုံးစွဲခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။

၂

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၂၁ ။

ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို နိုင်ငံတော်သမ္မတအနေနဲ့ သဝဏ်လွှာပေးပို့ခဲ့ရာ                                                       ဓါတုလက်နက်တွေနဲ့ တိုက်ခိုက်တာတွေကို ပိတ်ပင်တားဆီးပြီး ဓါတုလက်နက် ဖျက်သိမ်းရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံ ဝင်ရောက်လက်မှတ်ရေးထိုးဖို့နဲ့ ၊ မြန်မာနိုင်ငံအပေါ် မလိုလားအပ်တဲ့ စွပ်စွဲပြောဆိုချက်တွေ ပပျောက်စေရေး၊ ဓါတုဗေဒ ပစ္စည်းတွေကို သတ်မှတ်ချက်ဘောင်အတွင်း ငြိမ်းချမ်းတဲ့နည်းနဲ့ ထုတ်လုပ်အသုံးပြုနိုင်ရေးဆိုတဲ့ အချက်များကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကမာ္ဘ့နိုင်ငံပေါင်း ၂၉ဝ က လက်မှတ်ရေးထိုးထားတဲ့ ဓါတုလက်နက်ထုတ်လုပ်မှု ဖျက်သိမ်းရေး သဘောတူစာချုပ်မှာ မြန်မာနိုင်ငံ ပါဝင် လက်မှတ်ထိုးဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကလည်း အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

ဓါတုလက်နက်ထုတ်လုပ်မှု ဖျက်သိမ်းရေး စာချုပ်မှာ မြန်မာနိုင်ငံပါ ပါဝင် လက်မှတ်ရေးထိုး                     လိုက်မယ် ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ကုန်သွယ်မှု အကျိုးစီးပွားအတွက်လည်း အကျိုးရှိမှာဖြစ်ကြောင်း သမ္မတရဲ့ သဝဏ်လွှာမှာ ပါဝင်ကြောင်း သိရှိပါတယ်။

၁

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ၊နှစ် ၁၀ဝ ပြည့်အထိမ်းအမှတ် ပွဲတော်များကို US ရှိ မြို့အသီးသီးမှာ ကျင်းပဖို့ စီစဉ်နေရာ                                                  ဆန်ဖရန်စစ္စကို ဘေး ဧရိယာ မြန်မာမိသားစုများကလည်း ဖေဖော်ဝါရီလ ၂၂ ရက်၊ တနင်္ဂနွေနေ့၊ ဘေးဧရိယာ၊ နယူးအပ် ခန်းမဆောင်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အခမ်းအနားမှာ မြန်မာစားသောက်ဖွယ်ရာတွေနဲ့ စတုဒိသာ ကျွေးမွေးမှာ ဖြစ်ပြီး                              ဗိုလ်ချုပ်ရဲ့ “ကြည်၊ ပဲပြုတ်နဲ့ နံပြားရင် စားချင်တယ်”လို့ ဇနီး ဒေါ်ခင်ကြည်ထံ ရေးခဲ့တဲ့ စာတိုလေးကို အမှတ်တရဖြစ်အောင် ဗိုလ်ချုပ်အလွမ်းပြေ “ပဲပြုတ်နဲ့ နံပြား” ကို အထူးအစီအစဉ်အဖြစ် ကျွေးမွေးမှာ ဖြစ်ပါတယ်။

မြန်မာပြည်ကနေ ရွှေ့ပြောင်းအခြေချသူ များစွာ နေထိုင်လျက်ရှိတဲ့ ဆန်ဖရန်စစ္စကို ဘေးဧရိယာမှာ

ကျင်းပမယ် ့အဆိုပါ ပွဲတော်အတွင်း တေးသံသာဖျော်ဖြေရေး ၊ အကပဒေသာ ၊ ကဗျာ ရွတ်ဖတ်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုအမှတ်တရစကားပြောခြင်း တို့လည်း ပါဝင်မှာ ဖြစ်ပြီး ဗိုလ်ချုပ် ရုပ်ပုံပန်းချီကားနဲ့ ဓာတ်ပုံများ ၊ နာမည်ကျော်မိန့်ခွန်းများ၊ ဗိုလ်ချုပ်အကြောင်း စာစီစာကုံးများ၊                                                     အမှတ်တရ နံရံကပ်စာစောင်များကိုလည်း ပညာပေး ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။

 

နေ့ရက် ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၁၅ (တနင်္ဂနွေနေ့)
အချိန် နံနက် ၁ဝ နာရီ မှာ ညနေ ၃ နာရီ
နေရာ Newark Pavilion
6430 Thornton Avenue. Newark, CA 94560

ဆက်သွယ်ရန်

ဒေါ်ထွေးလေးခိုင် 408-347-1962
ကိုချိုဦး 510-552-7973
ကိုကျော်ကျော်စိုး 415-377-7966
ကိုမျိုးလွင် 510-857-7852
ကိုမိုးကျော် 650-834-0184
ကိုထွန်းမြတ်ဦး 415-571-6401
ကိုမောင်ရစ် 415-595-1485

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ တက်ခ်ဆပ်ပြည်နယ် ၊ဟူစတန်မြို့၊ 14910 Welcome Lane, Houston, TX 77014 ဇေယျဝတီ ဗုဒ္ဓဝိဟာရ ကျောင်းဝန်းအတွင်းမှာ ကောက်ဦး ထမနဲ အလှူပွဲတော်ကို ဖေဖော်ဝါရီလ ၁ ရက် ၊ တနင်္ဂနွေနေ့ နံနက် (၁ဝးဝ၀) မှာ စတင် ကျင်းပမှာ ဖြစ်ပါတယ်။

ဓမ္မမိတ်ဆွေများအနေနဲ့ ကြွရောက် နိုင်ပါကြောင်းနဲ့ ၊ အသေးစိတ် သိရှိလိုသူများအတွက် ဖုန်း – ၂၈၁-၉၈၈-၅၉၃၅ ကို ဆက်သွယ် စုံစမ်းနိုင်ပါကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Newark Pavilion တည်ရှိရာ 6430, Thornton Ave Newark, CA 94560 မှာ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲတော်ကို ဖေဖော်ဝါရီလ ၂၂ ရက် ၊ တနင်္ဂနွေနေ့ နံနက် (၁ဝးဝ၀) မှာ ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ အထိမ်းအမှတ်ပွဲတော်ကို မည်သူမဆို တက်ရောက်နိုင်ပြီး အသေးစိတ်သိရှိလိုသူများအနေနဲ့ ဖုန်း- (၄၀၈) ၃၄၇-၁၉၆၂ ၊ (၅၁၀) ၈၅၇-၇၆၅၂ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

azm

 

 

 

 

 

 

 

 

 

8 comments

  • အလင်းဆက်

    January 31, 2015 at 2:47 pm

    ကြာသပတေးနေ့တိုင်း တင်ပြနေကျကနေ…
    အခုအပတ်တော့…စနေနေ့မှ တင်လိုက်နိုင်တယ်ဗျို့..
    နည်းနည်း အလုပ်များနေလို့…

    နောက်အပတ်တွေ ပုံမှန် တင်နိုင်အောင် ကြိုးစားပါ့မယ်..

    ခင်မင်စွာ…

  • ko six

    January 31, 2015 at 6:28 pm

    ဖတ်​ရှုလျှက်​ရှိပါ​ကြောင်​း

  • ko six

    January 31, 2015 at 6:30 pm

    ဖတ်​ရှုလျှက်​ရှိပါ​ကြောင်​း:-)

  • Kaung Kin Pyar

    February 4, 2015 at 4:29 pm

    အားပေးသွားတယ် ဆက်ဆက်ရေ….

    လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လစာ၊ စရိတ်တိုးမြင့်ရေး နဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းကို သမ္မတ လက်မှတ်မပါဘဲနဲ့ အတည်ပြုလိုက်တဲ့သတင်း..

    အိုက်ဒါလေးဖတ်ရတော့ ရီချင်ထှာလေ…။ ကမ်ပနီမှာလဲ အိုက်လို လုပ်လို့ရရင် သိပ်….ကောင်းမှာပဲနော်…။ အောက်ခြေမှာ လစာတိုးဖို့ လက်မှတ်တွေကြိတ်ထိုး(ဒါက သိပ်စည်းရုံးဖို့ မလိုဘာဘူး…)၊ ရုံးက Owner’s Representative ကြီးကို အိုက်စာရွက်လေးကိုင်၊ ချီပြီးတုပ်ပြီး မသေသေအောင်ရိုက်…ငိငိ…။

    နောက် ဒါလေး…

    မြန်မာနိုင်ငံမှ ပဒေါင်အမျိုးသမီးများရဲ့ ကြေးကွင်းစွပ် လည်ပင်းရှည် စတိုင်လ်ကို အားကျ စွဲလန်းတဲ့အတွက် လည်ပင်းကို ကြေးကွင်းများ စွပ်ထားတဲ့ US ၊ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ အမေရိကန် အမျိုးသမီးတစ်ဦးရဲ့ သတင်း…

    သူ အိပ်ရင်ရော ချွတ်လားမသိဘူးနော်…။ အိုက်ကြေးကွင်းတွေကိုလေ…
    :k:

    • အလင်းဆက်

      February 5, 2015 at 1:24 pm

      တစ်နှစ်မှမှ နှစ်ကြိမ်ပဲ… ချျွတ်သတဲ့…
      အသည်းယားထာဗျာ..

      :k:

      လွှတ်တော်မှာ… အထက်အရာရှိ လက်မှတ်မပါပဲ.. လစာတိုးဖို့ အတည်ပြုတာနဲ့…
      ကုမ္ပဏီမှာ..အဲ့လိုလု်ိုက်လုပ်လို့ရကောင်းဖို့ ဆိုတာကလည်း..
      အင်း..အသည်းယားထာ..ဗျာ…

      :k:

  • မွသဲ ( 17082011 )

    February 5, 2015 at 7:13 pm

    ပေါ့တပါ့ပါးပါးသတင်းလေးများလဲမျော်လင့်နေပါကြောင်း

    • အလင်းဆက်

      February 5, 2015 at 7:46 pm

      .အဟမ်းးး မြန်မာပြည်က..အခု..ဇော်က ကနေတာ…ရယ်…
      .ရယ်ရယ်မောမောလည်း…တွေ့ရပါရဲ့…
      .ပေါ့ပေါ့ပါးပါး ဟန်လည်း..ပြထားပါရဲ့…
      .ခါးလည်း ကော့ထားပုံရပါရဲ့…
      .ဒါမယ့်…တော်တော်တော့ မောနေတယ်…
      .မမောချင်ယောင် ဆောင်နေတာလား..ဘာလား..

Leave a Reply