အိမ်​

ko sixJanuary 31, 20151min1168

အ​ဖေအ​မေမရှိ​တော့တဲ့ ဘဝဟာ
​ရေ​သောက်​မြစ်​အတူူးခံထားတဲ့သစ်​ပင်​လို
ငါ
ဒါမှမဟုတ်​
လူ့ဘဝတစ်​ခု
ရပ်​လျှက်​​သေဆုံး​နေရမှာ အ​သေအချာ
အိမ်​ဟာ
နယူး​ယောက်​မှာလား
ဘက်​ဂဒက်​မှာလား
​မြောက်​ဝင်​ရိုးစွန်​းမှာလား
ငါ ထုပ်​ပိုးပြီိးပြီ
အဲဒီအရပ်​မှာ
ငါ့အိမ်​က​လေးသာရှိကြည်​့
ပြန်​​တော့မည်​ဖြစ်​သည်​
ကိုစစ်​

8 comments

  • မြစပဲရိုး

    January 31, 2015 at 9:42 pm

    နယူးယောက် – ကြောင်ကုတ်လိမ့်မယ်။
    ဘက်ဂဒက် – ဇက်မယားဘူးလားကွယ်။
    မြောက်ဝင်ရိုးစွန်း – ချမ်းလိုက်တာ အော်နေရမှာ။
    lol:-)))

  • naywoon ni

    February 1, 2015 at 1:38 pm

    အိမ်​ဆိုဒါ ခန္ဓာ ရှိရာ​နေရာဗျ ။

  • kai

    February 1, 2015 at 1:45 pm

    အိမ်ဆိုတာမရှိရင်
    အရှိကိုအိမ်လုပ်သင့်
    မိဘမရှိရင်
    ကိုယ်ကမိဘလုပ်လင့်..။

  • အလင်းဆက်

    February 1, 2015 at 4:23 pm

    အိမ်…
    ကျနော်လည်း..အဲ့ဒီစကားမှာ…ဖျားနာဖူးတယ်..

  • Mr. MarGa

    February 2, 2015 at 9:14 am

    တကယ်တော့ ဒါတွေဟာ ပညတ်တွေပါ…. :mrgreenn:

  • ko six

    February 2, 2015 at 10:56 pm

    အရင်​းအဖျားညှိဖို့
    ကျ​နော်​့မှာ အိမ်​နှစ်​လုံးရှိတယ်​
    တစ်​ခုက ဘဝအိမ်​
    ကျန်​တစ်​ခုက ပညာအိမ်​
    ဟုတ်​တယ်​
    ကျ​နော်​ ဘာမှမဟုတ်​ဘူးဆိုတာ သိလာတဲ့တစ်​​နေ့
    အပြီးပြန်​​တော့မယ်​
    အဲဒီအိမ်​တစ်​လုံးဆီ
    ​ရောက်​ချင်​စိတ်​ကို​တော့ မျိုသိပ်​ရင်​း​ပေါ့
    အိမ်​က​လေးက
    လမ်​း​တော့ရှိတယ်​
    မမြင်​ရဘူး
    ​ဆောက်​​တော့​ဆောက်​ထားတယ်​
    ​နေထိုင်​ရာ ဘုံမဟုတ်​ဘူး
    ကုန်​ကုန်​​ပြောမယ်​
    ပြန်​တဲ့အခါ
    လမ်​းပြကိုခလို့​တော့ရတယ်​
    လမ်​းပြက ပါလာမှာမဟုတ်​ဘူး
    ဆို​တော့ကာ
    ကျ​နော်​
    မ​ကြောက်​တတ်​​အောင်​ ​လေ့ကျင်​့မယ်​
    အချစ်​တတ်​​အောင်​ သတိထားမယ်​
    မမုန်​းတတ်​​အေင်​ ​ဆေးသုတ်​ထားမယ်​
    ​မေတ္တာ လို့သတ်​မှတ်​သတ်​မှတ်​
    ခင်​ဗျားတို့ကို
    ကလျာဏမိတ္တကံနဲ့
    အချိန်​နီး​နေပြီဖြစ်​​ကြောင်​း
    လက်​တို့ပါရ​စေ
    မနက်​ဖြန်​ ဆိုတာ
    …………………
    ဘာမှ ယူခွင်​့မရတဲ့ အခွံတစ်​လုံး
    ခုဆို
    ပင်​လယ်​ကလည်​း
    အရင်​လို ​ရေလှိုင်​း​တွေ မလာ​တော့ဘူး
    ပန်​းခြံကလည်​း
    အရင်​လို မ​မွှေး​တော့ဘူး
    အနာ​ပေါ်တုတ်​ကျခံရမှာထက်​စာရင်​
    အနာမဖြစ်​ခင်​က
    လိုက်​ကာချလိုက်​ကြရ​အောင်​
    ​ဟော……..
    အိမ်​​တွေ တစ်​လုံးပြီးတစ်​လုံး
    ​ပြို​နေကြပြီ…..
    ကျ​နော်​.. ..
    ချည်​တိုင်​က​ဝေးရာ

  • ခင်ဇော်

    February 3, 2015 at 10:06 am

    ခုတလော အတွေးထဲမှာ အိမ် ဆိုတာ ရဲ့ အဓိပ္ပာယ် ဘာလဲ ဆိုတာ ရောက်နေတယ်။

  • Ma Ma

    February 3, 2015 at 3:29 pm

    Home Is Where The Heart Is လို့ ဆိုတာလေးကို သဘောကျလို့ …. 🙂

Leave a Reply