နှာခေါင်းပိတ်ထားတယ်

Pyaung GyeAugust 19, 20101min952

၁ဝ အိမ်မှူး၊ ရာအိမ်မှူး – ရပ်ကွက်လူကြီးဆိုတာ

ရပ်ကွက်အတွင်း သာရေး၊ နာရေး၊ လူမှုရေး – တွေအပြင် ရပ်ကွက်ရဲ့

လိုအပ်ချက်တွေ – မသမာမှုတွေ – စသည်စသည်တို့ကို တာဝန်ယူရမှာဖြစ်ပါတယ်

ဒီတာဝန်ကို ယူပါလို့ ဘယ်သူမှမခိုင်းဘဲ သူတို့ဟာသူတို့ ထလုပ်ကြတာပါ –

ခု လုပ်နေတာက ဟိုကြေး ဒီကြေးကြတော့လိုက်ကောက် လိုအပ်တဲ့အခါ  သုံးဘို့ ပြတ်လပ်

သွားရင်  ဖန်ငွေ (ဖန်တီးငွေကိုပြောတာ) အတွက်၊ ၁ဝအိမ်မှူးတွေရဲ့ အမြင်ကပ်

မှု့ လက်ညှိုးညွှန်ချက်အရ (ပနံသင့်ပါတနာတွေကိုကျော်ပြီး) ဖမ်း ဒဏ်ငွေရိုက်၊

လိုအပ်သလို – လိုအပ်တဲ့ ဥပဒေတွေနဲ့ လုပ်ဆောင်ကြတယ်။ ရတဲ့ ဖန်တွေကိုလဲ

နံမည်ကြီး ^# လမ်း ဆိုင်မှာ လိုအပ်သလို လုပ်လိုက်ကြတယ် –  အော်……..

ရပ်ကွက်ထဲကို တစ်နေ့ ၂ ခေါက် ၃ ခေါက် လောက် ဖြတ်ဖြတ်သွားနေတဲ့ ငါးပုတ်ကားကြီး

ကြောင့် တစ်လမ်းလုံး တစ်ရပ်ကွက်လုံးတောက်လျှောက် ပုတ်ဟောင်သွားတာဘဲ အဲဒီအနံ့

က ၁ နာရီ ၂ နာရီနဲ့လဲပြန်မထွက်တော့ဘူး ကျမ်းမာရေးဘယ်လောက်ထိခိုက်ကြမလဲ

အော် ………. နှာခေါင်းတွေ၊ မျက်စိတေ၊ွ နားတွေ ပိတ်ပြီး ကန်းနေကြတယ် လက်တို့မှ

လုပ်ကြမယ် ဆိုရင်လဲ လူကြီးမလုပ်ကြပါနဲ့ –

ဒိထက်ပြောရရင်လဲ မိုးမှောင် တို့ အခန်ကျဉ်းထဲဝင်ရမှာကြောက်တယ် ။

ပြေရရင်ကုန်ဘူး

2 comments

  • လင်းဝေကျော်

    August 20, 2010 at 3:51 am

    စစ်အစိုးရအတွက်တော့ သူ့လူတွေက သူတို့နာမည်ကို ပြန်ဖျက်နေတာပါ။
    မြန်မာပြည်မှာ လိုင်စင်ရ လူဆိုးအဖွဲ့ဆိုတာ ရဝတ ပါပဲ။
    ရပ်ကွပ်ထဲ စတစ်ကော်လာ အကျီဝတ်ပြီး လူမိုက်ဂိုဏ်းလိုလုပ်စားနေတာပါ။
    အနှိပ်ခန်းထောင်ထားတဲ့ ရဝတ ဥက္ကဌတွေ ရန်ကုန်မှာ အများကြီ။
    မထောင်ထားရင်တောင် ဆက်ကြေးကောက်စားကြတာ။

  • chitsayar

    August 20, 2010 at 5:32 pm

    လူကြီးတွေကို တောင်ပြော မြောက်ပြောနဲ ့
    တော်တော်ဆိုးတဲ ့လူတွေဘဲ

Leave a Reply